ဩဂတ်စ် ၂၄ ရက်နေ့ ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ ဒူးစစ်အိုင်လဲန် ဟိုတယ်တွင် (၆၈) ကြိမ်မြောက် နှစ်နိုင်ငံ မြို့ နယ်အဆင့် နယ်ခြား ကော်မတီ Township Border Committee တို့ တွေ့ဆုံ ဆွေးနွေးပွဲ တရပ်ပြုလုပ်ခဲ့၏။ ထိုင်းဘက်တွင် ဗိုလ်မှူးကြီး ဂျီရဒေ့် ကမွန်းဖက်၊ မြန်မာဘက်တွင် ခမရ ၃၃၁ မှ ဒု ဗိုလ်မှူးကြီး ဇေယျာ ဝင်းတို့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့၏။ မြန်မာဘက်က နှစ်နိုင်ငံ နယ်မြေ ပိုင်ဆိုင်မှု လွယ်လန်း ပြသနာ အငြင်း ပွားမှုများ ဆွေးနွေးပြီး ထိုင်းဘက်က နယ်စပ်ကုန်သွယ်ရေး၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး တိုက်ဖျက်မှု စသဖြင့် ဆွေးနွေးဖလှယ်ကြသည်ဟု ထိုင်းနယ်စပ်လုံခြုံရေး အရာရှိတဦးက ဤကဲ့သို့ ပြောပါသည်။
Wednesday, August 31, 2011
မြန်မာနိုင်ငံမှာ သိသာတဲ့ ပြောင်းလဲမှု ကင်တားနား မတွေ့ရသေး
Posted by PNSjapan at 2:53 PM 0 comments
Labels: သတင်း
စုံစမ်းရေး ကော်မရှင်ဖွဲ့ရေး ဥရောပ အမတ်တွေ တိုက်တွန်း

2011-08-30
Posted by PNSjapan at 9:01 AM 0 comments
Labels: သတင်း
မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး (၉၉)လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား(တိုကျို)
Posted by PNSjapan at 12:49 AM 0 comments
Labels: သတင်း
Tuesday, August 30, 2011
တောင်ယာစောင့် ရွာသား ၃ ဦးအား မြန်မာစစ်တပ်ပေါ်တာဆွဲ ချောက်ထဲ၌သတ်ပစ်
သြဂုတ်လ 29 ရက် 2011 ခုနှစ်။
Posted by PNSjapan at 9:09 AM 0 comments
Labels: သတင်း
Monday, August 29, 2011
Save the Irrawaddy
ရောင်းရသမျှ ငွေများဖြင့် တီရှပ်များ၊ စတေကာများ၊ ပန်းဖလက်များကို ဆက်လက် ပြုလုပ်သွားမည်။ တီရှပ် လိုချင်သူများ ဆက်သွယ်ရန် အတွက် စီစဉ်ပေးမည်။
အလှူငွေ လှူဒါန်း လိုသူများအတွက်လည်း စီစဉ်ပေးမည်။ မြန်မာပြည်တွင်း နယ်မှ မှာကြား လိုသူများ ရှိပါက မိမိတို့၏ အမည်၊ တယ်လီဖုန်းနံပါတ်(သို့) ဆက်သွယ်ရန် လိပ်စာတို့ကို Face Book Private Message မှတဆင့် ပေးပို့နိုင်သည်။
ရန်ကုန်တွင်း မှာကြား လိုသူများလည်း မိမိတို့၏ အမည်၊ တယ်လီဖုန်း နံပါတ်(သို့) ဆက်သွယ်ရန် လိပ်စာ တို့ကို Private Message ဖြင့် ပို့ပေး နိုင်ပါသည်။
အဖွဲ့၏ gmail. လိပ်စာဖြစ်သော(save.her.donate@gmail.com) သို့ ယုံကြည် စိတ်ချစွာဖြင့် ဆက်သွယ် မှာယူ လှူဒါန်း နိုင်ပါကြောင်း အကြောင်းကြား အပ်ပါသည်။
မှတ်ချက်။ ။ တီရှပ် ဖြန့်ဝေသူ၊ မှာယူလိုသူများနှင့် အလှူငွေ ထည့်ဝင် လိုသူများ အချင်းချင်း ဆက်သွယ်မှုကို လုံခြုံမှု ရှိစေရန် စီစဉ်ထားခြင်း ဖြစ်ပါသည်။
အားလုံးကို ကျေးဇူးတင်ပါသည်။
လေးစားစွာဖြင့်
ထက်အောင်(၂၆.၀၈.၂၀၁၁)
Posted by PNSjapan at 10:39 PM 0 comments
Labels: သတင်း
တရုတ်နည်းပညာ၊ ဧရာဝတီနဲ့ မြန်မာတမျိုးသားလုံးရဲ့ ကံကြမ္မာ

သည်ပုံကတော့ ယန်ဇီမြစ်ကိုဖြတ်ပြီး ဖေါက်ခဲ့တဲ့ Three Gorges Dam ကြောင့်ဖြစ်လာရတဲ့ ယန်ဇီမြစ်ပြင်ရဲ့ တစိတ်တ ဒေသပါပဲ။








ယူနက်စကို (World Heritage Site) ရဲ့ 2007 အစီရင်ခံစာအရ တရုတ်နိုင်ငံမှာ လူသန်း (၃၀၀) ဟာ ညစ်ညမ်း တဲ့ ရေတွေကို သောက်သုံးနေကြရပြီး လူသန်းပေါင်း (၁၉၀) ဟာ မသန့်ရှင်းတဲ့ရေ သောက်သုံး သုံးစွဲရမှုကြောင့် ဖြစ် ရတဲ့ ရောဂါတွေရနေကြပြီလို့ ဆိုပါတယ်၊ ၂၀၁၁ ခုနှစ်မှာ ဒီအရည်အတွက်ဟာ ၂၀% ထပ်တိုးလာပြီလို့ ခန့်မှန်းကြ ပါတယ်။



လှိုင်ဘွား / 88
(August 27, 2011)
Copy from - naytthit.net
Posted by PNSjapan at 8:24 PM 0 comments
Labels: သတင်း
KIO အဖွဲ့တွင်း နိုင်ငံရေးရှင်းလင်းပွဲ ပြုလုပ်
Posted by PNSjapan at 7:47 PM 0 comments
Labels: သတင်း
အပစ်အခတ် ရပ်ဆိုင်းရေးနှင့် ပတ်သက်၍ UNFC ၏ ရပ်တည်ချက်များ
Posted by PNSjapan at 3:32 PM 0 comments
Labels: နှိုးဆော်ခြင်း
Sunday, August 28, 2011
မြန်မာအစိုးရသစ်နဲ့ သတိထားဆက်ဆံဖို့ အိန္ဒိယကိုတိုက်တွန်း
နိုင်ငံခြားရေးရာ တာဝန်ခံ
ကချင်အမျိုးသမီးများအဖွဲ့ (ထိုင်းနိုင်ငံ)
ကချင်ပြည်နယ် အပါအ၀င် တိုင်းရင်းသား ဒေသတွေမှာ လတ်တလောဖြစ်နေတဲ့ ထိုးစစ် တွေကြောင့် ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေတွေ၊ စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေတွေ၊ အပစ်အခတ် ရပ်စဲရေး သဘောတူညီထားမှု အခြေအနေ၊ မြန်မာအစိုးရက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး လုပ်ဆောင် နေမှုတွေ၊ နယ်ခြားစောင့် တပ်လုပ်ဖို့ သဘောမတူတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပဋိပက္ခ ဖြစ်ပွားနေမှု အခြေအနေတွေကို တင်ပြပြီး အိန္ဒိယလို အိမ်နီးချင်း နိုင်ငံအနေနဲ့ လူ့အခွင့်အရေးကို လေးစားသောအားဖြင့်၊ လူသားချင်း စာနာသောအားဖြင့် မြန်မာအစိုးရကို စစ်ရေးအရ ကူညီ ထောက်ပံ့မှုတွေ မပေးဖို့၊ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် ပြည်တွင်းစစ်တွေ အပြီးတိုင် ရပ်စဲအောင် မြန်မာအစိုးရကို ဖိအားပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
နိုင်ငံခြားရေးရာတာဝန်ခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)
မြန်မာနိုင်ငံက လက်ရှိ အစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်လာတဲ့ စစ်အစိုးရ ကျောထောက် နောက်ခံ အစိုးရသာ ဖြစ်တယ်ဆိုတာ မမေ့ဖို့ လိုပါတယ်။ လတ်တလော အခြေအနေတွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဦးသိန်းစိန်က တွေ့ဆုံတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် ဖိတ်ခေါ်တာ၊ ကုလသမဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး ကင်တားနားကို မြန်မာပြည်လာဖို့ ဖိတ်ခေါ်တာ စတဲ့ လုပ်ရပ်တွေဟာ ဒီမိုကရေစီ စနစ်ဖြစ်ထွန်း လာပြီလို့ ယတိပြတ်ပြောလို့ မရသေးပါဘူး။ အိန္ဒိယ အစိုးရအနေနဲ့ အစိုးရသစ်ကို ယုံကြည် စိတ်ချပြီး မြန်မာ့အရေး နှုတ်ဆိတ် နေမှာမျိုး မလုပ်သင့်ပါဘူး။ အိမ်နီးချင်း နိုင်ငံတွေ၊ အထူးသဖြင့် တရုတ်အစိုးရက မြန်မာနိုင်ငံထဲမှာ စီးပွားရေး ရင်းနှီးမြုပ်နှံတာတွေ လုပ်နေသလို အိန္ဒိယကလည်း လုပ်လာ နေကြတဲ့အခါမှာ စီးပွားရေး တခုထဲကိုပဲ မကြည့်ပဲ မြန်မာပြည်သူတွေအတွက် ထည့်သွင်း စဉ်းစားဖို့၊ လူ့အခွင့်အရေးကို လေးစား လိုက်နာဖို့ လိုအပ်ပါတယ်။ စစ်အစိုးရ ကျောထောက် နောက်ခံ အစိုးရသစ်ရဲ့ ကစားကွက်အပေါ် ခြေလှမ်းမှား မနင်းမိဖို့ သတိမူ သင့်ပါတယ်။ မြန်မာနိုင်ငံအပေါ် ထားတဲ့ အိန္ဒိယရဲ့ မူဝါဒတွေကို ပြောင်းလဲဖို့ လိုအပ်နေပါပြီ။
နိုင်ငံခြားရေးရာတာဝန်ခံ
မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB)
နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာ့ဒီမိုကရေစီရေးနဲ့ ပတ်သက်ရင် ထိထိရောက်ရောက် သေသေချာချာ စဉ်းစားပြီး လုပ်ဖို့ လိုပါတယ်။ ရွေးကောက်ပွဲပြီး အစိုးရသစ် တက်လာပြီးတဲ့ နောက်မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အစိုးရဖြစ်လာပြီလို့ ထင်မြင်မှုတွေနဲ့အတူ မြန်မာနိုင်ငံဟာ ဈေးကွက်သစ် တခုဖြစ်လာ နေပါတယ်။ ဥပမာ အားဖြင့် တရုတ်နိုင်ငံ ဆိုရင် မြန်မာနိုင်ငံက သယံဇာတတွေ၊ သဘာဝ အရင်းအမြစ် တွေကို ပုံစံ အမျိုးမျိုးနဲ့ ရယူဖို့ ကြိုးစား နေတာတွေက အားလုံး အသိပါပဲ။
နိုင်ငံတကာက မြန်မာ့အရေးကို စောင့်ကြည့် နေပါတယ်၊ စောင့်ကြည့် နေပါတယ်သာ ပြောနေတာ အချိန်တွေ ကြာလာတာနဲ့အမျှ ပြည်သူတွေ ဖိနှိပ်ခံ နေရတာတွေက တနေ့တခြား ပိုလို့သာ များလာပါတယ်။ ဒီအာဏာရှင်တွေနဲ့ ဆက်ဆံတဲ့အခါ ကလေးကစားသလို မလုပ်ဖို့ လိုပါတယ်။ သတိနဲ့ဆက်ဆံဖို့ လိုပါတယ်။ အခုဖြစ်နေတဲ့ ပြည်ပရောက် နိုင်ငံသားတွေကို ပြန်ခေါ်နေတဲ့ ကိစ္စတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာတွေဟာ ပွင့်လင်း မြင်သာမှု မရှိသလို ဒီလိုအဖြစ်အပျက် တွေရဲ့နောက်မှာ စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းခိုင်း နေတာတွေ၊ အာဆီယံမှာ ဥက္ကဌ နေရာရဖို့ ကြိုးပမ်းတာ စတာတွေကို ကြည့်ခြင်း အားဖြင့် သူတို့ဟာ ကိုယ့်အကျိုး စီးပွားတခုကိုပဲ ကြည့်တဲ့သူတွေ ဆိုတာ မမေ့သင့်ပါဘူး။
အိမ်နီးချင်း လည်းဖြစ်၊ ကမ္ဘာ့ဒီမိုကရေစီ အင်အားကြီး နိုင်ငံတခုလည်းဖြစ်တဲ့ အိန္ဒိယ အနေနဲ့သာ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံ အားပေးခဲ့မယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီရေး လုပ်နေတဲ့ သူအားလုံး အားရကြမှာပါ။
ဧည့်ပါမောက္ခ
နိုင်ငံရေး သုတေသနဌာန၊ Jamia Milia Islamia University
Posted by PNSjapan at 10:12 PM 0 comments
Labels: သတင်း
NDB ၏ အပတ်စဉ်အစည်းအဝေး
Posted by Unknown at 9:19 PM 0 comments
Labels: သတင်း
နိုင်ငံရေးအကျဉ်းသား ကိုဌေးကြွယ် လွတ်မြောက်ရေး ဗြိတိန်ဒု-၀န်ကြီးချုပ် လှုံ့ဆော်
ဗြိတိန်ဒု-၀န်ကြီးချုပ် လှုံ့ဆော်
Posted by PNSjapan at 12:51 AM 0 comments
Labels: သတင်း
Saturday, August 27, 2011
ဂျပန်ဝန်ကြီးချုပ် အာဏာရပါတီ ခေါင်းဆောင်အဖြစ်က နုတ်ထွက်
Posted by PNSjapan at 11:06 PM 0 comments
Labels: သတင်း
ခုခံကာကွယ်စစ်အ ရှိန်မြှင့်ရန် အက်စ်အက်စ်အေနှင့် ဒီကေဘီအေ ဆွေးနွေး
Posted by PNSjapan at 1:46 AM 0 comments
Labels: သတင်း
KNU နှင့် ဆွေးနွေးရန် အစိုးရကိုယ်စားလှယ်စေလွှတ်
Posted by PNSjapan at 1:37 AM 0 comments
Labels: သတင်း
သုံးပွင့်ဆိုင် ဆွေးနွေးရေး ကင်တားနားထံ ၁၉၉၀ တိုင်းရင်းသားပါတီ ၈ ပါတီ တင်ပြတောင်းဆို
Posted by PNSjapan at 1:13 AM 0 comments
Labels: သတင်း
မြောက်ပိုင်း SSA က ပဏာမအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အစီအစဉ်ရှိ
မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းမဆို ငြိမ်းချမ်းရေး ရယူလိုသည့် ဆန္ဒရှိလျင် သက်ဆိုင်ရာ ပြည်နယ် အစိုးရနှင့် အချိန်မရွေး ဆွေးနွေး နိုင်သည်ဟု ယခုလ (၁၇) ရက်နေ့က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ မိန့်ခွန်း ထဲတွင် ထည့်သွင်း ပြောဆိုသွားသလို အချက်(၃) ချက်ပါ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း ကြေငြာချက်အား ယခုလ (၁၈) ရက်နေ့က ပြည်ထောင်စု အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မျိုးကြည် လက်မှတ်ဖြင့် တရားဝင် ထုတ်ပြန်ထားသည်။
ဆွေးနွေးမည့် ကိစ္စနှင့် ပတ်သက်၍ ဗဟိုကော်မတီ (၂၇) ဦးတို့၏ သဘောထားများ ကောက်ယူ နေဆဲဖြစ်ပြီး တချိန်တည်းတွင် စစ်ရေး မဟာမိတ်အဖွဲ့များ၏ သဘောထားများ ကိုလည်းကောက်ယူ သွားရန် ရှိသည်ဟု ဗိုလ်မှူးစိုင်းလက ပြောသည်။
အကယ်၍ ဆွေးနွေးမည်ဆိုပါက ပဏာမ အဆင့်သာ ဖြစ်နိုင်ပြီး နှစ်ဖက် တင်ပြချက်များ မျှတမှု ရှိရန် လိုအပ်သလို ထွက်ပေါ်လာသည့် ရလဒ်ပေါ် မူတည်၍ ရှေ့ဆက် လုပ်ငန်းစဉ်ကို ဆုံးဖြတ် သွားမည်ဟု ၎င်းက ဆက်ပြောသည်။
“အလျော့အတင်း မရှိဘဲနဲ့ တဖက်သတ်ကြီး ဆိုရင်တော့ အဲတာ ဘယ်လိုနည်းနဲ့မှ ပြေလည်နိုင်မှာ မဟုတ်ဖူးလေနော့။ နှစ်ဖက်စလုံး အလျော့ အတင်းတော့ ရှိရမယ်လေ။ ဆွေးနွေးတယ် ဆိုတာ တဖက်သတ်ကြီး အပေါ်စီး ကနေပြီးတော့ ဆွေးနွေးရင်တော့ တမျိုးပေါ့။”
ပဏာမ ဆွေးနွေးမှု အောင်မြင်ပါက နိုင်ငံရေး ကိစ္စရပ်များ ဆွေးနွေးရာတွင် မဟာမိတ်လက်နက် ကိုင် တိုင်းရင်းသားတပ်ဖွဲ့များ ပါဝင်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ UNFC အနေဖြင့်သာ ဆွေးနွေးသွားရန်ရှိသည်ဟု ဆက်လက်ပြောဆိုသည်။
Posted by PNSjapan at 1:06 AM 0 comments
Labels: သတင်း
Friday, August 26, 2011
ဂျာနယ် ၂ စောင် အရေးယူခံရ
ဒေါ်အောင်ဆန်းစုကြည် ပဲခူးမြို့သို့ သွားရောက်သည့် ခရီးစဉ်အကြောင်း ဓာတ်ပုံနှင့် သတင်းများကို စာပေစိစစ်ရေး၏ ခွင့်ပြုချက်မရဘဲ မျက်နှာဖုံးတွင် ပုံကြီးချဲ့ ဖော်ပြခဲ့သည် Hot News ဂျာနယ်နှင့် အချပ်ပိုတွင် ဒေါ်အောင်ဆန်း စုကြည်ကို ပြည်သူလူထုက နှုတ်ဆက်နေသော ဓာတ်ပုံများ ထည့်သွင်းဖော်ပြခဲ့သော Envoy News ဂျာနယ်တို့အား စာပေစိစစ်ရေး ဌာနက နောက်ဆက်တွဲ သတင်းတင်ပြခွင့် မပြုတော့ကြောင်း သြဂုတ်လ ၁၈ ရက်နေ့ ရက်စွဲဖြင့် တရားဝင် အမိန့် ထုတ်ပြန် လိုက်သည်။
သြဂုတ် ၁၉ ရက်နေ့ထုတ် Hot News ဂျာနယ် အတွဲ ၂၊ အမှတ် ၃၅ တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်တဦးဖြစ်သည့် ဦးတင်ဦးတို့ ပဲခူးရောက်နေသော ဓာတ်ပုံကို မျက်နှာဖုံး အပြည့် ပုံကြီးချဲ့ ထုတ်ဝေခဲ့ပြီး သြဂုတ်လ ၁၈ ရက်နေ့ထုတ် Envoy News ဂျာနယ် အတွဲ ၂၊ အမှတ် ၁၇ တွင် ပဲခူးခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လူထုများစွာက သောင်းသောင်းဖြဖြ ကြိုဆိုနေသည့် ဓာတ်ပုံများ ထည့်သွင်းဖော်ပြခဲ့သည်။
Posted by PNSjapan at 3:23 PM 0 comments
Labels: သတင်း
အင်န်အယ်ဒီနဲ့ လက်ရှိအစိုးရ အတူတူရပ်စရာ ဘာတွေရှိလို့လဲ
Thursday, 25 August 2011
| |
ယမန်နေ့က ဦးဝင်းတင်နဲ့ တွေ့ဆုံစဉ်မှာ မေးမြန်းဖြစ်တာကတော့ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး ပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယူအင်က လူ့အခွင့်အရေးကိုယ်စားလှယ် ကွင်တာနားတို့ တွေ့ဆုံကြတဲ့ဆီမှာ လက်ရှိတိုင်းပြည်အတွက် အများပြည်သူအကျိုးဖြစ်ပေါ်စေဖို့ အခြေအနေတွေ၊ လိုအပ်ချက်တွေ ဘယ်ရွေ့ဘယ်မျှ ပြောဆိုဆွေးနွေးဖြစ်သလဲ၊ နေပြည်တော်က ပြန်လာတဲ့ ကွင်တာနားကိုယ်တိုင်ကကော ဘယ်လောက် အကောင်းမြင်တာတွေ ရှိသလဲ၊ မရှိဘူးလဲ ဆိုတာတွေကို မေးမြန်းဖြစ်တာ ဖြစ်ပါတယ်။
ပထမဆုံး ကြိုတင်ပြီး တိုင်းတာချင်တဲ့အချက် ၃ ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီအပါအ၀င် ကွန်ယက်တွေက ၂၀၁၁ မြန်မာနှစ်ဆန်းမှာ၊ ဧပြီလလယ်မှာ သမ္မတကြီးထံ လက်မှတ်ထိုးတောင်းဆိုတဲ့ ကင်ပိန်းတခုကို စတင်ခဲ့တယ်။ အဲသည်မှာ ၁ အချက် နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိ လွတ်မြောက်ဖို့၊ ၂ က ပြည်ပရောက် မြန်မာတိုင်းရင်းသားတွေ လုံခြုံအေးချမ်းစွာ အိမ်ပြန်လာနိုင်ကြဖို့၊ ၃ အချက်ကတော့ ပြည်တွင်းစစ်တွေ ရပ်စဲပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်ကြဖို့ ဆိုတာဖြစ်တယ်။ အခုအချိန်မှာ ၂၀၁၀ ရွေးကောက်ပွဲမှတ်ပုံတင် ပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်က အလားတူ သဘောထားတွေ တောင်းဆိုမှုတွေ ဖော်ထုတ်လာတယ်။ အစိုးရကိုယ်တိုင်ကလည်း ထိုအချက် ၃ ချက်ကို ချဉ်းကပ်တဲ့ တုန့်ပြန်မှုတွေ လုပ်လာသလိုလို ဖြစ်နေတယ်။ အခု နေပြည်တော်က လွှတ်တော်အစည်းအဝေးတွေမှာလည်း ကော်မရှင်တွေဖွဲ့တာ၊ ဆွေးနွေးတာတွေ လုပ်လာတာတွေကို တွေ့နေရပြီ ဖြစ်တယ်။
အဲသည်လို အခြေအနေမျိုးမှာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် ကွင်တာနားကို လက်ရှိအစိုးရအသစ်ကို လက်ခံတွေ့ဆုံတဲ့ဆီမှာ ယခင်နအဖစစ်အာဏာပိုင်တွေနဲ့ မတူတဲ့ခြားနားတဲ့ လက်ခံတွေ့ဆုံမှုတွေ၊ ရင်းနှီးမှုတွေလုပ်လာတယ်။ အတိုက်အခံအပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံမှုတွေကိုပါ ခွင့်ပြုတာမျိုးတွေ တွေ့မြင်ရပါတယ်။ အဲသည်အတွက် ဆရာ့အနေနဲ့ ဘယ်လို ပြောချင်ပါသလဲ။
"နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ပတ်သက်ပြီး သူကိုယ်တိုင်လဲ ပြောတယ်၊ နောက်ပြီးတော့ အကျဉ်းထောင်တွေကိုလည်း သွားခွင့်ပြုတယ်။ သူတွေဆုံချင်တဲ့သူတွေနဲ့လည်း တွေ့ဆုံခွင့်ရတယ်လို့ မစ္စတာကွင်တာနားက ပြောပါတယ်။"
ကျနော်တို့ ကြားတာကတော့ အစိုးရကိုယ်တိုင်ကလည်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိတယ်လို့ ပြောတယ်။ ဥပမာ လွန်ခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ နေပြည်တော်မှာ ၂၀၁၀ရွေးကောက်ပွဲပါတီတွေကို ခေါ်ပြီးတော့ ၉၀ရွေးကောက်ပွဲတုန်းက တပ်မတော်ကို ခြိမ်းခြောက်တာတွေ ရှိလို့ ဘာညာဆိုပြီး သူတို့စိုးရိမ်မှုတွေ ပြောဆိုသလိုမျိုး ကွင်တာနားကိုလည်း သူတို့ရဲ့ ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်မှာ စိုးရိမ်တယ်လို့များ အစိုးရက ပြောလိုက်သလား။
"အင်း … အဲလိုပြောရင် ရမလား မသိဘူး။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်လိုက်လို့ရှိရင် တိုက်ပွဲခေါ်မှာကို သူတို့က စိုးရိမ်တယ်ပေါ့လေ၊ အခုထောင်ကျနေတဲ့ သူတွေဆိုတာက လူထုလှုပ်ရှားမှုတွေကို ဖော်ဆောင်နိုင်တဲ့သူတွေ၊ လုပ်ကိုင် နိုင်တဲ့သူတွေဆိုတော့ သူတို့ (အစိုးရ) က ကြောက်နေတယ် ဆိုတာမျိုး ရှိတယ်လို့ ကွင်တာနားကို ပြောတယ်လို့ ဆိုတယ်။ အဲသည်မှာ စိတ်ဝင်စားစရာတခုကတော့ ကျနော်တို့ပါတီရဲ့ ခေါင်းဆောင်တွေဖက်က တုန့်ပြန်ချက်က အင်န်အယ်ဒီအနေနဲ့က သူတို့တွေကို ၀င်ရောက်ညှိနှိုင်းမှုတွေ၊ ဖြေရှင်းမှုတွေ လုပ်ပေးနိုင်တာပဲလို့ ပြောလိုက်တယ်လို့ သိရတယ်" |
Posted by PNSjapan at 2:57 PM 0 comments
အုန်းဖျန်စခန်း ဒုက္ခသည်များကို ဂျပန်နိုင်ငံက ခေါ်မည်
Posted by PNSjapan at 9:02 AM 0 comments
Labels: သတင်း
ထိုင်း - မြန်မာနယ်ခြားကော်မတီ ချင်းရိုင်း၌ တွေ့ဆုံ လွယ်လန်းဒေသပြန်ရရေး မြန်မာ တောင်းဆို
ဩဂတ်စ် ၂၄ ရက်နေ့ ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ ဒူးစစ်အိုင်လဲန် ဟိုတယ်တွင် (၆၈) ကြိမ်မြောက် နှစ်နိုင်ငံ မြို့ နယ်အဆင့် နယ်ခြား ကော်မတီ Township Border Committee တို့ တွေ့ဆုံ ဆွေးနွေးပွဲ တရပ်ပြုလုပ်ခဲ့၏။ ထိုင်းဘက်တွင် ဗိုလ်မှူးကြီး ဂျီရဒေ့် ကမွန်းဖက်၊ မြန်မာဘက်တွင် ခမရ ၃၃၁ မှ ဒု ဗိုလ်မှူးကြီး ဇေယျာ ဝင်းတို့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့၏။ မြန်မာဘက်က နှစ်နိုင်ငံ နယ်မြေ ပိုင်ဆိုင်မှု လွယ်လန်း ပြသနာ အငြင်း ပွားမှုများ ဆွေးနွေးပြီး ထိုင်းဘက်က နယ်စပ်ကုန်သွယ်ရေး၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး တိုက်ဖျက်မှု စသဖြင့် ဆွေးနွေးဖလှယ်ကြသည်ဟု ထိုင်းနယ်စပ်လုံခြုံရေး အရာရှိတဦးက ဤကဲ့သို့ ပြောပါသည်။
Posted by PNSjapan at 8:55 AM 0 comments
Labels: သတင်း
Thursday, August 25, 2011
ဒီပဲယင်းအရေး ကုလသို့ တင်မည်
Posted by PNSjapan at 11:50 PM 0 comments
Labels: သတင်း
ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီးစာရင်း ဒေါ်စု ပါဝင်
Posted by PNSjapan at 11:40 PM 0 comments
Labels: သတင်း
KIA ခြုံခိုတိုက်ခိုက်မှုတွင် မြန်မာစစ်သား ၂ ဦးကျ၊ ၄ ဦးဒဏ်ရာရ

ရှမ်းပြည် မြောက်ပိုင်း မူဆယ်ဘက်သို့ ဦးတည် ချီတက်သွားသည့် အင်အား ၂၀ ကျော်ရှိ မြန်မာစစ်သား များအား မုန်ဘော် (Mungbaw) တံတားအကျော် နမ်ဖတ်ကာ(Nampaka)မြို့ မရောက်မီ လျှိုတစ်နေရာတွင် KIA တပ်မဟာ (၄)လက်အောက်ရှိ တပ်ရင်း (၉) တပ်သားများက ခြုံခို တိုက်ခိုက်ခဲ့သည်ဟု ယင်းတပ်မဟာ မှ KIA အရာရှိများပြောသည်။
လွန်ခဲ့သည့် ၂ ပတ် ကျော်တွင်လည်း နမ္မတူ ဒေသတွင် မြန်မာစစ်သားများနှင့် KIA တပ်မဟာ (၄) လက် အောက်ရှိ တပ်ရင်း (၈) ကြား တိုက်ပွဲဖြစ်ပွားရာ မြန်မာစစ်သား ၂၀ ကျော် ကျဆုံးခဲ့ကြောင်း KIA တပ်ရင်း (၈) သတင်း ရပ်ကွက်က ဆိုသည်။
Posted by PNSjapan at 11:30 PM 0 comments
Labels: သတင်း
ဒေါ်စု နဲ့ သိန်းစိန် တွေ့ဆုံမှု ဆွေးနွေးမှု အတွင်းသတင်း
Posted by PNSjapan at 4:01 PM 0 comments
Labels: သတင်း
ကုလ စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ ကင်တားနား ဆက်လက် ထောက်ခံ

Posted by PNSjapan at 3:34 PM 0 comments
Labels: သတင်း
လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် နှင့် လွှတ်တော် အမတ်များ နေပြည်တော်၌ ဆွေးနွေးစဉ် စစ်မြေပြင်ရှိ သျှမ်းရွာတရွာအား အစိုးရစစ်တပ်မီးရှို့
Posted by PNSjapan at 9:11 AM 0 comments
Labels: သတင်း
အဖွဲ့ချုပ်ရပ်တည်ရေးကိစ္စ ကုလသမဂ္ဂ ဥပဒေပညာရှင် ဆောင်ရွက်ရန် စီစဉ်မည်
Posted by PNSjapan at 1:10 AM 0 comments
Labels: သတင်း
ပင်လုံစာချုပ်အတိုင်း နိုင်ငံရေးဆွေးနွေးရေး မြန်မာအစိုးရ လက်မခံ
Posted by PNSjapan at 12:57 AM 0 comments
Labels: သတင်း