Sunday, December 18, 2011

နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ဖျက်သိမ်းရေး လှုပ်ရှားများ စတင်မည်

December 16, 2011

နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ဖျက်သိမ်းရေး လှုပ်ရှားမှုများကို ရန်ကုန် ၊မန္တလေးနှင့် တစ်နိုင်ငံလုံးက သံဃာများ မကြာခင် စတင်တော့မည်ဟု FNGမှ သတင်း ရရှိသည်။သံဃာ မဟာနာယကအဖွဲ့ ဖျက်သိမ်းရေး လှုပ်ရှားမှုများကို ရန်ကုန် ၊ မန္တလေးနယ်မြို့ များတွင် စတင်သလိုပင် တစ်ချိန်တည်း တစ်ပြိုင်တည်းတွင် စစ်တွေ၌လည်း စတင်မည် ဖြစ်ကြောင်း စစ်တွေမြို့  သံဃာတော် တစ်ပါးက FNG သို့  မိန့် ကြားတော်မူသည်။

သံဃာ မဟာနာယကအဖွဲ့  ဆိုသည်မှာ ယခင် တစ်ပါတီ အာဏာရှင်စနစ်ကို ထူထောင်ခဲ့သည့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌ ဖြစ်သူ ဗိုလ်ချုပ်ကြီးနေ၀င်းက ၎င်းလိုရာ ကြိုးဆွဲ၍ ရအောင် ဖန်တီးခဲ့သည့် အဖွဲ့ ဖြစ်၍ မရှိသင့်တော့ ဖြစ်ကြောင်းနှင့် ဖျက်သိမ်းဖို့လိုကြောင်း တို့ကို မန္တလေးမှာ ဆရာတော် ဦးကောဝိဒ FNG ကို မိန့် တော် မူသည်။

နိုင်ငံတော် သံဃာမဟာနာယက အဖွဲ့သည် အလွန်ပင် အာဏာရှင် ဆန်သည့် အပြုအမူ ရှိကြောင်းနှင့် ခောတ် နောင်ပြန်ဆွဲသည့် အပြုအမူရှိကြောင်းတို့ကို ထိုင်းနိုင်ငံ ဘန်ကောက်တွင် ခေတ္တ သီတင်းသုံး နေသည့်  ဦးပညာသီရိက ယခုကဲ့သို့  မိန့် တော်မူသည်။

ရွှေည၀ါ ဆရာတော်နဲ့  ပတ်သက်ပြီး မဟနရဲ့  ပြုမူပုံက အရမ်းရိုင်းပျပါတယ်။ လူ့မှာလည်း လူ့အခွင့် အရေး ရှိသလို သံဃာမှာလည်း သံဃာ အခွင့်အရေး ရှိပါတယ်။ ဘရိတ်ဒန့်  အကသင်တန်းဖွင့် ကြံ့ဖွတ် ဘုန်းကြီး ကျတော့ အရေးမယူဘဲ ဆရာတော် ဦးပညာသီလမှ ဘာလို့ ကွက်ပြီး တစ်ချက်လွှတ် အမိန့်ထုတ်လဲ အဖြေက ရှင်းပါတယ်။ စစ်အစိုးရ လက်ကိုင်တုတ် ဘုန်းကြီးတွေပါ။
တစ်ကိုယ်ကောင်း စိတ်နဲ့ မနာလို စိတ်အားကြီး တဲ့အတွက် ခောတ်နောက် ပြန်ဆွဲတဲ့ အပြုအမူတွေ တွေ့ရတာ တိုင်းပြည်အတွက် မကောင်းဘူးဟု ပြောသည်။


မြန်မာနိုင်ငံသည် ဒီမိုကရေစီ နိုင်ငံအဖြစ် ချီတက်နေပြီုဖြစ်သည့်အတွက် သံဃာ့ မဟာနာယက အဖွဲ့လို  အဖွဲ့မျိုးလည်း မရှိသင့်တော့ပြီ ဖြစ်သည့်အတွက် ဆန့်ကျင် ကန့်ကွက်ရန် လိုမည်ဖြစ်ကြောင်းနှင့် သံဃာ မဟာနယက ဖျက်သိမ်းရေး လှုပ်ရှားမှုကိုလည်း စတင် ဆောင်ရွက်နေပြီဟု ရန်ကုန်မြို့မှ သံဃာတော် တစ်ပါးက မိန့်တော် မူသည်။

သံဃာ မဟာနယက အဖွဲ့ ကြီးသည် စစ်တပ်ကိုပင် အန်တု နိုင်သည့် အဖွဲ့ အစည်းကြီးဖြစ်၍ ဖျက်သိမ်း ခိုင်းလျှင် ပြန်လည် ခုခံပြီး ပြည်တွင်းစစ် ဖြစ်နိုင်သည် ဆိုသည့် သုံးသပ်မှု များလည်း ရှိသည်။

Copy from - freedomnewsgroup.com

0 comments: