Tuesday, March 15, 2011

တိုကျိုကမြန်မာများအတွက်

မတ်လ ၁၅ ရက် မနက် ၁၁း၀၀ နာရီတွင် ဂျပန်ဝန်ကြီးချုပ် နာအို့တိုခန်း က ပြည်သူပြည်သားများထံ အသိ ပေးမိန့်ခွန်း ပြောခဲ့ပါတယ်။
မနက်စောစောပိုင်းတွင် ပေါက်ခဲ့သော  ဖူကူရှီးမား ဓာတ်အားထုတ်စက်ရုံ အမှတ် ၁ က နံပတ် ၂ ညူကလီယား ဓာတ်ပေါင်းဖို အဖြစ်အပျက်ကြောင့် ရေဒီယိုသတ္တိကြွမှုဟာ လူတွေရဲ့ကျန်းမာရေးကို ထိခိုက် နိုင်တဲ့ အဆင့်အထိ ဖြစ်လာနိုင်ြေ ရှိတယ်လို့ ဆိုပါတယ်။ ဒီအချက်ကို အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယုကိအို အဲဒါ့နို ကလည်း အတည်ပြု ပြောဆိုခဲ့ပါတယ်။

ဒီအတောအတွင်း နံပတ် ၄ ညူကလီယား ဓာတ်ပေါင်းဖိုမှာ မီးလောင်မှု ဖြစ်ပွားတယ်လို့လည်း  တီဘီအက်စ် ရေဒီယိုမှာ နေ့လယ် ၁၂ နာရီလောက်က ကြေညာသွားပါတယ်။ ၀န်ကြီးချုပ် ခန်း ကလည်း အဲဒီလိုပဲ ပြော ပါတယ်။ ဖူကူရှီမား စက်ရုံကနေ အချင်းဝက် ကီလို ၂၀ မီတာအတွင်းရှိပြည်သူတွေကို ကယ်ထုတ်နိုင်ခဲ့ပြီ ဆိုတာနဲ့ အချင်းဝက် ကီလိုမီတာ ၃၀ အတွင်းမှာရှိတဲ့ သူတွေအနေနဲ့ နေအိမ်တွင်း ရုံး အဆောက်အဦတွင်း မှာနေကြဖို့ သတိပေးထားပါတယ်။

ရုပ်မြင်သံကြား အစီအစဉ်တွေထဲမှာလည်း အဲဒီဧရိယာ ပတ်ဝန်းကျင်က လူတွေအနေနဲ့ အိမ်အပြင်ဘက်ကို တတ်နိုင်သမျှ မထွက်ကြဖို့နဲ့ ထွက်ရလို့ရှိရင်လည်း အပေါ်က အ၀တ်အစားကိုချွတ်ပါ အပြင်မှာသန့်စင်ပြီး ထားခဲ့ဖို့ အကြံပေးပါတယ်။

ကျနော့်အနေနဲ့ အကြံပေးလိုတာက တိုကျိုနဲ့ ဖူကူရှီမားက ကီလိုမီတာ ၂၅၀ လောက်ဝေးပေမဲ့ သတိ ဆိုတာ ပိုတယ်မရှိပါ။ ရေဒီယိုသတ္တိကြွမှုဆိုတာ မျက်စိနဲ့မြင်ရတဲ့ အရာမဟုတ်တဲ့ အတွက် မမြင်ရတဲ့ အရာက ပိုပြီးတော့ ကြောက်စရာကောင်းပါတယ်။ မြင်ရတဲ့အရာက အန္တရာယ်မခံရအောင် တတ်နိုင်သမျှ ရှောင်တိမ်း လို့ရပါတယ်။
ကျော်ကျော်စိုး
၁၂း၅၀ နာရီ
မတ်လ ၁၅ ရက်။ ၂၀၁၁ ခုနှစ်

0 comments: