Wednesday, June 1, 2011

မလာဒစ် ကို နိုင်ငံတကာ တရားရုံး သို့ လွှဲပြောင်း


ယခင် ဘော့စနီယား၊ ဆာဘ် စစ်တပ် အကြီးအကဲ ရာတ်ကို မလာဒစ်ရဲ့  နိုင်ငံတကာ တရားရုံးဆီ လွှဲပြောင်း မပေးရေး အယူခံ ရှုံးနိမ့်ပြီး နောက် သူ့ကို နိုင်ငံ တကာ တရားရုံးကို လွှဲပြောင်း ပေးလိုက်တယ်လို့  အယ်(လ)ဂျာဇီးယား ဂြိုလ်တု ရုပ်သံ လိုင်း သတင်းဌာနက လွှင့်ထုတ် သွားခဲ့ပါတယ်။ အသက် ၆၉ နှစ် အရွယ်ရှိပြီး ကျန်းမာရေး မကောင်းတဲ့ မလာဒစ်ကို လွှဲမပေးဖို့  သူ့ ရဲ့ ရှေ့နေ တွေက အသနား ခံစာ တင်သွင်း ခဲ့ပေမယ့် ဆာဗီးယား တရား ရုံး က ပယ်ချခဲ့တာ ဖြစ်ပါတယ်။


မလာဒစ် ကို တင်ဆောင် ထား သည့် မော်တော်ကား

တရားရုံး ရုံး အမိန့် ထုတ် ပြန်ပြီးတဲ့ နောက်မှာ မလာဒစ်ကို ချက်ခြင်းပဲ နယ်သာလန် နိုင်ငံ သည်ဟိဂ် မြို့မှ အခြေစိုက်တဲ့ နိုင်ငံတကာ ရုံး ရဲ့  အကျဉ်းထောင်ကို ကျဉ်ကာ စနစ်တွေ တပ်ဆင်ထားတဲ့ မော်တော်ကား ၊ရဟတ်ယာဉ်တွေ အပါအ၀င် လုံခြုံရေး အစောင့် အကျပ် ထူထပ်စွာနဲ့  ပို့ဆောင်ခဲ့ပါတယ်။

၁၉၉၂ ခုနှစ် ကနေ ၁၉၉၅ ခုနှစ် အတွင်း ဖြစ်ပွားခဲ့တဲ့ ဘော့စနီးယား စစ်ပွဲနဲ့  ပဋိပက္ခတွေ အတွင်း စစ်တပ် အကြီးအကဲ အဖြစ် မလာဒစ် တာဝန်ယူထား ချိန်မှာ မွတ်စလင်  ပြည်သူ ထောင်ပေါင်း များကို သတ်ဖြတ် ခဲ့မှု တွေအတွက် လူမျိုးတုန်း သတ်ဖြတ်မှုတွေ ၊ အခြား စစ်ရာဇ၀တ်မှုတွေ နဲ့ ဖမ်းဆီးတရား စွဲဆို ထားတာ ဖြစ်ပါတယ်။

မလာဒစ်ကို မေလ ၂၆ ရက်နေ့ အာရုဏ်တက် ချိန် မတိုင်ခင်မှာ ဖမ်းမိခဲ့ပြီး အခု နယ်သာလန် နိုင်ငံ သည် ဟိဂ် မြို့ က ကုလသမဂ္ဂ အကျဉ်းထောင် မှာ ထိမ်းသိမ်းထား ရှိပါတယ်။ ဗိုလ်ချုပ်ကြီး မလာဒစ်ကို အခုလို လွှဲပြောင်း ပေးလိုက်တာနဲ့  ပတ်သက်ပြီး သူ့ ကို ထောက်ခံတဲ့ ဆာဘ် အမျိုးသားရေး အစွန်းရောက် သူတွေက ဘဲလ်ဂရိတ် ၊ ဘန်ဂျာ လူကာ စတဲ့ မြို့ တွေမှာ ဆန္ဒပြ ကန့် ကွက် ကြပါတယ်။


မိမိကိုယ် ကို သတ်သေသွား တဲ့ အန်နာ မလာဒစ် ရဲ့  အုတ်ဂူ
သူ့ ကို တရားရုံးက အမိန့် မချမှတ်ခင်မှာ ၁၉၉၄ ခုနှစ်က သူ့ ရဲ့  ပစ္စတို သေနတ်နဲ့  မိမိကိုယ်ကို သတ်သေခဲ့တဲ့ သူ့သမီး အန်နာ မလာဒစ်ရဲ့  ဂူဗိမာန်ကိုလည်း သွားရောက် ကြည့် ရှု ခဲ့ပါတယ်။ ဘဲဂရိတ် ဆေးတက္ကသိုလ်မှာ တက်ရောက် ပညာ သင်ယူနေတဲ့ အသက် ၂၄ နှစ် အရွယ် အန်နာ မလာဒစ်ဟာ သူ့ဖခင် စစ်ပွဲမှာ ပါဝင်တာနဲ့  ပတ်သက်ပြီး သတ်သေခဲ့တာ ဖြစ်ပါတယ်။ မလာဒစ်ဟာ သည်ဟိဂ် က ကုလ အကျဉ်းထောင် မှာ တစ်ယောက် တည်း သီးသန့် ခွဲခြား ကာ
ထိမ်းသိမ်း ခံထားရမှာ ဖြစ်ပါတယ်။


The Hague
Copy from - freedomnewsgroup.com

0 comments: