Friday, January 7, 2011

လူကုန်ကူးမှုများတွင် UNHCR နှင့် IOM ၀န်ထမ်းများ ပါဝင်ပတ်သက်

အမေရိကန်နှင့် အနောက်နိုင်ငံ အချို့သို့ တရားမ၀င် ဒုက္ခသည် အယောင်အဆောင်များကို ဒုက္ခသည် များ အဖြစ် ဖန်တီးပေးပြီး လူကုန်ကူးမှု ဆောင်ရွက်ရာတွင် UNHCR ,IOM နှင့် ဒုက္ခသည် စခန်းမှ တာဝန်ရှိ သူအချို့ ပူးပေါင်း လုပ်ဆောင် နေကြသည်မှာ အချိန်ကာလ အတော်ကြာမြင့်ပြီ ဖြစ်သည်ဟု ယခင် မဲဆောက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတွင် အမှုထမ်းဖူးသူ တစ်ဦး၏ မြန်မာဝီကီလိခ် ထံ ပေးစာတွင် ဖော်ပြထားသည်။ အစစ်အမှန် ပြည်တွင်းစစ် ဘေးဒဏ်ကြောင့် ထွက်ပြေးလာကြ သည့်ကရင်ဒုက္ခသည် မိသားစုများ နေရာတွင် လူအစားထိုး ဆောင်ရွက်ကြခြင်း ဖြစ်သည်။ လူတဦး အစားထိုးခမှာ ဘတ်ငွေ ၁သိန်း ၅သောင်းမှ ၂ သိန်း ထိပေါက်ဈေးရှိသည်။

အစား ထိုးမှုများတွင် ကရင် ဒုက္ခသည် များသာမက မြန်မာ နိုင်ငံရေး အကျဉ်းသားများ နှင့် အကျဉ်းသား ဟောင်းများ ၏ နာမည်များ ကိုပါ အစားထိုးဖော်ပြသည် ။ အချို့ နိုင်ငံရေး အကျဉ်းသားများ မှာ ထပ်မံ ထောင်ဒဏ် အပြစ်ပေး ခံရပြီး မြန်မာ အကျဉ်းထောင်ထဲတွင် ရှိသော်လည်း ၎င်းတို့၏ နာမည်များနှင့် အစားထိုး လူစားများမှာ အမေရိကန် နှင့် ဥရောပ နိုင်ငံများတို့ ရောက်နှင့်နေပြီး ဖြစ်သည်။


မိသားစုဝင် ၆ဦး ၇ဦးထိ လူစားထိုးမှုများရှိသည်။ ထိုသို့ လူစားထိုးရာတွင် ကာယကံရှင် မိသားစုမှာ တဦး လျင် ဘတ်ငွေ ၁သောင်း ၅ထောင်မှ ၂သောင်းထိ သာရကြပြီး UNHCR , IOM ၀န်ထမ်းများနှင့်  ဒုက္ခသည် စခန်း တာဝန်ရှိသူတို့ ခွဲဝေယူကြသည်။ UNHCR မှဝန်ထမ်း အောင်ကျော်ဦးမှာ မြန်မာ နိုင်ငံ ရန်ကုန်မြို့ရှိ တရုပ် သူဌေးများ ၏ မသိသူမရှိ ဖြစ် သည်။

မြန်ပြည်၇ှိ သူဌေးများသည် အမေရိကန် ပြည်ဝင်ခွင့် ရရန် ခက်ခဲသောကြောင့် ဒုက္ခသည် ယောင်ဆောင်ပြီး အမေရိကန်သို့ ထွက်ခွာ သွားကြသည်မှာ ထောင်နှင် ချီရှိနေပြီ ဖြစ်သည်။ ထိုသူများမှာ ဒုက္ခသည် စခန်းတွင်တညကို မအိပ်ဘူး သူများဖြစ်ကြသည်။ လုပ်ငန်းစဉ် အဆင့်ဆင့် စစ်ဆေး မှုများတွင် ရန်ကုန်မှ လေယာဉ်ဖြင့် မနက်ထွက်လာ ဘန်ကောက်မှနေ မဲဆောက်သို့ ညကားစီး ထိုမှတဆင့် ဒုက္ခသည် စခန်းတွင် သွားရောက် အစစ်ဆေး ခံပြီး ညနေတွင် ဘန်ကောက်သို့ ပြန် ပြီး မြန်မာပြည်သို့ လေယာဉ်ဖြင့် ပြန်ကြကြောင်း သိရသည်။ အချို့ မှာနောက်ဆုံး ထိုင်းနိုင်ငံမှ ထွက်ခွာမည့် ရက်တွင် IOM အကူအညီဖြင့် ဘန်ကောက် လေဆိပ်မှ စောင့်ဆိုင်းပြီး အမေရိကား သို့ထွက်ခွာကြသည်။

နောက်တမျိုး လူစားထိုးခြင်းမှာ ကာယခံရှင် မှာငွေကြေး တပြားတချပ်မှ မရဘဲ စခန်းအာဏာပိုင်နှင့် UNHCR, IOM ၀န်ထမ်းများ ပူးပေါင်း လုပ်ဆောင်ကြခြင်း ဖြစ်သည်။ ဒုက္ခသည် စခန်းနေထိုင်သော  ဒုက္ခသည် မိသားစုမှာ TBBC ထောက်ပံ့သော ရိက္ခာ မလောက်ငှသောကြောင့် အပြင်သို့ လနဲ့ချီပြီး  အလုပ်ထွက်လုပ် နေကြသူများ ဖြစ်ကြသည်။ ထိုအချက်ကို အခွင့်ကောင်းယူပြီး လူးစားထိုး ကြခြင်းဖြစ်သည်။ တနှစ်စောင့် အမေရိကန်က မခေါ်၊ ၂နှစ်စောင့် မခေါ်လို့ အမေရိကန်သံရုံးက ခိုင်းစေထားသော OPE(Oversea Processing Entity) (IRC) ရုံးကို သွားမေးတော့အခါမှာ မိမိ မိသားစုအားလုံး နာမည်ဖြင် အမေရိကန် ရောက်နေကြာင်း သိကြရသည်။

တချို့မှာ ယနေ့ထက်တိုင် လုံးဝသိရှိခြင်း မရှိသေးပေ။ လွန်ခဲ့သည့် တစ်လကျော်က မဲလ ဒုက္ခသည် စခန်းမှ နိုင်ငံခြားသို့ ထွက်ခွာအသင့် ဖြစ်နေသည့် မြန်မာ-ကရင် လူမျိုး လင်မယား နှစ်ဦးမှာ နာမည်နှင့် လူအစား ထိုးပြီး ၀င်ရောက် လာခြင်းကို ၎င်းတို့ ထွက်ခွာမည့် သက်ဆိုင်ရာ နိုင်ငံမှ စစ်ဆေး တွေ့ရှိသဖြင့် အရေးယူ စီစစ်ရာ ထိုလင်မယား နှစ်ဦးမှာ မဲဆောက် ထောင်ထဲတွင် ထောင်ဒဏ် အပြစ်ပေး အကျဉ်းကျခံနေရ သော်လည်း ၎င်းတို့အား ပွဲစားလုပ်ပေးခဲ့သည့် စခန်းမှ တာဝန်ရှိသူများ ၊ ထိုင်းလူမျိုး အချို့နှင့် ဒုက္ခသည်များ ပြည်ပ ထွက်ခွာရေး ဧဂျင်စီ အချို့မှ ၀န်ထမ်းများမှာမူ အရေးယူခြင်း မခံရဟု ပေးစာတွင် ဖော်ပြထားသည်။

Copy from _ myanmarwikileaks.org

0 comments: