Monday, January 10, 2011

(၆၃) ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနား ဂျပန်မှာ ကျင်းပ

၂၀၁၀ ခုနှစ် ဇန္န၀ါရီလ(၉)ရက်။

(၆၃) ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျို အီကဲဘူခူရိုမြို့ Toshina KOKAIDO Hall, မှာ ဂျပန်နိုင်ငံရှိ ကချင်အမျိုးသားအစည်းအရုံး(ဂျပန်)မှ ဦးစီး၍ ဇန်နဝါရီလ ၉ ရက် နေ့မှာ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

အခမ်းအနားတွင် ဂျပန်နိုင်ငံရောက် ကချင်တိုင်းရင်းသားများ နှင့်အတူ မြန်မာ့ ဒီမိုကရေစီ အင်အားစုများ ၊ အခြားတိုင်းရင်းသား အင်းအားစု များတို့အပြင် ဂျပန်နိုင်ငံသား တချို့ပါ တက်ရောက် ခဲ့ကြပြီး ကချင်ပြည်နယ်နေ့နှင့် ပတ်သက်သည့် ဟောပြောပွဲ အစီအစဉ်များ ကချင်ရိုးရာ ယဉ်ကျေးမူ ဖျော်ဖြေရေး အစီအစဉ်နှင့်အတူ ဂျပန် အဆိုတော် Pianist Abe Atsushi နှင့် Tonchi နှစ်ဦး တို့မှလည်း ပါဝင် ဖျော်ဖြေ တင်ဆက်သွားပါသည်။ အခမ်းအနားသို့ စုစုပေါင်း ၃၀၀ နီးပါးခန့် တက်ရောက်ခဲ့ပြီး  မြန်မာပြည်က HIV/AIDS ဝေဒနာ ရှင်တွေနဲ့ ကလေး သူငယ်တွေအတွက် ၀င်ကြေး အလှူငွေ တစ်ယောက်ကို ဂျပန် ယန်းငွေ ၁၀၀၀  ကောက်ခံခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းဓါတ်ပုံ ။ Lian Khan Sum

0 comments: