Monday, March 28, 2011

ရေဒီယို ဓာတ်သတ္တိ ကြွတဲ့ဒြပ်တွေ ပျံ့နှံ့နေတဲ့ ပမာဏ တိကျ မှန်ကန်စွာနဲ့ မထုတ်တဲ့ TEPCO ကို အတွင်းဝန်ချုပ်က ပြစ်တင်ဝေဖန်

အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယုကိအို အဲဒါ့နို
အကျပ်အတည်း တွေ့နေတဲ့ ညူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကနေ ရေဒီယို ဓာတ်သတ္တိ ကြွတဲ့ဒြပ်တွေ ပျံ့နှံ့နေတဲ့ ပမာဏဟာ အအေးပေး စနစ်အတွင်းရှိတဲ့ ပုံမှန်ပျံ့နှံ့မှု ပမာဏ ထက် အဆပေါင်း ၁၀ သန်း များပြားနေတယ်လို့ မတ်လ ၂၇ ရက်နေ့မှာ TEPCO ၀န်ထမ်းတဦးက မှတ်တမ်း တင်ခဲ့တာကို အများက သိရှိခဲ့ပြီးတဲ့နောက် အဲဒီကိန်းဂဏန်းဟာ မဟုတ်ဘူးလို့ TEPCO အရာရှိ တွေက နောက်ပိုင်းမှာ ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ဒီလောက် သေရေးရှင်ရေး ဖြစ်လုမတတ် အခြေအနေမှာ မှားယွင်းတယ် ဆိုတာဟာ နားလည်မှုပေးဖို့ရာနဲ့ ခွင့်လွှတ်ဖို့ရာ ခက်ခဲလှပါတယ်။ ဒီဟာ မှတ်တမ်း ကောက်ယူမှုမှာ ပြန်လှန် စစ်ဆေးမှု မရှိဘူးဆိုတာကို ဖော်ပြ နေသလို TEPCO ရဲ့ အကျပ်အတည်း အခက်အခဲကို ကိုင်တွယ်မှု အင်မတန် ပေါ့လျော့တယ် ဆိုတာကိုလည်း ဖော်ပြနေပါတယ်။

အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယုကိအို အဲဒါ့နို က အခြေအနေတွေကို ပိုဆိုးမလာအောင် ထိန်းသိမ်းဖို့ ကြိုးစား  နေပေမဲ့လည်း အခက်အခဲ အကျပ်အတည်းတွေ ရှိနေတယ်လို့ ပြောပါတယ်။ သတင်း အချက်အလက်တွေ ကို တိကျ မှန်ကန်စွာနဲ့ မထုတ်တဲ့ TEPCO ကို ယုကိအိုအဲဒါ့နိုက ပြစ်တင်ဝေဖန်လိုက်ပါတယ်။

တနင်္ဂနွေနေ့ ညပိုင်းမှာ ညူကလီယား ဘေးကင်းရေးဆိုင်ရာ အေဂျင်စီရဲ့ အရာရှိတဦးဖြစ်တဲ့ မီနိုးရု အိုဂိုတာ က ဓာတ်ပေါင်းဖိုတွေရဲ့ရေထဲမှာ ရေဒီယို ဓာတ်သတ္တိကြွတဲ့ဒြပ်တွေ တန်ချိန် ရာနဲ့ချီ ရှိနေတယ်လို့ ပြောပါ တယ်။

ကျော်ကျော်စိုး
၁း၁၅ နာရီ
မတ်လ ၂၈ ရက် ၂၀၁၁ ခုနှစ်

0 comments: