Friday, March 25, 2011

ငလျှင် ကြောင့် ရှမ်းပြည်နယ် တွင် အနည်း ဆုံး လူ ၇၀ ကျော်သေဆုံး

ယမန်နေ့ ည ရှစ်နာရီ အချိန် ခန့်က ရှမ်းပြည်နယ် ကျိုင်းတုံ နှင့် တာချီလိတ် မြို့ ကြား နေရာကို ဗဟို ပြု၍
အင်အား မဂ္ဂနီ ကျု ၇.၀ အဆင့်ရှိ ငလျှင်ကြောင့် မိုင်းတုံ ၊ တာချီလိတ် နှင့် ကျိုင်းတုံ မြို့များတွင် အနည်းဆုံး လူ ၃၀ ကျော် သေဆုံးကြောင်း ကျိုင်းတုံ ဒေသခံ တပ်ရင်တစ်ခုမှ အရာရှိ တစ်ဦးက Freedom News Group သို့ အတည်ပြု ပြောကြားသည်။ မိုင်းတုံ ၊ တာချီလိတ် နှင့် ကျိုင်းတုံမြို့ များတွင် တယ်လီဖုန်းလိုင်း နှင့် လျှပ်စစ်မီးလိုင်းများ ပြတ်တောက်နေပြီး နောက်ဆုံ ရရှိသည့် သတင်းများအရ မိုင်းဆတ် လေယာဉ်ကွင်း ပျက်စီးပြီး နှစ်ဦးသေဆုံးသည်။

ငလျှင်သည် တာချီမြို့၏ မြောက်ဘက် နေရာကို ဗဟိုပြု၍ လှုပ်ခတ် သွားခြင်း ဖြစ်ပြီး အင်အားကြီး ငလျှင်ကြီး လှုပ်ခတ်ပြီး နောက် အင်အား အသင့်အတင့်ရှိသော ငလျှင်များ တာချီလိတ် မြို့ အနီး တစ်ဝိုက် ကို ဗဟိုပြု၍ ည ၁၂ နာရီ အထိ လှုပ်ခတ် လျှက်ရှိသည်။

ငလျှင်ကြောင့် ရှမ်းပြည်နယ်ရှိ စစ်တပ်များတွင် အဆောက်အဦများ ပြိုကျပြီး မိုင်းဖြတ် မြို့ အနီးရှိ ခလရ
၃၃၁ ရှိ အဆောက်အဦးများလည်း ပြိုကျကာ စစ်သားများ သေဆုံးသည်။ တာချီလိတ် နှင့် ငလျှင်ဗဟို ချက် ဖြစ်သည့် လွယ်မွေတွင် အဆောက်အဦများ ပြိုကျမှု ရှိပြီး လွယ်မွေသည် ရှရုားနှင့် မြောက်ကိုရီးယား  အကူအညီ ဖြင့် တည်ဆောက် ထားသည့် မြန်မာ စစ်အစိုးရ ၏ ရေဒါ စခန်း တည်ရှိသည်။

နေပြည်တော် လေဆိပ် သစ် တည်ဆောက်မှု ပျက်စီး ဆောက်လုပ်ရေး လုပ်ငန်း ခွင် တွင် တစ်ဦး သေဆုံး

Updated :ယနေ့  မနက် ၁၁ နာရီ မိနစ် သုံးဆယ် နောက်ဆုံး ရရှိသည့် သတင်းများ အရ ငလျှင် ကြောင့်
သေဆုံးသူ ခုနှစ်ဆယ်ကျော ရှိလာပြီး ရန်ကုန်တွင် ငလျှင် ထပ်မံ လှုပ်ခတ်မည်ကို စိုးရိမ်မှုများ ရှိနေသည်။

Copy from _ freedomnewsgroup.com

0 comments: