Wednesday, July 6, 2011

ကေအိုင်​အေနှင့်​အစိုး​ရတပ် ဆက်လက်တိုက်ခိုက်

July 5, 2011 ,

ကချင်ပြည်နယ်အစိုး​ရ ကိုယ်စား​လှယ်အဖွဲ့​တဖွဲ့​နဲ့​ ကချင်လွတ်လပ်​ရေး​တပ်မ​တော် ကိုယ်စား​လှယ်အဖွဲ့​ ​တွေ့​ဆုံပြီး​ ​လေး​ရက်ကြာတဲ့​ထိ တဖက်နဲ့​ တဖက် ဘာအဆက်အသွယ်မှ မရှိကြဘဲ တိုက်ခတ်မှု​တွေ ဆက်ဖြစ်​နေပါတယ်။

အခု လဆန်း​ပိုင်း​က တိုက်ပွဲစရာ မိုး​မောက်မြို့​နယ်တွင်း​ တာပိန်​ ရေအား​လျှပ်စစ် စက်ရုံဝန်း​ကျင်မှာ တပ်စခန်း​ အပြင်ထွက်လာတဲ့​ အစိုး​ရ တပ်သား​တွေကို အခုလ ၃ ရက်​နေ့​တုန်း​က ​ကေအိုင်​အေ တပ်​တွေက ​ချောင်း​ပစ်ခဲ့​သလို တဖက်ကလည်း​ လက်နက်ကြီး​တွေနဲ့​ ပြန်ပစ်ခတ်ခဲ့​မှု အခိုက်အတန့်​ဖြစ်ပွား​တယ်လို့​ ​ကေအိုင်​အေ ​ပြောခွင့်​ရ ဦး​လနန်း​က ​ပြောပါတယ်။ နှစ်ဘက်ကြား​ အပစ်အခတ် ရပ်စဲ​ရေး​ဆိုင်ရာ ​တွေ့​ဆုံ​ဆွေး​နွေး​မှုနဲ့​ ပတ်သက်လို့​တော့​ မထူး​ဘူး​လို့​ ​ပြောပါတယ်။

“ဖြစ်ထွန်း​ တိုး​တက်မှု​တော့​ မရှိဘူး​ခင်ဗျ။ ပုံမှန်ပဲခင်ဗျ။ ဒီ​နေ့​ အဖို့​က​တော့​ ထူး​ခြား​ဖြစ်စဉ်လည်း​ မရှိ​သေး​ဘူး​။ သူတို့​က​နေပြီး​တော့​ ဘာမှ အ​ကြောင်း​ကြား​တာမျိုး​တော့​ မရှိ​သေး​ဘူး​။” ဇွန် ၃၀ ရက်​တွေ့​တုန်း​က ပြည်နယ် အစိုး​ရဘက်က ကိုယ်စား​လှယ်က တဖက်သတ် အပစ်ရပ်ထား​ပြီး​ပြီဆိုတာ အ​ထောက်အထား​ကင်း​မဲ့​စွာနဲ့​ ထပ်မံ​ ပြောဆိုခဲ့​သလို ​ကေအိုင်အို ဘက်ကလည်း​ အပစ်ရပ်တယ်ဆိုတဲ့​ အ​ထောက်အထား​သာ တိတိကျကျ ပြပါလို့​ ထပ်မံ ကမ်း​လှမ်း​ရင်း​နဲ့​ ​တွေ့​ဆုံပွဲ အဆုံး​ သတ်ခဲ့​တာပါ။

နယ်စပ် စစ်ဘက်ရပ်ကွက် သတင်း​ရပ်ကွက်ထံက ​နောက်ဆုံး​ကြား​သိချက် အရက​တော့​ ​ကေအိုင်​အေက ​ရှေ့​တန်း​ တပ်​တွေကို အခုလ ၃ ရက်​နေ့​က ညွှန်ကြား​ချက် တ​စောင်ထုတ်ပြန်ရာမှာ မြို့​ပေါ်လူ​နေထူထပ်တဲ့​နေရာ အစိုး​ရယန္တရား​တွေကို မတိုက်ခိုက်ဖို့​၊​ အစိုး​ရဘက်က အခိုင်အမာတပ်စခန်း​တွေကို ဝင် ​ရောက်စီး​နင်း​ တိုက်ခိုက်ခြင်း​ မပြုလုပ်ဖို့​ ဆိုတဲ့​အချက်​တွေ ပါဝင်တယ်လို့​ ဆိုပါတယ်။

ဒီညွှန်ကြား​ချက်ဟာ ​ပြောက်ကျား​ စစ်ဆင်​ရေး​ မလုပ်ရ​တော့​ဘူး​လို့​ ညွှန်ကြား​ချက် လုံး​လုံး ​မဟုတ်ဘူး​လို့​ အမည်မ​ဖော်လိုတဲ့​ ​ကေအိုင်အို ထိပ်ပိုင်း​ခေါင်း​ဆောင်တဦး​က ​ပြောပါတယ်။
လက်ရှိမှာ​တော့​ အပစ် မရပ်နိုင်ဘဲ စစ်​ပြေး​ ဒုက္ခသည်​ ထောင်​ပေါင်း​များ​စွာဟာ အိုး​အိမ် လယ်ယာ​တွေ၊​ စာသင်​ကျောင်း​တွေကို စွန့်​ခွာပြီး​ ကချင်ပြည်နယ်တွင်း​ မြို့​တွေ ရွာ​တွေ၊​ တရုတ်နိုင်ငံတွင်း​ကို၊​ တရုတ်-မြန်မာနယ်စပ်ကို ထွက်​ပြေး​ရောက်ရှိ​နေကြပြီး​ စား​ဝတ်​နေ​ရေး​ ခက်ခဲ​နေပါတယ်။

ကချင်ပြည်နယ်မှာ ပညာ​ရေး​မှူး​အဖြစ် သုံး​နှစ်နီး​ပါး​ တာဝန်ကျခဲ့​ဖူး​တဲ့​ အသက် ၇၅ နှစ်အရွယ် မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီ ဥက္ကဋ္ဌ နိုင်​ငွေသိန်း​က ကချင်​ဒေသခံ​တွေရဲ့​ ပညာ​ရေး​အတွက် ပူပန်တယ်လို့​ ​ပြောပါတယ်။ “စိတ်ထဲမှာ မ​ကောင်း​ဘူး​လေ။ ဟိုတုန်း​ကဆိုရင် အဲဒီလိုမျိုး​၊​ ​နောက်ပိုင်း​ ကျလို့​ရှိရင် ကချင်မှာ ဘယ်​လောက်ထိ ဖြစ်လာလဲဆိုရင် ၆ တန်း​ ​အောင်တဲ့​လူ​တွေကို ကျ​နော်တို့​က ရှာတယ်။ သူ့​ဒေသခံဖြစ်​နေ​တော့​ ၆ တန်း​ ​အောင်တဲ့​လူ​တွေကို သင်တန်း​ပေး​ဖူး​တယ်။ သင်တန်း​မှာ သုံး​လ သင်တန်း​ပေး​ပြီး​ရင် ​ကျောင်း​ဆရာ လုပ်ခိုင်း​မယ်ဆိုပြီး​ လုံး​ဝ ဗမာ​တွေ​ပေါ့​ဗျာ။ ဒီကလူ​တွေ မသွား​နိုင်တဲ့​ လူ​တွေ ကျ​နော်တို့​ ခန့်​လိုက်တယ်။ ဝမ်း​သာတယ်။ ဒါ​ပေမယ့်​ အခု​တော့​ ရှိ​သေး​လား​၊​ မရှိ​တော့​ဘူး​လား​ မသိ​တော့​ဘူး​။” သူတို့​ပါတီ အပါအဝင် တိုင်း​ရင်း​သား​ ငါး​ပါတီက စစ်ပွဲ မဖြစ်ခင်ကတည်း​က ​ဆွေး​နွေး​ဖို့​ ကြိုတင် တိုက်တွန်း​ထား​တာပါလို့​ နိုင်​ငွေသိန်း​က ​ပြောဆိုပါတယ်။

“အဓိပ္ပာယ်က​တော့​ ဒီလိုစကား​မျိုး​ ပြောမယ်ဆိုရင် မတိုက်ကြပါနဲ့​တော့​၊​ ​တော်ပါ​တော့​၊​ အဲဒီလိုအဓိပ္ပာယ်မျိုး​နဲ့​ ​ပြောကြတာ။ တ​ယောက်နဲ့​တ​ယောက် ​ဆွေး​နွေး​ကြပါ။ ဖလှယ်ကြပါ။ တ​ယောက်နဲ့​တ​ယောက် ငြိမ်း​ချမ်း​အောင် လုပ်ကြပါဆိုပြီး​တော့​ ​ပြောချင်တယ်။ လက်နက်ကိုင်ရတာ ဝသွား​ပြီ။ အခုနှစ် ၆၀ ​လောက်ဖြစ်​နေပြီ။” အစိုး​ရတပ်​တွေနဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင်​တွေရဲ့​တိုက်ပွဲဟာ နယ်ခြား​စောင့်​ တပ်အသွင်​ပြောင်း​ရေး​ အတင်း​အကျပ်လုပ်​ဆောင်ခဲ့​ပြီး​တဲ့​နောက် ပြန်လည်ဖြစ်ပွား​ခဲ့​တာပါ။ ကချင်၊​ ကရင် နဲ့​ ရှမ်း​ပြည်နယ်​တွေမှာ ​နေ့​စဉ်လို တိုက်ပွဲ​တွေ ဖြစ်ပွား​နေပါတယ်။

ကချင်ပြည်နယ်ထဲက စစ်​ပြေး​ဒုက္ခသည်ကိစ္စကို မြန်မာအစိုး​ရက မ​ပြော​သေး​သလို အစိုး​ရထိန်း​ချုပ်တဲ့​ မီဒီယာ​တွေက​နေ တရုတ်နိုင်ငံသား​ ၂၁၅ ဦး​ကို ​နေရပ်ရင်း​ ပြန်ပို့​ခဲ့​ရတယ်လို့​သာ ​ရေး​ခဲ့​ပါတယ်။

သတင်းရင်းမြစ် - ဒီဗီဘီ

0 comments: