Friday, September 16, 2011

KIA နှင့်ဖြစ်သော မန်ဂျေတိုက်ပွဲတွင် မြန်မာစစ်သား ၂ ဦး ကျ


သေဆုံးသောမြန်မာစစ်သား ၂ ဦးသည် ဗန်းမော်မြို့ နယ်မြေခံတပ်ရင်း ခလရ အမှတ် ၄၇ မှဖြစ်သည်ဟု မန်ဂျေ ဒေသခံများပြောသည်။

ယင်းတပ်ရင်းမှ အင်အား ၁၀၀ ကျော်သည် မန်ဂျေ သို့ အင်အားဖြည့်လာစဉ် ရွာသစ်ကုန်းတွင် KIA တပ်ရင်း (၁)မှ စစ်သားများနှင့် နေ့လည် ၁ နာရီ မှ ၂ နာရီ ကြား ပစ်ခတ်မှု ဖြစ်ပွား ခဲ့သည်ဟု ဒေသခံများ ပြောသည်။

KIA ဘက်မှ ထိခိုက်မှု မရှိကြောင်း တပ်ရင်း ၁ မှအရာရှိတစ်ဦးပြောသည်။

တစ်ရက်တွင်း မြစ်ကြီးနား-ဗန်းမော်သွားလမ်း နမ်ဆန်ယန်အနီး Hka La Kadawng (ခလားကုန်း)တွင်လည်း KIA တပ်ရင်း (၁၈)နှင့် မြန်မာစစ်တပ် နွမ်လန်ရွာ (Numlang Mare) အခြေစိုက် ခမရ အမှတ် ၄၃၈၊ တပ်သားများကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ယခု ပစ်ခတ်မှုတွင် အစိုးရတပ်မှ ထိခိုက်မှု ရှိသည်ဟု သက်ဆိုင်ရာ KIA စစ်ဗိုလ်များပြောသည်။

သတင်းရင်းမြစ် -  ကချင်သတင်းဌာန

0 comments: