Wednesday, September 14, 2011

ခေတ်သစ် ရခိုင်သမိုင်းထဲက ထူးထူးခြားခြား ခေါင်းဆောင်ကြီး လေဦး ဂုဏ်ပြုပွဲ ထိုင်းနိုင်ငံတွင် ကျင်းပ

Maha Chai
 
Maha-Chai
ရခိုင်အမျိုးသတင်းစာ အယ်ဒီတာ ဦးဌေးဝင်း ဟောပြောနေပုံ
'ကျနော်တို့ မဟာချိုင်မှာ ဒီလို စည်ကားတဲ့ အခမ်အနားမျိုးကို ဒါ ပထဆုံးအကြိမ် ကျင်းပဖြစ်တာ ဖြစ်ပါတယ်။ ဒီအခမ်းအနားမှာ ၇၂ ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနေ့ကို အကြောင်းပြုပြီး ကျနော်တို့ဆီက ထူးခြားတဲ့ ခေါင်းဆောင်ကြီးတွေ ဖြစ်ကြတဲ့ ဆရာတော် ဦးစိန္တာ။ ဆရာတော် စန္ဒြမုဏိနဲ့ ဆရာကြီး ဦးဦးသာထွန်းတို့ကိုပါ ဂုဏ်ပြုတဲ့အနေနဲ့ ဘန်ကောက်က ဆရာကြီးတွေ ပညာတတ် ရဟန်း သံဃာတော် တွေကိုပါ ပင့်ဖိတ်ပြီး အခုလို ကျင်းပကြတာဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်ကြီးတွေကို မျိုးဆက်သစ် ရခိုင်လူငယ်တွေ သိစေချင်တယ် အတုယူ အားကျ စေချင်တဲ့ စေတနာကြောင့် ကျနော်တို့ အခက်အခဲ များစွာကြားထဲက ဒီအခမ်းအနားကို မဖြစ်ဖြစ်အောင် စီစဉ်ကြတာပါ' ဟု ဆိုသည်။

ယင်းပုဂ္ဂိုလ် လေးဦးထဲတွင် ဆရာတော် ဦးဥတ္တမ အကြောင်းကို သိကြသော်လည်း ကျန်ပုဂ္ဂိုလ်များ အကြောင်းကိုမူ လူငယ်များ သိသူ နည်းပါးလှကြောင်း သိရသည်။

ဆရာတော် ဦးစိန္တာသည် အင်္ဂလိပ်နှင့် ဖက်ဆစ် ဂျပန် တော်လှန်ရေးတွင် မျိုးချစ်စိတ် ပြင်းထန်သော ရခိုင်လူငယ်များကို စုစည်းကာ လက်နက်ကိုင် တော်လှန်ရေးကို ဦးဆောင်ခဲ့သူ ဖြစ်ကြောင်း ဆရာတော် ဦးစိန္တာ အကြောင်းကို ဟောပြောသူ ဆရာတော် ဦးသုစိတ္တ M.A ( မဟာမေကုတက္ကသိုလ်။ ထိုင်းနိုင်ငံ ) က ´ဖိနှိပ်ခံ ဘ၀မှ အုပ်ချုပ်သူဘ၀သို့´ ခေါင်းစဉ်ဖြင့် ဟောကြေားရာတွင် ယခုကဲ့သို့ မိန့်ကြားသည်။

'ဆရာတော်ကြီးဟာ ဖိနှိပ်ခံ ပြည်သူတွေ လွတ်မြောက်ဖို့အတွက် ရဟန်းဖြစ်သော်ငြားလည်း လက်နက်ကိုင် လမ်းစဉ်ကို လိုက်ခဲ့တဲ့သူ ဖြစ်တယ်။ ဘာကြောင့် ဒီလို လုပ်ခဲ့တာလဲ ဆိုရင် မိမိတို့ အမျိုးသားတွေ သူ့ကျွန်ဘ၀မှာ သိမ်သိမ်ငယ်ငယ်နဲ့ နေရတာကို မကြည့်ရက်လို့ အသက်နဲ့ရင်းပြီး တော်လှန်ရေး ဆင်နွှဲ ခဲ့သူဖြစ်တယ်။ ဒီဆရာတော် အကြောင်းကို လူတွေ မေ့ပျောက်နေတာကြာနေပြီ။ ဒီမဟာချိုင်က ရခိုင် လူငယ်တွေ ပြန်လည် ဖော်ထုတ်တဲ့အတွက် ပျောက်ဆုံးနေတဲ့ ရွှေအိုးကြီးကို ပြန်လည် တွေ့ရတယ်လို့ဘဲ ဦးဇင်း ပြောချင်တယ်' ဟု ဆိုသည်။

ဦးသုစိတ္တ၏ မိန့်ကြားချက်အရ ဆရာတော် ဦးစိန္တာသည် ဖက်ဆစ်ဂျပန် တော်လှန်ရေး အတွက် မြန်မာ့ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်ပင် ဆွေးနွေးကာ လက်တွဲ လုပ်ဆောင် ခဲ့ကြောင်း သိရသည်။

ဆရာတော် အရှင်စန္ဒြမုဏိသည် အိန္ဒိယနိုင်ငံတွင် ပျောက်ကွယ်နေပြီဖြစ်သော ဗုဒ္ဓသာသာနာကို ပြန်လည်အသက်သွင်းပေးခဲ့သူ မြန်မာနိုင်ငံသား ရခိုင်လူမျိုး ရဟန်းတော်တပါးဖြစ်ကြောင်း ဦးဓမ္မသီရိ (M.A. နာလန္ဒ တက္ကသိုလ် အိန္ဒိယ) က 'အိန္ဒိယမှာ ပွင့်တဲ့ ရခိုင်သဇင်တခက်' အမည်ဖြင့် ဟောပြောသွားသည်။
Maha-Chai
တက်ရောက်နားထောင်သူ ပရိသတ်
ထိုသို့ဟောပြောရာတွင် ယင်းရာတော်က 'အိန္ဒိယမှာ သာသနာကွယ် ပျောက်သွားတာကို ပြန်ဖော်ထုတ်တာ ဆရာတော် စန္ဒြမုဏိ ဖြစ်တာကြောင့်မို့လို့ အိန္ဒိယအစိုးရ ကိုယ်တိုင်က ဂုရု မဟာဂုရုဆိုတဲ့ ဘွဲ့ကို ချီးမြှင့် ပေးအပ်ထားခဲ့ပါတယ်။ ဒီဆရာတော်နဲ့ ပတ်သက်လို့ မြန်မာပြည်ကလူတွေ သိပ်မသိတာ အင်မတန်မှ စိတ်မကောင်းစရာပါ။ ဆရာတော်ဟာ ဗုဒ္ဓဘုရားရှင်ရဲ့ သာသနာကို သူ့မူရင်းမြေမှာ ပြန်လည် ပေါ်ထွန်းအောင် လုပ်နိုငိခဲ့တဲ့ မြန်မာနိုင်ငံသား ရခိုင် ရဟန်းတော် တပါးဆိုတာ အားလုံး သိအောင် ဒီလို ကြီးကျယ်တဲ့ အခမ်းအနားမှာ ပြောပြခွင့်ရတာ ဦးဇင်း ၀မ်းလည်းသာတယ်။ ကျေးဇူးလည်း အထူး တင်ပါတယ်' ဟု ဆိုသည်။

ထို့ပြင် ရခိုင်မြန်မာ ပဏ္ဍိတ်ဘွဲ့ကို ဦးနုအစိုးရလက်ထက် ပေးအပ်ခံခဲ့ရပြီး ရှစ်လေးလုံးအရေးတော်ပုံတွင် ရှေ့တန်းမှ ပါဝင်ကာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်ခဲ့သူ ခေါင်းဆောင်ကြီး ဦးဦးသာထွန်း၏ သမိုင်းအကျဉ်းကို ရခိုင်အမျိုးသား သတင်းစာ အုပ်ချုပ်ရေးမှူး ကိုခိုင်မျိုးချစ်ထွန်းက ပြောပြသွားသည်။

သတင်းသမဂ္ဂ ဒုဥက္ကဌ ဆရာဦးဇင်လင်းက 'ကျိုးနွံတယ်ဆိုတဲ့ အောက်တန်းကျစိတ်ကို ဖယ်ရှားပစ်ကြ' ဟူသော ဆရာတော် ဦးဥတ္တမ၏ စကားကို ခေါင်းစဉ်လုပ်ကာ မြန်မာ့အရေးကို လူငယ်များ စိတ်ဝင်စားပြီး အမျိုးသားရေး တိုင်းပြည်အရေးတွင် ပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့သည်။

ချစ်သော မြန်မာပြည်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဝေက ရခိုင်ရိုးရာ သီချင်းတပုဒ်ဖြစ်သော သျှိုင်ဒိုင်အက သီချင်းဖြင့် သီဆိုပြကာ သူဟောနေကျ ´ဆရာတော် ဦးဥတ္တမရယ် မျိုးဆက်သစ် ရခိုင်လူငယ်များနှင့် ကျနော်´ ကို ဟောပြောသွားသည်။

မွန်ပြည်သစ်ပါတီမှ ဗိုလ်မှူးကြီးဟောင်း နိုင်ကားရော့ကလည်း ထိုင်းရောက် လူငယ်များအနေဖြင့် ရနိုင်သရွေ့ ပညာကို မရရအောင် ကြိုးစားရှာဖွကြဖို့ ဆရာတော် ဦးဥတ္တမသည် သူ၏ငယ်ဘ၀တွင် ပညာကို အပတ်တကုတ်ကြိုးစားကာ ပညာပြည့်ဝသောအခါ အမိမြန်မာနိုင်ငံ လွတ်မြောက်ရေးတိုက်ပွဲတွင် အစပထမ ဦးဆောင်ကြိုးပမ်းခဲ့သူ ဖြစ်သောကြောင့် လွတ်လပ်ရေး မီးရှူးတန်းဆောင်ဟူသော သူများမရနိုင်သော ဂုဏ်ပုဒ်ကို ရရှိခဲ့ဖြစ်ကြောင်း ပြောဆိုသည်။

ထို့ပြင် မြန်မာတနိုင်ငံလုံးအတွက် အရေးပါသော ဧရာဝတီမြစ်ကယ်တင်ရင်း ကမ်ပိန်းတွင် ပါဝင်ကြရန်လည်း နှိုးဆော်သွားသည်။

နောက်ဆုံး အစီအစဉ်တွင် ရခိုင်အမျိုးသား သတင်းစာ အယ်ဒီတာ ဦးဌေးဝင်းက 'ရခိုင်သားဆိုလျှင် အစွမ်းဖော်ပါ' ဟူသော ခေါင်းစဉ်ဖြင့် ဟောကြားသွားခဲ့သည်။ ယင်းဟောပြောချက်တွင် နာမည်ကြီး ရခိုင်အဆိုတော် တဦးဖြစ်သော ၀င်းကိုခိုင်၏ ´မဟာနွယ်´ သီချင်းကို တက်ရောက်နားထောင်သူ ထောင်နှင့်ချီသည့် ပရိသတ်များနှင့် တက်တက်ကြွကြွ သီဆိုသွားခဲ့သည်။

ယနေ့အခမ်းအနားသို့ မဟာချိုင်ဒေသမှ လူများအပါအ၀င် ဘန်ကောက်နှင့် လပ်ဘူရီ အစရှိသော မြို့များမှပါ လာရောက်ကြသဖြင့် ပရိသတ် ၁၀၀၀ ကျော်ခန့်ရောက်ရှိခဲ့ကြောင်း စီစဉ်သူများက ပြောပြကြသည်။ ဤအခမ်းအနားသည် ရွှေ့ပြောင်း ရခိုင် အလုပ်သမားများက မိမိ ချွေးနဲစာများဖြင့် ပြုလုပ် ခဲ့ကြခြင်းဖြစ်ပြီး ထိုင်းတွင် ပြုလုပ်သော ရွှေ့ပြောင်း အလုပ်သမားများ၏ အစည်ကားဆုံး ပွဲတပွဲဖြစ်ကြောင်း ဆရာ ဦးဇင်လင်းက ချီးမွှမ်းစကား ပြောဆိုသွားခဲ့ကြောင်း သတင်းရရှိသည်။
ဘစောတင်
Copy from - narinjara.com
မွန်ပြည်သစ်ပါတီမှ ဗိုလ်မှူးကြီးဟောင်း နိုင်ကားရော့နှင့် သတင်းသမဂ္ဂ ဒုဥက္ကဌ ဦးဇင်လင်းဟောပြောနေပုံ
၂၀ ရာစုအတွင်း ထူးထူးခြားခြား စွမ်းဆောင်ခဲ့ကြသော ရခိုင်သမိုင်းထဲက ခေါင်းဆောင်ကြီး လေးဦးအား ဂုဏ်ပြုခြင်း အထိမ်းအမှတ် စာပေဟောပြောပွဲတရပ်ကို စက်တဘာလ ၁၁ ရက်နေ့က ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့ရှိ ဘုန်းတော်ကြီးကျောင်း တကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

မြန်မာ့ လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမ။ ရခိုင် တော်လှန်ရေး ခေါင်းဆောင် ဆရာတော် ဦးစိန္တာ။ ကမ္ဘာ့ သာသနာပြု ဆရာတော် ဦးစန္ဒြမုဏိနှင့် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးဦးသာထွန်းတို့ လေးဦးအား အောက်မေ့ ဂုဏ်ပြုသော စာပေ ဟောပြောပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း အခမ်းအနား စီစဉ်သူ Rat Thai Foundation အဖွဲ့ဝင်နှင့် ရခိုင် လူငယ်ခေါင်းဆောင် ကိုအောင်အောင်လွင်က ပြောသည်။

0 comments: