Friday, September 23, 2011

ဧရာဝတီ ပြပွဲ ဒေါ်အောင်ဆန်းစုကြည် နှင့် အနုပညာရှင်များ တက်ရောက်

မှ ဒေါ်အောင်ဆန်းစုကြည် နှင့် သူရဦးတင်ဦးတို့ တက် ရောက်အားပေး ကြည့်ရှု ခဲ့ကြသည်။

The Sketch Of A River-The Ayeyarwady အမည်ရှိ ပြပွဲကို မြန်မာနိုင်ငံရှိ ဓာတ်ပုံ ပညာရှင်များ၊ ပန်းချီ ပညာရှင်များ ၊ ကာတွန်း ပညာရှင်များက စုပေါင်း တင်ဆက်ခြင်း ဖြစ်သည်။


အနုပညာရှင် ၅၄ ဦးက ဧရာဝတီမြစ်နှင့် ပတ်သက်သည့်  ပန်းချီ ၊ ကာတွန်း ၊ ကဗျာ၊ ဓာတ်ပုံ ၁၂၄ ခု ကို စုပေါင်း တင်ဆက် ကြခြင်း ဖြစ်သည်။ ဧရာဝတီ မြစ်တွင် တရုတ် အစိုးရပိုင် CPI ကုမ္ပဏီက ရေကာတာ တည်ဆောက် နေခြင်းနှင့် ပတ်သက်ပြီး ပြည်သူများက အပြင်းအထန် ကန့်ကွက် နေကြရာတွင် အနုပညာ ရှင်များက ယခုကဲ့သို့  ပါဝင် နှိုးဆော်ခြင်း ဖြစ်သည်။

ပြပွဲကို ပန်းချီနှင့် ဒီဇိုင်းဆရာ စိုးဝင်းငြိမ်း ၊ စာနယ်ဇင်း ဆရာစိုးသော်တာနှင့် အခြား အနုပညာရှင်များမှာ ဦးဆောင် ကျင်းပခြင်း ဖြစ်ပြီး သရုပ်ဆောင် ရဲတိုက်က အခမ်းအနားမှုး အဖြစ်တာဝန် ယူပေးသည်။ ပြပွဲသို့  အနဂ္ဂ ၊ သံသာဝင်းနှင့် အခြား အနုပညာရှင်များ ပရိသတ်များ တက်ရောက်ရာ လူကြိတ်ကြိတ်တိုး စည်ကားသည်။


ထိုပြပွဲတွင် ကာတွန်း စိုးသော်တာ၏ ကာတွန်း တစ်ခုကို စီစစ်ရေးမှာ လာရောက် တားမြစ်သည့် အတွက် ပြပွဲတွင် ပြသ နိုင်ခဲ့ခြင်း မရှိဟု ကာတွန်း ဆရာစိုးသော်တာက FNG သို့ ပြောသည်။ ကာတွန်း အောင်မောင်၏ ကာတွန်း တစ်ခုမှာလည်း စီစစ်ရေးက တားမြစ်ခြင်း ခံရသည်။

ပြပွဲတွင် မြစ်တစ်စင်း၏ ပုံရိပ် အမည်ရှိ ဓာတ်ပုံ စာအုပ်ကိုလည်း ထုတ်ဝေခဲ့ရာ ထိုစာအုပ်တွင် ထွန်းဝင်းငြိမ်း၊  ညီပုလေး၊ ဦးဖေမောင်သိန်းစိုးဝင်းငြိမ်းတို့၏ လက်ရာများ ပါဝင်သည်။

ယခု ရက်ပိုင်းတွင် ဧရာဝတီမြစ်တွင် တရုတ်နိုင်ငံက တည်ဆောက် နေသည့် ရေကာတာအား ဆန့်ကျင် တိုက်ဖျက်မှုများ အရှိန်မြှင့် လုပ်ဆောင် လျှက်ရှိရာ မန္တလေးမြို့ရှိ စိမ်းရောင်စို လူမှု ၊ သဘာဝ ပတ်ဝန်း ကျင် အဖွဲ့ မှလည်း ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် လှေ ၊ သင်္ဘောများ ဖြင့် လှည့်လည်ပြီး ဗီဒီယို မှတ်တမ်း ရိုက်ယူခြင်း ၊ ကဗျာ ရွတ်ဖတ် ခြင်းများ ပြုလုပ် ခဲ့ကြသည်။

စာပေနှင့် အနုပညာရှင်များက ဧရာဝတီမြစ်နှင့် ပတ်သက်ပြီး ” ဧရာဝတီ ကို မလွမ်းချင်ပါ ” အမည်ရှိ စာ အုပ်ကို ယနေ့ ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် ဦးအုန်း၊ လူထုစိန်ဝင်း၊ ဇော်ဂျီ၊ ရွှေဥဒေါင်း၊ ပါရဂူ၊ မောင်ဝဏ္ဏ ၊ နေဝင်းမြင့်၊ လေးဖြူ အစရှိသည့် စာရေးဆရာ ၊ တေးရေးဆရာများက ရေးဖွဲ့ထားသည့် ဧရာဝတီ အမည်ရှိ စာအုပ်လည်း ပါဝင်သည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဓာတ်ပုံနှင့် ပန်းချီ ပြပွဲတွင် အမှတ်တရစကား ပြောကြားရာ ဧရာဝတီ မြစ်ကို အခြေခံပြီး စည်းလုံး ညီညွတ်မှု တည်ဆောက်ရန် ပြောကြား ခဲ့သည်။

Copy from - freedomnewsgroup.com

0 comments: