Tuesday, March 22, 2011

ကုလသမဂ္ဂက လစ်ဗျားကို တိုက်ခိုက်မှုအပေါ် ထိုင်းနိုင်ငံက ထောက်ခံ


ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံက လစ်ဗျားအပေါ် စစ်ရေးအရအရေးယူဖို့ လုပ်ပိုင်ခွင့်ပေးလိုက်တဲ့ ကု လသမဂ္ဂ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ထာနိထုံပတ်ဒီးက တနေ့ က ပြောပါတယ်။ ဒီကနေ့မှာ ထိုင်းနိုင်ငံရဲ့ရပ်တည်ချက်ကို ကက်ဘိနက်က အတည်ပြုဖို့ ခန့်မှန်းရပါတယ်။

ဒါပေမဲ့ ဒီစစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်ဖို့ တပ်ဖွဲ့တွေစေလွှတ်ဖို့တော့ လောလောဆယ်ဆယ် အစီအစဉ် မရှိပါဘူး။ ဒီအ တောအတွင်း ထရီပိုလီမှာရှိတဲ့ ထိုင်းသံရုံးက နိုင်ငံတကာက စစ်ရေးအရ ၀င်ရောက် စွက်ဖက်တာ လုပ်ပြီး နောက်ပိုင်း လစ်ဗျားမှာ နောက်ဆုံး ကျန်နေတဲ့ ထိုင်း ၈၆ ယောက်အုပ်စုကို ထိုင်းနိုင်ငံ ပြန်ကြဖို့ ကြိုးစား နားချနေပါတယ်။
 အဲဒီမှာ သူ တို့မိသားစုတွေ ရှိနေလို့ လစ်ဗျားမှာကျန်နေတဲ့ ထိုင်းအများစုက တိုင်းပြည်က ထွက်ခွာဖို့ ငြင်းကြတယ်လို့ ထာနိ က ပြောပါတယ်။ အလုပ်သမား ၄၀ ကျော်က အဲဒီမှာဆက်နေဖို့ ဆုံးဖြတ်ထားပါတယ်။ “ထရီပိုလီမှာ ရှိတဲ့ ထိုင်းသံရုံး က သူတို့ ထိုင်းနိုင်ငံကို ပြန်ချင်၊ မပြန်ချင်ဆိုတာကို အဲဒီမှာရှိနေတဲ့ ထိုင်း ၈၆ ယောက်နဲ့ ညှိနေပါတယ်၊ တကယ်လို့ သူတို့က ပြန်ချင်တယ် လို့ ပြောရင် သူတို့က ကုန်လမ်းကနေပြီး ကျနော်တို့ ကယ်ပါမယ်။” လို့ မစ္စတာ ထာနိက ပြောပါ တယ်။

အဒီအထဲမှာ ထိုင်းအလုပ်သမား ၃၅ယောက်က ထရီပိုလီမှာ၊ ၁၅ ယောက်က ဘင်ဂါဇီမှာ နဲ့ ကျန်တဲ့သူတွေက တခြား မြို့တွေမှာ အလုပ်လုပ်နေကြပါတယ်။ ပြီးခဲ့တဲ့လက ထိုင်းထောင်ပေါင်းများစွာဟာ ထိုင်းနိုင်ငံကို လေကြောင်းကနေ မပြန်ခင်မှာ လစ်ဗျားကနေ တူနီးရှား၊ အီဂျစ်နဲ့ အီတလီကို သင်္ဘောနဲ့ ထွက်ခွာခဲ့ကြပါတယ်။ လစ်ဗျားမြောက်ပိုင်းမှာ တိုက် ပွဲတွေ ပြင်းထန်လာတော့ ထိုင်း အလုပ်သမား အများအပြားကို လစ်ဗျား တောင်ပိုင်းကို ရွှေ့ထားပါတယ်။ လစ်ဗျားက အ ခြေအနေတွေက မကြာမီ ပုံမှန် ပြန်ရောက်သွားမယ်။ လို့ ထိုင်းနိုင်ငံက မျှော်လင့် တဲ့အကြောင်း မစ္စတာ ထာနိ က ပြောပါ တယ်။ လစ်ဗျားခေါင်းဆောင်ကဒါဖီကို သစ္စာခံတဲ့ တပ်ဖွဲ့တွေက သူပုန်တွေထိန်းချုပ်ထားတဲ့ဒေသတွေကို ထိုးစစ်တွေ ပြင်းပြင်း ထန်ထန် လုပ်လာပြီးနောက် စနေနေ့က လေယာဉ် မပျံသန်းရဇုံ သတ်မှတ် ပြဋ္ဌာန်းပြီး အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ် လေ ယာဉ်တွေက ဗုံးကြဲတိုက်ခိုက်မှုတွေ စတင်ပြီးနောက်မှာတော့ လစ်ဗျားက အခြေအနေတွေဟာ မထင်မှတ်အောင်ကို ဆိုး ၀ါးလာခဲ့ပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုတွေက ထိုင်းအလုပ်သမားတွေကို ထိခိုက်မှာ မဟုတ်ပါဘူးလို့ သူယုံကြည်တဲ့အကြောင်း အ လုပ်သမားဝန်ကြီး ချလမ်ချိုင်းဆရီက ပြောပါတယ်။ တိုက်ခိုက်မှုတွေက စစ်ရေးပစ် မှတ်တွေအပေါ်ပဲ အသေအချာ ဦး တည်ထားပြီး ဒါကို သူတို့ သေသေချာချာ ဂရုတစိုက်လုပ်မှာပါ။ ဘာလို့လဲဆိုတော့ နိုင်ငံတကာအသိုင်းအ၀ိုင်းက နိုင်ငံ ခြားက စစ်ရေးစွက်ဖက်မှုတွေကို အနီးကပ် စောင့်ကြည့်နေလို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ အလုပ်သမား တွေက အိမ်ပြန်ချင်တယ်ဆိုရင်တော့ ထိုင်းအစိုးရအနေနဲ့ သူတို့ကို ကူညီဖို့ အဆင့်သင့်ပဲလို့ သူက ထပ်ပြောပါ တယ်။

ဒီကနေ့မှာ လစ်ဗျားကနေ ပြန်ထွက်လာချင်သူတွေအတွက် ကယ်ဆယ်ရေးအစီအစဉ်ကို ပြင်ဆင်ဖို့ အလုပ်ကုမ္ပဏီတွေ ရဲ့ကြီးကြပ်မှုအောက်မှာ အလုပ်သမားတွေကို ဆွေးနွေးဖို့ ထိုင်းအာဏာပိုင်တွေဟာ အလုပ်ကုမ္ပဏီတွေနဲ့ ဆွေးနွေးပါ မယ်။ ထိုင်းအစိုးရဟာ ရေနံထုတ်လုပ်တဲ့နိုင်ငံတွေကနေ အလုပ်သမားတွေကို မတ်လ ၁၅ ရက်နေ့ စောစောကတည်း က ကယ်ဆယ်ချင်တာ ဖြစ်ပါတယ်။ အခုတော့ လုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန်အရေးယူတဲ့ အခြေအနေတွေ နောက်ပိုင်းမှာတော့ ကယ်ဆယ်ရေးအစီအစဉ်သစ်တွေ ပြင်ဆင်ဖို့ လိုလာပါတယ်။

မတ် ၂၂၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)
Copy from _ naytthit.net/

0 comments: