Saturday, December 3, 2011

ဟီလာရီကလင်တန် တိုင်း​ရင်း​သား​ခေါင်း​ဆောင်များ​နှင့်​တွေ့​ဆုံ

တွေ့​ဆုံပွဲမှာ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ ပြန်လွှတ်​ပေး​ရေး​နဲ့​ ပြည်တွင်း​ငြိမ်း​ချမ်း​ ​ရေး​ကို အ​ရေး​တကြီး လိုအပ်​နေတဲ့​လို့​ တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေက ဟီလာရီကလင်တန်ကို ​ပြောကြား​ခဲ့​တယ်လို့​ ဦး​အေး​သာ​အောင်က ​ပြောပါတယ်။

“လွတ်လပ်​ရေး​နဲ့​အတူဖြစ်လာတဲ့​ ဒီပြည်တွင်း​စစ်ဟာ ဘယ်​တော့​မှ ရပ်စဲသွား​တယ်ဆိုတာ မရှိဘဲနဲ့​ ခဏတဖြုတ်​လျှော့​ကျသွား​တယ် ပြင်း​ထန်လာတယ် ဒီလိုပဲရှိတယ်။ ဒီဟာ​တွေကို ကျ​နော်တို့​ တိုင်း​ရင်း​သား​တွေက အမြန်ဆုံး​ ရပ်စဲချင်တဲ့​ သ​ဘောရှိတယ်။ ရပ်စဲတဲ့​နေရာမှာ​တော့​ အခုလို အပစ်ခတ်ရပ်စဲရုံနဲ့​ အခြား​သော အခွင့်​အ​ရေး​တွေ ​ပေး​ပြီး​တော့​ ​ဆောင်ရွက်ရုံနဲ့​တော့​ မပြီး​ဘူး​။ တကယ့်​ တိုင်း​ရင်း​သား​များ​ လိုလား​တဲ့​ နိုင်ငံ​ရေး​အရ ​ဖြေရှင်း​ဖို့​၊​ နိုင်ငံ​ရေး​အရ ညှိနှိုင်း​ပြီး​တော့​ အ​ပေး​အယူလုပ်ဖို့​ လိုတာကို အ​မေရိကန် အစိုး​ရအ​နေနဲ့​ သ​ဘော​ပေါက်ဖို့​ ​ပြောပြ နိုင်တယ်၊​ တင်ပြနိုင်တယ်။ ဒါဟာ ကျ​နော်တို့​အတွက် ​ကောင်း​တယ်လို့​ မြင်ပါတယ်။”

အလား​တူ ဟီလာရီကလင်တန်ဟာ ရန်ကုန်မြို့​ ကမ္ဘာ​အေး​ဘုရား​လမ်း​က ဗိသာနိုး​ ပြခန်း​မှာလည်း​ ရခိုင်တိုင်း​ရင်း​ သား​များ​တိုး​တက်​ရေး​ပါတီ၊​ မွန်​ဒေသ လုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီ၊​ ချင်း​တိုး​တက်​ရေး​ပါတီ၊​ ကရင်ပြည်သူ့​ပါတီ၊​ ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုကရက်တစ်ပါတီ စတဲ့​ တိုင်း​ရင်း​သား ​ပါတီ​တွေက ကိုယ်စား​ လှယ်​တွေနဲ့​ သီး​ခြား​ ​တွေ့​ဆုံခဲ့​ပါတယ်။

သတင်းရင်းမြစ် - ဒီဗွီဘီ

0 comments: