Thursday, March 24, 2011

တိုကျိုမြို့တော် အုပ်ချုပ်ရေးမှ မွေးကင်းစ ခလေးများရှိသော အိမ်ထောင်စုများသို့ ရေ ပေးဝေ

ဂပျန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ အတွင်းဝန် Edano မှ ပြည်သူလူထု အနေနှင့် မိမိတို့ လိုအပ်သည်ထက် ပို၍ ရေသန့်ဘူးများကို မ၀ယ် သင့်ကြောင်း ပြောဆို၊
ယနေ့သတင်း

Dr. Harold Swartz, a professor of radiology and medicine at Dartmouth Medical School in the U.S. က ပြောကြားရာတွင် ရေတွင် ပျော်ဝင်နေသော ရေဒီယို ဓါတ်ကြွမှု ပမာဏမှာ ပြောပလောက် အောင် မများကြောင်း၊ မွေးကင်းစ ခလေးများကို ရေနှင့်ရောစပ်သော အစာများ ကျွေးမွေးခြင်းနှင့်  မိခင်ကဘုံ ဘိုင်သောက်ပြီး ခလေးကို မိခင်နို့တိုက်သည့်တိုင် အန္တရယ်မရှိကြောင်း ပြောဆိုသည်။

ရေဒီယို ဓါတ်ကြွမှု အတိုင်းအတာမှာ သတ်မှတ်သည်ထက် ကျော်လွန်သည့်တိုင်၊ ဤပမာဏသည် ကျန်းမာ ရေးကို အလိုလို ထိခိုက်သည်ဟု မယူဆနိုင်ကြောင်း ပြောဆိုသည်။ ယနေ့ ကျွန်ပ်တို့ နေသော ကမ္ဘာမှာ မိမိတို့ ယနေ့ ပြောဆိုနေသော ရေဒီယို ဓါတ်ကြွမှု ပမာဏထက် များစွာ အတိုင်းအတာရှိသော သဘာဝ နောက်ခံရှိနေကြောင်း Swartz ကဆက်လက် ပြောဆိုလိုက်သည်။ ရေဒီယို ဓါတ်ကြွ အိုင်အိုဒင်းမှာ သက်တမ်းတိုပြီး ရှစ်ရက်သက်တမ်း၏ တ၀က်လောက်သာ ရှိမည်ဖြစ်ပြီး၊ ဒုက္ခ ပေးမှု ကင်းစွာ ပြိုကွဲ သွားမည်ဟု ဆိုသည်။
Photo , Rruters

တိုကျိုမြို့တော် အုပ်ချုပ်ရေးမှ မွေးကင်းစ ခလေးများရှိသော အိမ်ထောင်စုများသို့ ၅၅၀ မီလီ လီတာဝင် ရေသန့်ဘူး ၃ဘူးနှုန်းဖြင့် ၂၄၀,၀၀၀ ဘူး ဖြန့်ဖြူးသွားမည်ဆို၊ ယနေ့ တိုကျိုတွင် ရေပေးဝေမှု စနစ်တွင် ရေဒီယို ဓါတ်သင့်မှု လျော့နည်း သွားသော်လည်း၊ ချီးဘားနှင့် စိုင်းတမကန်တွင် မြင့်မားလာသည်။ 210 becquerels of iodine-131 per liter ရှိ၊ 100 becquerels မှာခလေး များအတွက် ဘေးကင်း 300-becquerel အောက်မှာ အရွယ်ရောက်သူများအတွက် ဘေးကင်းကြောင်းပြော။ နောက်ဆုံး သတင်းတွင် စိုင်းတမတွင် ယခင် အတိုင်းအတာထက် ကျဆင်းသွားကြောင်း ကြားသိရ၊

အစိုးရ အတွင်းဝန် Edano မှ သောက်သုံးရေ ပြတ်လပ်နေသော Miyagi ကို စဉ်းစားသင့်ကြောင်း၊ ယခုလို အနေအထားတွင် ပြည်သူလူထု အနေနှင့် မိမိတို့ လိုအပ်သည်ထက် ပို၍ ရေသန့်ဘူးများကို မ၀ယ် သင့်ကြောင်း ပြောဆို၊

Fukushima အနုမြူ ဓါတ်အားပေးစက်ရုံ၏ ရေအေး လည်ပတ်မှုစနစ်မှာ  ရေဒီယိုဓါတ်ကြွမှု မြှင့်တက်လာမှုနှင့် ဓါတ်ပေါင်းဖို အတွင်းနှင့် လောင်စာချောင်းများသို လှောင်ကန်အတွင်း  အပူရှိန် မြှင့်မားမှုတို့ကြောင့် လတ်တလော တိုးတက်မှုမရှိသေးပါ။

ဓါတ်ပေါင်းဖို ၆လုံးစလုံးသို့ ပြင်ပမှ ဓါတ်အား သွယ်တန်းမှုပြီးစီး၊ အလင်းပေးနိုင်ပြီးဖြစ်၍ ရေအေးလည်ပတ် မှု စနစ်ကိုစတင်ရန် နီးစပ်လာပြီး ဖြစ်သည်ဟုပြော။

သို့သော် ဓါတ်အား လွတ်ပြီးနောက် ဖြစ်ပေါ်လာနိုင်သည့် မီးပွါးများ အန္တရယ်ကို ထည့်သွင်းစဉ်းစား လျှက်ရှိ။  ဓါတ်ပေါင်းဖို ၃ ကို ယမန်နေ့က စမ်းသပ်ပြီး ဖြစ်သော်လည်း ရေပန့်များကို စတင်လည်ပတ်နိုင်/မ နိုင် သိပ်မသေချာသေး။ အစားအစာ အန္တရယ်ကင်းရေးကို မျှော်လင်းလျှက်ရှိ၊ ယခုအထိ ဓါတ်ပေါင်းဖိုနှင့် နီးရာဒေသများမှ ထွက်ရှိ နို့၊ broccoli, cauliflower and turnips အပါအ၀င် ဟင်းသီးဟင်းရွက် ၁၁မျိုးတို့တွင် ရေဒီယို ဓါတ်သင့်၊

IAEA အကြီးတန်း အကြံပေးအရာရှိက ခြုံငုံပြောရပါက ဖူကူရှိမ ဓါတ်အားပေး စက်ရုံမှာ  စိုးရိမ်ရမှု အဆင့်တွင် ရှိနေသေးကြောင်း၊ ဒေသ ၁၀ခုတွင်  ရေဒီယို အိုင်အိုဒင်းနှင့် စီစီတမ် ပမာဏမှာ တဖြည်းဖြည်းနှင့် အတက်ဖက် သို့ရှိနေကြောင်းပြောဆို၊

ဇော်မင်းခိုင်
၂၄-၃-၂၀၁၁ (၁၈း၀၀နာရီ)

0 comments: