Thursday, September 22, 2011

KIA တိုက်ခိုက်မှုအတွင်း အစိုးရ စစ်သည် ၇ ဦးကျ ၄ ဦးဒဏ်ရာရ

၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်။

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် ကွတ်ခိုင်မြို့နယ် မုံရကျေးရွာအုပ်စု ခေးရာပါ အနီးတွင် အစိုးရ စစ်တပ်နှင့် ဖေါင်းဆိုင် ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းအား ကချင်လွတ်လပ်ရေး တပ်မတော KIA မှ ယခုလ၁၈ ရက် နံနက် ၉ နာရီခွဲခန့်တွင် ခြုံခို တိုက်ခိုက်ခဲ့ရာ  အစိုးရ စစ်သည် ၇ ဦးကျ ၄ ဦးဒဏ်ရာ ရရှိကြောင်း သိရသည်။

အစိုးရ ပူးပေါင်းစစ်ကြောင်း မုံရရွာမှ မုံကိုးမြို့နယ်ခွဲသို့ ချီတက်လာစဉ် လမ်း၌ ခြုံခို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး KIA ဘက်မှ ထိခိုက် ကျဆုံးမှု မရှိကြောင်း KIA နှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သျှမ်းသံတော်ဆင့်သို့ ပြောသည်။

" ဖြစ်တဲ့ နေရာက ခေးရာပါ ၊ လွတ်ကေလို့လည်း ခေါ်တယ်။ ချောင်းပြီးမှ ချတယ်ဆိုတော့ KIA ဘက်က ထိခိုက် ကျဆုံးတာ မရှိဘူး။ ဗမာစစ်တပ်က ၇ ယောက်သေတယ်။ ဒဏ်ရာရတဲ့ ၄ ယောက်ကို မုံကိုးကို ခေါ်သွာတယ် " ဟု သူကဆိုသည်။

အဆိုပါဒေသသည် KIA တပ်မဟာ (၄) တပ်ဖွဲ့များ အခြေစိုက် လှုပ်ရှားရာ နေရာဖြစ်ပြီး ယခုအခါ အစိုးရ စစ်ကြောင်းများ အင်အား တိုးချဲ့ထားကြောင်း သိရသည်။


ထို့အပြင် ယခုလ ၁၄ ရက်နေ့ကလည်း ကချင်ပြာ်နယ် ၀ိုင်းမော်မြို့နယ် နမ်ဆန်ယန် ကျေးရွာအနီး၌ မပခ လက်အောက်ခံ ခလရ ၂၉ ၊ ၃၇ ၊ ခမရ ၄၃၈ ပူးပေါင်း စစ်ကြောင်းနှင့် KIA တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွါးခဲ့ရာ ဒုရင်းမှူး အပါအ၀င် အစိုးရတပ်မှ ၆ ဦးခန့် ကျဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိကြောင်း KIA အသိုင်းအ၀ိုင်းကဆိုသည်။

၎င်းတိုက်ပွဲ၌ အစိုးရ စစ်တပ်သုံး MG 42 စက်လတ် ၊ မော်တာ ၊ လက်နက်ငယ်များ ၊ ကျောပိုးအိပ် ၆ လုံးနှင့် ကျည်ဆံ ၁၀၀၀ ကျော်အား KIA ဘက်မှ သိမ်းဆည်း ရမိကြောင်း သိရသည်။

သတင်းရင်းမြစ် - သျှမ်းသံတော်ဆင့်


0 comments: