Monday, June 6, 2011

ယီမင် စစ်တပ် နှင့် ပြည်သူ အောင်ပွဲခံ

June 6, 2011

Who’s  Next? လေးလကျော်ကြာ ဆန္ဒပြ တောင်းဆိုမှုများ လိုက်လျှောမှု မပြုကာ၊ ပြင်းထန်စွာ ပြန်လည် အကြမ်းဖက် ဖြိုခွဲမှု ပြုခဲ့သည့် ယီမင် သမ္မတ အလီ အဗ္ဗဒူလ်လာ ဆာလား တိုင်းပြည်မှ ထွက်ခွာသွား ပြီးနောက် မြို့တော် ဆာနား၊ အေဒင်နှင့် ဇင်ဂျီဘာ မြို့များတွင် ဆန္ဒပြသူများက သီချင်းများ ဖွင့်လှစ်ကာ ကခုန် ပျော်ပါးကြ ပြီး ၊ မီးရှုးမီးပန်များ ကောင်းကင်ယံသို့  ပစ်လွှတ်ကာ အောင်ပွဲ ခံကြသည်။ မြို့ တော် ဆာနား ဉ် ယီမင် သမ္မတ အလီ အဗ္ဗဒူလ် လာ ဆာလား ဖယ်ရှား ရေး အတွက် ပြည်သူ နှင့်အတူ တိုက်ပွဲ ၀င် ခဲ့သည့် ယီမင် စစ်တပ် မှ တပ်ဖွဲ့ ဝင်များ ကလည်း အောင် ပွဲခံကြသည်။


ဆာလား တိုင်း ပြည်မှ ထွက်သွား ပြီး နောက် ယီမင် ပြည်သူများ အောင်ပွဲခံနေစဉ် . (AP Photo/Hani Mohammed)
မြို့ တော် ဆာနားတွင် ယမန့်နေ့က ဆော်ဒီ အာရေးဗီးယား နိုင်ငံသို့ ဆေးကုသရန် ထွက်ခွာ သွားသည့် ယီမင် သမ္မတ အလီအဗ္ဗဒူလ်လာ ဆာလေး အား ” တိုင်းပြည်တွင်းသို့  မည်သည့် အခါမှ ပြန်မလာရန် ” ဆန္ဒပြ သူများက အော်ဟစ်ကြွေးကျော် ခဲ့ကြသည်။ ယီမင်နိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့တော် ဖြစ်သည့် တိုင်ယဇ်တွင် ဆန္ဒပြ သူများက မီးရှုးမီးပန်းများ ပစ်ဖောက်ပြီး၊ လက်နက်ကိုင် တပ်ဖွဲ့များက သေနတ်များ လေထဲသို့ ပစ်ဖောက်ကာ အောင်ပွဲခံကြသည်။

ဆာလားအား လက်နက် ဆွဲကိုင် တိုက်ခိုက်မှုတွင် ဦးဆောင်ခဲ့သည့် ဟာရှစ် မျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်သည့် ရှိခ်ဆာဒစ် အယ်(လ)အာမာ၏ တပ်ဖွဲ့များက ဆော်ဒီအာရေးဗီးယား နိုင်ငံက ကြားဝင်စေ့စပ် ပေးထားသည့် အပစ်အခတ် ရပ်စဲရေးကို လက်ရှိ သမ္မတ အာဘက် ရာဘို မန်ဆာဟာဒီနှင့် သဘော တူထား သဖြင့် မြို့တော်နှင့်  အခြား မြို့များတွင်  ပစ်ခတ်မှုများ မရှိဟု AFP သတင်းတွင် ဖော်ပြထားသည်။

ယမန်နေ့က အတိုက်အခံ အဖွဲ့များနှင့် ပါတီများ တွေ့ဆုံမှုတွင် ယီမင် သမ္မတကို နိုင်ငံတွင်း ပြန်လည် ၀င် ရောက်ခွင့် မပေးရန်ကို သဘောတူ ခဲ့သည်။ ယီမင် သမ္မတ အိမ်တော်နှင့် အိမ်တော်ဝင်းထဲရှိ ဗလီအား တိုက်ခိုက်မှုတွင် ဦးဆောင်ခဲ့သည်ဟု ထင်ကြေး ဟာရှစ် မျိုးနွယ်စု ခေါင်းဆောင် ဆာဒစ် အယ်(လ)အာမာကို ၁၉၅၆ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် ဟာရှစ် မျိုးနွယ်စု ရွာတစ်ခု ဖြစ်သည့် အယ်(လ)ခမ်ရီတွင် မွေးဖွားခဲ့ပြီး သူ၏ဖခင် Sheikh Abdullah bin Husayn bin Nasser al-Ahmar မှာ ထင်ရှားသည့် ဟာရှစ်မျိုးနွယ်စု ခေါင်းဆောင် တစ်ဦး ဖြစ်သည်။

၎င်းသည် ယီမင်၊ အီဂျစ်နှင့် အမေရိကန်တို့တွင် ပညာ သင်ယူခဲ့ပြီး အမေရိကန် နိုင်ငံမှ နေ၍ လေယာဉ်မောင်းနှင်မှု အတတ် ပညာဖြင့် ဘွဲ့ရရှိခဲ့သည်။ အယ်(လ) အာမာ၏ တပ်ဖွဲ့ဝင်များ ဆာနားမြို့တွင်း ၀င်ရောက် နိုင်ရေးအတွက် ဟာရှစ် မျိုးနွယ်စုဝင် ဗိုလ်ချုပ် တစ်ဦး ဖြစ်သူ အလီမိုဆန်က အကူအညီ ပေးခဲ့ပြီး ဆာလားအား ဖြုတ်ချနိုင်ရန်အတွက် လက်နက်နှင့် ရော့ကတ် လောင်ချာများကို ထောက်ပံ့ ခဲ့သည်။


Copy from - freedomnewsgroup.com

0 comments: