Friday, January 7, 2011

ရိုမေနီးယားရောက် ကချင်ဒုက္ခသည်တွေ နှင်းဖုံနေတဲ့ လမ်းမပေါ်မှာ နေနေရ

ကချင်ပြည်နယ်နဲ့ မိုင်ပေါင်းများစွာ ကွာတဲ့နိုင်ငံမှာ ကချင်လူမျိုးတွေ ဒုက္ခ ကြုံနေကြရ
ရိုမေးနီးယားနိုငိငံ ဂလက်လီမြို့က ဒုက္ခသည်တွေကို ထားတဲ့နေရာ တခုကနေ ကလေးသူငယ်တွေ အပါ အ၀င် မြန်မာနိုင်ငံသား ကချင်လူမျိုး ဒုက္ခသည် ၃၃ ဦးကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဒေသစံတော်ချိန် ကြာသပဒေး ညနေ အစောပိုင်း လောက်ကတည်းက နှင်ထုတ်လိုက်တဲ့ အတွက် သူတို့ဟာ ရေခဲ့အောက် ရောက်နေပြီ ဖြစ်တဲ့ အနှုတ် ၇ ဒီဂရီစင်တီဂရိတ် လောက်အထိ အေးစက်နေပြီ နှင်းတွေ ကျနေတဲ့ လမ်းပေါ်မှာ အမိုးအကာမဲ့ ဘ၀နဲ့ ဒုက္ခရောက် နေကြပါတယ်။

အဲဒီက ဒုက္ခသည်စခန်း အာဏာပိုင်တွေ သူတို့ကို နှင်ထုတ်တဲ့ အကြောင်းကတော့ သူတို့ဟာ တီဘီပိုး ရှိမရှိ ဆေးစစ်မယ် ဆိုတာကို လက်မခံတာကြောင့်လို့ သိရပါတယ်။ အကြိမ်ကြိမ် ဆေးစစ် နေရတာတွေအပြင် သူတို့ခံစား နေရတာတွေကို သည်းမခံ နိုင်တော့လို့ ဆေးစစ်တာကို လက်မခံခဲ့တာလို့ နှင်းတောထဲ့မှာ ဒုက္ခရောက် နေကြတဲ့ သူတို့ထဲက တဦးက ဘီဘီစီကို ပြောပါတယ်။

ဒုက္ခသည်တွေကို တတိယ နိုင်ငံမှာ နေရာချထားရေး ကုလသမဂ္ဂ အစီအစဉ်နဲ့ မလေးရှား နိုင်ငံ ကနေတဆင့် သူတို့ ရိုမေးနီးယားကို မနှစ် ဇွန်လဆန်းက ရောက်လာကတည်းက သူတို့ကြုံခဲ့ရတဲ့ ပြဿနာတွေဟာ သည်းမခံ နိုင်လောက်အောင် ဖြစ်ခဲ့ပြီလို့လည်း သူက ဆိုပါတယ်။

ရိုမေးနီးယား ရောက်တဲ့ အချိန်ကတည်းက အိမ်မဟုတ်ပဲ စခန်းလို နေရာမှာပဲ နေနေကြရရာမှာ တမိသားစုလုံး တခန်းထဲမှာ နေကြရတာမျိုးတွေ အပြင် စားနပ် ရိက္ခာ အတွက်ကလည်း လူတဦးကို တနေ့ ၁ ဒေါ်လာသာ ပေးတဲ့အတွက် ကုန်ဈေးနှုန်း ကြီးတဲ့ အဲဒီနိုင်ငံမှာ လောက်ငှအောင် မစားရကြောင်းလည်း သူက ဘီဘီစီ ကို ပြောပြပါတယ်။ ဘူခါရက်ဗ မြို့မှာတော့ ဒုက္ခသည်ဆုင်ရာ ကုလသမဂ္ဂ ရုံးရှိတဲ့အတွက် အဲဒီကို ဆက်သွယ်ဖို့ ကြိုးစားနေကြောင်းလည်း ၀ိရပါတယ်။

သတင်းရင်းမြစ် _ ဘီဘီစီ

0 comments: