Thursday, March 17, 2011

ရဟတ်ယာဉ်တွေနဲ့ ဓာတ်ပေါင်းဖိုနံပတ် ၃ နဲ့ ၄ ကို လေထဲကနေ ရေနဲ့ပက်ဖျန်းလောင်းချ




ဒီနေ့ မတ်လ ၁၇ ရက် မနက်၉ နာရီ ၄၅ မိနစ်မှာ ဂျပန့်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ရဟတ်ယာဉ်တွေနဲ့ ဓာတ်ပေါင်းဖိုနံပတ် ၃ နဲ့ ၄ ကို လေထဲကနေ ရေနဲ့ပက်ဖျန်း လောင်းချတာတွေကို ၄ ကြိမ်လုပ်ခဲ့ပါတယ်။ မနေ့က အဲဒီလိုလုပ်ဖို့ကြိုးပမ်းခဲ့ပေမဲ့ ဓာတ်ပေါင်းဖို ပတ်ဝန်းကျင်မှာ ရေဒီယို သတ္တိကြွမှုတွေ မြင့်မားနေတဲ့ အတွက် ရပ်ဆိုင်းခဲ့ပြီးတဲ့နောက် ဒီကနေ့မနက်မှာ အခုလို လုပ်ဆောင်တာဖြစ်ပါတယ်။ အဲဒီပတ်ဝန်းကျင်မှာ ရေဒီယိုသတ္တိကြွမှုလျော့နည်းသွားတဲ့အတွက် လေထဲကနေ ရေပက်ဖျန်းလောင်းချဖို့ ဆုံးဖြတ်လိုက်ပုံရ ပါတယ်။ နောက်ဆုံး သိရတဲ့သတင်းအရ ဘေးသင့်ဖို့နည်းတယ်လို့ ဆုံးဖြတ်တယ်ဆိုရင် မီးသတ်ကားတွေ နဲ့ ဓာတ်ပေါင်းဖို အနီးထိသွားပြီး ရေပက်ဖျန်းဖို့လုပ်မယ်လို့ သိရပါတယ်။ နေ့လယ် ၁၂ နာရီလောက်ဖြစ် မယ်လို့ အဲန်အိပ်ခ်ျကေ မနက် ၁၁ နာရီသတင်းမှာ ကြေညာ သွားပါတယ်။

ကျော်ကျော်စိုး

၁၁း၁၅ နာရီ
မတ်လ ၁၇ ရက်

0 comments: