“ အဲ့ညနေ ၄ နာရီလောက်က စစ်သား ၃ ယောက် ရွာထဲဝင်လာပြီး တအိမ်ဝင် တအိမ်ထွက် ငရုတ်သီး တောင်းတယ်။ အိမ်ရှင်က ငရုတ်သီး ပေးပေမယ့် သူတို့မယူဘူး။ နောက်ဆုံး လုံးနာလိန် ပါ့ခမ်းရွှေတို့ အိမ်ရောက် သွားတယ်။ အိမ်ကပြင်မှာ ထိုင်နေတဲ့ သူတို့သမီးကို တွေ့တော့ တက်သွားပြီး ဝိုင်းမုဒိန်း ကျင့်ကြတာ” ဟု မိုင်းနန်းရောက် ဒေသခံတဦးက ပြောသည်။
Wednesday, November 30, 2011
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ် တရုတ်ကို သတိပေးချက်ဖြစ်
Posted by PNSjapan at 8:50 AM 0 comments
Labels: သတင်း
ဗမာပြည်မြောက်ပိုင်း ရာဇ၀တ်မှုများ
Posted by PNSjapan at 8:41 AM 0 comments
Labels: သတင်း
KIA တပ်ရင်း ၂၇ အခြေ စိုက်စခန်းအား မြန်မာ အစိုးရတပ်မှ သိမ်းပိုက်
အစိုးရတပ်၏ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်မှုကြောင့် ဗိုလ်မှူး ယော်ထုံ ဦးဆောင်သော ၎င်းတပ်ရင်း အခြေစိုက် စခန်းအား KIA စစ်သားများ ဆုတ်ခွာ ပေးလိုက်ခြင်း ဖြစ်သည်ဟု KIA အရာရှိများ အတည်ပြုပါသည်။
ဘလောင်ဒိန်ဆာ တပ်ရင်း ဌာနချုပ်သည် ဗန်းမော်ခရိုင် မံဝင်းမြို့၏ အနောက်ဘက် ၅ မိုင်ခန့် အကွာတွင် ရှိပြီး KIA တပ်မဟာ ၃ အောက် တပ်ရင်းများအနက် ယင်းစခန်းသည် ပထမဆုံး အစိုးရတပ် လက်အောက်သို့ ကျသွားခြင်းလည်း ဖြစ်သည်။
နိုဝင်ဘာ လဆန်းပိုင်းမှ သမ္မတ ဦးသိန်းစိန် အစိုးရက မိတ္ထီလာ အခြေစိုက် တပ်မ အမှတ် ၉၉၊ ပဲခူး အခြေစိုက် တပ်မ အမှတ် ၇၇ နှင့် ကျောက်မဲအခြေစိုက် စကခ-၁ အောက် တပ်ရင်းများမှ စစ်အင်အား ရာပေါင်းများစွာကို ကချင်-ရှမ်းနယ်စပ် နမ့်ခမ်းနှင့် မံဝင်းမြို့များသို့ ပို့ထားသည်။
ထို့ကြောင့် အင်အား အလုံးအရင်းဖြင့် စစ်ကူရောက်လာ မြန်မာစစ်သားများနှင့် နယ်မြေခံ KIA တပ်ရင်း ၁ နှင့် တပ်ရင်း၂၇ တပ်ဖွဲ့များကြား တိုက်ပွဲများ နေ့စဉ်ဖြစ်လာသည်။
မြန်မာအစိုးရတပ်က ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ကို အဓိက ဆက်သွယ်ပေးသည့် မူဆယ်-နမ့်ခမ်း-ဗန်းမော် လမ်းကြောင်းမှ KIA တပ်များကို ရှင်းရန်အတွက် ယခုလို အင်အား အလုံးအရင်းဖြင့် စစ်ဆင်နေခြင်း ဖြစ်သည်။
Posted by PNSjapan at 12:26 AM 0 comments
Labels: သတင်း
ကေအိုင်အိုနှင့် မြန်မာအစိုးရ အလွတ်သဘောဆွေးနွေး
Posted by PNSjapan at 12:11 AM 0 comments
Labels: သတင်း
Tuesday, November 29, 2011
ဆွံ့အ အမျိုးသမီးငယ်အား မြန်မာစစ်တပ် အုပ်စုလိုက် မုဒိန်းကျင့်
“ အဲ့ညနေ ၄ နာရီလောက်က စစ်သား ၃ ယောက် ရွာထဲဝင်လာပြီး တအိမ်ဝင် တအိမ်ထွက် ငရုတ်သီး တောင်းတယ်။ အိမ်ရှင်က ငရုတ်သီး ပေးပေမယ့် သူတို့မယူဘူး။ နောက်ဆုံး လုံးနာလိန် ပါ့ခမ်းရွှေတို့ အိမ်ရောက် သွားတယ်။ အိမ်ကပြင်မှာ ထိုင်နေတဲ့ သူတို့သမီးကို တွေ့တော့ တက်သွားပြီး ဝိုင်းမုဒိန်း ကျင့်ကြတာ” ဟု မိုင်းနန်းရောက် ဒေသခံတဦးက ပြောသည်။
Posted by PNSjapan at 11:56 PM 0 comments
Labels: သတင်း
ရွှေလီ ရှေ့ရေး
ရုပ်သံတွင် ကြည့်ရှုနိုင်ပါပြီ။
Copy from - irrawaddyblog
Posted by PNSjapan at 11:40 PM 0 comments
Labels: သတင်း
အမေရိကန် အဖွဲ့အစည်း ၁၂ ခု တိုက်တွန်း
2011-11-28
Posted by PNSjapan at 3:01 PM 0 comments
Labels: သတင်း
ဗိုလ်ချုပ်အောင်ဆန်းအ ကြောင်း ဗွီဒီယိုခွေ ကြည့်ရှုပြသသူတွေကို လိုက်လံထောက်လှမ်း ခေါ်ယူစစ်ဆေးနေဆဲ
Posted by PNSjapan at 9:06 AM 0 comments
Labels: ဗွီဒီယို
မြန်မာပြည်က အကြောက်တရား ကင်းမဲ့သူများ
Posted by PNSjapan at 12:16 AM 0 comments
Labels: သတင်း
Monday, November 28, 2011
ဆရာစံ ကျဆုံးခြင်း နှစ် (၈၀) ပြည့် အခမ်းအနား ကျင်းပ
ဆရာစံ
ပဲခူးတိုင်း သာယာဝတီမြို့ ကံကြီးပိုင်း ရပ်ကွက်ရှိ သီရိမင်္ဂလာ ကျောင်းတိုက်တွင် မြို့ပေါ် လူငယ် အဖွဲ့အစည်းများ စုပေါင်း၍ ဆွမ်းကျွေးပွဲ အခမ်းအနားကို နံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီ အချိန်ခန့်အထိ ပြုလုပ်ခဲ့သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) မြို့နယ် ဥက္ကဌ ဦးအောင်မြင့်က ပြောသည်။
Posted by PNSjapan at 10:26 PM 0 comments
Labels: သတင်း
တရုတ်မြန်မာ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးချဲ့မည် – China, Burma to enhance military ties
နိုဝင်ဘာ ၂၈၊ ၂၀၁၁

ပီကင်းတွင် ယနေ့ တွေ့ရသော ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် တရုတ်ဒုသမ္မတ (ဓာတ်ပုံ – Xinhua/Li Tao)
မြန်မာနိုင်ငံနှင့် စစ်ရေး ဆက်နွယ် ပူးပေါင်းမှု တိုးမြှင့်ဖွယ် ရှိသည်ဟု တရုတ် ထိပ်တန်း စစ်အရာရှိ တဦးက ယနေ့ ပြောလိုက်သည်။
တပ်မတော် ၂ ခုသည် ထိရောက်သည့် ပူးပေါင်း ဆောင်ရွက်မှုများ မကြာသေးခင် နှစ်များအတွင်း တိုးချဲ့ခဲ့ကြောင်း၊ ထိုအထဲတွင် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့များ လည်ပတ်ခြင်း၊ သင်တန်းများ ပြုလုပ်ခြင်း၊ နယ်စပ် လုံခြုံရေး နှင့် စစ်ဘက်ဆိုင်ရာ ပစ္စည်းများဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းများ ပါဝင်ကြောင်း ပြောသည်။
Posted by PNSjapan at 10:20 PM 0 comments
Labels: သတင်း
ဂျပန်နိုင်ငံတွင် ကျင်းပသည့် သျှမ်းနှစ်သစ်ကူး အထိမ်းအမှတ်ခမ်းအနား သတင်းဓါတ်ပုံ ။
Posted by PNSjapan at 7:40 PM 0 comments
Labels: သတင်း
ဝန်ကြီးကလင်တန်သို့ တိုင်းရင်းသားမဟာမိတ် အိတ်ဖွင့်ပေးစာ
Posted by PNSjapan at 4:53 PM 0 comments
Labels: သတင်း
ကွာလာလမ်ပူမှာလုပ်တဲ့ ရှမ်းနှစ်သစ်ကူးပွဲ

COBEM Media က ရိုက်ကူးထားတဲ့၊ မိနစ် ၂၀ ကျော် ကြာတဲ့ ဒီအစီအစဉ်ဟာ ပြည်ပရောက် မြန်မာပြည်သားတွေရဲ့ လက်ရာတွေထဲမှာ အင်မတန် သပ်ယပ် ကောင်းမွန်တဲ့လက်ရာ တခုဖြစ်ကြောင်း ရုပ်သံမှာ တွ့ရပါလိမ့်မယ်။
Posted by PNSjapan at 4:40 PM 0 comments
Labels: သတင်း
(၅)ကြိမ်မြောက် ရခိုင်မိသားစု မိတ်ဆုံစားပွဲ တိုကျိုတွင် ကျင်းပပြုလုပ်သည့် သတင်းဓါတ်ပုံ။
Posted by PNSjapan at 1:01 AM 0 comments
Labels: သတင်း
Sunday, November 27, 2011
ရွှေဂတ်စ် သဘာဝဓါတ်ငွေ ပိုက်လုံးသွယ်တန်းသည့် စီမံကိန်းကို ရပ်တန့်ရေးအတွက် ဆန္ဒပြ တောင်းဆို (တိုကျို)
နိုဝင်ဘာလ ၂၇ ရက် 2011 ခုနှစ်။
Posted by PNSjapan at 11:59 PM 0 comments
Labels: သတင်း
ဂျပန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ရှေ့လကုန် သွားဖို့ စဉ်းစား
2011-11-27
တကယ်လို့သာ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံကို သွားဖြစ်မယ်ဆိုရင် ဒါဟာ ၂ဝဝ၂ ခုနှစ် နောက်ပိုင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီး တဦးရဲ့ ပထမဆုံး မြန်မာပြည် ခရီးစဉ် ဖြစ်လာမှာပါ။ ဒီအတောအတွင်း ဂျပန်အစိုးရက မြန်မာကို ဖွံ့ဖြိုးမှု အကူအညီတွေ ပြန်လည် ပေးသွားမယ်လို့ ထုတ်ဖော် ပြောဆို ထားပါတယ်။
ဂျပန်နိုင်ငံရဲ့ အကူအညီတွေကို ၂ဝဝ၃ ခုနှစ် ဒီပဲယင်းလုပ်ကြံမှု နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ချလိုက်ချိန်ကစပြီး ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။
Posted by PNSjapan at 11:21 PM 0 comments
Labels: သတင်း
Saturday, November 26, 2011
ကချင်မှာ တိုက်ပွဲတွေ ပြင်းထန်
Posted by PNSjapan at 11:59 PM 0 comments
Labels: သတင်း
၂၄ နာရီ လျှပ်မီးရရှိရေး ဆန္ဒပြမည့် အစီအစဉ် ဖြိုခွင်းခံရပြီးနောက် ရခိုင်လူငယ်များကို စစ်ဆေးမှုပိုများလာ
11/26/2011
ယခုကဲ့သို့ စစ်ဆေးမှုများလာကြောင်းကို လှုပ်ရှားမှုကို ဦးဆောင်ခဲ့ပြီး ယခုအခါ တိမ်းရှောင်နေသူ တဦးက ယခုကဲ့သို့ပြာသည်။" သူတို့က အဓိက ခေါင်းဆောင်ခဲ့တဲ့ မာမာကို လိုက်ရှာနေတယ်။ ဟိုတနေ့ ကလည်း မာမာယောင်္ကျားကို မင်း ပြားမှာ စစ်ဆေးတယ်လို့ သိရတယ်။ သူမရဲ့သား ကံထွန်းကြည်ကိုလည်း စစ်ဆေးမေးမြန်းတယ်လို့ သိရပါတယ်။"
ကိုကံထွန်းကြည်အား ခေါ်ယူ စစ်ဆေးခံရပုံကို သူက ယခုလို ပြောသည်။
"မနေ့က စစ်တွေမှာ ကိုကံထွန်းကို ခေါ်ယူ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ မင်းအမေနဲ့ အဆက် အသွယ်ရှိလား။ မင်းအမေအရုပ်က ဘယ်ပုံစံလည်း ဆိုပြီးမေးတယ်။ ကံထွန်းကြည် ပြောတာက အမေနဲ့ အ ဆက်အသွယ် မရှိဘူး။ အမေကို မမြင်ဖူးရင် ကျွန်တော် အရုပ်ကိုကြည့် ဆိုပြီး ပြောခဲ့တယ်လို့ ပြောတယ်။ နောက်ပြီး မိသားစု နောက်ကြောင်းတွေကို မေးတယ်လို့ပြောတယ်။ ပြီးတော့ ကံထွန်းကြည်ကလည်း ပြန်မေးခဲ့ တယ်လို့ပြောတယ်။ ကျွန်တော့်အမေမှာ ဘာအဖြစ်ရှိလို့ဒီလောက် လိုက်ရှာ နေရတာလဲ။ ကျွန်တော့် အမေ က မဟုတ်မခံဘူး။ ဒါပေမဲ့ ကျွန်တော်နဲ့ အဆက်အသွယ် မရှိတဲ့ အတွက် မသိဘူးဆိုပြီး ပြန်ပြောခဲ့တယ်လို့ သိရတယ်" ဟု ပြောသည်။
Posted by PNSjapan at 11:47 PM 0 comments
Labels: သတင်း
KNU နဲ့ အစိုးရ အပစ်ရပ်မယ့်သတင်း မမှန်သေး
2011-11-26
ဒါ့အပြင် သူတို့အစီအစဉ်ဟာ အရင်က ကြေညာထားတဲ့အတိုင်း အပစ်အခတ် ရပ်မယ်လို့ သဘော တူညီခဲ့ရင် အဲဒီနောက်မှာ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေ ပြုလုပ်မှ ဖြစ်မယ်လို့လည်း ပြောပါတယ်။
Posted by PNSjapan at 11:27 PM 0 comments
Labels: သတင်း
မွန် နှစ်ပါတီ ပေါင်းစည်းတော့မည်
Posted by PNSjapan at 11:24 PM 0 comments
Labels: သတင်း
စစ်ပွဲတွေရပ်ပစ်! – stop the civil war!
စစ်ပွဲတွေရပ်ပစ်! – stop the civil war!
ကျော်သူ
နိုဝင်ဘာ ၂၆၊ ၂၀၁၁


ယခု ဒုတိယ အကြိမ်မြောက် ကချင်ပြည်နယ်တွင် ငြိမ်းချမ်းမှု ပျောက်ဆုံးနေမှု၊ စစ်ဘေးသင့်၍ စစ်ဘေး ရှောင်ရှား နေရသော တိုင်းရင်းသား ဒုက္ခသည် မိဘဆွေမျိုး ညီအစ်ကို မောင်နှမများတို့အား လူသားချင်း စာနာ ထောက်ထားမှုဖြင့် နာရေး ကူညီမှု အသင်း(ရန်ကုန်)၏ ကူညီ ဖေးမ ပေးရန်အတွက် သမိုင်းပေး တာဝန်တစ်ရပ် ဖြစ်ပေါ်လာခဲ့ပြန်တော့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)
Posted by PNSjapan at 4:16 PM 0 comments
Labels: သတင်း
HIV ဝေဒနာရှင်များအတွက် လှူဒါန်းနိုင်ပါသည်
Posted by PNSjapan at 4:12 PM 0 comments
Labels: နှိုးဆော်ခြင်း
တစ်ဖွဲ့ချင်း လက်မှတ်ရေးထိုးဖို့ KNPP အစီအစဉ် မရှိသေး
Posted by PNSjapan at 4:00 PM 0 comments
Labels: သတင်း
မြန်မာအစိုးရကို အသိအမှတ်မပြုသင့်
ကမ္ဘာ့ အဖိနှိပ်ဆုံး အာဏာရှင်အဖြစ် ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့တဲ့ မြန်မာအစိုးရဟာ မကြာသေးမီက နိုင်ငံတကာ ဆက်ဆံရေးမှာ အောင်မြင်မှုတွေ ရနေပါတယ်။ အိမ်နီးချင်း နိုင်ငံတွေက မြန်မာကို အာဆီယံရဲ့ ၂၀၁၄ ဥက္ကဋ္ဌ နေရာအတွက် သဘောတူခဲ့သလို အိုဘားမားကလည်း နိုင်ငံခြားရေး ၀န်ကြီးကို မြန်မာပြည် တရားဝင် စေလွှတ်တော့မှာပါ။ အိုဘားမားရဲ့ သက်တမ်း အတွင်း စေလွှတ်ခဲ့တဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွေထဲမှာ အဆင့်အမြင့်ဆုံးပါပဲ။
ဘာကြောင့်များ မြန်မာပြည်ကိုအုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်တွေက ဒီလောက်တောင် အသိအမှတ် ပြုခံနေရတာလဲ။ သူတို့ ဒီမိုကရေစီ ဖော်ဆောင်ပေးသေးတာ မဟုတ်ဘူး ဆိုတာတော့ သေချာပါတယ်။
ကုလ အထွေထွေညီလာခံက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်က ရှင်းနေတာပဲ - မြန်မာ့ တပ်မတော်က တိုင်းရင်းသား လူနည်းစုတွေကို စစ်ဆင်ရေးတွေ ဆက်လုပ်နေ၊ အရပ်သားတွေကို ပစ်မှတ်ထား နေတုန်းပဲ၊ အမျိုးသမီးတွေကို ရည်ရွယ်ချက်ရှိရှိ မတရားကျင့်နေတယ်၊ ကလေး စစ်သားတွေ သုံးတယ်၊ လူတွေ ကိုယ့်နေရပ်မှာ နေလို့မရအောင် စနစ်တကျ လုပ်နေတယ်။
ဒီအတောအတွင်းမှာ တရားလက်လွတ်ဖမ်းဆီးတယ်၊ လူတွေ ပျောက်သွားတယ်၊ မုဒိမ်းကျင့်တာနဲ့ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတွေ ရှိတယ်၊ နှိပ်စက်ညှဉ်းပန်းတယ်၊ လူမဆန်တဲ့ ဖိနှိပ်မှု အပြစ်ပေးမှုတွေ စသဖြင့် လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်တွေ စနစ်တကျချိုးဖောက်တာတွေ ဆက်ဖြစ်နေတယ်။
ဒါတွေအားလုံး လက်ရှိ ဖြစ်ပျက်နေတယ်ဆိုတာကိုတော့ ကျေးဇူးပြုပြီး မှတ်ထားပေးကြပါ။
နိုင်ငံရေးအကျဉ်းသား ၁၀၀၀ ကျော်ကို ဆက်ထိန်းထားတယ်။ အဲဒီထဲမှာ မင်းကိုနိုင်၊ ဦးဂမ္ဘီရတို့ ပါပါတယ်။ ဦးဂမ္ဘီရဟာ ရက်ရက်စက်စက်၊ အစီအစဉ်ရှိရှိ နှိပ်စက်ခံရတာကြောင့် စိတ်ပိုင်းရော ရုပ်ပိုင်းပါ ယိုယွင်း နေတယ်လို့ မိသားစုနဲ့ တခြားအကျဉ်းသားတွေက ဆိုတယ်။
Posted by PNSjapan at 9:13 AM 0 comments
Labels: သတင်း
ထာဝရ ငြိမ်းချမ်းရေးကို ရရှိဘို့ဆိုယင် ခင်ဗျားတို့ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွတ်ဘို့လိုတယ်...
Posted by PNSjapan at 1:12 AM 0 comments
Labels: ကာတွန်း
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ဖို့က စစ်ဝါဒ ကျင့်သုံးနေတာကို ရပ်တန့်ဖို့ လိုအပ်တယ်
Posted by PNSjapan at 12:49 AM 0 comments
Labels: သတင်း
ရှမ်းပြည်နယ် နယ်စပ်တိုက် ပွဲတွင် မြန်မာအစိုးရ စစ်သား ၃၀ ကျော် ကျ
Posted by PNSjapan at 12:25 AM 0 comments
Labels: သတင်း
ပြည်ပရောက် အတိုက်အခံများ စုဖွဲ့မှု ပုံစံပြောင်းမည်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြားဖြတ် ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ် ပြီးနောက် ပြည်ပရောက် အတိုက်အခံ နိုင်ငံရေး အဖွဲ့များလည်း စုဖွဲ့မှု ပုံစံပြောင်းရန် ပြင်ဆင်နေသည်။ ၁၉၉ဝ ရွေးကောက်ပွဲနှင့် ဆက်စပ်နေသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) NLD-LA၊ ပြည်ထောင်စု မြန်မာနိုင်ငံ အဝေးရောက် အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များ အဖွဲ့ MPU၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB တို့၏ စုဖွဲ့မှု အနေအထားများကို ပြောင်းလဲရန် လိုအပ်လာခြင်း ဖြစ်သည်။
၁၉၉ဝ ခု ရွေးကောက်ပွဲ အမတ် ငါး ဦးဖြင့် စုဖွဲ့ထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ အကိုဝမ်းကွဲ တော်စပ်သူ အမျိုးသား ဒီမိုကရေစီပါတီမှ ဒေါက်တာစိန်ဝင်းက ဝန်ကြီးချုပ် တာဝန် ယူထားသည့် ပြည်ထောင်စု မြန်မာနိုင်ငံ အဝေးရောက် အမျိုးသား ညွန့်ပေါင်း အစိုးရ NCGUB ၏ နိုဝင်ဘာ ၂၃ ရက်နေ့ အစည်းအဝေးမှ “အစိုးရ” ဟူသည့် စကားလုံးမှာ လက်တွေ့တွင် မအပ်စပ်တော့ကြောင်း သုံးသပ် ခဲ့ကြသည်။
NCGUB ပြန်ကြားရေး ဝန်ကြီး ဒေါက်တာတင့်ဆွေက “ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော် နိုင်ငံရေးထဲကို တရားဝင် ရောက်သွားပြီဆိုရင် NCGUB ဆိုတဲ့ အစိုးရဆိုတဲ့ နာမည် ကတော့ မအပ်စပ် တော့ဘူးဆိုတဲ့ ကောက်ချက် ချပါတယ်။” ဟု မဇ္ဈိမကို ပြောသည်။
စစ်တပ်က အချိန်ကြာမြင့်စွာ အုပ်ချုပ်ခဲ့သဖြင့် လက်ရှိပြောင်းလဲမှုများအပေါ် အပြည့်အဝ ယုံကြည်မှု မရှိသေးဘဲ လူ့အခွင့်အရေး ချိုးဖောက်မှု၊ နိုင်ငံရေး အကျဉ်းသားကိစ္စ၊ တိုင်းရင်းသား အရေးတို့အတွက် ပြည်ပတွင် ဆက်လှုပ်ရှား သွားမည်ဟု ဆိုသည်။ မည်သည့် ပုံစံဖြင့် ဆက်လှုပ်ရှား မည်ကိုမူ ထုတ်ဖော် ပြောဆိုရန် အချိန်စောသေးသည်ဟု ဆိုသည်။
Posted by PNSjapan at 12:05 AM 0 comments
Labels: သတင်း
Friday, November 25, 2011
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အငြိမ်းစားယူမှုအပေါ်အမြင် အမျိုးမျိုး
Posted by PNSjapan at 2:09 PM 0 comments
Labels: သတင်း
မင်းက မင်း၊ ငါက ငါ (You are you, I am me) ။
Copy from - youtube video ,KoNiknayman
Posted by PNSjapan at 2:06 PM 0 comments
Labels: ဗွီဒီယို
KIA ထိန်းချုပ်ဒေသ အစိုးရ တပ်အင်အား တိုးချဲ့
Posted by PNSjapan at 12:13 AM 0 comments
Labels: သတင်း
အစိုးရစစ်ကြောင်း ပေါ်တာများကို အဓမ္မခိုင်းစေ
Posted by PNSjapan at 12:00 AM 0 comments
Labels: သတင်း
Thursday, November 24, 2011
KNLA တိုက်ခိုက်မှုကြောင့် အစိုးရစစ်သည် ၆ ဦး ထိခိုက်သေဆုံး
တိုက်ပွဲ ဖြစ်ပွားရာ အနီးတွင် လှုပ်ရှားသည့် ဒီကေဘီအေ တပ်မှူးတစ်ဦးက “နေပြည်တော်မှာ သင်တန်း ပြန်တက်ရမယ့် တပ် သားတွေကို ပြန်ပို့တဲ့ ဗမာတပ်ဖွဲ့ကို KNLA တပ်ရင်း(၁၆)က အလစ်ဝင်တိုက်တော့ ၂ယောက် သေတယ်။ ၄ယောက်ဒဏ်ရာရ သွားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
Posted by PNSjapan at 11:26 PM 0 comments
Labels: သတင်း
မြန်မာအစိုးရက ဓါတုလက်နက် စနစ် နှစ်မျိုးဖြင့် KIA အား တိုက်
လူကို အဆိပ်သင့်စေသော ဓါတ်ငွေ့များ ပါဝင်သည့် လက်နက်စနစ် နှစ်မျိုးကို မြန်မာ အစိုးရက မန်မော် (ဗန်းမော်)ခရိုင် အင်မောက် (မိုးမောက်)မြို့နယ်၊ ဖကောန် (Hpakawn) ဒေသမှ တိုက်ပွဲများတွင် KIA ကိုတိုက်ခိုက်ရာ၌ အသုံးပြု နေခြင်းဖြစ်သည်ဟု ဆိုသည်။
ဓါတု လက်နက်ပါဝင်သည့် လက်နက်ကြီး ကျည်သည် သာမန် လက်နက်ကြီး ကျည်ထက် ပေါက်ကွဲသံ ပိုကျယ်လောင်ကာ ပထမ အမျိုးအစားသည် လေထု အတွင်း ပေါက်ကွဲခြင်းဖြစ်ပြီး ဒုတိယ အမျိုးအစားသည် မြေကြီးပေါ် ကျမှသာ ပေါက်ကွဲသည်ဟု ဆိုသည်။
သမ္မတ ဦးသိန်းစိန်အစိုးရက တိုင်းရင်းသားပေါင်းစုံ နေထိုင်သည့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင် နေသည်ဟု နိုင်ငံတကာကို ပြောဆိုနေချိန် KIA အား တပ်ရင်း ၁၀၀ ကျော်မှ စစ်အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်နေပါသည်။
Posted by PNSjapan at 11:19 PM 0 comments
Labels: သတင်း
ပြည်တွင်းစစ် ရပ်ဖို့ မန္တလေးမြို့မှ တောင်းဆို
Posted by PNSjapan at 11:10 PM 0 comments
Labels: သတင်း
နောက်တကြိမ် ကြီးမားတဲ့ ငလျင်ကြီး ထပ်လှုပ်နိုင်ကြောင်းကို ငလျင် ပညာရှင်များမှ ထုတ်ပြန်ကြေငြာ။
ပညာရှင်များ၏ ငလျင်တိုင်းထွာချက်အရ နိုဝင်ဘာလ ၁၅ ရက်ကနေ ဒီဇင်ဘာလ ၁၄ ရက်အထိ ရက်ပေါင်း ၃၀ အတွင်းမှာ အင်အား M 7.0 ထက် ကြီးမားတဲ ငလျင်လှုပ်နိုင်တယ် လွန်ခဲ့သည့် မတ်လ ၁၁ ရက်နေ့က ငလျင်ကြီး လှုပ်ခတ်သွားသော Miyagi ခရိုင် ပင်လယ်ပြင်ကနေ ဗဟိုပြုပြီး လှုပ်ခတ်နိုင်ကြောင်း ငလျင်ဖြစ်ပေါ်ရန် 15.1% ဟု ထုတ်ဖေါ် ပြောကြား သွားပါတယ်။ ဂျပန်နိုင်ငံဟာ ငလျင်ကြောပေါ်မှာ တည်ရှိသည့်အတွက် နေ့စဉ်လိုလို ငလျင်ငယ် ကြိမ်ဖန်များစွာ လှုပ်ခတ်နေပြီး ထုတ်ပြန်ကြေငြာထားတဲ ရက်အတွင်းမှာ သတိဝိရိယ နှင့်သာ သွားလာသင့်ကြောင်း အကြံပြုလိုပါတယ်။
PNS-Japan
Posted by PNSjapan at 1:04 AM 0 comments
Gmail, Gtalk ကို မြန်မာအစိုးရ ကြားဖြတ် ဖောက်ဖတ်နိုင်ဟုဆို
ဂူဂဲလ်မှ အခမဲ့သုံးခွင့် ပြုထားသည့် ဂျီမေးလ်နှင့် ဂျီတော့ပ်များကို အစိုးရအနေဖြင့် ကြားဖြတ် စောင့်ကြည့်၊ ဖောက်ထွင်း နိုင်ကြောင်း အင်တာနက် လုံခြုံရေးဆိုင်ရာ လုပ်ငန်း ကျွမ်းကျင်သူများက ပြော သည်။
“သူက ကြားခံ ဆာဗာ သုံးခုကို ဖြတ်ရတယ်။ ဖြတ်တိုင်းမှာ ဆာဗာတွေက မှတ်တမ်း ယူထားတယ်။ အဲဒီ မှတ်တမ်းကို အခြေခံပြီး ပြန်ယူလို့ လွယ်တယ်။” ဟု ပြည်ပအခြေစိုက် အိုင်တီ လုံခြုံရေးဆိုင်ရာ ပညာရပ်ဖြင့် လုပ်ကိုင်နေသူ ကိုမောင်မောင်က မဇ္ဈိမကို ပြောသည်။
ကြားခံ ဆာဗာသုံးခုမှာ အသုံးပြုရာ နယ်မြေအခြေစိုက် သက်ဆိုင်ရာ မြို့နယ်အလိုက် ထားရှိသည့် Local ISP (Internet service provider), တနိုင်ငံလုံးအား အင်တာနက် ဝန်ဆောင်မှုပေးနေသည့် ရတနာပုံ တယ်လီပို့စ်နှင့် မြန်မာ့ဆက်သွယ်ရေး MPT ကဲ့သို့သော Main ISP နှင့် ရန်ကုန်တိုင်း သံလျင်မြို့နယ်တွင် ထားရှိသည့် ဟံသာဝတီ National Gateway တို့ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဂျီမေးလ်၊ ဂျီတော့ပ်အား တိုက်ရိုက် ကြည့်ရှု့ခွင့်ရနေသည်ဟု ထင်မြင်ရသော်လည်း အမှန်တွင်မူ အထက်ပါ ကြားခံ ဆာဗာသုံးခုအား ဖြတ်ကျော်ပြီးမှ သာလျှင် ကြည့်ရှု ရနိုင်ခြင်း ဖြစ်သည်။ ယင်းကြားခံ ဆာဗာသုံးခု မှာလည်း အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ထားရှိခြင်းဖြစ်ကာ ယင်းတို့မှ အဆင့်ဆင့် ဖြတ်ကျော် ဝင်ရောက်ရခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂ဝ၁ဝ ခုနှစ်အထိ မြန်မာ့ဆက်သွယ်ရေး MPT နှင့် ရတနာပုံ တယ်လီပို့စ်ဟူ၍ အင်တာနက် ဝန်ဆောင်မှု ပေးသည့် Internet Service Provider – ISP နှစ်ခုရှိပြီး ယင်းအထက်တွင် ဟံသာဝတီ National Gateway ရှိသည်။
ယင်းနောက် ၂ဝ၁ဝ နောက်ပိုင်းတွင် စစ်အစိုးရက အင်တာနက် လိုင်းစနစ်အား ပြောင်းလဲ ကျင့်သုံး ခဲ့သည်။ ပြောင်းလဲ လိုက်သည့် ISP စနစ်သစ်တွင် MPT နှင့် ကာကွယ်ရေး ဝန်ကြီးဌာန MOD ISP ဟူ၍ ပင်မနှစ်ခု ဖြစ်လာကာ ရတနာပုံ တယ်လီပို့စ် ISP အား MPT လက်အောက်သို့ ပြောင်းလဲ ထားရှိခဲ့သည်ဟု
Posted by PNSjapan at 12:47 AM 0 comments
Labels: သတင်း
သနပ်ခါးရောင်မိုးကြောင့် ဟင်းသီးဟင်းရွက် စားသုံးခြင်း KIO ပိတ်
ထို့အပြင် မိုင်ဂျာယန်မြို့မှ ၅ မိုင်အကွာရှိ ရေသွယ်ယူသည့် ချောင်း၏ အရင်းပိုင်းတွင်လည်း ထို မိုးရွာချသဖြင့် ရေသွယ်ပေါက်အား ယမန်နေ့ညက ပိတ်လိုက်ပြီး ယခုအခါ လှောင်ကန်ထဲ ရှိနေသည့်ရေကို မြို့အတွက် အသုံးပြုနေရသည်ဟု ဆိုသည်။
“နှစ်ခု(ရေလှောင်ကန်)ရှိတဲ့ထဲ ပိုသုံးတဲ့ ရေလှောင်ကန်ငယ်ကိုလည်း ပိတ်လိုက်ပြီ။ သူ့ထဲသွယ်ယူတဲ့ ချောင်းရဲ့ အရင်းပိုင်းလည်း (သနပ်ခါးရောင်မိုး)ကျတဲ့အတွက် ပိတ်လိုက်ပြီ။ အကြီးလည်း ပိတ်လိုက်ပြီ။ နှစ်ခုလုံး။ ခု မိုင်ဂျာယန်တစ်ခုလုံး ရေလှောင်ကန်ကြီးထဲ ရှိနေတဲ့ရေကို သုံးနေရတယ်။ အဲဒါကုန်သွားလို့ရှိရင်တော့ ရေ အခက်အခဲဖြစ်ပြီ။”
Posted by PNSjapan at 12:40 AM 0 comments
Labels: သတင်း
မြေမြှုပ်မိုင်း အသုံးပြုမှုအဆိုးဆုံး နိုင်ငံများတွင် မြန်မာပါဝင်
Posted by PNSjapan at 12:02 AM 0 comments
Labels: သတင်း
Wednesday, November 23, 2011
ဂျပန်နိုင်ငံသို့ ရောက်ရှိလာသော စာရေးဆရာများနှင့် တွေ့ဆုံပွဲ
၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ၊၂၃ရက်။
Posted by PNSjapan at 2:06 PM 0 comments
Labels: ဓါတ်ပုံ
UNFC ဆက်စပ်အဖွဲ့များကို အစိုးရက ဆွေးနွေးရန် ကမ်းလှမ်းမှု မရှိ
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ ဆက်စပ်အဖွဲ့များကို အစိုးရက တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းမှု မရှိကြသေးဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။
နိုင်ငံရေးပါတီ၊ လက်နက်ကိုင် တပ်အင်အား၊ နယ်မြေနှင့် လူထုအပေါ် မူတည်ပြီး UNFC ကို အခြေခံနှင့် ဆက်စပ် အဖွဲ့ဟူ၍ နှစ်မျိုး ခွဲထားရာ ဆက်စပ်အဖွဲ့များတွင် ကချင်အမျိုးသား အစည်းအရုံး KNO၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF၊ လားဟူ ဒီမိုကရက်တစ်သမဂ္ဂ LDU၊ ညီညွတ်သော ရခိုင် အမျိုးသားပါတီ NUPA၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO၊ ဝ' အမျိုးသားအဖွဲ့ချုပ် WNO တို့ ဖြစ်ကြသည်။
UNFC အခြေခံ အဖွဲ့များအနက် ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ၊ ချင်းအမျိုးသား တပ်ဦးတို့နှင့် သီးခြားစီတွေ့ဆုံမှုကို ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက နိုဝင်ဘာ ၁၉ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ် ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့တွင် ပြုလုပ်ခဲ့သည်။
ထို့အပြင် ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ SSA/ SSPP နှင့် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်တို့ အောက်တိုဘာ ၂၉ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ကြသေးသည်။
“အပစ်ရပ်ကတော့ တဖွဲ့ချင်း လုပ်တယ်ဆိုပေမယ့် အပစ်ရပ်နောက်မှာ နိုင်ငံရေးဆွေးနွေးပွဲ ပါရမယ်လို့ UNFC က တောင်းဆိုထားတာ။ ကျနော်တို့ကတော့ UNFC ထဲမှာ ပါထားတယ်ဆိုတော့။ UNFC အစည်းအဝေးက ဆုံးဖြတ်တာ လိုက်လုပ်ရမှာပေါ့။” ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့မှ ခွန်ဥက္ကာက ပြောသည်။
UNFC ကလည်း အခြေခံအဖွဲ့ ခြောက်ဖွဲ့မှ တဖွဲ့စီပါဝင်ပြီး ဆက်စပ်အဖွဲ့ တဦးပါသည့် ဆွေးနွေးရေး အဖွဲ့တခု ဖွဲ့စည်းပြီး ကိုင်ဆွဲရမည့် အချက်များ၊ ဆွေးနွေးပွဲ အဆင့်ဆင့်နှင့် တင်ပြမှု အဆင့်ဆင့်တို့ ပြင်ဆင်ထားသည်။ အဖွဲ့ခေါင်းဆောင်မှာ UNFC အတွင်းရေးမှူး နိုင်ဟံသာဖြစ်ပြီး လဖိုင်လှ KIO၊ ဗိုလ်မှူးခွန်ဥက္ကာ PNLO၊ ဦးအောင်ဆန်းမြင့် KNPP၊ စောဒေါလေးမူ (ယာယီ) KNU၊ ဦးစိုင်းထူး SSA/SSPP၊ ပေါလ်ဆီတာ CNF တို့သည် အဖွဲ့ဝင်များ ဖြစ်သည်။
ပအိုဝ်းတပ်ဖွဲ့ အင်အားနည်းသဖြင့် ရှမ်းပြည်တောင်ပိုင်း ဟိုပုန်း၊ မောက်မယ်နှင့် လင်းခေးမြို့နယ်များအတွင်း လူထု စည်းရုံးရေး လုပ်ငန်းများကိုသာ ဦးစားပေးပြီး အစိုးရတပ်များနှင့် အပစ်ခတ် မရှိဟု ခွန်ဥက္ကာက ပြောသည်။ အလားတူ အခြား ဆက်စပ်အဖွဲ့များသည်လည်း အင်အားကြီးအဖွဲ့များ မဟုတ်ဟု ဆိုသည်။
အစိုးရက သြဂုတ်လ ၁၈ ရက်နေ့က အပစ်ရပ်လိုသည့် တိုင်းရင်းသား အဖွဲ့အစည်းအများ အနေဖြင့် သက်ဆိုင်ရာ ပြည်နယ် အစိုးရများသို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း ကြေညာ ထားသော်လည်း UNFC အဖွဲ့ဝင်များက မဆက်သွယ်သဖြင့် အစိုးရဘက်မှ စတင်၍ လိုက်လံညှိနှိုင်းနေရသည်။
PSLF ကမူ သူတို့ အဖွဲ့သည် ပလောင်နယ်မြေအတွင်း တပ်ဖွဲ့အခိုင်အမာ ခြေကုတ်မယူနိုင်သေးသဖြင့် အစိုးရက မကမ်းလှမ်းခြင်းဟု ယူဆသည်။ အဖွဲ့အနေဖြင့်မူ စတင်သွားရောက်တွေ့ဆုံမည် မဟုတ်ကြောင်း PSLF အတွင်းရေးမှူး မိုင်ဘုန်းကျော်က ဆိုသည်။
ထိုင်း-မြန်မာ နယ်စပ်တွင်လည်း တပ်ဖွဲ့ဝင် တချို့ရှိနေသည့် PSLF အဖွဲ့သည် ယခုအခါ ပလောင်အများစု ရှိသည့် ရှမ်းပြည်နယ် မြောက်ပိုင်း သံလွင်မြစ် အနောက်ဘက် ကွတ်ခိုင်၊ မန်တုံ၊ နမ့်စမ်၊ နမ့်ခမ်း ဒေသများနှင့် ခြေလျင် တရက်ခရီးသာ ကွာဝေးသည့် KIO တပ်မဟာ-၃ နယ်မြေတွင် အခြေခံ၍ တပ်ဖွဲ့တဖွဲ့ ထပ်ထူထောင်နေပြီး “ကချင်နဲ့ တိုက်ပွဲ ဆက်ဖြစ်နေမယ်ဆိုရင် ဒီနှစ်ကုန်ရင် ကချင်နဲ့ ပူးတွဲ စစ်ဆင်ရေးတွေ ကျနော်တို့ စလုပ်တော့မယ်။ ကျနော်တို့ နယ်ထဲ ပြန်ဝင်ပြီပေါ့။” ဟု မိုင်ဘုန်းကျော်က ဆက်ပြောသည်။
လားဟူ ဒီမိုကရက်တစ်သမဂ္ဂ LDU ဒုဥက္ကဋ္ဌ ဗိုလ်မှူးဆော်လမွန်ကမူ ရှမ်းပြည်အရှေ့ပိုင်း သံလွင်အရှေ့ဘက် ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းဆတ်၊ တာချီလိတ်မြို့နယ်များတွင် သူတို့၏တပ်များကို လျှို့ဝှက်ဖွဲ့စည်း ထားပြီး UNFC ၏ ဆုံးဖြတ်ချက် အတိုင်း ဆောင်ရွက် သွားမည်ဟု ဆိုသည်။ “ကျနော်တို့က ဖျောက်ထားတဲ့ သဘောလောက်ပဲရှိတယ်။ ရှမ်းပြည်မှာ အင်အားကြီးတဲ့ UWSA က ဘာမှမလုပ်ဘဲ သွားလုပ်လိုက်ရင် လူထုက လည်း ထောက်ခံမှာ မဟုတ်ဘူး။ လက်နက်တွေကတော့ တောထဲမှာ ဝှက်ထားတယ်။”ဟု ပြောသည်။
UNFC ၏ ဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်သွားမည်ဟု ဆုံးဖြတ်သည့် နောက်တဖွဲ့မှာ ဝ’ အမျိုးသားအဖွဲ့ချုပ် WNO ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့နယ်နှင့် မျက်နှာချင်းဆိုင်၊ ရှမ်းပြည်နယ် တောင်ပိုင်း လွယ်လင်၊ နမ့်စမ်မြို့နယ်တွင် အခြေချလှုပ်ရှားနေသည်။ လက်ရှိတွင် WNO ဗဟိုကော်မတီများက အစည်းအဝေး လုပ်နေပြီး ရှမ်းပြည်နယ် မြောက်ပိုင်းရှိ UWSA ဝ’ တပ်ဖွဲ့ ထံမှလည်း အကြံဉာဏ် ရယူသွားရေး ပါဝင်သည်ဟု WNO ယာယီ အတွင်းရေးမှူး တာ့အိုက်ရီ ကပြောသည်။
“လောလောဆယ်တော့ ကိုယ့်ဟာကိုယ် ရပ်တည်နေဆဲပဲ။ မဆက်သွယ်ရင်လည်း တော်လှန်ရေးဘဝနဲ့ပဲ ဆက်သွား မှာပေါ့။ တိုက်ပွဲတွေတော့ လောလောဆယ် မဖြစ်သေးဘူး။ ကျနော်တို့ အင်အားကို အဝေးကနေ ခေါ်ရတာပေါ့။ ဥပမာ တန့်ယန်း၊ လားရှိုးဘက်တွေကပေါ့။” သူက ပြောသည်။ တပ်ဖွဲ့ဝင်အင်အား မည်မျှရှိသည်ကိုမူ ပြောဆိုရန် သူက ငြင်းဆိုသည်။
တန်းတူရေးအတွက် ဖွဲ့စည်းထားသည့် UNFC ၏ ဥက္ကဋ္ဌမှာ ဗိုလ်ချုပ်အင်ဘန်လ KIO၊ ဒုဥက္ကဋ္ဌ အေဘယ်တွိ (KNPP)၊ အတွင်းရေးမှူး နိုင်ဟံသာ (NMSP)၊ တွဲဘက်အတွင်းရေးမှူး စောဒေါလေးမူ (KNU) တို့ဖြစ်ပြီး အဖွဲ့ဝင်များ၏ တပ်ဖွဲ့ဝင် အားလုံးပါသော ဖက်ဒရယ် တပ်မတော်တရပ်ကို ဖွဲ့စည်းရန် ပြင်ဆင်နေကာ KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး က ဦးဆောင် မည်ဟုလည်း မေလအတွင်းက ဆုံးဖြတ် ထားခဲ့ကြသေးသည်။
သတင်းရင်းမြစ် - ချင်းမိုင် (မဇ္ဈိမ)
Posted by PNSjapan at 2:29 AM 0 comments
Labels: သတင်း
တအာင်းဒေသရှိ ပျက်သုဉ်းမှုဆီသို့ ဦးတည်သော ဖွံ့ဖြိုးမှု စီမံကိန်းနှင့် ခြံမြေများ အဓမ္မ သိမ်းပိုက်ခံရခြင်း
Posted by PNSjapan at 1:37 AM 0 comments
Labels: သတင်း
ကချင်ဒေသအတွင်း ထိုးစစ်ဆင်မှု ရပ်ဆိုင်းရန် ဆန္ဒပြတောင်းဆို(တိုကျို)။
Posted by PNSjapan at 12:57 AM 0 comments
Labels: သတင်း
ကချင်အရေးအတွက် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးကို CSW တောင်းဆို
CSW ၏အဆိုအရ ရှမ်းပြည်မြောက်ပိုင်း နမ်ဂျန်(Nam Jang) ရောက်ရှိနေသည့် နောင်ဇန်ကုန်(Nawng Zang Kung)ကျေးရွာမှ ဒုက္ခသည် ၉ ဦးအား နိုဝင်ဘာ (၁၇) ရက် ညတွင် မြန်မာအစိုးရတပ်က ဖမ်းဆီးသွားကာ နတ်စင်ကုန်း စစ်စခန်းသို့ ခေါ်ဆောင်သွားသည်။ နောက်ရက်တွင် မြန်မာစစ်တပ်က ၄ ဦးကို လွတ်ပေးသော် လည်း ကျန် ၅ ဦးကို ဆက်လက် ထိန်းသိမ်းထားသည်။
ထို့အပြင် ချုပ်နှောင် ခံထားရဆဲ ဇခုန်ယော်ဇုံးနင့် ယော်ဆောတို့၏ မိခင် အသက် (၆၀) ရွယ် ဒေါ့ရှီရွယ်ဂျီးအား မြန်မာစစ်တပ်က ထိုစခန်းသို့ ခေါ်ယူကာ ဆိုးရွားစွာ နှိပ်စက်ပြီးနောက် နောက်တစ်ရက် ပြန်လွတ်သည်။ သို့သော် လွတ်သည့်နေ့ ညနေပိုင်းတွင်ပင် ထိုမိခင်အား မြန်မာအစိုးရတပ် နယ်ခံအရာရှိ စိုင်းအိုက်နိုင် (Sai Aik Nyein)က နတ်စင်ကုန်း စခန်းသို့ ပြန်လည် ဖမ်းဆီးခေါ်ဆောင်သွားသည်။
သူမနှင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအတွက် စိုးရိမ် ပူပန်စရာဖြစ်နေသည့်အပြင်အခြား ဒေသခံပြည်သူများ မှာ လည်း မြန်မာအစိုးရက အတင်းအဓမ္မ လုပ်အားခိုင်းစေ၊ ဖမ်းဆီးနှိပ်စက်မည့် အန္တာရယ်မှ လွတ်မြောက်ရန် တရုတ်နိုင်ငံဘက် ထွက်ပြေးနေကြသည်ဟု ဆိုသည်။
တစ်ရက်တည်းတွင် ညနေ (၃) နာရီ၌ မန်ဝင်းကျေးရွာ ဈေးဆိုင်တစ်ခုတွင် ဖုန်းပြောနေသော ဘန်ဂေါ် နှစ်ခြင်းခရစ်ယာန်သင်းအုပ် သိက္ခာတော်ရ ဆရာဂမ်အောင် အား မြန်မာအစိုးရတပ်က ဖမ်းဆီးသွားသည်။
ဖမ်းဆီးရသည့် အကြောင်းပြချက်ကို မသိရသည့်အပင် မည်သည့်နေရာတွင် ထိန်းသိမ်း ထားသည်ကိုလည်း မသိရဟု ဒေသခံများ ပြောသည်ဟု ဆိုသည်။
ဆက်လက်၍ အောက်တိုဘာလ (၂၈) ရက်တွင် မြန်မာအစိုးရက ဖမ်းဆီးသွားသည့် (၁၄) လသားအရွယ် ကလေး၏ အမေ အသက် (၂၈) နှစ်အရွယ် ဒေါ်ဆွမ်လွတ်ရွယ်ဂျီး အား မြန်မာအစိုးရတပ်က ပေါ်တာအဖြစ် ဖမ်းဆီး သွားသည်။ သူမအား မြန်မာအစိုးရ တပ်စခန်းထဲ ထိန်းသိမ်းထားကာ အုပ်စုလိုက် မုဒိမ်းကျင့် ခံရနိုင် သည် ဟု ယုံကြည် နေကြသည်။ ဒေသတွင်းမြန်မာအစိုးရတပ် အရာရှိက နိုဝင်ဘာ (၂) ရက်နေ့တွင်ဒေါ်ဆွမ် လွတ်ရွယ်ဂျီးကို လွတ်ပေးမည်ဟု ကတိ ပေးထားသော်လည်း မိသားစုထံသို့ ရောက်မလာခဲ့ပါဟု ဆိုသည်။
နိုဝင်ဘာ ၆ ရက် ၀ိုင်းမော်မြို့နယ် မုတ်ကြိတ်ကျေးရွာတွင် မြန်မာအစိုးရတပ်က အေဂျီခရစ်ယာန်ဘုရား ကျောင်း ၀င်းထဲ ၀င်ရောက် ရှာဖွေ ဖျက်ဆီး လုယက်ကာ သင်းအုပ် သိက္ခာတော်ရဆရာ ယေဂျေုာင်လွမ်း ခေါင်၊ လက်ထောက် သိက္ခာတော်ရ ဆရာ ရှယူလွမ်းခေါင်၊ သင်းထောက်နှင့် လူငယ်ဂီတခေါင်းဆောင် ဖလောင်လွမ်းခေါင်နှင့် လဟောင်ခေါင်ဟောင်းတို့အား ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။
Posted by PNSjapan at 12:29 AM 0 comments
Labels: သတင်း
တိုက်ပွဲအတွင်း ကချင်ရွာတစ်ရွာကို အစိုးရစစ်တပ် မီးရှို့ဖျက်ဆီး
ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်း အပါအဝင် နေအိမ် ၅ လုံးခန့် မီးလောင် ပျက်စီးသွားကြောင်း ရှေ့တန်းရောက် KIA စစ် ဘက် အသိုင်းအဝိုင်းကို ကိုးကား၍ လိုင်ဇာ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“တိုက်ပွဲတွေက အဲဒီနေရာမှာ မနေ့က အပြင်းအထန်ဖြစ်နေတာ ။ခလရ ၈၃ နဲ့ဖြစ်တာ။ ညနေပိုင်းမှာ အဲဒီတပ်က ဖကွန်ရွာ ကို မီးရှို့လိုက်တယ်။ ဘုရားကျောင်း တစ်ကျောင်းနဲ့ အိမ် ၅ လုံးလောက် မီးလောင် သွားတယ် ” ဟု သူက ဆိုသည်။
နှစ်ဘက်အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့သည့် အဆိုပါ တိုက်ပွဲအတွင်း အစိုးရ စစ်တပ်ဘက်မှ ဓါတုလက် နက် များ အသုံးပြုခဲ့ကြောင်း သူက ဆက်ပြောသည်။
Posted by PNSjapan at 12:23 AM 0 comments
Monday, November 21, 2011
ဒီအရွေ့တခုတည်းနဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီး ရပ်မသွားပါဘူး (ရဲဘော်သံခဲနှင့် မေးမြန်းချက်)
Posted by PNSjapan at 11:50 PM 0 comments