Friday, July 15, 2011

မြန်မာစစ်တပ်ထံ လွဲပြောင်းမည့် စစ်ကေားများ ထပ်မံရောက်ရှိ

SiNo Truck အမျိုးအစား စစ်ထရပ်ဓါတ်ပုံ ဓါတ်ပုံ MG/S.H.A.N.
 14 July 2011,

တရုတ် - မြန်မာနှစ်နိုင်ငံနယ်စပ် ကျယ်ဂေါင် - မူဆယ် လမ်းကြောင်းအတိုင်း မြန်မာစစ်တပ်ထံ လွဲပြောင်းမည့် SiNo Truck အမျိုးအစား စစ်ထရပ်ကားများ ယနေ့နံနက်ပိုင်းက တရုတ်နယ်စပ် ရွေလီမြို့သို့ ထပ်မံ ရောက်ရှိလာကြောင်း သိရသည်။

ကားအစီးရေ ၁၀ ဂဏန်းခန့် ရောက်ရှိလာပြီး ကားရေဆေးခုံများတွင် သန့်ရှင်းရေး ပြုလုပ်နေကြောင်း ရွှေလီ ဒေသခံ မျက်မြင်တဦးက သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။ စစ်ကား ထပ်ရောက်လာတယ် ၁၀ စီးပေါ့ SiNo Truck  အမျိုးအစားတွေပဲ အခုရေဆေးခုံတွေမှာ ရေဆေးနေတယ် ပထမ အခေါက် သယ်သွားပြီးပြီ အခုတခေါက်က သိပ်မများဘူး အစီး ၂၀ ကျော်လောက်ရှိမယ်ဟု မျက်မြင်က ပြောပါတယ်။
SiNo Truck အမျိုးအစား စစ်ထရပ်ဓါတ်ပုံ ဓါတ်ပုံ MG/S.H.A.N.
ယခုလ ၈ ရက်နေ့က အဆိုပါ အမျိုးအစား စစ်ထရပ်ကား အစီးရေ ၁၀၀ ကျော်ခန့် ကျယ်ဂေါင် - မူဆယ် လမ်းကြောင်းမှတဆင့် မြန်မာစစ်တပ်ထံ ပထမ အသုတ် လွဲပြောင်းခဲ့ပြီး မန္တလေးဘက် ယူဆောင် သွားခြင်းဖြစ်သည်။

အဆိုပါ လွဲပြောင်းစဉ်က ကားအစီးရေ ၁၀၀ ကျော်ပါ စစ်ယာဉ်တန်းအား မူဆယ် ၁၀၅ မိုင်အလွန် တာလုံနှင့် မော့တောင်းရွာအကြား လမ်းဘေးထောင်ဗုံး  ဖေါက်ခွဲခံရခြင်း ကားတစီး ပျက်စီးသွားကြောင်း သိရပါသည်။

သတင်းရင်းမြစ် - သျှမ်းသံတော်ဆင့်

0 comments: