Wednesday, January 12, 2011

အာဏာရှင်ကို တော်လှန်ဖို့ အစပျိုး

စိတ်ဓာတ်စစ်ဆင်ရေး တော်တယ်လို့ နာမည်ကြီးတဲ့ ဗိုလ်ချုပ်မှူးကြီး

ထောင်ကျမှာ စိုးရိမ်လို့ စစ်ထဲ ၀င်ကောင်းဝင်ပေမယ့် ပြည်သူထဲက လူငယ်တွေနဲ့ ပေါင်းပြီး လုပ်ချင်တဲ့သူတွေ စုစည်းလို့ အင်အားစုတခု ဖြစ်သွားခဲ့ရင် လူငယ်တွေ အနစ်နာခံ လိုက်တဲ့အခါ တချိန်ချိန်မှာ အာဏာရှင်စနစ် တော်လှန်ရေး ဖြစ်သွားနိုင်တယ်လို့ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ထွက်လာတဲ့ သတင်းတွေမှာ မြန်မာနိုင်ငံမှာ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ ၊ အမျိုးသမီးဆိုရင် ၁၈ နှစ်ကနေ ၃၅ နှစ် အထိ စစ်မှု ထမ်းရမယ်လို့ ပါရှိပြီး အဲဒီလို ထမ်းဆောင်ဖို့ ပျက်ကွက်ရင် ထောင်ဒဏ် ၅ နှစ် ချမှတ် ခံရမယ်လို့ ဆိုပါတယ်။


အခုလို ထွက်လာတဲ့ သတင်းတွေဟာ တရားဝင် အစိုးရ မီဒီယာတွေကနေ ထုတ်ပြန် ကြေငြာတာမျိုးတော့ မဟုတ်ပါဘူး။ တကယ်တော့ ပြည်ပရန် ဖြစ်နိုင်တဲ့ အိမ်နီးနားချင်း နိုင်ငံတွေဖြစ်တဲ့ တရုတ် ၊ အိန္ဒိယ ၊ ထိုင်း နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို မြန်မာက ယှဉ်ပြိုင် ရင်ဆိုင် တိုက်ခိုက်လည်း ဘယ်လိုမှ နိုင်စရာမရှိလို့ ဒီလို စစ်မှုထမ်းခိုင်းဖို့ မလိုပါဘူးလို့ ဦးအောင်လင်းထွဋ်က သုံးသပ်ပါတယ်။

အခုလို လွတ်တော် မကျင်းပခင် ရက်ပိုင်းမှာ ဒီလိုသတင်းတွေ ထုတ်လာတာဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စိတ်ဓာတ် စစ်ဆင်ရေး စမ်းသပ်ချက်တခုသာ ဖြစ်ပြီး ရည်ရွယ်ချက် ရှိရှိ လုပ်တာ ဖြစ်နိုင်တယ် သွေးရိုးသားရိုးတော့ ဟုတ်ပုံမရဘူးလို့ သူကဆိုပါတယ်။

ဒါပေမဲ့ စစ်မှုထမ်းခိုင်တာနဲ့ ပတ်သက်ပြီး ကောင်းတဲ့ အချက်ကတော့ စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်တစု လုပ်ထားတဲ့ ပြည်သူနဲ့ တပ်မတော် ကွဲနေတဲ့ ကိစ္စကနေ တပ်နဲ့ပြည်သူ ရင်းနှီးသွာနိုင်တယ်လို့ သုံးသပ်ပါတယ်။

သတင်းရင်းမြစ် _ ဘီဘီစီ

0 comments: