Monday, March 21, 2011

နိုင်ငံစုံတပ်တွေက လစ်ဗျား လေကြောင်း ကာကွယ်ရေးစနစ်ကို တိုက်ခိုက် ဖျက်ဆီး

လစ်ဗျား ဝေဟင်ကို ထိမ်းချုပ်နိုင်ရန် နိုင်ငံစုံတပ်များက လစ်ဗျား လေကြောင်း ကာကွယ်ရေးစနစ်ကို တိုက်ခိုက် ဖျက်ဆီး အပြီး၊ ပျက်စီးသွားခဲ့သော စစ်ရေး ပစ်မှတ်များကို တွေ့ရှိရသည့် မြင်ကွင်း ဖြစ်ပါတယ်။ လစ်ဗျား အာဏာရှင် ကဒါဗီရဲ့ တပ် များ ပြန်လည် ဆုတ်ခွာပေးဖို့နှင့် လူသားချင်း စာနာသည့် အထောက်အပံ့များ ပေးပို့နိုင်ရန် ဒုတိယအဆင့် စစ်ဆင်ရေးများ ပြုလုပ်ဖို့ နိုင်ငံစုံတပ်များ ပြင်ဆင် နေကြပါပြီ။ ယင်း ဒုတိယအဆင့် စစ်ဆင်ရေးမှာ နိုင်ငံစုံမှ တိုက်လေယာဉ် အစင်း ၁၀၀ ကျော့်ဖြင့် ၂၄ နာရီလုံးလုံး လစ်ဗျား လေကြောင်းကို ထိမ်းချုပ်ထားမယ်လို့ သိရပါတယ်။ ပထမ အဆင့် စစ်ဆင်ရေးမှာ B2 (ဘီ ၂) ဗုံးကြဲလေယာဉ် ၄ စင်းလည်း ပါဝင်ခဲ့ပြီး၊ တစင်းလျှင် ဗုံး ၁၆ လုံးစီ ဖြင့် ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားပါသည်။


လူစိတ်မရှိတဲ့ အာဏာရှင်တွေ နှစ်ပေါင်းများစွာ အာဏာချုပ်ကိုင်ပြီး အာဏာမလွှဲပေးချင်တော့တဲ့ အာဏာရှင်တွေ၊လက် နက်အားကိုးပြီး တိုင်းပြည်ရှိ ပြည်သူတွေကို နည်းမျိုးစုံ အကြမ်းဖက်တိုက်ခိုက်နေတဲ့ အာဏာရှင်တွေအတွက်ကတော့ သူတို့ အာဏာအတွက် တိုင်းပြည်နှင့် ပြည်သူက ဓားစာခံ ဖြစ်ခဲ့ရလေပြီ။


အခုတော့ နှစ်ပေါင်း ၄၀ ကျော်ကြာ အာဏာ ထိမ်းချုပ်ခဲ့တဲ့ လစ်ဗျားအာဏာရှင် ကဒါဗီ ကြွက်တကောင်လို ပုန်းအောင်း နေရပါပြီ။ သူနဲ့ သူ့မိသားစုဝင်များကို ပစ်မှတ်များအဖြစ် ထားလာတော့မှာမို့ နေ့စဉ်ပြောင်းရွှေ့အိပ်နေရသလို၊ ဘယ်နေ ရာမှာ ရှိတယ် ဆိုတာကိုတောင် ထွက်မပြရဲတော့ပါဘူး။

မဟာမိတ် တပ်ဖွဲ့ များ ၏ ဒုံးလက်နက် ပစ်လွှတ်မှု နှင့်လေကြောင်းစစ်ဆင်ရေး များ မှာ ထိရောက်မှု ရှိကြောင်း ရေတပ် ဦးစီးချုပ် ၀ီလျှံ ဂေါ်တနီ က CNN သတင်းဌာနကို ပြောကြား ခဲ့သည်။

0 comments: