Monday, July 4, 2011

ဂျပန်နိုင်ငံတွင် လှုပ်ရှားဆောင်ရွက် သွားကြမည့် လုပ်ငန်းစဉ်များ ညှိနှိုင်း အစည်းအဝေး


၂၀၁၁ ခုနှစ် ဇူလိုင်လ ၄ ရက်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan၏ ဂျပန်နိုင်ငံတွင် မြန်မာ့ ဒီမိုကရေစီရေး အတွက်လှုပ်ရှား ဆောင်ရွက် သွားကြမည့် လုပ်ငန်းစဉ်များ ညှိနှိုင်း အစည်းအဝေးကို Takadanobaba အရပ်ရှိ AUN-Japan ရုံးခန်း မှာ ဇူလိုင်လ (၃)ရက် နံနက်မှာ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

ဂျပန်အစိုးရမှ ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များကို ဂျပန်နိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားထားသည့် လုပ်ရပ်သည် မြန်မာပြည်တွင် စစ်မှန်သော ဒီမိုကရေစီ ထွန်းကားရေးအတွက် အနှောင့်အယှက် အတားအဆီး ဖြစ်သည့် အတွက် မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japanမှ ဂျပန်အစိုးရ၏ အဆိုပါ လုပ်ရပ် နှင့် ရပ်တည်အား ကန့်ကွက်သည့် ဆန္ဒပြပွဲ အစီအစဉ်ကို လာမည့် ဇူလိုင်လ (၁၁)ရက်နေ့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး နိုင်ငံတကာရှိ မြန်မာ့အရေး လှုပ်ရှားသူများ အနေဖြင့် သံတမန်ရေးအရ ဖိအားပေးသည့် နိုင်ငံတကာ လှုပ်ရှားမှုအဖြစ် ဇူလိုင်လ (၁၁)ရက်နေ့တွင် အကောင်အထည်ဖေါ် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ဆက်လက်ပြီး တိုင်းရင်းသားဒေသအတွင်း ကြံ့ဖွတ်စစ်အစိုးရမှ လူ့အခွင့်အရေး ချိုးဖေါက်သည့် သတင်းမှတ်တမ်း ဓါတ်ပုံများကို ဂျပန်ပြည်သူများ ပိုမိုသိရှိလာစေရန် ပြသသွားမည့် လုပ်ငန်းစဉ်များ ပြည်တွင်း လှုပ်ရှားမှုကို ပံ့ပိုးကူညီသွားမည့် အစီအစဉ်မျာပါ ဆွေးနွေးခဲ့ကြပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
သတင်းဓါတ်ပုံ ။ Lian Khan Sum

0 comments: