Saturday, September 17, 2011

ကော့ကရိတ်မြို့နယ် တတန်ကူးရွာနဲ့ ဝါ့မီထအနီးမှာ ကြံ့ဖွံ့စစ်စိုးရတပ်ကို ကေအန်ယူနဲ့ ဒီကေဘီအေ ပူးပေါင်းစစ်ဆင်


ကြံ့ဖွတ်စစ်အစိုးရ စစ်တပ် ခလရ ၉၇ ကော့ကရိတ်မြို့စောင့်တပ်ကို KNU ၁၀၁ တပ်ဖွဲ့၊ ဒီကေဘီအေ ၉၀၇ တပ်ဖွဲ့ ပူးပေါင်း အင်အားနဲ့ ကော့ကရိတ်မြို့နယ် တတန်ကူးရွာမှာ ဒီကေနေ့ နေ့လည် ၁၂ နာရီ မှာ ဝင်ရောက် တိုက်ခိုက် ခဲ့တယ်။ တိုက်ပွဲ ဖြစ်ပွားချိန် ၄၅ မိနစ် လောက်ကြာခဲ့တယ်။ ကြံ့ဖွတ် စစ်အစိုးရဘက်မှ ၁ ယောက် သေဆုံးတယ်လို့ သတင်းရရှိတယ်။

ဒီကနေ့ စက်တင်ဘာလ ၁၆ ရက် တနေ့ထဲမှာပဲ ညနေ ၅ နာရီလောက်မှာ ထိုင်းမြန်မာနယ်စပ် ဝေါ်လေ အနီးက ဝါ့မီထ အနီးမှာ လမ်းကင် လုံခြုံရေး တာဝန်ယူထားတဲ့ ကြံ့ဖွတ် စစ်စိုးရတပ်တွေကို ဒီကေဘီအေ ဘက်မှ ဝင်ရောက် တိုက်ခိုက်တဲ့ ဖြစ်စဉ် တခုလည်း ဖြစ်ပွားခဲ့ပါတယ်။

Copy from - naytthit.net

0 comments: