Monday, June 13, 2011

မြန်မာစစ်တပ်နှင့် KIA နှစ်ရက်ဆက် တိုက်ပွဲဖြစ်

Sunday, 12 June 2011,

ကချင်ပြည်နယ် မန်မော် (ဗန်းမော်)ခရိုင် အင်မောက် (မိုးမောက်) မြို့နယ် ဆန်ဂန်တွင် ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA)နှင့် မြန်မာ စစ်တပ်ကြား နှစ်ရက် ဆက်တိုက် တိုက်ပွဲ ဖြစ်နေကြောင်း သိရသည်။ ယမန့်နေ့ ဇွန် ၁၁၊ ညနေ ၃ နာရီမှ ညသန်းခေါင်အထိ စစ်ပွဲ ဖြစ်ပွားသည်။ ယနေ့ ဇွန် ၁၂၊ တနင်္ဂနွေ နံနက် ၇ နာရီတွင် တိုက်ပွဲ စတင်နေသည်ဟု KIA အရာရှိများပြောသည်။
နှစ်ဖက်ထိခိုက်ဒဏ်ရာရမှုရှိသော်လည်း အရေအတွက် အတိအကျကို မသိရပါ။
20:40 KNG


နောက်ဆက်တွဲ သတင်း
ဒဏ်ရာရ မြန်မာစစ်သား ၃၀ ကျော် မန်မော်သို့ပို့ဆောင်

တိုက်ပွဲ ဖြစ်ပွားရာ ဆန်ဂန်မှ ဒဏ်ရာရ မြန်မာစစ်သား ၃၀ ကျော် မန်မော် (ဗန်းမော်)သို့ ယမန်နေ့ ညနေပိုင်းက ပို့ဆောင် လိုက်သည်ဟု သိရသည်။ မန်မော် စစ်ဆေးရုံတွင် ဒဏ်ရာရ စစ်သားများနှင့် ပြည့်နေသည်။ ထို့အပြင် မန်မော် ပြည်သူ့ဆေးရုံတွင်လည်း ဒဏ်ရာရ မြန်မာစစ်သား ၃၀ ခန့် ဆေးဝါး ကုသ ခံယူနေသည်ဟု ဆေးရုံနှင့် နီးစပ်သူများ ဆိုသည်။ သေကြေ ဒဏ်ရာရ KIA စစ်သား အရေအတွက် မြန်မာစစ်သား အရေအတွက်ထက် ပိုမိုခြင်းမရှိဟု KIA အရာရှိများပြောသည်။
20:44 KNG

Copy from - kachinnews.com

0 comments: