Saturday, March 26, 2011

တာချီလိတ် တစ်ဝိုက် ငလျှင် ငယ်များ ထပ်လှုပ် ၊အမေရိကန် အစိုးရ က ငလျှင် ဒဏ်ခံရသူများ အတွက် ကူညီမည်


Video - DVB

ယနေ့ မနက် ငါးနာရီ အချိန်ခန့်တွင် တာချီလိတ် ခရိုင် တစ်ဝိုက်၌ အင်အား မပြင်းထန်သော ငလျှင် ငယ်များ ထပ်မံ လှုပ်ခြင်းကြောင့် မြို့နေ လူထုမှ လမ်းမများပေါ် ထွက်နေရသည်ဟု သတင်း ရရှိသည်။ငလျှင် ဒဏ်ကြောင့် တာချီလိတ်၊ တာလေ၊ မိုင်းဖြတ် နှင့် ကျိုင်းတုံ မြို့များတွင် ပျက်စီး ဆုံးရှုံးမှုများ ရှိသည်။ တာချီလိတ် ခရိုင်အတွင်းရှိ တာလေ တစ်မြို့ တည်းတွင်ပင် သေဆုံးသူ တစ်ရာ နီးပါး ရှိ ပြီး ၂၀ ကျော် ပျောက်ဆုံး နေသည်ဟု သတင်း ရရှိသည်။

မတ်လ ၂၄ ရက် နေ့ညက လှုပ်ခတ် သွားသည့် အင်အား ၇.၀ အဆင့်ရှိ ငလျှင်ကြောင့် ငလျှင် ဗဟို ချက် ဖြစ်သည့် လွယ်မွေ မြို့တွင်လည်း တစ်မြို့လုံး နီးပါး ပျက်စီးမှု ရှိသည်ဟု တာချီတ်မြို့ မှ အကူအညီ ပေးရေး ၀န်ထမ်း တစ်ဦးက Freedom News Group သို့ ပြောသည်။

ငလျှင် သည် လွယ်မွေမြို့၏ မြေအောက် ၆ မိုင် အနက် နေရာကို ဗဟိုပြု၍ လှုပ်ခတ် သွားခြင်း ဖြစ်သည်။

ယနေ့မနက် ထပ်မံ လှုပ်ခတ်သွားသည့် ငလျှင်သည် ၅.၀ ရခ်ျတာ စကေး အဆင့်ရှိသည်။

အမေရိကန် အစိုးရ ပြောရေး ဆိုခွင့် ရရှိသူ တစ်ဦးက ငလျှင်ဒဏ် ခံရသူများ အတွက် ၀မ်းနည်း ကြောင်းထုတ်ဖော် ပြောကြား လိုက်ပြီး ငလျှင်ဒဏ် ခံရသည့် ဒေသမှ ပြည်သူများကို ကူညီရန် အသင့် ရှိသည် ဟု ထုတ်ဖော် ပြောကြားလိုက်သည်။
Myanmar Earthquake

Copy from - freedomnewsgroup.com

0 comments: