Wednesday, January 12, 2011
နေပြည်တော် အထိ ပျံသန်းပြခဲ့တဲ့ တရုတ် ကိုယ်ပျောက် တိုက်လေယာဉ် ကို မြန်မာ အားကျ
j20 တရုတ်တိုက်လေယာဉ် Photo-China Leak @ YOLA
အမေရိကန် ကာကွယ်ရေး ၀န်ကြီး ရောဘတ်ဂိတ် တရုတ်နိုင်ငံကို ရောက်ရှိ နေစဉ် တရုတ်က ပွဲထုတ်ခဲ့တဲ့ ခောတ်မှီ တိုက်လေယာဉ်တွေ ကို မြန်မာ စစ်ခေါင်းဆောင် တွေ က အားကျနေတယ်လို့ သိရပါတယ်။ အမေရိကန် လုပ် F 16 လေယာဉ် တွေ ကို ဘယ်လို မှ ၀ယ်ဖို့ မဖြစ် နိုင်တဲ့ မြန်မာ စစ်အစိုးရ အနေနဲ့  ကမ္ဘာတစ်ပတ် ဆီထပ်မံဖြည့် စရာမလို ပဲ မောင်း လို့ ရတဲ့ တရုတ်လုပ် J-20 ဗုံးကြဲ လေယာဉ်တွေ ကိုဝယ်ယူဖို့ အာသီသာ ရှိနေတယ်လို့ ဆိုပါတယ်။
လက်နက် အပြည့်အစုံ တပ် ဆင်ထားတဲ့ အမေရိကန် လုပ် F16 လေယာဉ် တစ်စီးဟာ ဒေါ်လာသန်း ၂၀ လောက် တန်ကြေးရှိပြီး မြန်မာ နဲ့ အိမ်နီးချင်း ထိုင်း နိုင်ငံ မှာ ဒီလေယာဉ် အစီ ၂၀ ကျော်လောက် ရှိနေတာ ကြောင့် မြန်မာ စစ်တပ် အနေနဲ့ တရုတ် ရဲ့ J20 လေယာဉ် တွေကို ၀ယ်ယူဖို့ စိတ်ကူးတာ ဖြစ်နိုင်တယ် လို့ စစ်တပ် အရာရှိ တစ်ဦး ကပြောပါတယ်။
ချန်ဒူး လေဆိပ် တွင် တွေ့ ရသည့် J20
တရုတ် က အခုလို အသံထက်မြန်တဲ့လေယာဉ် ကို ပွဲထုတ်လိုက် တဲ့ အတွက် အာရှ နဲ့ တောင်အာရှ မှ စစ်ရေး ပြိုင်ဆိုင်မှု တွေ ပိုမိုပြင်းထန် လာနိုင်တယ်လို ဥရုဂွေး အခြေစိုက် မြန်မာ နိုင်ငံ စစ်ရေး သုတေသီ ဦး ထက်အောင်မော်ဝင်း က Freedom News Group သို့ ပြောပါတယ်။
တရုတ် နိုင်ငံဟာ ၂၀၁၀ ခုနှစ် မှာစစ်ရေး အသုံးစရိတ် ကို အခြား နှစ်တွေ ထက် ခုနှစ်ဆ ကျော် သုံးစွဲ ခဲ့ပြီး ဒေါ်လာ ၄၄ ဘီလျှံ ထိ သုံးစွဲခဲ့ပါတယ်။ ရုရှား ကလည်း ၂၀၁၅ ခုနှစ် မှာ အသံထက် မြန်တဲ့ ဆူခွိုင်း T5o ကို ပွဲထုတ်မှာ ဖြစ်ပါတယ်။ J20 တိုက်လေယာဉ် ဟာ သူ့ ရဲ့ စွမ်းရည် ကို ပြသနိုင် ဖို့ အတွက် အိမ်နီးချင်း မြန်မာ နိုင်ငံနေပြည်တော်ထိ ပျံသန်း ခဲ့ပြီး ဝေဟင် ဓာတ်ပုံ တွေ ရိုက် ယူ ခဲ့တာ ကို မြန်မာ စစ်အစိုးရ က မသိလိုက်ဘူးလို့ ဆိုပါတယ်။
Copy from _ freedomnewsgroup.com
0 comments: