Friday, September 16, 2011

“ဧရာဝတီတော်လှန်ရေး ... ဧရာဝတီကယ်ဆယ်ရေး … တရုတ်ပြည်ပကျူးကျော်မှုကို မြန်မာတမျိုးသားလုံး ဆန့်ကျင်ကန့်ကွက်ကြ”

ကိုမိုက်ခဲစိန်။ မိုးမခ၊ စက်တင်ဘာ ၁၅၊ ၂၀၁၁
ပြည်ပက မြန်မာတွေ တရုတ်သံရုံးတွေမှာ ကန့်ကွက်ဆန္ဒြ့ပကြမယ်ဆိုရင်
လာမယ့် စက်တင်ဘာ ၁၉ ၊ တနင်္လာနေ့၊ နေခင်း ၁၂ နာရီလောက်မှာ၊ ဆန်ဖရန်စစ္စကို တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ မြန်မာတွေက ဆန္ဒပြကန့်ကွက်မှုတွေ လုပ်ကြမယ်။ မြန်မာပြည်တွင်း ၈၈ မျိုးဆက်တွေရဲ့ တိုက်တွန်းချက်အပြင် ပြည်တွင်းက ပညာရှင်၊ စာနယ်ဇင်းသမား၊ မြန်မာပြည်ချစ်သူတွေရဲ့ ဆန္ဒ သဘောထားတွေကို ထင်ဟတ်နေတယ်လို့ ဆိုပါတယ်။ 



တရုတ်ပြည်က ဧရာဝတီမြစ်ဆုံမှာ ဆည်ဆောက်နေတာဟာ မြန်မာပြည်ရဲ့ သဘာဝဘေးအန္တရာယ်သာမက တမျိုးသားလုံးရဲ့ လူမှုဘ၀တွေ၊ အနာဂတ်တွေပါ ထိခိုက်ပျက်စီးတယ်ဆိုပြီး မြန်မာပြည်သူတို့က အရေးဆို ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။ မြွေပူရာ ကင်းမှောက်ကတော့ ကြံ့ဖွံ့အစိုးရ ၀န်ကြီး ဦးဇော်မင်းက မြစ်ဆုံ စီမံကိန်းတွေကို မြန်မာပြည်သူတွေရဲ့ ဆန့်ကျင်တဲ့ တခဲနက် သဘောထားကို ဥပက္ခာပြုပြီး တရုတ်ပြည်နဲ့ သဘောတူ စီမံချက်များအတိုင်း ရှေ့ဆက်တိုးမယ်လို့ အာဏာရှင်ဆန်စွာ စိန်ခေါ်လိုက်တာက ကြောင့် မြန်မာပြည်တွင်းရေးဟာ တရုတ်ပြည်ရဲ့ ကျူးကျော်မှု အရေးအဖြစ်ပါ အရေးပေါ်ဖြစ်လာပါတယ်။

ပြည်ပမှာလည်း တရုတ်ပြည်ဟာ လူ့အခွင့်အရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စီးပွားရေး ကုန်သွယ်မှုအရေးတွေမှာ နိုင်ငံတကာကွန်မြူနီတီရဲ့ မေးခွန်းတွေ ကန့်ကွက်မှုတွေ ရင်ဆိုင်နေရတာကြောင့် ပြည်ပမှာ မြန်မာကွန်မြူနီတီရဲ့ ဧရာဝတီ လှုပ်ရှားမှုဟာ တရုတ်ပြည်ရဲ့ တတိယနိုင်ငံတွေအပေါ် စီးပွားရေး၊ စွမ်းအင်နဲ့ နိုင်ငံရေးအရ တဖက်သတ် သြဇာလွှမ်းမှု၊ ကျူးကျော်မှုတွေကို ဟန့်တား ဖော်ထုတ် ထင်ရှားစေဖို့ အခွင့်အရေးဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

နိုင်ငံတကာက တက်ကြွလှုပ်ရှားတက်ကြွသူ ကွန်မြူနီတီမျိုးစုံကို ပါဝင် လက်တွဲစေချင်ရင်တော့ သူတို့တတွေ လက်တွဲနိုင်ဖို့ အဆင်ပြေမယ့် အင်္ဂလိပ်ဘာသာ စာတို ပေစ အညွှန်းများ၊ ကြွေးကြော်သံများကို ပြင်ဆင်ပေးတာ၊ လက်ဆင့်ကမ်းတာတွေ လုပ်ကြရင် ကောင်းပေမလားလို့ စဉ်းစားမိပြီး အောက်ပါ ဗိုစာသားများကို စုဆောင်းပေးလိုက်ပါတယ်။ မိတ်ဆွေတွေက လှမ်းပြီး လက်တို့တဲ့ စာတွေ၊ အညွှန်းတွေဖြစ်ပါတယ်။ ကာတွန်းတွေ စုပြီး ပုံနှိပ် ထုတ်ဖော်ကြရင်လည်း ကောင်းတဲ့အကွက်ပါပဲ။

The Irrawaddy River is one of the most important resources to the people of Burma. Indeed it is the lifeblood of the country.  The watershed of the Irrawaddy River spans over 60% of the country, and people depend on it for the livelihoods, agricultural production, transportation, and much more. This vital river is facing severe risk because of plans to build a series of dams in Kachin state, northern Burma where the river originates. Chinese companies are working with Burma’s military leaders to build the dams, and all the power generated from the dam will go to China.
There has bee strong resistance from the people of Kachin state who will be drastically affected by this dam. More and more people throughout Burma are also calling out for a stop to this dam as it will affect the socio-economic situation of the whole country.
Also, a team of scientists from China and Burma, hired and funded by the Chinese company, submitted its Environmental Impact Assessment (EIA) to both Chinese and Burmese authorities in October 2009, in which they recommended the abandonment of the largest project, the Myitsone dam. However, the warnings from that report have not had any effect on the ongoing construction.( Brief collected from USCB)

"Free Burma from China"
"Stop China's DAMS in Burma"
"Stop China's Great Wall in Burma"
"Dams for China, Damned for Burma"
"China China - Stop Resource Rape in Burma"
"Stop Chinese Environmental Colonialism" 
Copy from - moemaka.com

0 comments: