Tuesday, July 26, 2011

မဲဆောက်က ကေအင်ယူခေါင်းဆောင်တွေကို ဖယ်မယ်လို့ ထိုင်းကပြော

ထိုင်းမြန်မာ နယ်စပ် မယ်ဆောက်မြို့
25 ဇူလှိုင်လ 2011 ,

ထိုင်း မြန်မာ နယ်စပ်က ဒုက္ခသည် စခန်းတွေ မဲဆောက်မှာ လာခိုအောင်းနေတဲ့ မြန်မာနိုင်ငံမှာ ဗုံးဖေါက်ခွဲခဲ့တဲ့ တရားခံတွေနဲ့ မဲဆောက်မှာ နေထိုင်တဲ့ ကေအင်ယူ ခေါင်းဆောင်တွေကို ဖယ်ရှားရေး ဆောင်ရွက် သွားမယ်လို့ တာခ်ခရိုင် အုပ်ချုပ်ရေးမှူးက ဒီနေ့ မဲဆောက်မှာ သတင်းထောက်တွေ ပြောခဲ့ပါတယ်။

မြန်မာအစိုးရက ဒုက္ခသည် စခန်းတွေကို လူမျိုးစု လက်နက်ကိုင်တွေရဲ့ ခိုနားရာ စခန်းလို့ မြင်ပြီး ဖယ်ရှား ပေးဖို့ ထိုင်းအစိုးရကို ပြောခဲ့သလို မဲဆောက်မှာ နေထိုင်တဲ့ ကေအင်ယူ လူကြီးတွေရဲ့ နာမည်နဲ့ လိပ်စာတွေကို မြန်မာဖက်က ပေးပြီး ဖယ်ရှားပေးဖို့ တောင်းဆို လာတဲ့အတွက် နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုကောင်းအောင်နဲ့ မြန်မာဖက်က ပိတ်ထားတဲ့ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်ဖွင့်ပေးနိုင်ရေး အတွက် ဒီလိုဖယ်ရှားဖို့ ဆောင်ရွက်တာလို့ ပြောပါတယ်။

မြန်မာဖက်က ဒီလို တောင်းဆိုမှုတွေကို အရင် ထိုင်းအစိုးရ အဆက်ဆက်မှာလည်း တောင်းဆိုခဲ့ဘူးပါတယ်။ ဒါပေမဲ့ အဲဒီတုံးက အနောက်နိုင်ငံတွေက ထိုင်းနယ်စပ် ဒုက္ခသည် စခန်းတွေနဲ့ မြန်မာ အတိုက်အခံတွေအပါ် ထားတဲ့ မူဝါဒတွေကြောင့် ထိုင်းအစိုးရ အဆက်ဆက်က အနောက် နိုင်ငံတွေကို မလွန်ဆန် နိုင်တဲ့အတွက်  ပြတ်ပြတ်သားသား ကိုင်တွယ်နိုင်ခဲ့ခြင်း မရှိပါဘူ။

အခုတကြိမ် မြန်မာဖက် တောင်းဆိုတဲ့ အချိန်မှာတော့ အနောက်နိုင်ငံတွေကလည်း ဒုက္ခသည် စခန်းတွေနဲ့ မြန်မာ အတိုက်အခံတွေအပေါ် အထောက်အပံ့တွေ လျော့လာတာနဲ့ ထိုင်းနိုင်ငံမှာ စီးပွါးရေး အကြပ်အတည်းအပေါ် အခြေခံပြီး ဖြစ်တဲ့ ရာဇ၀တ်မှု လူမှုရေးပြသနာ စတာတွေ ပိုဖြစ်လာနေတဲ့ အချိန် ဖြစ်နေပါတယ်။

ဒါကြောင့် ထိုင်းအာဏာပိုင်တွေဟာ မြန်မာအစိုးရနဲ့ ပိုမို ရင်းနှီးမှုရအောင် မြန်မာအစိုးရ တောင်းဆို တာတွေကို ဆောင်ရွက် ပေးသွားနိုင်တယ်လို့  နယ်စပ်က အကဲခတ်တွေက ပြောပါတယ်။

ကေအင်ယူဖက်အပြော
ကေအင်ယူ ဒုဥက္ကဌ ဖဒို ဒေးဗစ်တာကပေါကတော့ မဲဆောက်မှာ ကေအင်ယူ ခေါင်းဆောင်တွေ နေထိုင်ခြင်းမရှိဘဲ ကိုယ်နယ်မြေမှာ ကိုယ်နေထိုင်ကြပြီး မဲဆောက်မှာ စစ်ရေးနိုင်ငံရေး လှုပ်ရှားမှုတွေ  မလုပ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

တည်ငြိမ်မှု မရှိတဲ့ ငြိမ်းချမ်းမှုမရှိတဲ့ ပြည်တွင်းကို ဒုက္ခသည်တွေကို အတင်းအဓမ္မ ပြန်မောင်းထုတ်တာမျိုးကို ဒီမိုကရေစီနိုင်ငံတွေမှာ လုပ်လေ့ မရှိဘူးလို့ သူကပြောဆိုပြီး ထိုင်းအစိုးရအနေနဲ့ ပြောလေ့ရှိပေမဲ့ လုပ်လေ့မရှိဘူးလို့ ဆိုပါသည်။

အတင်းအဓမ္မ ဖယ်ရှားတာမျိုး လုပ်လာရင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ကြီးကြပ်မှုကို တောင်းခံရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

သတင်းရင်းမြစ် - ဘီဘီစီ






0 comments: