Sunday, September 18, 2011

ဂျပန်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ၁၃ နှစ်ပြည့် အထိမ်းအမှတ် "မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲ"

Sunday, 18 September 2011,

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ဖွဲ့စည်း တည်ထောင်ခြင်း (၁၃)ပြည့် အထိမ်းအမှတ် "မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲ" အခမ်းအနားကို အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ စီစဉ်၍ IKEBUKURO(KENKO PLAZA)၌ ဒီကနေ့ ကျင်းပခဲ့ရာ အဖွဲ့စည်း အသီးသီးမှ ဖိတ်ကြား ထားသူများ မြန်မာဒီမိုကရေစီအရေး စိတ်ဝင်စားသူများ တက်ရောက် ခဲ့ကြပါသည်။

 ဆွေးနွေးပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ၏ ဥက္ကဌ ဦးလှဟန်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရပ်တည်မှု အခြေအနေနှင့် တွေ့ဆုံဆွေး နွေးမှုများ အနေအထားနှင့် ပက်သက်၍ လည်းကောင်း၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)၏ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဇော်မင်းခိုင်မှ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်အပေါ် အခြေခံသည့် ပြည်သူ့လွှတ်တော်ပေါ်ပေါက်ရေး (သို့မဟုတ်) စစ်မှန်သည့် ပြည်သူ့လွှတ်တော် ပေါ်ပေါက်ရေးအပေါ် တိုင်းရင်းသားပြည်သူများ၏  သဘောထားနှင့် ပက်သက်၍လည်ကောင်း၊ မြန်မာဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကျော်ကျော်စိုးမှလည်း ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်း ပေါ်ပေါက်လာသည့် ပြည်သူ့လွှတ်တော် အနေအထားနှင့် အသွင်ပြောင်း အရပ်သားအစိုးရ၏ အခြေအနေနှင့် ပက်သက်၍လည်းကောင်း၊ ဗမာနိုင် ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ နိုင်ငံခြားရေးရာတာဝန်ခံ,AAPPB၏ ဂျပန် တာဝန်ခံ ဦးဘုန်းမြင့်ထွန်းမှလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး တို့အတွက် နိုင်ငံရေး အကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေးနှင့် လိုအပ်သည့် အနေအထားများနှင့် ပက်သက်၍ လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် တက်ရောက်လာကြသည့် အဖွဲ့စည်းအသီးသီးမှ ဖိတ်ကြားထားသူများ  မြန်မာဒီမိုကရေစီအရေး စိတ်ဝင်စားသူများမှလည်း အပြန်အလှန် မေးမြန်း ဆွေးနွေးပြီးနောက် အခမ်းအနားကို နေ့လည် ၁၂နာရီတွင် ရပ်နားခဲ့ပါသည်။

သတင်းရင်းမြစ်- nldlajb.blogspot.com

0 comments: