Wednesday, September 14, 2011

ဧရာဝတီမြစ်ကြီးအား ကာကွယ်စောင့်ရှောက်၇န် လုပ်ဆောင်သင့်သည်များ (အကြံပြုချက် (၁))


ပစ်မှတ်
  • တကယ် ပစ်မှတ် (target ) ထားပြီးစည်းရုံးရမှာက..ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှာ  နေထိုင်နေတဲ့ တိုင်းရင်းသား ပြည်သူ လူထုတွေဖြစ်တယ်။ ထိုပြည်သူလူထုကပဲ တနေ့ကျရင် ဧရာဝတီကို ကာကွယ် တားဆီး တည်ဆောက်ရေး လှုပ်ရှားမှုရဲ့ ဆုံမှတ်ဖြစ်လာမှာ ဖြစ်တယ်.။ 
  • အဲဒီမှာ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှာ နေထိုင်နေတဲ့ သူတွေကို ဘယ်လို ပညာပေး စည်းရုံးမလည်း လှုံ့ဆော်မလည်း အန္တရယ် ရှိနိုင်တဲ့ ရေကာတာ တည်ဆောက်မှုတွေကို ဘယ်လို ဆန့်ကျင် ကန့်ကွက်သွားနိုင်မလည်း ရေရှည်မှာ ဧရာဝတီ မြစ်ကြီးကို ဘယ်လို စောင့်ရှောက် သွားမလည်း ဆိုတဲ့ ကိတ်စတွေကို ဆွေးနွေး တင်ပြသွားဘို့ လိုတယ်။  တကယ်တော့လည်း ဧရာဝတီ မြစ်ကြီးရဲ့ကောင်းကျိုး ဆိုးကြိုး.ဟာ ကျနော်တို့ မြန်မာပြည်သား အားလုံးရဲ့ ကောင်းကြိုး ဆိုးကြိုး ဆိုပေမယ့်လည်း အဓိကအားဖြင့် သူတို့ဘ၀တွေရဲ့ကောင်းကျိုး ဆိုးကြိုး ဖြစ်တယ်။ သူတို့တွေက အကျိုးအပြစ် တွေရဲ့ သက်ရောက်မူကို တိုက်ရိုက် ခံရမယ့် သူတွေဖြစ်တယ်။  ဒါကြောင့်  ထိုတိုင်းရင်းသား ပြည်သူလူထုအား ဧရာဝတီ မြစ်ကြီးကို သူတို့ဘယ်လို စောင့်ရှောက် ကာကွယ် သွားနိုင်မလည်း ဆိုတဲ့နည်းနာတွေ အသိပညာတွေ အဓိက တပ်ဆင် ပေးသွားရမယ်။

ခေါင်းဆောင်မှု
  • ဒီကိတ်စမှာ ဘယ်သူတွေက ခေါင်းဆောင် နိုင်မလည်း။  မြန်မာနိုင်ငံတွင်းက စာပေ ပညာရှင်တွေ..လူထုက အလေးထားတဲ့  ခေါင်းဆောင်တွေ. .ဒီကိတ်စကို သိတဲ့ တတ်သိ ပညာရှင်တွေကပဲ ခေါင်းဆောင် နိုင်မှာဖြစ်တယ်။  အဝေးရောက် မြန်မာနိုင်ငံသားများ တာဝန်ကတော့ အဲဒီ လှုပ်ရှားမှုကို တတ်နိုင်တဲ့ ဘက်က ၀န်းရံဘို့ ပဲလိုပါတယ်။
  • ဒါကြောင့် စာပေ ပညာရှင်တွေ..သူတို့ကို တိုက်တွန်းချင်တာက ဧရာဝတီမြစ်ကြီးကို စောင့်ရှောက် ကာကွယ်ရေး ခေါင်းစဉ်အောက်မှာ ဒေသခံ လူထုကို ဟောပြော စည်းရုံးရေး လုပ်ငန်းများ တိုးချဲ့ လှုပ်ရှား သွားဘို့ လိုတယ်..။ အဲဒီအတွက် .ဧရာဝတီ မြစ် ကျွန်းပေါ်ဒေသမှာ နေထိုင်နေတဲ့ လူထုကြားကို သွားရောက် စည်းရုံး လှုပ်ရှားဘို့ လိုတယ်။ ထိုသို့ လှုပ်ရှားတဲ့အခါ တိုင်းပြည်နဲ့ လူထုကို တင်ပြ ဆွေးနွေးခြင်း ပုံစံအားဖြင့် အပြုသဘောဖြင့် မည်သူကိုမှ မထိခိုက်ပဲ တိုင်းပြည် အကျိုးကို ရှေ့ရှုပြီး လုပ်ဆောင်ဘို့ လိုတယ်။  ထိုသို့ လှုပ်ဆောင် တဲ့အခါမှာ ပြည်သူလုထုကို ပညာပေးမည့် မီဒီယာနဲ့ တက်ကနော်လော်က ဂျီအခန်း ကအရေး ပါလာတယ်။ 

မီဒီယာ တက်ကနော်လော်ဂျီ အခန်းကဏ္ဍ
  • အဲဒီလို သွားရောက် စည်းရုံး ဟောပြော လှုပ်ရှားကြမည့် သူတွေရဲ့ သတင်းတွေကို တင်ပေးနိုင်ဘို  ဧရာဝတီက ပြည်သူလူထု အသံ အစစ်အမှန်တွေကို မြန်မာပြည်သူ တရပ်လုံးနဲ့ ချိတ်ဆက်ပေးဘို့  ကမ္ဘာ နဲ့ မိတ်ဆက်ပေးဘို့ စတာမျိုးတွေ လုပ်ဆောင် ဘို့ မီဒီယာ (တက်ကနော်လော်ဂျီ) အခန်းကဏ္ဍ ကအရေးပါလာပြီ.။  IPhone လို Google phone ဖုန်းမျိုးတွေ mobile internet အသုံးပြုနိုင်တဲ့ ကွန်ပြူတာ တွေကို အဲဒီပညာရှင်တွေ သို့မဟုတ် သူတို့ကို ၀န်းရံ မည့်သူတွေကို တပ်ဆင်ပေးဘို့ လိုတယ်..။ ဒါတွေကို ပြည်တွင်း ပြည်ပက သူတွေက ငွေကြေး အကူအညီပေးဘို့ လိုတယ်.။  အကုန်အကျ မများလှပါဘူး။  ထိုနည်းအားဖြင့် ပြည်တွင်းပြည်ပက မီဒီယာ သမားတွေကို ချိတ်ဆက် နိုင်မယ်.။ ထိုမီဒီယာတွေက တဆင့် တိုင်းပြည် လူထုနဲ့ လိုအပ်ခဲ့ရင် လက်ရှိ ဦးသိန်းစိန် အစိုးရကို သတင်းပေး ပညာပေး ပြီး လှုပ်ရှားမှု အခြေအနေကို တင်ပြသွားနိုင်တယ်။   လူတဦးချင်းဆီကလည်း  ဖေ့စ်ဘုတ်ခ်လို gtalk လို skype လို you-tube.com လို အဆင့်အတန်း ရှိရှိ သတင်း ဖြန့်နိုင်တဲ့ မီဒီယာtool မျိုးလိုဟာမျိုးတွေ အသုံးပြုနိုင်တယ်.။ နောက်ဆုံ့း hotmail, gamil, yahoo လို ဆက်သွယ်ရေး အကောင့်တွေကနေ သတင်း ဖြန့်ဖြူး သွားနိုင်တယ်။

အကန့်အသတ်နှင့် အချိတ်အဆက်
  • ဖေ့စ်ဘုတ်ခ်၊ gtalk ၊  skype ၊ you-tube.com ၊ hotmail ၊ gamil ၊ yahoo လိုအဆင့်အတန်းရှိရှိ သတင်းဖြန့်နိုင်တဲ့ မီဒီယာ tool မျိုးလိုဟာမျိုးသုံးယုံနဲလည်း လှုပ်ရှားမှုဟာ ကြွလာမှာ အောင်မြင်မှာမဟုတ်ဘူး။  အထက်ကပြောခဲ့ပြီးတဲ့အတိုင်းပဲ.. ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာနေထိုင်နေတဲ့ ပြည်သူလူထုက ကိုယ်တိုင် တက်တက်ကြွကြွတောင်းဆိုလှုပ်ရှားလာဘို့လိုတယ်။ သူတို့ကိုလည်း အဲဒီနည်းပညာတွေသုံးလာနိုင်အောင် သူတို့ကိုယ်သူတို့တတ်ဆင်ပေးနိုင်အောင်လုပ်ရမယ်.။  အကြောင်းကတော့ ထို ဆက်သွယ်ရေးကရိယာတွေ (tools) တွေကိုသုံးနိုင်တဲ့ လူထုက နိုင်ငံခြားမှာရောက်နေတဲ့ ဗမာပြည်သူပြည်သားတိုင်းရင်းသားပြည်သူလူထုနဲ့ ပြည်တွင်းက ပညာတတ် ငွေရှင်ကြေးရှင်တွေပဲသုံးနိုင်တာကြောင့်ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဖေ့စ်ဘုတ်ခ်သုံးနိုင်တဲ့လူတန်းစားက နည်းပါသေးတယ်။အဲဒီမီဒီယာတွေကိုပဲအားကိုးရင် လှုပ်ရှားမှုတွေဟာ ထိုလူတွေအကြားမှာပဲရပ်သွားမယ်။  
  • ထိုအကန့်အသတ်များကိုကျော်လွားရန်အတွက် ထို သတင်းဖြန့်နိုင်တဲ့ မီဒီယာ tool တွေနဲ့ ပြည်တွင်းပြည်ပက သတင်းဌာနတွေ ချိတ်ဆက်ထားဘို့ လိုတယ်
  • ထိုကိတ်စအတွက် network group တွေ လို တယ်..ထိုဂရုကို သတင်းတခုတင်လိုက်တာနဲ့ အားလုံးကိုပြန့်သွားနိုင်တာမျိုးဖြစ်ရမယ်.

စည်းရုံးရေးနည်းနာ (ပြန့်နှံ့ခြင်းနှင့် မြင့်တင်ခြင်း)
  • နောက်ဆုံးအရေးအကြီးဆုံးတခုဆွေးနွေးချင်တာက  မြန်မာပြည်မှာ ဒီမိုကရေစီ တော်လှန်ရေးတွေအောင်ပွဲမခံနိုင်တာဟာ ဘာကြောင့်ပါလည်းလို့ မေးခွန်းမေးပြီး ဆက်ဆွေးနွေးချင်တယ်.။  ကျနော့်အဖြေက ထိုတော်လှန်ရေးတွေမှာ (တိုင်းပြည်မှာလူဦးရေအရအများဆုံးဖြစ်တဲ့) လယ်သမားတွေပါဝင်လာအောင်မစည်းရုံးနိုင်ခဲ့လို့ပါပဲ..။ အကြောင်းက လယ်သမားတွေရဲ့ မူလသဘာဝကိုက ပညာနည်းတယ်.။ နည်းနာမကြွယ်ဝဘူး။  ကိုယ်ကျိုးစီးပွားကို တွယ်တာမက်မောမှုရှိတယ်.။ အဲလိုပြောလို့စိတ်ဆိုးကောင်းဆိုးနိုင်တယ်.။ သို့ပေမယ့်လည်း သူတို့မှာ အနည်းနဲ့အများပိုင်ဆိုင်မှုကလေးတွေရှိတယ်.. ဥပမာ မြေတို အိမ်တို့ ကျွဲ နွားအိမ်မွေးတိရိစ္ဆာန်တို့.. အဲဒီပိုင်ဆိုင်မူကလေးတွေကို လူ့ရဲ့သဘာဝအ၇ သူတို့ရဲ့ဘ၀အရ စွန့်လွတ်ဘို့ ဆိုလာရင်... သူတို့အဖို့က အတော်ခက်တယ်... ။
  •  ကျောင်းသားကျတော့ ကျောင်းသားသဘာဝအရကိုက ပိုင်ဆိုင်မှုဆိုတာ များများစားစားရှိတာမဟုတ်ဘူး.. သူတို့စဉ်းစားရင် သူတို့ ပညာရေး အချစ်ရေး နောက်ဆုံးမိဘ အဲဒါတွေကိုစဉ်းစားမယ်.. အိမ်မပိုင်ဘူးအခြားပိုင်ဆိုင်မှုတွေမရှိဘူး ..သဘာဝအရ သူတို့စဉ်းစားတွေးခေါ်မှုကလွတ်လပ်တယ်.. အမှန်တရားဘက်ကနေတုံးတိုက်တိုက်ကျားကိုက်ကိုက်အမြဲ ရပ်တည်ချင်တယ်.. အကောင်အထည်ဖေါ်ချင်တဲ့အပိုင်းကပိုများတယ်.။။ ဒါကြောင့် မြန်မာပြည်မှာပဲဖြစ်ဖြစ် ကမ္ဘ္ဘာ မှာပဲဖြစ်ဖြစ် လှုပ်ရှားမှုတွေမှာ လူငယ်ကျောင်းသားတွေက ထိပ်ဆုံးက ဦးဆောင်တာများတယ်.။
  • အလုပ်သမားလည်း အတူတူပဲ ကျောင်းသားနဲ့နီးစပ်တယ်.. ပညာတတ်တယ်.. အသိညာဏ်ရှိတယ်.. ပိုင်ဆိုင်မှုမရှိသလောက်ပဲ.. အစိုးရချပေးတဲ့ အိမ်မြေတွေမှာနေရတာများတယ် (သို့) အိမ်ငှားနေရတယ်.။  သူတို့မှာ က မိသားစုအရေးပိုဦးစားပေးရတဲ့အတွက် ကျောင်းသားလောက် ထိပ်ပိုင်းမှာတာဝန်မယူနိုင်ဘူး။  သူတို့ကျတော့ ပြည်တွင်းမီဒီယာတွေနဲ့တင်လုံလောက်တယ်။အနည်းငယ်လှုံ့ဆော်ပေးရင် သူတို့ကချက်ဆိုနားခွက်ကမီးတောက်တယ်။
  • တတ်သိပညာရှင်တွေကျတော့ သူတို့ရဲ့တွေးခေါ်စဉ်းစားမှုဆုံးရှုံးရမှာကို အကြောက်ဆုံးဖြစ်တယ်.. ကျောင်းသားလိုပဲ ဘယ်သူ့ကိုမှ ကြောက်တတ်တဲ့သူတွေမဟုတ်ဘူး။  သူတို့ကိုစည်းရုံးရတာလည်းမခက်ဘူး။ အားလုံးထဲမှာ လယ်သမားက အခက်ဆုံးပဲ...။
  • ဒါကြောင့် လယ်သမားတွေကိုစည်းရုံးတဲ့ အခါ ရိုးစင်းဘို့ စိတ်ရှည်ဘို့ တိုတိုတုတ်တုတ်ရှိဘို့လိုတယ်.။ အသိပညာပြန့်နှံ့မြင့်တင်ရေးပိုမိုလုပ်ပေးရမယ်။  အမြင့်စားကြီးတွေကို ပြောဆိုတာထက် ရိုးစင်းတဲ့ သတင်းအချက်အလက်တွေကိုပဲပေးဘို့လိုတယ်.။  ဥပမာ..လယ်သမားက ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာ ကိုနားလည်မှာမဟုတ်ဘူး.။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာတွေကိုလည်းနားသိပ်လည်မှာမဟုတ်ဘူး။  မိုးခေါင်ရေရှားတာ မြေဇီလွာတုံးတာ..မျိုးစပါးရှားတာ.. ဓါတ်မြေသြဇာမလုံးလောက်တာ.. လမ်းပန်းဆက်သွယ်ရေးခက်ခဲတာ.. စာသင်ကျောင်းမရှိတာ..ကျန်းမာရေးကိတ်စ.ဆေးခန်းမရှိတာ.. စတာတွေကို ဘ၀နှင့်ရင်းပြီး အခြေခံကျကျနားလည်တယ်။
ဆက်လက်ဆွေးနွေးသွားပါမည်.. ပြန်လှန်ဆွေးနွေးမှုများကိုလည်းမျော်လင့်ပါသည်။

ဧရာဝတီမြစ်ကြီးအား ကာကွယ်စောင့်ရှောက်၇န် လုပ်ဆောင်သင့်သည်များ (အကြံပြုချက် (၁))
by Nay Oo-People on Wednesday, September 14, 2011 at 11:32am

0 comments: