၂၀၁၁ ခုနှစ် နိုဝင်ဘာလ(၃၀)ရက်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး ကြပ်တည်းနေသော အခြေအနေမှ အမြန်ဆုံး လွတ်မြောက်ရန် အတွက်တွေ့ဆုံဆွေးနွေးရေးသည်မဖြစ်မနေ အမြန်ဆုံး လိုအပ်နေပါသည်။ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့သည် ဒီပဲယင်း အရေးအခင်း ဖြစ်ရပ်မှန် ဖေါ်ထုတ်ပေးရန်နှင့် နိုင်ငံအတွက် အရေးတကြီးလိုအပ်နေသော တွေ့ဆုံဆွေးနွေး မှုအမြန်ဆုံး ပေါ်ပေါက် စေရေးအတွက် လက်ရှိ စစ်အစိုးရကို အစဉ်တစိုက် တောင်းဆိုနေခဲ့ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲနှင့် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစု များမှလည်း လစဉ်(၃၀)ရက်နေ့တိုင်း ကျင်းပနေကြ မြန်မာသံရုံးရှေ့ တွင် ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှု (၁၀၂)လပြည့် ၀မ်းနည်းခြင်းနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့နိုင်ရေးအတွက် တောင်းဆို ဆန္ဒပြခဲ့ကြပါသည်။ ဆန္ဒပြပွဲ အခမ်းအနားကို နေ့လည် ၃နာရီမှ ၄နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။.
သတင်းရင်းမြစ် - NLB(LA-JB)
မှတ်တမ်းဓါတ်ပုံ ။ Zaw Zaw Aung
0 comments:
Post a Comment