Wednesday, March 23, 2011

ယီမင် အာဏာရှင် နှုတ်ထွက်ပေးရန် တပ်နှင့် ပြည်သူ တောင်းဆို၊ ဆီးရီးယား က အထွေထွေ သပိတ်ကြေငြာ

ယီမင် အာဏာရှင် သမ္မတ က နောက် ကိုးလ နေ လျှင် နှုတ်ထွက် ပါမည် ဆိုသည် ကို စစ်တပ် နှင့်
အတိုက် အခံ တို့ က ပယ်ချပြီး ချက်ခြင်း နှုတ်ထွက်ပေး ရန် တောင်းဆို


KMJ ၊    ၊ယီမင် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီး ၅ ဦးတို့ ဆန္ဒပြ ပြည်သူများနှင့် ပူးပေါင်း လိုက်ကြပြီးနောက် ဆန္ဒပြမှု များ အတွင်း လူနှစ်ရာ နီးပါး ကို သတ်ဖြတ် ပစ်ခဲ့သည့် အာဏာရှင် သမ္မတ အဗ္ဗဒူလား ဆာလေး ကို ၄၈ နာရီ အတွင်း နှုတ်ထွက်ပေးရန် တောင်း ဆိုခဲ့သည်။ ဆန္ဒပြသူများ နှင့် ပူးပေါင်းသည့်  စစ်တပ်က ယနေ့ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲဉ် “စစ်တပ်သည် နိုင်ငံရဲ့ အစိတ်အပိုင်း တခုဖြစ်ပြီး ပြည်သူတွေရဲ့ ဆန္ဒကို တပ်မတော်သားများက ဖြည့်ဆည်းပေးရန် တာဝန်ရှိကြောင်း၊ တွေ့ဆုံး ဆွေးနွေး အဖြေမရှာဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြသူ များကို အကြမ်းဖက် နှိမ်နင်းခဲ့မှုများကြောင့် နိုင်ငံတ၀ှမ်း ပိုမိုဆိုးရွားတဲ့  အခြေအနေများ ပေါ်ပေါက်ခဲ့ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ကြီး Ali Mohsen Saleh က ထုတ်ဖော် ပြောကြားခဲ့သည်။

အနည်းဆုံး လူ ၅၂ ဦး သေဆုံးခဲ့သော သောကြာနေ့ အကြမ်းဖက် နှိမ်နင်းမှုအပြီး ဆန္ဒပြ ပြည်သူများကို  ထောက်ခံကြောင်း ကြေညာချက်ကို ဗိုလ်ချုပ်ကြီးများက ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။ အစိုးရ အဖွဲ̥၀င်ဝန်ကြီး အချို့ နှင့် အမေရိကန်နိုင်ငံ ဆိုင်ရာ ယီမင် သံအမတ်ကြီးတို့ သက်ဆိုင်ရာ ရာထူးများမှ နှုတ်ထွက်ခဲ့ကြသည်။ ထို့အပြင် စစ်တပ်၏ ၆၀ ရာခိုင်နှုန်းမှာ ဆန္ဒပြ ပြည်သူများ နှင့် ပူးပေါင်း လိုက်ကြပြီဟု သိရသည်။ ယီမင် နိုင်ငံ ဒုတိယ အကြီးဆုံး မျိုးနွယ်စု ဖြစ်သည့် ဟာရှစ် မျိုးနွယ်စု ခေါင်းဆောင် များကလည်း ယီမင် သမ္မတ ရာထူးမှ နှုတ်ထွက် ပေးရန် တောင်းဆိုထားသည်။

ယနေ့ မြို့တော် ဆာနားတွင် စစ်တပ်က ဆန္ဒပြသူများ ကို အကာအကွယ် ပေးထားသည်။ အရှေ့ အလယ်ပိုင်း နိုင်ငံတစ်ခု ဖြစ်သည့် ဆီရီးယား နိုင်ငံတွင် ဆန္ဒပြသူများက သမ္မတ အာဆတ် နှုတ်ထွက်ပေး ရန် တောင်းဆိုသည့် အထွေထွေ သပိတ်ကို သောကြာနေ့တွင် ကျင်းပမည်ဟု သိရသည်။ ယမန်နေ့က နိုင်ငံ တောင်ပိုင်း လူထု အုံကြွမှု တွင် ဆီရီးယားဘတ် ပါတီ ဌာနချုပ် တစ်ခုမှာ မီးရှို့ ခံရသည်။

Copy from _ freedomnewsgroup.com

0 comments: