Friday, December 31, 2010

၂၀၁၀ အကောင်းဆုံး စာအုပ်စာရင်းမှာ နာဂစ်အကြောင်း စာအုပ်ပါဝင်

RFA
မြန်မာနိုင်ငံက နာဂစ် မုန်တိုင်းနဲ့ ကယ်ဆယ်ရေး လုပ်ငန်းအကြောင်း ရေးသားထားတဲ့ စာရေးဆရာမ အင်မာလာကင်ရဲ့ စာအုပ် မျက်နှာဖုံးပုံ။
2010-12-30

၂၀၁၀ ပြည့်နှစ် အတွင်း ထုတ်ဝေခဲ့တဲ့ စာအုပ်တွေထဲမှာ မြန်မာနိုင်ငံက နာဂစ် မုန်တိုင်းနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ အကြောင်း ကိုယ်တိုင် ကွင်းဆင်း ရေးသားထားတဲ့ စာရေး ဆရာမ Emma Larkin ရဲ့ အားလုံး ကျိုးပဲ့ ပျက်စီးသွားပြီလို့ တိုက်ရိုက်အဓိပ္ပာယ်ရတဲ့ Everything is Broken စာအုပ်ဟာ ထိပ်တန်း အကောင်းဆုံး ၄ အုပ်ထဲက တအုပ် ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု ဗားဂျီးနီးယား ပြည်နယ် ရစ်ခ်ျမွန်းမြို့မှာ ဒီကနေ့ ထုတ်တဲ့ ရစ်ခ်ျမွန်း (Richmond) သတင်းစာမှာ ဖော်ပြလိုက်ပါတယ်။

ဒီစာအုပ်ဟာ အမေရိကန်စာရေးဆရာမ အင်မာလာကင်က ရေးသားတာဖြစ်ပြီး လူမှုရေးစီးပွားရေး အားလုံးပြိုကွဲ ပျက်စီးနေတဲ့ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းကြောင့် နောက်ထပ် အကြီးအကျယ် ထိခိုက် ဆုံးရှုံးခဲ့ရတာတွေကို အသေးစိတ် ရေးသားထားပါတယ်။

ဆရာမ အင်မာလာကင်ဟာ အရင်က “ေ၈ျာ့ခ်ျအော်ဝယ်ရဲ့ ခြေရာကို မြန်မာပြည်မှာ ရှာဖွေခြင်း” စာအုပ်နဲ့ ထင်ရှားခဲ့တဲ့ စာရေးဆရာမ ဖြစ်ပါတယ်။

Copy from _ rfa.org/

မြန်မာစစ်တပ် အိန္ဒိယမှာ စစ်သင်တန်း သွားတက်

အိန္ဒိယနဲ့ မြန်မာ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ သိသိသာသာ တိုးလာနေ
အိန္ဒိယ အရှေ့မြောက် ပြည်နယ်တွေဖြစ်တဲ့ မီဇိုးရမ်နဲ့ အာသံ နယ်စပ်မှာရှိတဲ့ ဗီရမ်းသယ်ရွာက နိုင်ငံတကာ စစ်ရေး သင်တန်းကျောင်းမှာ ဒီဇင်ဘာ ၄ ရက်ကနေ ၂၄ ရက်အထိ ရက် ၂၀ ကြာ ဖွင့်လှစ်ခဲ့တဲ့ တောတွင်း တိုက်ခိုက်ရေး စစ်သင်တန်း တခုကို မြန်မာစစ်တပ်က လွတ်လိုက်တဲ့ ဗိုလ်ကြီး တဦးအပါအ၀င် စစ်သား အယောက် ၂၀ ခန့် လာရောက်ပြီး သင်တန်း တက်သွားပါတယ်။

ဒီစစ်သင်တန်းကျောင်းက အိန္ဒိယ ကာကွယ်ရေး ၀န်ကြီးဌာနက ဖွင့်လှစ်ထားတာဖြစ်ပြီး ဒီလိုမျိုး မြန်မာစစ်တပ်ကို သင်တန်းပေးတာဟာ မြန်မာဘက်မှာ ခိုလှုံနေတဲ့ အိန္ဒိယ ခွဲထွက်ရေး သူပုန်တွေကို တိုက်ခိုက်ပေးဖို့လည်း ဖြစ်နိုင်သလို မြန်မာအစိုးရကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အပေါ် ထိုးစစ်ဆင်ဖို့လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

အခု မြန်မာစစ်သားတွေ တက်ရောက်သွားတဲ့ အိန္ဒိယ တိုက်ခိုက်ရေး သင်တန်းကျောင်းဟာ ဧက ၆၀၀ ကျော် ကျယ်တဲ့အတွက် အာရှမှာတော့ အကြီးဆုံး ပျောက်ကျား တိုက်ခိုက်ရေး သင်တန်းကျောင်း ဖြစ်တယ်လို့ ဆိုကြပါတယ်။စစ်တပ်တွေ အာဖကန်ကို စစ်မထွက်ခင် ၁၂ ကြိမ်ထက်မနည်း သင်တန်း လာလုပ်ဘူးပါတယ်။ ဗြိတိ

ဒီသင်တန်းကျောင်းမှာ အမေရိကန်၊ပြင်သစ်၊ အီတလီ၊ အစ္စရေး၊ လက်ဘနွန်၊ မွန်ဂိုလီးယား၊ သီရိလင်္ကာ စတဲ့ တိုင်းပြည်တွေက စစ်တပ်တွေဟာလည်း ဒီသင်တန်းကျောင်းမှာ စစ်သင်တန်း လာတက်ဖူး တယ်လို့လည်း သီရပါတယ်။

သတင်းရင်မြစ် _ ဘီဘီစီ

အမေရိကန်နှင့် ဆက်ဆံရေးကောင်းဖို့ မြန်မာဘက်က တိုးတက်မှု ပြရန်လို

30 ဒီဇင်ဘာ 2010

မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတွေ တိုးမြှင့်သွားဖို့ ရည်ရွယ်ထားပေမဲ့ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် စစ်အစိုးရဘက်က လုပ်ဆောင်ဖို့ လိုအပ်နေဆဲ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ထွန်းကားတဲ့ တိုင်းပြည်အဖြစ် ပေါ်ထွန်းလာဖို့၊ နိုင်ငံတကာ အသိုင်းအ၀န်းနဲ့အတူ အမေရိကန် ပြည်ထောင်စုက မျှော်လင့်ထားတယ်လို့လည်း မြန်မာ့လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အမေရိကန် နိုင်ငံခြားရေးဌာနက မနေ့တုန်းကပဲ ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုလိုက်တာပါ။

ဖဒိုမန်းရှာလဖန်း ကို ဘယ်သူ သတ်သလဲ

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့  ညနေ ခြောက်နာရီ ကျော်ခန့် တွင် လုပ်ကြံခံရပြီး သေဆုံးသွား ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး(ကေအင်ယူ)၏ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာလဖန်း အား တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ၉၉၉မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူ နှင့် ဗိုလ်ဆံပြုတ်ဟု နာမည်တွင်သော ဒုတိယဗိုလ်မှုးကြီး စောစံပြုး တို့ နှစ်ဦး မှ ပူးပေါင်းစီစဉ် ၍ လုပ်ကြံခြင်း ဖြစ်ကြောင့် ယခု ဧရာဝတီ တိုင်း တွင် ပြန်လည် အခြေချ နေထိုင်သည့် ၉၉၉ တပ် မှာ အရာခံ ဗိုလ် တစ်ဦးဖြစ်သူ ဦးစောလေ၀ါ က မြန်မာဝီကီသို့ ယနေ့ ပေး ပို့ ထား သည့် အီးမေး တွင် အကြောင်း စုံဖော်ပြထားသည်။
အပြည်အစုံကို မကြာခင် ဖော်ပြ နိုင်ရန် စီစဉ်ထားသည်။ရရှိ ထားသည့် မှတ်တမ်းများ ကိုစီစစ်ဆဲ

သတင်းရင်းမြစ်_ မြန်မာ ၀ီကီလိခ်
http://www.myanmarwikileaks.org/

တိုက်ပွဲအတွင်း နအဖ တပ်သား တဦး DKBA ဖမ်းမိ

၂၀၁၀ ခုနှစ် ဒီဇင်ဘာ(၃၀)ရက်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေ ဒေသတွင် ယမန်နေ့က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖ တပ် စကခ ၁၉ လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ ၂၉၉ တို့ တိုက်ပွဲငယ် ဖြစ်ပွားရာ နအဖ တပ်သား တဦးကို DKBA က ဖမ်းမိထားကြောင်း သိရသည်။ ယင်းဖမ်းမိ တပ်သားကို မသတ်ပစ်ဘဲ စစ်သုံ့ပန်း အနေနှင့် ထိန်းသိမ်း ထားမည်ဖြစ်သည်ဟု DKBA တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး စောကျော်သက်က ပြောသည်။

နောက်ဆုံးရ သတင်းတိုများ _ ဧရာဝတီ

မြန်မာဒကာ/မ များနှင့်စေတနာရှင်များအားဖိတ်ကြားအပ်ပါသည်

အကြောင်းအရာ။ ။ ဘုရားအနေကဇာတင်ပွဲ၊ နှစ်သစ်ကူးဆုတောင်းမေတ္တာပို့ ပွဲနှင့် စက္ခုဒါန အလှူတော်ငွေများလှူဒါန်းပွဲဖိတ်ကြားခြင်း။


အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍အမြင့် ၁၆၄ စင်တီမီတာရှိ ၁၉ ရာစုနှစ်၊မန္တလေးခေတ်
ရှေးဟောင်း မြန်မာ့ဗုဒ္မရုပ်ပွါးတော် မတ်ရပ်ဆင်းတုတော်ကြီးအားဂျပန်လူမျိုးဘုရားဒါယကာမှမြန်မာများထံ ပြန်လည်အပ်နှံလှူဒါန်းခဲ့သည့်ရုပ်ပွါးဆင်းတုတော်ကြီးအားဦးထိပ်ထား၍

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံး ပေါ်ပေါက်ရန် တောင်းဆိုဆန္ဒပြပွဲ


၂၀၁၀ ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံး ပေါ်ပေါက်ရန် တောင်းဆို ဆန္ဒပြပွဲနှင့် မေ ၃၀ ဒီပဲယင်းနိုင်ငံတော် လုပ်ကြံမှုကြီး (၉၁)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်ကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှီနာဂါဝါရှိ မြန်မာသံရုံး (စစ်အခွန်ရုံး) ရှေ့တွင် ယနေ့  နေ့လည် ၃း၀၀နာရီ မှ ၄း၀၀နာရီ အထိကျင်းပ ပြုလုပ်ခဲ့ကြပြီး အဖွဲ့ချုပ်အဖွဲ့ဝင်များ ၊ ဂျပန်ရှိ မြန်မာဒီမိုကရေစီ အင်အားစုများ စုစုပေါင်း ၁၀၀ ခန့် တက်ရောက် ပူးပေါင်း ပါဝင် ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်ဓါတ်ပုံ။ Lian Khan Sum

ဒီဇင်ဘာ ၈ ရက်နေ့ မြန်မာနိုင်ငံရောက် TIME မဂ္ဂဇင်း ဓါတ်ပုံဆရာ၏ အတွေ့အကြုံ ရှင်းလင်းသည့် ဗီဒီယို


Time မျက်နှာဖုံးဓါတ်ပုံဆရာ Platon ၏ အတွေ့အကြုံရှင်းလင်းချက် (ဘာသာပြန်)
ကျနော် သတင်းသမားအဖြစ် အနှစ် ၂၀ ကျော်ကြာပါပြီ ကျနော်က သမားရိုးကျ ဓါတ်ပုံသမား တယောက် မဟုတ်ပါဘူး ပုံရိပ်ဖန်တီးသူ တယောက်ပါ ကျနော် ပုံရိပ်တွေကို အဓိပ္ပါယ်ဖေါ်အောင် လုပ်သူပါ။ ကျနော်တခါမှ ဒီလို ရူးခြင်စရာကောင်းတဲ့ ခရီးစဉ်မျိုး မကြုံဖူး သေးပါဘူး။ ဘာနှင့် တူလဲဆိုတော့ အိပ်မတ် လှလှလေးတွေနှင့် အိပ်မတ်ဆိုးတွေ ရောထွေး နေတာနှင့် တချိန်ထဲ မတ်နေတာနှင့် သွားတူတယ်။ ကျနော်တို့ ဟော်တယ်ကို ရောက်တာနှင့် ကျနော်အတွက်ဖုန်း ဆက်လာပါတယ်။ ဧည့်ကြို ကောင်တာက ပြောတာက “Mr. Platom ကို Ms. H ကဖုန်းဆက် လာပါတယ်” ကြားလိုက်တော့ Miss H ဟုတ်ပြီ Hanner ဖြစ်ရမယ် ကျနော် ဖုန်းကိုင်လိုက်ပြီး ကျနော်တို့ နှုက်ဆက်စကား ပြောပြီးနောက်

Thursday, December 30, 2010

လွှတ်တော်သစ်အတွက် နိုင်ငံရေးပါတီတွေ ပြင်ဆင်

၂၀၁၁ နှစ်ဆန်းပိုင်းမှာ ခေါ်ယူရမယ့် လွှတ်တော်သုံးရပ်အတွက် ဥပဒေမူကြမ်းတွေ တင်သွင်းနိုင်ဖို့ အနိုင်ရ နိုင်ငံရေးပါတီတွေ ကြိုတင်စဉ်းစား ပြင်ဆင်တာတွေ လုပ်နေကြပါပြီ။ သတ်မှတ်ချက်အရ ဆိုရင်တော့ လွှတ်တော်တွေကို အခု ဇန်န၀ါရီနဲ့ ဖေဖော်ဝါရီ အတွင်းမှာ ခေါ်ယူရမှာ ဖြစ်ပါတယ်။ ဘယ်လို ဥပဒေကြမ်းတွေ တင်သွင်းဖို့ စဉ်းစား ပြင်ဆင်နေကြပြီလဲ ဆိုတာ ကိုသားညွန့်ဦးက အနိုင်ရပါတီ တချို့ကို ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

နိုင်ငံရေးပါတီတွေ ကိုယ်စားလှယ်တွေ အနေနဲ့ သူတို့ စည်းရုံးရေးကာလအတွင်း မဲဆန္ဒရှင်လူထုကို ကတိပြုခဲ့တဲ့အတိုင်း လွှတ်တော်အတွင်း ပြုပြင်ပြောင်းလဲရေး ကိစ္စတွေ ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်နေပြီလို့

မြန်မာနယ်စပ်သို့် တရုတ် တိုက်ခိုက်ရေး တပ်ဖွဲ့၏ စစ်စခန်းများ အမြန် တည်ဆောက်နေ

ဒီဇင်ဘာလ 29 ရက် 2010 ခုနှစ်။

တရုတ်အစိုးရသည် မြန်မာပြည်နှင့် နယ်နမိတ်ချင်း ဆက်စပ်သည့် ၎င်း၏ ယူနန်ပြည်နယ်၊ မန်ဟိုင်းမြို့တွင် ယခင် နယ်ခြားစောင့် တပ်များသာ ထားရှိခဲ့ရာမှ ယခု တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်ဖွဲ့ (People’s Liberation Army) ၏ စစ်စခန်းများ အမြန် တည်ဆောက်နေပါသည်။

ယခုချိန် ဆောက်လုပ်ခြင်း ပြီးစီးတော့မည့် ထို မန်ဟိုင်း တရုတ် တိုက်ခိုက်ရေး စစ်စခန်းသည် မြန်မာ ဘက်ခြမ်း ရှမ်းပြည်နယ် မြောက်ပိုင်း မုံဂိုးမြို့နှင့် တစ်မိုင်ခန့် အကွာတွင် တည်ရှိသည်။

မြန်မာနယ်စပ် မုံဂိုးမှ တစ်မိုင်ခန့်အကွာတွင် အမြန်ဆောက်လုပ်နေတဲ့ တရုတ် PLA တပ်စခန်း။ ဓါတ်ပုံ-ကချင်သတင်းဌာန
စစ်စခန်းတွင် (၄) ထပ်တိုက်ဆောင်တစ်ခုနှင့် ၎င်း၏အနီးတဝိုက်တွင် တိုက်ငယ် အဆောင်များစွာကိုလည်း တည်ဆောက်နေကြောင်း ဒေသခံမျက်မြင်သက်သေများ ကချင်သတင်းဌာနသို့ ပြောပါသည်။

Wednesday, December 29, 2010

စီးပွါးရေး လုပ်ကြမယ့် နိုင်ငံရေးပါတီတွေ

စီးပွါးရေး လုပ်မယ့် မတူညီကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ

စီးပွါးရေး လုပ်ဖို့ပြင်ဆင် နေကြတဲ့ နိုင်ငံရေးပါတီများရဲ့ စာရင်းထဲမှာ မတူညီကွဲပြားခြင်းနဲ့ ခြိမ်းချမ်းရေး ပါတီလည်း ပါဝင်လာပါတယ်။ မတူညီကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေး ပါတီက သူတို့လုပ်ကိုင်မယ့် စီးပွါးရေး လုပ်ငန်းတွေအတွက် လူတွေကို အစုရှယ်ယာဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

သူတို့ပါတီလုပ်မယ့် စီးပွါးရေးလုပ်ငန်းတွေကတော့ ဆောက်လုပ်ရေး ဆန်စပါးလုပ်ငန်းနဲ့ ရေလုပ်ငန်းတွေ ဖြစ်ပြီး အများပြည်သူ အနေနဲ့ အစုရှယ်ယာအကြောင်း ဈေးကွက် စီးပွါးရေးအကြောင်း နားလည်ဖို့အတွက် ရည်ရွယ်ပြီး အခုလို အစုရှယ်ယာတွေ ခေါ်တာဖြစ်တယ်လို့ မတူညီကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေး ပါတီအတွင်းရေးမှူး ဦးနေမျိုးဝေက ပြောပါတယ်။

နိုင်ငံရေးပါတီတွေက စီးပွါးရေးလုပ်လို့ လူထုအကျိုးထက် ပါတီအကျိုး ပိုပြီး ကြည့်သွားတာမျိုးတွေဟာ ရှိကောင်းရှိလာမှာ ဖြစ်ပေမယ့် ဒါကို လွတ်လပ်တဲ့ သတင်းမီဒီယာက ထောက်ပြပြီး ထိန်းညှိလို့ရ နိုင်မယ်လို့ ထင်မြင်တဲ့ အကြောင်းလည်း ဘီဘီစီကို ပြောပါတယ်။

ဒီလို ရွေးကောက်ပွဲ နိုင်ငံရေး ပါတီတချို့ စီးပွါးရေး လုပ်ငန်းတွေ လုပ်ဖို့ပြင်ဆင် နေတဲ့အပေါ် ၁၉၉၀ ရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်း ပုလဲ မဲဆန္ဒနယ် အမှတ် ၂ ကနေ အနိုင်ရရှိခဲ့တဲ့ လွတ်တော် အမတ်လည်းဖြစ် NCGUB အမျိုးသား ညွန့်ပေါင်း အစိုးရကလည်း ဖြစ်တဲ့ ဒေါက်တာ တင့်ဆွေက နအဖ စစ်အစိုးရဟာ သူကိုဆန့်ကျင်တဲ့ လက်နက်ကိုင် တိုင်းရင်းသား အင်အားစုတွေကို အပစ်အခတ် ရပ်စဲစေပြီး စီးပွါးရေး လုပ်ငန်းတွေ လုပ်ခွင့်ပေးတဲ့ နည်းနဲ့ ခွဲထုတ်ပစ်ခဲ့သလိုပဲ ၂၀၁၀ မှာလည်း မြေပေါ်နိုင်ငံရေး အင်အားစု တွေအကြား ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေကို စီးပွါးရေး လုပ်ငန်းတွေ ခွင့်ပေးပြီး ခွဲထုတ်ဖို့ သိမ်းသွင်း ဖြားယောင်းတဲ့ အခင်းအကျင်းတခုလို့ သူမြင်တဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။

သတင်းရင်းမြစ် _ ဘီဘီစီ

မြန်မာဒုက္ခသည်တွေ ထိုင်းက ပြန်ခိုင်းတဲ့ကိစ္စ UNHCR ရှုတ်ချ

28 ဒီဇင်ဘာ 2010

ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံက ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည်တွေကို ပြန်ပြီး နှင်ထုတ်ခဲ့တဲ့ ထိုင်းနိုင်ငံကို ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး (UNHCR) ရုံးက မနေ့က ပြစ်တင် ရှုတ်ချ လိုက်ပါတယ်။

ဂျီနီဗာ အခြေစိုက် UNHCR ရုံးက ဒုက္ခသည် မြန်မာနိုင်ငံသား အမျိုးသမီး၊ အမျိုးသား၊ ကလေးငယ် ၁၆၆ ယောက်ကို ထိုင်းနိုင်ငံ တပ်ခ်ခရိုင် ဒုက္ခသည်စခန်း တခုကနေ ပြီးခဲ့တဲ့ စနေနေ့က ဦးနှောက် အမှေးယောင် ရောဂါ ကူးစက်မှာ စိုးရိမ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နှင်ထုတ်ခဲ့ပါတယ်။

ပူတာ အို ထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေ အေးလွန်းလို့ သေတော့မယ် ဗျို့ 

December 28, 2010

Freedom News Group က နောက် ဆုံး လက်ခံရ ရှိတဲ့ အီးမေးကတော့ ပူတာ အို အကျဉ်းထောင်မှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်း ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား တစ်ဦး ရဲ့  မိခင် ဖြစ်သူ တစ်ဦး ပို့ လိုက်တာ ပါ။ ရာသီဥတု ဆိုးရွား မှု ကြောင့် လေကြောင်း ခရီးစဉ်နဲ့ သွား လို့ မရသလို ၊ ကုန်းကြောင်းကနေ လည်း အခြေအနေ မတည် ငြိမ်မှုတွေကြောင့် စစ်တပ်က ပေးမသွားဘူးလို့ ပါရှိပါတယ်။

စာထဲမှာ တစ်ပါတည်းပဲ အသစ်ဖွဲ့စည်းလိုက်တဲ့ လူငယ် ကွန်ယက် အနေနဲ့ လည်း ပူတာအို နဲ့အခြားထောင် တွေ မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ မိသားစုက ထောင် ၀င်စာလိုက် မတွေ့ နိုင်သူတွေ ကို အကူအညီပေး ကြဖို့  နိုင်ငံရေးအကျဉ်းသား မိခင်တွေ ရဲ့ ကိုယ်စား တောင်းဆို လိုက်ပါတယ်တဲ့။

ပူတာအို မြို့ က ရေခဲမှတ်အောက် ရောက်နေပေမယ့် ပူတာအိုထောင် မှာ ဆေးဝါး နဲ့  တခြား ရာသီဥတု ဒဏ် ခံနိုင်ဖို့  ထောင်အာဏာပိုင်က စီစဉ်ပေးထားမှု တွေ မရှိ ဘူးလို့ သိရပါတယ်။

ပြည်တွင်းသတင်း
Copy from _ freedomnewsgroup.com

မယ်လ ဒုက္ခသည် စခန်း၌ အတုဟုယူဆရသော ၅၀၀၀ တန်များ ဖမ်းမိ

အတုဟု ယူဆရသော ၅၀၀၀ ကျပ် တန် ငွေ စက္ကူများ(ဓာတ်ပုံ - ဧရာဝတီ)
28 December 2010

ထိုင်း-မြန်မာ နယ်စပ် မယ်လ ဒုက္ခသည် စခန်း၌ မြန်မာနိုင်ငံသား တဦးထံတွင် ကျပ်ငွေ သိန်း ၃၀ ခန့်ရှိ အတုဟု ယူဆ ရသော ၅၀၀၀ တန် ငွေစက္ကူများကို စခန်း အာဏာပိုင်များက ယမန်နေ့က ဖမ်းဆီး လိုက်သည်။

“မြ၀တီကလာတဲ့ စောဖားဝါးကို မနေ့ညနေက ဖမ်းလိုက်တာ။ မြန်မာငွေ အတု သိန်း ၃၀ ကို စခန်းဈေးထဲမှာရှိတဲ့ ငွေလဲ တဲ့ဆိုင်မှာလာလဲတာ၊ အတုတွေ ဖြစ်နေတဲ့အတွက် သူ့ကို ဖမ်းဆီးစစ်ဆေးပြီး ထိုင်း အာဏာပိုင်တွေဆီ လွှဲပြောင်းပေး လိုက်တယ်”ဟု မယ်လ ဒုက္ခသည် စခန်း ဥက္ကဌ စောထွန်းထွန်းက ဧရာဝတီသို့ ပြောသည်။
အတုဟု ယူဆရသော ၅၀၀၀ ကျပ် တန် ငွေ စက္ကူများနှင့် အတူ ဖမ်းဆီးခံထားရသည့် စောဖားဝါး(ဓာတ်ပုံ - ဧရာဝတီ)
မယ်လ ဒုက္ခသည် စခန်းတွင် စခန်း အုပ်ချုပ်ရေး ကော်မတီ အနေနှင့် သာမန်လူမှုရေး ပြဿနာများကို ဖြေရှင်းပေးလေ့ ရှိသော်လည်း လူသတ်မှု၊ မဒိန်းမှု၊ မူးယစ်ဆေးဝါးအမှု အပါအ၀င် ရာဇ၀တ်မှုဆိုင်ရာ များကို ထိုင်း အာဏာပိုင်များထံ လွှဲပြောင်းပေးရကြောင်း ၎င်းက ဆိုသည်။

ဒေါ်စု၏ ဒုတိယပင်လုံ ရည်မှန်းချက် မပီပြင်သေးဟု သျှမ်းပြည် ခေါင်းဆောင်အချို့ပြောဆို

ဒေါ်အောင်ဆန်းစုကြည် ( ဓါတ်ပုံ- Eye Press)
28 December 2010

ယမန်နေ့ ထိုင်းနယ်စပ် တနေရာတွင် ကျင်းပသည့် သျှမ်းပြည်ကွန်ဂရက် EC အစည်းအဝေး၌ တိုင်းရင်းသား ခေါင်းဆောင်အချို့က ဒေါ်အောင်ဆန်းစုကြည် ပြောသော ၂၁ ရာစု (ဒုတိယ) ပင်လုံ ညီလာခံ၏ နိုင်ငံရေး ရည်မှန်းချက် အတိအကျ မသိရသေးသဖြင့် ပါဝင် ထောက်ခံသင့် မသင့် ဆွေးနွေး ခဲ့ကြကြောင်း တက်ရောက်သူတဦးက ပြောပြသည်။

“ပအိုဝ်းခေါင်းဆောင် ခွန်ဥက္ကာ၊ ပလောင်အမျိုးသား ခေါင်းဆောင် မိုင်အိုက်ဖုန်း၊ လားဟူအမျိုးသား ခေါင်းဆောင် ဂျဖိုးလုံနဲ့ သျှမ်း ထဲက စ၀်လောင်ဆိုင်တို့ တက်ရောက် ကြတယ်။ ဒေါ်စုရဲ့ ဒုတိယပင်လုံ ရည်မှန်းချက် တိတိကျကျ မသိရသေးတော့ ကောင်းကောင်း လေ့လာသုံးသပ်ဖို့ လိုအပ်တယ် ဆိုတာတွေ ဆွေးနွေးကြတယ်” ဟု အမည်မဖော်လိုသည့် တက်ရောက်သူ အမျိုးသားတဦးက ပြောသည်။

ဥပဒေပညာရှင် ပအိုဝ်းအမျိုးသား ခေါင်းဆောင် ခွန်ဥက္ကာက ပထမ ပင်လုံတွင် သီးခြားကိုယ့်နယ်မြေ ကိုယ့်အုပ်ချုပ်ရေး နှင့် ကိုယ် ဖြစ်နေခဲ့သော တောင်တန်းဒေသမှ ချင်း၊ ကချင်၊ သျှမ်း နှင့် ထိုစဉ်က မွန်၊ ရခိုင်၊ ကရင် အပါအ၀င် ဗမာပြည် ယာယီအစိုးရကို ကိုယ်စားပြုသော ဗိုလ်ချုပ်အောင်ဆန်းတို့ ပါဝင် လက်မှတ် ရေးထိုးကြသည့် ၁၉၄၇ ပင်လုံညီလာခံ ဖြစ်၏။ တိုင်းရင်းသားများ အကြား ဆွေးနွေးပွဲမဟုတ်၊ သီးခြားနယ်မြေ ပြည်ထောင်များအကြား ပြုလုပ် သည့် ညီလာခံဖြစ်၏။ တက်ရောက်သူ ခေါင်းဆောင် ကိုယ်စား လှယ်များ၌ အာဏာ အပ်နှင်းခံရမှု Mandate ရှိသဖြင့် တရားဝင် ညီလာခံနှင့် တရားဝင် သဘောတူညီ ဆုံးဖြတ်ချက်များလည်း တရားဥပဒေနှင့်အညီ Legitimate ဖြစ်ခဲ့သည်။ ယခုပြောဆိုသည့် ဒုတိယ ပင်လုံ ညီလာခံကို လက်တွေ့အကောင်ဖေါ် ရာတွင် ကိုယ်စားပြုမှု တရားဝင် လုပ်ပိုင်ခွင့် Mandate ရပုဂ္ဂိုလ်များ ရှိနိုင်မည်လော၊ Legitimacy ရှိရန် မည်သို့ လုပ်ဆောင်မည်နည်း စသည့် အချက်များထည့်ဝင် စဉ်းစားသင့်ကြောင်း - ဆွေးနွေးကြသည် ဟုဆို၏။

ဒေါ်အောင်ဆန်းစုကြည် ပြောသည့် ၂၁ ရာစု ပင်လုံမှာ နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာသည့် လွှတ်တော်သစ်နှင့် ယှဉ်ပြိုင်ဖို့ မဟုတ်ဟု ဆိုပြန်သဖြင့် ၄င်း၏ လက်ရှိ ဦးတည်ချက်အပေါ် အချက် ၃ ချက်ဖြင့် ခန့်မှန်း နိုင်ကြောင်း ခွန်ဥက္ကာက ထောက်ပြသည်။

“ပထမ ပင်လုံညီလာခံမှာတော့ ရည်မှန်းချက်က ၂ ချက် ။
(၁) အင်္ဂလိပ်လက်အောက်ကနေ လွတ်မြောက်ဖို့၊
(၂) ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ဖို့ ဖြစ်တယ်။

အခု ဒုတိယပင်လုံကျတော့ ခုချိန်ထိရည်မှန်းချက်မပီပြင်သေး တာတွေ့ရတယ်။ ဒါပေမယ့် အချက် ၃ ချက် ခန့်မှန်းလို့ရတယ်။
(၁) ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေဆီက သဘောထား တွေတုန့်ပြန် လာမှာကို ကောက်ယူစုဆောင်းဖို့။
(၂) ကာလကြာမြင့်စွာ နားလည်မှုကွဲ စိတ်ဝမ်းကွဲနေကြတဲ့ တိုင်းရင်းသားတွေနဲ့ ဗမာတွေအကြား အမျိုးသား ရင်ကြားစေ့ရေး လုပ်နိုင်အောင် ဒိုင်ယာလော့ခ် တခုဖြစ်လာဖို့။
(၃) တိုင်းရင်းသားတိုင်းရဲ့ တန်းတူရေး နဲ့ကိုယ်ပိုင် ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်စနစ်ဆီ ဦးတည်ဖို့ မထုတ်ဖော် နိုင်သေးတဲ့ ၀ှက်ဖဲတချပ် ရှိသေးလားဆိုတာ မျှော်လင့်စရာပေါ့” - ဟု သုံးသပ်ပြသည်။

မည်သို့ပင် ဆိုစေ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရှိသည့် ပြည်ထောင်စုမျိုး တည်ဆောက်လိုသော ဆန္ဒရှိသူ ဒေါ်အောင်ဆန်းစု ကြည်အား မိမိတို့အနေဖြင့် အမြဲတမ်း ထောက်ခံကြောင်း ခွန်ဥက္ကာက ဆက်ပြောသည်။

“တဖက်တလမ်းကလည်း ပထမ ပင်လုံညီလာခံ ဆုံးဖြတ်ချက်က အကောင်အထည် မဖော်နိုင်လို့ ဒုတိယပင်လုံနဲ့ အကောင်အထည် ဖော်ဖို့ ဒေါ်စုကြိုးစားချင်နေတာ ဖြစ်ကောင်းဖြစ်မယ်လို့လဲ ဆွေးနွေးပွဲ တက်တဲ့တခြား ခေါင်းဆောင်တွေ သုံးသပ်ကြတယ်”- ဟု ပြောသည်။

ဒုတိယ ပင်လုံညီလာခံနှင့် ပါတ်သက်၍ - အိုင်တီ နည်းပညာ ထွန်းကားသည့် ယနေ့ခေတ်တွင် ပြည်တွင်း ပြည်ပအဖွဲ့ အစည်းများ၊ ခေါင်းဆောင်များ ဆက်သွယ် ပူးပေါင်း/အမြင်ဖလှယ် ဆန္ဒ ပေးလာကြမည်ဆိုပါစို့။အာဏာ အပ်နှင်းခြင်း ခံရသူ Mandate ရ တရား ၀င် ကိုယ်စားလှယ်များ ပါဝင်နိုင်ပြီး တရားဥပဒေ နှင့်အညီ Legitimate ဖြစ်သည့် သဘောတူညီ ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်လော ဟူသည့် အချက်များအပေါ် အဓိက စဉ်းစား ရမည်ဖြစ်ကြောင်း ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြသည်။

သတင်းရင်းမြစ် _ သျှမ်းသံတော်ဆင့်

Tuesday, December 28, 2010

ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ် ၃၀၀ ကျော် ယနေ့တွေ့

NLD အဖွဲ့ချုပ်ရုံး၌ ယနေ့ လူငယ်များနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က လူငယ်များ၏ မေးခွန်းများကို ဖြေကြားနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)
28 December 2010

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နယ်ပယ် အသီးသီးမှ လူငယ် ၃၀၀ ကျော်တို့ ယနေ့ တွေ့ဆုံကြရာ လူငယ် ၅၂ ဦးက ၎င်းတို့ ကြုံတွေ့နေရသော ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် ဘာသာရေး အခက်အခဲများကို တင်ပြဆွေးနွေး ခဲ့ကြသည်။

“အကြောင်းအရာက တော်တော်စုံတယ်။ တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေက တက္ကသိုလ်တွေမှာ ပညာရေးနဲ့ ပတ်သက်ပြီး မပြည့်စုံတဲ့ အကြောင်း၊ ပညာရေးစနစ် ချို့ယွင်း နေတဲ့အကြောင်း၊ ကျန်းမာရေးဝန်ထမ်း လူငယ်တွေနဲ့ တရားရုံးမှာ အလုပ်လုပ်နေတဲ့ လူငယ်တွေက သူတို့ အခက်အခဲတွေနဲ့ နိုင်ငံရေး စနစ် ပြောင်းလဲဖို့ လိုအပ်တဲ့ အကြောင်းတွေကို တော်တော် ပြည့်ပြည့်စုံစုံ တင်ပြတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်း ထုတ်ကြတယ်” ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သော လူငယ်တဦးက ဆိုသည်။

လူမှုရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် လူငယ်အဖွဲ့အစည်းများ၊ ကျောင်းသားလူငယ်များ၊ ပြည်တွင်း သတင်းမီဒီယာများမှ လူငယ်များ၊ နိုင်ငံ့ ၀န်ထမ်း လူငယ်များ၊ ဥပဒေပညာရှင်လူငယ်များ၊ ကျန်းမာရေးဝန်ထမ်း လူငယ်များ၊ အခြေခံ လုပ်သား လူငယ်များ အပါအ၀င် ၃၀၀ ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး လူမှုကွန်ရက်တခုကို ထူထောင် သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

ဒုတိယ ပင်လုံညီလာခံဟာ ပြည်ထောင်စု ပြိုကွဲရေး မဟုတ်ဘူးလို့ ဦးဝင်းတင်ပြော

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒီဇင်ဘာ ၂၄ ရက်နေ့က ကျင်းပတဲ့ တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်သင်တန်း ကျောင်းဆင်းပွဲမှာ ပြည်ထောင်စု ပြိုကွဲမယ့် စိတ်ကူးမှန်သမျှ မကြံစည် မိကြဖို့ သူ့ရဲ့မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြား သွားတာနဲ့ ပတ်သက်ပြီး အဓိက အတိုက်အခံ ပါအတီကြီး ဖြစ်တဲ့ NLD ပါတီက ပြည်ထောင်စုနဲ့ ပတ်သက်ပြီး ဒုတိယ ပင်လုံညီလာခံ ဆိုတာကို ပြောနေတာမို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒါကို ရည်ညွန်း ပြောဆို သတိပေးတဲ့ သဘော ဖြစ်နေတယ်လို့ ယူဆရမလို ရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒီလိုပြောတာဟာ NLD ကပြောနေတဲ့ ဒုတိယ ပင်လုံညီလာခံ ဆိုတာကိုပဲ ရည်ညွန်းတယ်လို့ ယူဆမိလို့ ဒါကိုတော့ NLD အနေနဲ့ ပြန်လည် ရှင်းပြဖို့ လိုအပ်လိမ့်မယ် ထင်တဲ့အကြောင်း NLD ခေါင်းဆောင် ဦးဝင်းတင်က ပြောပါတယ်။

ဒုတိယ ပင်လုံဆိုတာ ပြည်ထောင်စု ပြိုကွဲရေး သဘောမဟုတ်တဲ့အကြောင်း ပထမ ပင်လုံဆိုတာ ပေါင်းစည်းမှုကို ကိုယ်စားပြုခဲ့လို့ ဒုတိယ ပင်လုံဆိုတာကလည်း ပေါင်းစည်းမှု အင်အားကြီးတခု ပေါ်ပေါက်လာနိုင်မယ်လို့ ပြောနိုင်တဲ့အကြောင်း ဦးဝင်းတင်က ရှင်းပြပါတယ်။

ဒီမိုကရေစီ လိုလားတဲ့ အဖွဲ့အစည်းအချို့ကလည်း ဒုတိယ ပင်လုံညီလာခံ ကိစ္စဟာ အင်မတန် သိမ်မွေ့တဲ့ ကိစ္စဖြစ်ပြီး နှစ်ဦးနှစ်ဖက်ကြားမှာ နားလည်မှုတွေ ပိုလွဲနိုင်တယ်ဆိုပြီး ပြောနေတာတွေ ရှိပေမယ့် ဒီ ဒုတိယ ပင်လုံ ညီလာခံ လမ်းကြောင်းဟာ မှန်ကန်တဲ့ လမ်းကြောင်း တခုဖြစ်တယ်လို့  NLD အနေနဲ့ ယူဆတဲ့အကြောင်း ပြည်တွင်းစစ် ပြန်ဖြစ်လာမယ့် အနေအထားကို အခြေအနေတွေက ဦးတည်နေတာ အထင်အရှားဖြစ်လို့ NLD ရဲ့ ဒီလမ်းကြောင်းကို တိုင်းရင်းသား ခေါင်းဆောင်တွေက မီဒီယာတွေမှာ တွေ့ဆုံတဲ့အခါ ထောက်ခံတဲ့ သဘောပြောဆို နေကြတာကို ထောက်ရင် သူတို့လည်းပဲ ဒီလမ်းကြောင်းကို ထောက်ခံကြတယ်လို့ ပြောနိုင်တဲ့အကြောင်း ဦးဝင်းတင်က ဘီဘီစီ ကို ပြောပါတယ်။

သတင်းရင်းမြစ် _ ဘီဘီစီ

၂၂၆ နှစ်မြောက် ရခိုင်ဘုရင်နိုင်ငံတော် ကျဆုံးနေ့ အခမ်းအနား ဂျပန်တွင် ကျင်းပ


ဒီဇင်ဘာလ 27 ရက် 2010 ခုနှစ်

၂၀၁၀ ခုနှစ် ဒီဇင်္ဘာလ ၃၁ ရက်နေ့တွင် ကျရောက်သော (၂၂၆) နှစ်မြောက် ရခိုင်ဘုရင် နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးသည့်နေ့ ၀မ်းနည်း အထိမ်းအမှတ် အခမ်းအနား တရပ်ကို ဂျပန်နိုင်ငံတွင် ဒီဇင်္ဘာလ ၂၆ ရက်နေ့က ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားကို ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ဂျပန်)မှ ဦးဆောင် ကျင်းပခဲ့သည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ဂျပန်) တွဲဘက် အထွေထွေ အတွင်းရေးမှူး ကိုကျော်သန်းလိုင်က “ ဒီဇင်္ဘာလ ၂၆ ရက် နေ့လည် ၁ နာရီမှာ တိုကျိုမြို့ SHINJUKU , SANPE HALL 7F မှာ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ-ဂျပန်)က ဦးဆောင်ပြီး ကျင်းပခဲ့ပါတယ်။ ၂၂၆ နှစ်မြောက် ရခိုင်ဘုရင် နိုင်ငံတော် အချုပ်အခြာ အာဏာ ကျဆုံးတဲ့နေ့ အထိမ်းအမှတ်က ဒီဇင်္ဘာ ၃၁ ရက်နေ့ သောကြာနေ့မှာ ဖြစ်နေတဲ့ အတွက် အများက မအားလပ်တာကြောင့် အားလပ်ရက် ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

အခမ်းအနားကို ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ဂျပန်) ဥက္ကဌ ဦးလှအေးမောင် အပါအ၀င် တာဝန်ရှိသူများ၊ ရခိုင်အမျိုးသားများ စုစုပေါင်း ၅၀ ခန့်တက်ရောက်ခဲ့သည်။ အခမ်းအနားအား ရခိုင်ဘုရင်နိုင်ငံတော် အလံ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အလံနှင့် ကျဆုံးသွားခဲ့သော အာဇာနည်ခေါင်းဆောင်များကို ရခိုင် အမျိုးသား သီချင်းဖြင့် အလေးပြုပြီး ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

၎င်းနောက်ပိုင်း သဘာပတိ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ဥက္ကဌ ဦးလှအေးမောင်မှ အဖွင့်အမှာစကား ပြောကြားပြီး အထွေထွေ အတွင်းရေးမှုး ဦးပေါ်ထွန်းအောင်မှ ဘီစီ ၃၃၂၅ မှ အေဒီ ၁ရ၈၄ ခုနှစ်ထိ ရခိုင်လူမျိုး ကိုယ်ထီး ကိုယ်နန်းဖြင့် ထွန်းကားခဲ့ပုံကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ထိုနောက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)တွဲဖက်အထွေထွေ အတွင်းရေးမှုး (၁) ကိုကျော်သန်းလှိုင်မှ ရခိုင်ဘုရင့် နိုင်ငံတော် ကျဆုံးရသည့် အကြောင်းအရင်းနှင့် ရခိုင်နိုင်ငံတော် ကျဆုံးပြီး ဗမာပဒေ သရာဇ် နယ်ချဲ့တို့က ရခိုင်လူမျိုးများကို လူမျိုးတုန်း သတ်ဖြတ်ခဲ့ပုံများကို ပြောကြားကာ၊ ယခု စစ်အစိုးရ၏ ရခိုင်ပြည်အတွင်း လုပ်ဆောင်နေ သည့် လုပ်ရပ်များသည် ယခင် ဗမာပဒေ သရာဇ်နယ်ချဲ့တို့က ရခိုင်လူမျိုးကို ပျောက်ကွယ် သွားအောင် လုပ်ဆောင်ခဲ့ပုံနှင့် အတူတူ ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု သိရသည်။

“ အဓိကတော့မိမိတို့ သမိုင်းကို မိမိတို့ သိရှိရေးနဲ့ သမိုင်းကိုသိလာတဲ့ နောက်ပိုင်းမှာ ရခိုင်အမျိုးသားတွေ အတွက် အမျိုးသား စည်းလုံး ညီညွတ်ရေးဟာ ဘယ်အတိုင်းအတာထိ အရေးကြီးတယ်ဆိုတာကို သဘောပေါက်လာရန်နဲ့ ဂျပန်မှာရှိတဲ့ ရခိုင်အမျိုးသားတွေ ညီညွတ်ရေးကို ရည်ရွယ်ပြီး အခမ်းအနားကို ကျင်းပရတာ ဖြစ်ပါတယ်” ဟု ကိကျော်သန်းလိုင်က ပြောသည်။

ထိုနောက်တက်ရောက်လာကြသော တိုင်းရင်းသား ခေါင်းဆောင်များက အမှာစကားပြောကြားပြီး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) အဖွဲ့ဝင် များက မိမိတို့၏ ခံစားချက်များကိုပြောကြားခဲ့သည်။ သဘာပတိ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ဒုဥက္ကဌ(၂) ဦးခင်မောင်ထွန်းမှ နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်း ခဲ့သည်။

လက်ရှိ နအဖ စစ်အစိုးရသည် ရခိုင်ပြည်သူလူထု အပေါ်တွင် ရှေးဗမာ ပဒေသရာဇ် ဘုရင်များထက် ဆိုးရွားသော ပေါ်လစီများ ချမှတ်ကာ အုပ်ချုပ်နေသဖြင့် ရခိုင်လူမျိုးမှာ တိုင်းပျောက် ပြည်ပျောက် ဖြစ်သည်သာမက ယခုတခါ လူမျိုးပျောက်ရမည့် အနေအထားနှင့် ရင်ဆိုင်နေရသဖြင့် ရခိုင် တစ်မျိုးသားလုံးမှာ လက်ရှိ အုပ်ချုပ်နေသော ဗမာ စစ်အစိုးရ အပေါ် အကြီးအကျယ် နာကျဉ်း နေကြသည်ဟု သိရသည်။

သတင်းရင်းမြစ်_ နိရဉ္စရာသတင်း
မှတ်တမ်းဓါတ်ပုံ _ Lian Khan Sum

A special interview with Daw Aung San Suu Kyi (ASEAN TV)

Monday, December 27, 2010

ဘက်မလိုက် ကြားနေမူဝါဒဖြင့် ၀ ပြည်ဖွံ့ဖြိုး တိုးတက်ရေးဆက်လက် အကောင်အထည်ဖော်မည်

UWSP ပါတီ ဒု အတွင်းရေးမှူး ရှောက်မင်လျဲန်
27 December 2010

ယခုလ ၂၀ ရက်မှ ၂၉ ရက်နေ့အထိ ကျင်းပနေသည့် ၀ ပြည်သွေးစည်း ညီညွှတ်ရေးပါတီ ခရိုင်အဆင့် ပါတီအတွင်းရေးမှူး၏ ညီလာခံ မိန့်ခွန်း အတိုင်း ဘက်မလိုက် ကြားနေ၀ါဒမူ အတိုင်းရပ်တည် သွားမည်ဖြစ်ပြီး ၀ ပြည်ဖွံ့ဖြိုး တိုးတက်ရေးကိုသာ လက်တွေ့ အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ၀ ခေါင်း ဆောင်ပိုင်းတဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

“၀ ပြည်အုပ်ချုပ်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စ ဆွေးနွေးတယ်။ ရှေ့လုပ်ငန်းစဉ်တွေချတယ်။ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ရေး အဓိကထားလုပ်သွားမယ်။ အပြောထက် အလုပ်နဲ့သက်သေပြသွားမယ် ။ ရပ်တည်ချက် ၆ ချက်ကို အကောင်အထည် ဖော်သွားမယ်။ အရင်က တင်ပြခဲ့ဖူးတဲ့ ၉ ချက် ၈ ချက်တွေနဲ့ လုံးဝ ကွဲပြားသွားပါပြီ ” ဟု အစည်းအဝေး တက်ရောက်သူ ၀ ခေါင်းဆောင်တဦးက သျှမ်းသံတော်ဆင့်သို့ပြောပြသည်။

ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း၂၂ နှစ်မြောက် ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်း

မိခင် ဒေါ်ခင်ကြည် ၏ ဂူဗိမာန်တွင် ဂါရ၀ပြု နေသော ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ - AP)
27 December 2010

ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၂ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံ ၀တ်ပြု ဆု တောင်းပွဲ အခမ်းအနားကို တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် ယနေ့နံနက် ၁၀ နာရီခွဲ ခန့်က ပြုလုပ်သည်။

နံနက်ပိုင်းတွင် ရွှေတောင်ကုန်း သာသနာ့ရိပ်သာမှ ဆရာတော် ဦးပဏ္ဍိတ ၀ံသ၊ ချမ်းမြေ့ဆရာတော် ရှင်ဇနကာဘိဝံသ အပါအ၀င် သံဃာတော် ၁၀ပါးအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ခေါင်းဆောင်တဦးဖြစ်သည့် ဦးအုန်းကြိုင် က ပြောသည်။

ထို့နောက် နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး ခရစ်ယာန်ဘာသာမှ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ဦးအာသာကိုလေး၊ ဦးခင် မောင်ရွှေ၊ ရိုမန်ကက်သလစ် ဂိုဏ်းမှ သိက္ခာတော်ရ ဆရာကြီး ဦးရယ်ဂျီ စသည့် ခရစ်ယာန် ဘာသာ ဂိုဏ်းပေါင်းစုံမှ ပုဂ္ဂိုလ်များ လည်းကောင်း၊ ညနေပိုင်းတွင် အစ္စလမ် ဓမ္မ ဗိမာန်မှ ဦးအေးလွင် ဦးဆောင်သော အစ္စလမ် ဘာသာရေး အဖွဲ့နှင့် ဦးလှအောင် ခေါင်း ဆောင်သည့် ဟိန္ဒူဘာသာရေး အဖွဲ့ စသည့် ဘာသာရေး အဖွဲ့များက အလှည့်ကျ လာရောက် ဆုတောင်းကြကြောင်း ၎င်းက ဆက်လက်ပြောသည်။

ပြန်လည်သုံးသပ်ကြည့်ရင်

ကျနော်တို့တွေ တို့တတွေ ဘာလုပ်နေလဲလို့ ကိုယ့်ကိုကိုယ် ပြန်မေးရမည့် အချိန်ကို ရောက်နေပါပြီ။ စစ်အစိုးရကို တိုက်လာတာ ၁၉၈၈ ခုနှစ်ကနေ စတွက်ရင် ၂၂ ရှစ်ကြာခဲ့ပြီ မျိုးဆက်တခု တော်လှန်ရေး တပတ်လည်နေပြီ။ ခက်နေတာက ကျနော်တို့ ဒီမိုကရေစီ အင်အားစုရဲ့ ရင့်ကျက်မှုက ၂၂ နှစ်သား အဆင့်တောင် မရောက်သေတဲ့ ပြဿနာနှင့် ရင်ဆိုင် နေရတယ်။ ရန်သူကို တိုက်ပွဲနှင့် ရင်ဆိုင် မချေမှုန်းနိုင်လို့ ပြည်သူအား (People power) နှင့် တိုက်သွားမယ် ပြည်သူကို အားကိုးမယ် ဆိုတဲ့ အတွေးခေါ် အယူဆတွေနှင့် လုပ်လာတာလည်း။ ၈၈ကျောင်းသား ခေါင်းဆောင်တွေ ထောင်သံသရာ တပတ်လည်လို့ မီးစာကုန် ဆီခန်း လုံးပါးပါးရမယ့် အခြေနေကို ရောက်နေပြီ။ အချိန်ထိ (Black Mail) နှင့် အချင်းချင်း တိုက်တဲ့ အဆင့်ကနေ မတက်နိုင်သေးဘူး။ အသွင်မတူရင် ရန်သူ သဘောထား ကွဲလွဲရင် တဖွဲ့ထောင်လို့ ( Power dismiss ) ဖြစ်ပြီး။ စစ်တပ်က တဆင့်ဆင့်စီ တက်လာတာ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် (Natural power leader)ကို အပြင်ထုက်ပြီး အားပြိုင်တဲ့ အဆင့်ရောက်နေပြီ။ ပြည်တွင်းက ၈၈မျိုးဆက်ခေါင်းဆောင်တွေ ချပေးလိုက်တာ တိုက်ပွဲ လမ်းကြောင်းကို ပြည်ပရောက် ၈၈ ခေါင်းဆောင်တွေ သယ်နိုင်တာ တယောက်မှမတွေ့သေးပါဘူး။ ဦးဝင်းတင် ညာသံပေးတဲ့ ထွက်ပေါက် မရှာနှင့် ဖေါက်ထွက်ကြပါ ဆိုတာကို ညာသံပြန်ပေးပြီး လိုက်နိုင်တဲ့ လူမပေါ်သေးဘူး။ အကုန်လုံး တက်ကြွလှုပ်ရှားသူအဆင့် ကနေမတက်နိုင်ကြသေးဘူး။ ကိုယ်လုပ်သမျှ ဓါတ်ပုံလေးပါအောင်ရိုတ် မီဒီယာကနေ အချင်းချင်းကြား ကြွားတဲ့ အင်တာဗျုးလေး လုပ်ပြီး။ ရောက်ရာနေရာ နိုင်ငံဒေသက အဖွဲ့အစည်းလေးတွေနှင့် အလွမ်းသင့်နေပြီး ပေးတာလေးယူ ကြွေးတာလေးစား ကိုယ်နေရာလေး မပျောက်အောင်လုပ်တဲ့ ဘ၀ရောက်နေတာကို ရှက်စရာ အလွန်ကောင်းနေပြီ။ စစ်တပ်ကို စိန်ခေါ်တဲ့ အဆင့်ကို ဘယ်သူမှ မရောက်သေးလို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အမေရိကန်ကို ညာသံ ပေးရတဲ့ အဆင့်ဖြစ်နေပြီ။ ပြည်ပရောက် အမတ် တွေလုပ်နေတဲ့ NCGUB ၀န်ကြီးများလဲ အခုမှ တက်ကြွ လှုပ်ရှားသူ (Activates) အဆင့်တောင် မရောက်သေးဘူး။ ဒီလိုအချိန်မှာ နိုင်ငံတကာ ခေါင်းဆောင်တွေ နှင့် စားပွဲဝိုင်းပေါ် ဆွေးနွေးပွဲ လုပ်နေရမယ့် ၀န်ကြီးချုပ်ဦးစိန်ဝင်းက ဘောလုံးသမားကို ဆုပေးပြီး လူစုတဲ့အလုပ်ကို ထလုပ်နေတယ်။ အဲဒီလို လုပ်ရမယ့် အချိန်က ကျန်ခဲ့ပြီ။ ပေးလိုက်တဲ့ နှပ်ကြောင်းကို ကွဲအောင်ရိုတ် ရမယ်ဆိုတဲ့ ကျောက်ခွဲသမားတွေ သဘောတရားလောက် နားလည်ရင်တောင် အလုပ်ဖြစ်နေပြီ။ ဒေါ်အောင်ဆန်းစုကြည် မလွတ်ခင်က သူမအသံကြားမှ အခြေနေမှန် လုပ်ရမယ့် လမ်းကြောင်းကို သိပြီး အချက်ကျကျ လုပ်နိုင်မယ်ဆိုတဲ့ ကမ္ဘာပတ်နေတဲ့ NLD LA က ဒေါက်တာတွေ အမတ်တွေလဲ ကြက်ပျောက် ဌက်ပျောက်ကို အသံတွေ တိတ်ကုန်တော့တာပဲ။ ဘာနှင့်တူနေလဲဆိုတော့ ကျေးရွာက ထန်းရည်သမား သားဆိုးတွေ အမေအိုက ဈေးရောင်းပြီး ကြွေးတာစား အမေအိုပြန်လာမှ ထမင်းချက် ခူးခပ်ကြွေးမှ သားတို့က အမေ့ကို ချစ်တာ အမေမရှိရင် မိုးမီးလောင်မယ် တို့အမေကို မထိနှင့်ဆိုတဲ့ ပေါတာလူမိုက် ငတုံးတွေနှင့် စရိုတ်ထပ်ထူကျနေတယ်။ နောက်တချက် တပ်မတော်ကို ပြည်သူဘက်က ရပ်တည်ပါ ပြည်သူနှင့်ပူးပေါင်းပါ အော်နေတဲ့ ပြည်ပလှုပ်ရှားသူတွေ ဘက်ကရော တပ်မတော်က အသွင်ကူးပြောင်းလာမယ် ပူးပေါင်းလာမယ်။ ဒါမှမဟုတ် တပ်မတော်ကို စွန့်ခွာလာမယ် မိသားစုဘ၀ကို တာဝန်ယူပြီး ကူညီပေးနိုင်တဲ့ လူရှိရင် အဖွဲ့အစည်းရှိရင် လက်ထောင်ခိုင်းကြည့်ပါ မရှိဘူး။ ၁၉၈၈ ခုနှစ်ကနေ အခုချိန်ထိ စစ်တပ်ကို မယုံဘူး စစ်တပ်က ပဲ့ထွက်လာလဲ မယုံဘူး။ ဒီတော့ ဘယ်သူက တောထဲမှာ ကိုယ့်လည်ပင်း ၀ါးကြောနှင့် အလှီးခံဖို့ အားအားယားယား ထွက်လာမလဲ။ စစ်တပ်က တိုင်းရင်းသားတွေ အပေါ်မဟုတ်တာ လုပ်ထားတာ များတော့ တိုင်းရင်းသား လက်နတ်ကိုင်တွေ သွားဖို့ဆိုတာ ဘယ်လိုမှ မတွေးရဲဘူး။ ကြားနေတာဝန်ယူ နိုင်တဲ့ သမာသမတ်ကျတဲ့ အဖွဲ့စည်းလူပုဂ္ဂိုလ် ရှိလက် လက်တို့လိုက်စမ်းပါ စစ်တပ်က ရေကာတာ ကျိုးသလိုကျ လာမယ့် အနေထားတွေရှိနေတယ်။ တိုင်းရင်းသား လက်နတ်ကိုင်တွေနှင့် အပစ်အခက် ရပ်ထားတဲ့အချိန်မှာ တပ်မတော်သားတွေက သူတို့ဘ၀ ဘယ်လေက် နိမ့်ကျနေတာ တပ်မတော် အကြီးကဲတွေက ဘယ်လို သူတို့အပေါ်သဘောထားတယ် ဆိုတာ ပိုသိလာတယ်။ ခေတ်ပေါ်မီဒီယာ အကျိုးကျေးဇူးတွေ အရလည်း ပြည်ပက သတင်းတွေကို သိလာလို့ သစ္စာထားတဲ့ အဆင့်တွေ လျော့လာပြီ။ အခုလို နိုင်ငံရေးတွေ ရှုပ်ထွေးနေတဲ့ အချိန်နှင့် ၊ တိုင်းရင်းသားများအပေါ် ထိုးစစ်ဆင်မယ် ဆိုတဲ့ တပ်မတော်ရဲ့ အကြံအစည်များကို သိနေတဲ့ တပ်မတော်သားတွေက သူတို့ အသေမခံလိုကျတော့ဘူး။ ဒီအချိန်မှာ အကောင်းဆုံးက တပ်မတော် သားတွေ ပူးပေါင်းလာနိုင်ဖို့ အစီအစဉ်နှင့် အကောင်ထည် တခုဖေါ်နိုင်ရင် အကျိုးအမြတ် အလွန်ရမယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေး(National Reconciliation) ဖေါ်ဆောင်ရာမှာ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ အားကိုးနေလို့ မရပါဘူး။ အားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းရံပြီး အဖက်ဖက်က မိမိတာဝန်ကို ကျေအောင်လုပ်ဖို့က အရေးကြီးပါတယ်။ နိုင်ငံတကာ တပ်တွေ ၀င်လာမယ် တပ်မတော်က ခေါင်းဆောင်တွေ စစ်ဗိုလ်ချုပ်တွေကို ဖယ်ရှားပေးမယ် ဆိုတဲ့ စိတ်ကူး ယဉ်နေတွေကို မေ့လိုက်ပါ။ သူရဲကောင်းဖြစ်ခြင်တဲ့ ခေတ်သစ်ရဲဘော် သုံးကျိပ်ဖြစ်ခြင်တဲ့ အိပ်မတ် တွေကြောင့် ၈၈ ထဲက အခုချိန်ထိဘာမှ ဖြစ်မလာတဲ့ အဖွဲ့တခုခုပြီး တခုထောင်နေတဲ့ ၈၈ ခေါင်းဆောင်တယောက် ဒီနေ့ဘာဖြစ်နေလဲ ပရုပ်ဆီလူမမာအိမ် သွားပေးတာကို ဗီဒီယိုပြီး နေရာတကာလိုက်ဖြန့်နေရတဲ့ ဘ၀ရောက်နေပြီ။ ပညာတက်ဖြစ်သွားတဲ့ လူတွေကျတော့လဲ နောက်က ကျန်ခဲ့တဲ့ တိုင်းပြည်ကို လှည့်မကြည့်ခြင်တော့ဘူး။ Tuxedo party တွေက ဘ၀ကို ၈၈နောက်ပိုင်း ထိုင်းနယ်စပ်ကိုပြေးလာတဲ့ ဘ၀နှင့် မလဲခြင်တော့ဘူး။ အိပ်မတ်ဆိုးတွေလို့ သဘောထားလိုက်ပြီ။ ဒါတွေက ဒီမိုကရေစီကူးပြောင်းရေး အတွက် အားနည်းသွားစေတဲ့ အကြောင်းရင်းတွေပါ ဝေဖန်ရင်လဲ ဆဲခံရမှာပဲ မတက်နိုင်ဘူးပြောမှာပဲ။ မှန်တာပြောလို့ ဆုမရဘူး ၀ိုင်းကန်လို့ သေခြင်းဆိုးနှင့်သေတဲ့ ဘ၀ရောက်သွားမယ့် ဒီမိုကရေစီရေး အင်အားစုတွေ လက်သံကို သိလို့ အမည်လဲ ဖေါ်မရေးတော့ပါဘူး။ နိဂုံးချုပ်ပြောရရင် အကျိုးအမြတ် မျော်နေတဲ့ အလုပ်တွေကို ရဲရဲကြီး ရပ်လိုက်ပါ အခု ခဏတာလေး နောက်ဆုံး အနေနှင့် လူထုခေါင်းဆောင်နှင့် အတူအချက်ကျကျ ပြည်တွင်း ပြည်ပလုပ်လိုက်ရင် အာဏာရှင်ချုပ်ငြိမ်းဖို့ နီးစပ်သွားမယ်။ မဟုတ်ရင်တော့ အချိန်တွေကြာလို့ လူထူခေါင်းဆောင်သာ အထိမ်းအမှတ် ကြေးရုပ် ဘ၀ရောက်သွားမယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ခဏလေး ပြန်စဉ်းစားပြီး ကူညီလိုက်ကြပါ။

သေးသေးလေး(USA)

[8888peoplepower]Group mail ကနေ လက်ခံရရှိပါတယ်။ ထိထိမိမိ ထောက်ပြထားတဲ့အတွက် အားလုံးပြန်ဖတ်နိုင်အောင် ထပ်မှန်ကူးယူ ဖေါ်ပြလိုက်ပါတယ်။

PNS-Japan

ပြည်တွင်းမှာ ချီးမြှင့်မယ့် ပထမဆုံး မြန်မာစာနယ်ဇင်းဆု

2010-12-26

ပြည်တွင်း သတင်းစာဆရာတချို့ စုပေါင်းပြီး မြန်မာပြည်မှာ ရေးသားထုတ်ဝေနေတဲ့ သတင်း စာစောင်တွေထဲက ထူးချွန်ပြောင်မြောက်တဲ့ စာနယ်ဇင်းသမားတွေရဲ့ လက်ရာတွေကို (၅) မျိုး ခွဲခြားကာ နှစ်စဉ် ဆုရွေးချယ်ချီးမြှင့်သွားမယ်လို့ သိရပါတယ်။

ဒီဆုချီးမြှင့်ရေး စီစဉ်ရာမှာ ပါဝင်သူ သတင်းစာဆရာ ဦးကျော်ရင်မြင့်က RFA ကို အခုလို ပြောပါတယ်။

“ဆုက ငါးမျိုး ရှိမှာပါ။ ပထမတဆုကတော့ Hard News တွေကို ပေးမှာပါ။ နောက်တမျိုးကတော့ Features တွေကို ပေးမှာပါ။ သတင်းဆောင်းပါးတွေရယ်၊ သတင်းထူး သတင်းဦးတွေရယ်။ နောက်တခုကတော့ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါးတွေ သတင်းတွေ ရေးတဲ့သူကို ပေးမယ့်ဆုပါ။ နောက်တခုကတော့ ကာတွန်းတွေပါ”

ဒီဆုကို ရွေးချယ်ပေးအပ်ဖို့ စီစဉ်သူတွေကတော့ သတင်းစာဆရာ ဦးကျော်ရင်မြင့်၊ စာရေးဆရာညီပုလေး၊ ကာတွန်းဆရာ အော်ပီကျယ်၊ ဒီဇိုင်းဆရာ စိုးဝင်းငြိမ်း၊ အယ်ဒီတာ ဦးရဲနိုင်မိုးတို့ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် အဖြစ် ၂၀၁၀ ခုနှစ်အတွက် ဆုရွေးချယ် ချီးမြှင့်ပွဲကို လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက် ၁၀ နာရီမှာ ရန်ကုန်မြို့ ဗဟန်း၊ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီ သီရိခန်းမမှာ ပြုလုပ်မယ်လို့ သိရပါတယ်။

စာနယ်ဇင်းတွေမှာ ကြိုးကြိုးစားစား ဆောင်ရွက်နေတဲ့ လူငယ်တွေကို အားပေးလိုတဲ့ ရည်ရွယ်ချက်နဲ့  ဒီဆုကို ပေးအပ်သွားမှာ ဖြစ်ပြီး၊ ပြည်တွင်းခွင့်ပြုချက်နဲ့  ပုံနှိပ် ထုတ်ဝေထားတဲ့ ဂျာနယ်တွေထဲက သတင်း ဆောင်းပါး တွေ၊ ဓာတ်ပုံ ကာတွန်းတွေကို အခြေခံပြီး ဆုချီးမြှင့်မှာ ဖြစ်တယ်လို့ ဦးကျော်ရင်မြင့်က ပြောပါတယ်။

Copy From _ rfa.ogr/

ကေအဲန်ယူ၏ စောင့်ကြို တိုက်ခိုက်မှုကြောင့် ရက်ပိုင်းအတွင်း နအဖ နှင့် BGF ကျဆုံးထိခိုက်မှုရှိ

ဒီဇင်ဘာလ 26 ရက် 2010 ခုနှစ်။

လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပလောဒေသတွင် ယခု ရက်ပိုင်းအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့KNLA ၏ စောင့်ကြို တိုက်ခိုက်မှုကြောင့် နအဖ ခလရ(၁၀၆) တပ်ဖွဲ့မှ ကျဆုံးပြီး နယ်ခြားစောင့်တပ် BGF မှ ထိခိုက်ဒဏ်ရာ ရရှိမှုများရှိကြောင်း ကေအဲန်ယူ တပ်မဟာ(၇)က ပြောသည်။
နအဖ ခလရ (၁၀၆) တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၂၃ရက်နေ့မနက်ပိုင်းမှစ၍ ၎င်းတို့ လက်နက်ကြီး တပ်ဆင်ထားရာ ကဆော ၀ါးလေး၊ ကြယ်ပြောင်ကုန်းနေရာများမှ မာနယ်ပလောရှိ ကေအဲန်ယူတပ်များ ရှိနိုင်မည့်နေရာများသို့ လက်နက်ကြီးများဖြင့် ပစ် ခတ်ခဲ့ပြီးနောက် စစ်ကြောင်းတက်လာရာ မွန်းလွဲပိုင်း၌ မောကွီးနေရာအရောက်တွင် ကေအဲန်ယူ တပ်မဟာ(၇) လုံခြုံရေးတပ်ခွဲ ၏ စောင့်ကြို တိုက်ခိုက်ခြင်းခံရပြီး ခလရ(၁၀၆) တပ်ဖွဲ့ဝင် ၅ဦး ကျဆုံးခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ(၇)မှူးက ကေအိုင်စီ ကို ပြောသည်။

Network For Democracy In Burma(Japan)၏ အပါတ်စဉ် အစည်းအဝေး

Network For Democracy In Burma(Japan)၏ အပါတ်စဉ် အစည်းအဝေးကို TAKADANOBABA RECYCLE CENTRE တွင် ယနေ့ ၂၀၁၀ခု၊ ဒီဇင်ဘာလ၊ ၂၆ရက် နေ့တွင် ကျင်းပခဲ့ပါသည်။အစည်းအဝေးတွင် ၂၀၁၁ခု လွတ်လပ်ရေးနေ့ပွဲ ပြုလုပ်ရေး၊ ၂၁ရာစု ပင်လုံညီလာခံ ထောက်ခံပွဲ ကျင်းပရေး ၊၂၀၁၁ခုနှစ် ပြည်ထောင်စုနေ့  ပွဲကျင်းပရေး စသည်တို့ကို ဆွေးနွေး ခဲ့ကြပါသည်။

သတင်းမှတ်တမ်းဓါတ်ပုံ။ Lian Khan Sum

စစ်အစိုးရကို ဆက်လက်တိုက်ပွဲဝင်ဖို့ KNU ဆုံးဖြတ်

ကရင် အမျိုးသားအစည်းအရုံး (KNU) အခမ်းအနားတခုတွင် စစ်ရေးပြနေသော ကရင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP)
2010-12-25

မကြာသေးခင်က ကျင်းပခဲ့တဲ့ KNU ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ နှစ်ပတ် လည် အစည်းအဝေးမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ ညီညွတ်ရေး၊ ကရင်ပြည်နယ်အတွင်း စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်စဲရေးကိစ္စတွေ ဆွေးနွေးခဲ့သလို၊ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် စစ်အစိုးရကို တိုက်ပွဲဝင် ဖိအားပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ပြေးဒုက္ခသည်များကို ဆေးစစ်၊ တိုက်ပွဲများ ဆက်ဖြစ်ဆဲ

25 December 2010

နယ်စပ်တိုက်ပွဲ များကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်နေသော စစ်ပြေး ဒုက္ခသည် ၂၀၀ ကျော်ကို ထိုင်းဒေသခံ ရွာသားများက ကူးစက်ရောဂါပိုးများ ပါရှိနိုင်သည်ဟူသော အကြောင်းပြချက်ဖြင့် မြန်မာဘက်သို့ ပြန်ပို့ရန် တောင်းဆိုကြောင်း သိရသည်။

စစ်ပြေးဒုက္ခသည်များသည် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်းရှိ ဝေါ်လေဒေသတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖတပ်များ အကြား ယခင်လ ဆန်းပိုင်းမှ စတင်ဖြစ်ပွားနေသည့် ရက်ရှည်တိုက်ပွဲများကြောင့် ထွက်ပြေးလာသူများ ဖြစ်သည်။

Saturday, December 25, 2010

ကရင်နီဒေသမှာ တရုတ်နိုင်ငံသားတချို့  အတိုက်ခိုက်ခံရ

By မနန္ဒာချမ်း သောကြာ

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း သံလွင်မြစ်ပေါ်က ရေကာတာဆောက်လုပ်ရေး စီမံကိန်းတခုကို သွားရောက် တဲ့ ယာဉ်တန်းတခုကို ကရင်နီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ကယားပြည်နယ် ဖရူးဆိုးမြို့နယ် အတွင်းမှာ မနေ့က ချုံခိုတိုက်ခိုက်ခဲ့ပါတယ်။ တရုတ်နိုင်ငံသား ဆောက်လုပ်ရေးလုပ်သားတွေ အပါအ၀င် အနည်းဆုံး ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့သိရပါတယ်။ ကရင်နီ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ဘာကြောင့် အခုလိုတိုက်ခိုက်ခဲ့တာလဲဆိုတာကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြထားပါတယ်။

သံလွင်မြစ်ကြောင်းတလျှောက် ရေကာတာဆောက်လုပ်မှုတွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဒေသခံတိုင်းရင်းသားအဖွဲ့တွေက ကန့်ကွက်ပြောဆိုနေကြချိန် အခု နောက်ဆုံး တရုတ်နိုင်ငံသား ဆောက်လုပ်ရေးလုပ်သားတွေ လိုက်ပါလာပြီး မြန်မာစစ်တပ် အစောင့် အကြပ်နဲ့ မောင်းနှင်လာတဲ့ ယာဉ်တန်းရှည်တခုကို ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ကရင်နီပြည် တိုးတက်ရေးပါတီ (KNPP) အဖွဲ့ကနေ သောကြာနေ့ နေ့လည်ပိုင်းက ကယားပြည်နယ်၊ ဖလူးဆို မြို့နယ် အတွင်းမှာ ချုံခို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ယာဉ်တန်းမှာလိုက်ပါလာတဲ့ တရုတ် နိုင်ငံသား ဆောက်လုပ်ရေးလုပ်သားတွေ အပါအ၀င် အနည်းဆုံး ၃ ဦး သေဆုံးခဲ့တယ်လို့ KNPP အတွင်း ရေးမှူး-၁ ခူးဦးရယ်က ဗွီအိုအေကို အခုလို အတည်ပြု ပြောကြားခဲ့ပါတယ်။

မြန်မာ့ နျူကလီးယား စီမံကိန်းများကို စစ်ဆေးရန် IAEA တောင်းဆို

စစ်အစိုးရ လျှို့ဝှက် တည်ဆောက်နေသော စက်ရုံများအနက် တခုရှိ စက်ပစ္စည်း ထိန်းချုပ်ခုံရှေ့တွင် တွေ့ရသော ဗိုလ်မှူး စိုင်းသိန်းဝင်း။ (ဓာတ်ပုံ - AP)
24 December 2010

နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) မှ ထိပ်တန်း နျူကလီယား ပညာရှင်ဟောင်း နှစ်ဦးအကြား မြန်မာစစ် အစိုးရရဲ့ နျူကလီယား ရည်မှန်းချက်များနဲ့ ပတ်သက်ပြီး အလွန်ရှုပ်ထွေး နက်နဲတဲ့ နည်းပညာ ပိုင်ဆိုင်ရာ အငြင်းပွားမှုတွေ မကြာသေးခင်က ထွက်ပေါ်လာပြီးနောက်ပိုင်း IAEA ဟာ အခုနောက်ဆုံး သံသယဖြစ်နေတဲ့ နျူကလီးယား စီမံကိန်းနေရာတွေကို စုံးစမ်းစစ်ဆေးဖို့ နည်းလမ်း ရှာဖွေနေပါတယ်။
အမေရိကန် အခြေစိုက် The Wall Street Journal သတင်းစာကြီးက IAEA ကို ကိုးကားပြီး “သံသယဖြစ်ဖွယ် နေရာများကို သွားရောက် စစ်ဆေးဖို့ ဘယ်လ်ဂျီယံ နိုင်ငံသား ဟာမန်း နက်ကက်စ် ဦးဆောင်တဲ့ IAEA ရဲ့ အဏုမြူ ကာကွယ်ရေး ဆိုင်ရာဌာနက မြန်မာအစိုးရထံ စာတစောင် ရေးသားပေးပို့ခဲ့ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

ဒီကေဘီအေ တပ်ကို နအဖ တပ်ရင်းသုံးရင်းဖြင့် တိုက်ခိုက်

အမေရိကန်ရဲ့ မြန်မာဆိုင်ရာ မူဝါဒ ပြန်သုံးသပ်သင့်

23 ဒီဇင်ဘာ 2010

အမေရိကန်အစိုးရက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ချမှတ် ကျင့်သုံးနေတဲ့ မူဝါဒကို မြန်မာနိုင်ငံမှာ လက်ရှိ ပြောင်းလဲနေတဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် အပြောင်းအလဲလုပ်ဖို့ သုံးသပ်သင့်ပြီလို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ အမေရိကန် အစိုးရရဲ့ လက်ရှိ မူဝါဒကနေ ထင်ရှားတဲ့ အောင်မြင်မှုတွေ မတွေ့ရသေးဘူးလို့လည်း သူက သုံးသပ်ပါတယ်။ ဗွီအိုအေ မြန်မာဌာနနဲ့ ကြာသပတေးနေ့က သီးခြား ဆက်သွယ်မေးမြန်းခန်း တခုအတွင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

“အခုအချိန်ထိတော့ ဒီဝါဒရဲ့ အောင်မြင်မှု အတိုင်းအတာက သိပ်ပြီး ထင်ထင်ရှားရှားတော့ မရှိပါဘူး။ ဒါပေမဲ့ အခုအချိန်မှာလည်း ပြန်ပြီးတော့ ဒါကို စိစစ်သင့်ပြီလို့ ကျမ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့

Friday, December 24, 2010

ကိုးရီးယား ကျွန်းဆွယ် စစ်ရေးတင်းမာမှုတွေကြားထဲက အမေရိကန် နဲ့ တောင်ကိုရီးယား ပူးတွဲစစ်လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ ရုပ်သံသတင်း။

ယခုပြုလုပ်သည့် စစ်ရေး လေ့ကျင့်မှုတွေမှာ အင်အား ၈၀၀ ပါဝင်ပြီး ရဟတ်ယာဉ်တွေ တင့်ကားတွေ နဲ့ တိုက်လေယာဉ်တွေ ပါဝင်ကြပြီး လက်နက် အစစ်တွေကိုအသုံးပြုပြီး ကြီးမားတဲ့ စစ်ရေး လေ့ကျင့်မှုကြီးဖြစ်သလို သမိုင်းမှာ အကြီးဆုံး စစ်ရေးလေ့ကျင့်မှုကြီးလည်း ဖြစ်ပါတယ်။
နတဲ့ စစ်ရေးလေ့ကျင့်မှုတွေမှာ အင်အား ၈၀၀ ပါဝင်ပြီး ရဟတ်ယာဉ်တွေ တင့်ကားတွေ နဲ့ တိုက်လေယာဉ်တွေ ပါဝင်ကြပြီး လက်နက် အစစ်တွေကိုသုံးပြီး ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုကြီးဖြစ်ပြီး သမိုင်းမှာ အကြီးဆုံး စစ်ရေးလေ့ကျင့်မှုကြီးလည်း ဖြစ်ပါတယ်။
Copy from _ tbsnewsi

အန်အယ်ဒီက ပြည်ထောင်စု စိတ်ဓာတ် ဟောပြော


ဒီဇင်ဘာလ ၂၃ ရက် ၂၀၁၀ ခုနှစ်။

ပြည်ထောင်စု စိတ်ဓာတ်မှာ အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ရန်ကုန် အန်အယ်ဒီရုံးချုပ်၌ လူငယ် ၁ဝဝ ကျော်ကို ယနေ့ ဟောပြောခဲ့သည်။

ပြည်ထောင်စု (ပင်လုံ) စိတ်ဓာတ်အကြောင်းကို အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ကောက်နုတ်ချက်များနှင့်အတူ အန်အယ်ဒီ ခေါင်းဆောင်နှစ်ဦးက ဟောပြောရာ သုံးနာရီ ကြာမြင့်ခဲ့သည်။

“ဒီနေ့အခါမှာ ပင်လုံစိတ်ဓာတ်က အရင်က အင်္ဂလိပ်ရဲ့အောက်မှ လွတ်လပ်ဖို့၊ ဒီနေ့က အာဏာရှင် စစ်ကျွန်ဘဝကနေ လွတ်လပ်ဖို့။ ညီညွတ်မှသာလျှင် ပြည်တွင်းစစ်တွေကို တားဆီးနိုင်မယ်။ ပြည်ထောင်စု စိတ်ဓာတ်မှာ ဟိုတုန်းက လွတ်လပ်ရေး ရအောင်ယူမယ်၊ ပြည်ထောင်စု ဖွဲ့မယ်ဆိုတဲ့ စိတ်ဓာတ်။ ဒီနေ့အခါမှာ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်မယ်ဆိုတာ ရှိတယ်ဆိုတော့ ဒုတိယပင်လုံစိတ်ဓာတ်ကို ရှင်းပြတာပေါ့။ ” ဟု ဦးဝင်းတင်က မဇ္ဈိမသို့ ပြာသည်။

ဇိုမီးအမျိုးသားကွန်ကရက် စစ်ကိုင်းတိုင်း ကလေးမြို့တွင် အောက်တိုဘာလ ၂၄ ရက်နေ့က အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒုတိယပင်လုံညီလာခံ ခေါ်ယူရေး အဆိုပြုခဲ့သည်။ နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် ၎င်းအဆိုကို အကောင်အထည်ဖော်ရန် ဒေါ်အောင်ဆန်းစုကြည်ကို လွှဲပြောင်းတာဝန်ပေးခဲ့သည်။

လုပ်ငန်းအကောင်အထည်ဖော်ရေးနှင့် စစ်အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ရေးတွင် ပင်လုံစိတ်ဓာတ် အရေးကြီးသဖြင့် လူငယ်များ သိရှိစေရန် ဟောပြောခဲ့ရာ၊ အန်အယ်ဒီ လူငယ်များသာမက နိုင်ငံရေးစိတ်ဝင်စားသူ ကျောင်းသားလူငယ်များပါ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

“ဘဘတို့ နှစ်ယောက်ရဲ့ Speech (မိန့်ခွန်း) ကို သေချာ ဂရုစိုက် နားထောင်ချင်လို့ လာတာပါ။ ကျနော်ကလည်း နိုင်ငံရေးအပိုင်းမှာ စိတ်အားထက်တန်တယ်လေ။ အဓိကတော့ ဖယ်ဒရယ် ပြည်ထောင်စု စိတ်ဓာတ် ဆိုတာပေါ့နော်။ ဖယ်ဒရယ်ဆိုတာက ပြည်ထောင်စု ခွဲထွက်ဖို့ မဟုတ်ဘူး။ တကယ့် ပြည်ထောင်စု စစ်စစ်ဆိုတဲ့ ဟာမျိုးတွေ ပြောတယ်” ဟု ဟောပြောပွဲတက်ရောက်သူ လူငယ်တဦးက ပြောသည်။

ဟောပြောပွဲ လာရောက်သူများက ရုံးချုပ်အနီး လက်ဖက်ရည်ဆိုင်ထိုင်စဉ် ရဲသတင်းတပ်ဖွဲ့ဝင်များက ဓာတ်ပုံရိုက်ယူသည်များ ရှိခဲ့သည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ရှမ်းပြည်နယ် ပင်လုံမြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကရင်၊ ကချင်၊ ချင်း စသည့် တိုင်းရင်းသားများ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့်အတူ ပြည်ထောင်စုထဲတွင် အတူတကွ နေထိုင်မည်ဟု ကတိကဝတ်ပြုသော စာချုပ်ကို ရေးထိုးခဲ့ရာက ပင်လုံစာချုပ်ဟု ခေါ်တွင်ခဲ့သည်။

သတင်းရင်းမြစ် _ ချင်းမိုင် (မဇ္စျိမ)
သတင်းဓါတ်ပုံ - ဒီမိုဝေယံ 

အပစ်ရပ် သျှမ်းပြည်တပ်မတော် SSA ပြန်လည် ဖွဲ့စည်းရန် တပ်မဟာ ၁ နယ်မြေ၌ စည်းဝေး

အပစ်ရပ် သျှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း (ဓါတ်ပုံ-S.H.A.N.)
23 December 2010

ပြည်သူ့စစ်အသွင်ပြောင်းရေး ငြင်းဆန်ထားသော အပစ်ရပ် သျှမ်းပြည်တပ်မတော် SSA တပ်မဟာ ၁ ဌာနချုပ်၌ မိခင် သျှမ်းပြည်တပ်မတော် နာမည်ဖြင့် ဆက်လက်ရပ်တည်နိုင်ရန်အတွက် ဗဟိုဦးဆောင် ကော်မတီပြန်လည်ဖွဲ့စည်းရေး အစည်းအဝေး ပြုလုပ်လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

“သျှမ်းပြည်တပ်မတော် နာမည်နဲ့ ဆက်လက်ရပ်တည်သွားဖို့ စက်တင်ဘာကတည်းက ဆုံးဖြတ်ထားတယ်။ တပ်ဖွဲ့ စည်းပုံတချို့လဲ အဲဒီကတည်းကပြင်ဆင်ထားတယ်။ အခုအစည်းဝေးက ဗဟိုဦးဆောင်ကော်မတီဖွဲ့စည်းပြီး တာဝန် ခွဲဝေဖို့ဖြစ်တယ်။ ၁၀ ရက်ကျော်လောက်ကြာပါပြီ။ အခုထက်ထိ အစည်းအဝေး ထိုင်နေကြတုန်းဘဲ” ဟု မိုင်းရှုးရောက် ၀မ့်ဟိုင်းဒေသခံ တစ်ဦးက ပြောပါသည်။

ဗိုလ်ချုပ်ပန်ဖှ ဦးဆောင်သော တပ်မဟာ ၁ အဖို့ သျှမ်းပြည်တပ်မတော်အနေဖြင့် ဆက်လက် ရပ်တည်သွားရေးကိစ္စ အတွက် တရားဝင် စ၀်လွယ်မောဝ်းနှင့်စ၀်ကိုင်ဖှတို့ထံ စာဖြင့်လည်းကောင်း၊ လူဖြင့်လည်းကောင်း သုံးသပ်ချက်/ အကြံပြုချက်များ တောင်းဆိုခဲ့ကြောင်း တပ်မဟာ ၁ အရာရှိတစ်ဦးက ဤကဲ့သို့ပြောပါသည်။

စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များ KNU ချမှတ်

ဒီဇင်ဘာလ ၂၂ရက်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် ၎င်းတို့၏ နှစ်ပတ်လည် အစည်းအဝေးတွင် ၂၀၁၀ ရွေးကောက်ပွဲအပြီးကာလ ဖြစ်ပေါ်လာနိုင်မည့် စစ်ရေး၊ နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ အခက်အခဲများကို ပြန်လည်သုံးသပ်ကာ ရှေ့လုပ်ငန်းစဉ်အဖြစ် ချမှတ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယမန်နေ့က ကြေညာချက်ထုတ်ကာ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၄ရက်မှ ၁၈ရက်နေ့အထိ ကရင်ပြည်နယ် လွတ်မြောက်နယ်မြေတနေရာ၌ ကျင်းပခဲ့သည့် ကေအဲန်ယူ၏ ၁၄ကြိမ် မြောက် ကွန်ဂရက်အပြီး တတိယအကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီ နှစ်ပတ်လည် အစည်းအဝေးတွင် ထိုအခြေအနေများ ကို ဆွေးနွေးသုံးသပ်ကာ ကြိုတင် ပြင်ဆင်သည့် အနေဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူ ဒုဥက္ကဌ ပဒိုစောဒေးဗစ်သက ဘောက ပြောသည်။

ရှေ့တန်းစစ်မျက်နှာအတွက် UWSA အထူးတပ်မဟာတခုတိုးချဲ့ဖွဲ့စည်း

တပ်မဟာ ၆၁၈ တပ်မဟာမှူး ပေါက်ဆမ်ရိုင်း
23 December 2010

စက်တင်ဘာ ၁ ရက် နောက်ဆုံးထား၍ လက်နက်ချ ရမည်ဟု နအဖ စစ်အုပ်စု ရာဇဒဏ် ပေးပြီး နောက်ပိုင်း ဝ ပြည် သွေးစည်းညီညွှတ် ရေး တပ်မတော်တွင် အရေးကြီး ရှေ့တန်း စစ်မျက်နှာအတွက် အထူး တိုက်ခိုက်ရေး တပ်မဟာတခု တိုးချဲ့ဖွဲ့စည်း ထားခဲ့ကြောင်း စုံစမ်း သိရှိရပါသည်။

“ အရင်တုန်းက ကျနော်တို့ မြောက်ပိုင်း ဝ နယ်မှာ တပ်မဟာ ၃ ခု ရှိတယ်။ စစ်ရေး တင်းမာမှုတွေ ဖြစ်ပြီးနောက် ပိုင်းအရေးကြီးတဲ့ နယ်ခြားမျဉ်း တလျှောက် အထူး တိုက်ခိုက်ရေး အတွက် တပ်မဟာသစ် တခု ထပ်မံတိုးချဲ့ဖွဲ့စည်း ထား ရတာဖြစ်တယ်” - ဟု ယခု ရက်ပိုင်း မိုင်းမော UWSP ပါတီ ညီလာခံ တက်ရောက်သူ ဝ တပ်မှူးတဦး ကပြောပါ သည်။

Thursday, December 23, 2010

AIDS Day at Rangoon


Copy from _ irrawaddynews

UWSA “၀”ပါတီ လာမဲ့အစိုးရနဲ့ ဆွေးနွေးလို

UWSA “၀”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် အနှစ် ၂၀ ပြည့် စစ်ရေးပြအခမ်းအနား
စစ်အစိုးရ၇ဲ့ နယ်ခြားစောင့် တပ်ဖွဲ့ရေးကို လက်မခံတဲ့ ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ရဲ့ နိုင်ငံရေး ပါတီ ဖြစ်တဲ့ UWSP ၀ပြည် သွေးစည်းညီညွတ်ရေး ပါတီက ၅ ကြိမ်မြောက် ခရိုင်ပါတီကွန်ကရက်ကို ရှမ်းပြည် မိုင်းမောခရိုင်မှာ ပြုလုပ်နေပါတယ်။

ဒီကွန်ဂရက်ကို ဒီဇင်ဘာလ ၂၀ရက်နေ့က စခဲ့ပြီး ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး ကိုယ်စားလှယ် ၂၅၀၀ တက်ရောက်နေကြပါတယ်။ ဆွေးနွေးပွဲ ပထမနေ့မှာပဲ ပါတီ ဥက္ကဌ လျှောက်ညီလှိုင်က နောက်တက်မယ့် အစိုးရသစ်နဲ့ ထပ်ဆွေးနွေးဖို့ ဆန္ဒရှိတဲ့အကြောင်း သူတို့အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအပေါ် အခြေခံတဲ့ ဆွေးနွေးပွဲသာ လုပ်ချင်တဲ့ ဆန္ဒရှိတယ်ကို ထုတ်ဖေါ် ပြောကြားသွားတယ်လို့ ရှမ်းသံတော်ဆင့် သတင်းစဉ် အယ်ဒီတာ ဦးခွန်ဆိုင်းက ဘီဘီစီကိုပြောပါတယ်။

ဒီလိုဆွေးနွေးဖို့ ၀ပြည်သွေးစည်းညီညွတ်ရေး ပါတီအနေနဲ့ ရွေးကောက်ပွဲ မတိုင်ခင်ကလည်း နအဖ စစ်အစိုးရကို တင်ပြထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နအဖ က UWSA ကို ပြည်သူ့စစ် ဒါမှမဟုတ် နယ်ခြားစောင့် တပ်အသွင်ကိုသာ ပြောင်းရမယ်လို့ ပြောနေတဲ့အတွက် UWSP နဲပ နအဖ တို့ကြား တင်းမာမှုတွေ ရှိလာခဲ့ရပါတယ်။ ဒီညီလာခံ အပြီးမှာတော့ UWSP အနေနဲ့ သူတို့နဲ့ မြန်မာစ စ်စိုးရတို့ရဲ့ ဆက်ဆံရေး သဘောထားကို ကြေညာချက်တရပ် ထုတ်ပြန် ပြောဆိုလိမ့်မယ်လို့ ယူဆရပါတယ်။

သတင်းရင်းမြစ် _ ဘီဘီစီ

မာနယ်ပလောတွင် KNU နှင့် စစ်အစိုးရ တိုက်ပွဲဖြစ်

22 December 2010 18:17 .

စစ်အစိုးရတပ်နှင့် ကရင်အမျိုးသား အစည်းအရုံ (KNU )တပ်ဖွဲ့ဝင်များ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အတွင်းရှိ မာနယ်ပလော ဒေသတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိကြောင်း KNU တာဝန်ရှိသူများက ပြောသည်။

မာနယ်ပလောဒေသတွင် ယနေ့ နံနက် ၇ နာရီခန့်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း ၂၀၂ တပ်ဖွဲ့ဝင်များနှင့် နအဖ ခြေမြန်တပ်ရင်း(ခမရ) ၆၁ တပ်ဖွဲ့ဝင်များသည် ပြောက်ကျား တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ကြောင်း KNU ဘားအံ ခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေး က ဧရာဝတီသို့ ပြောသည်။

ယင်း တိုက်ပွဲတွင် ဒဏ်ရာရ ကျဆုံးမှု ရှိကြောင်းလည်း သိရသည်။

မာနယ်ပလော ဒေသတွင် KNLA တပ်မဟာ ၅ နှင့် တပ်မဟာ ၇ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လှုပ်ရှားနေ သကဲ့သို့ နအဖ ၏ ခြေ မြန် တပ်ရင်း(ခမရ) ၃၃၈ မှ တပ်ဖွဲ့ဝင်များနှင့် ကြယ်ပြောင်ကုန်း အခြေစိုက် နအဖ စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့ အမှတ် (၉၁၃) တပ်ဖွဲ့ဝင်များ လှုပ်ရှားနေကြောင်း သိရသည်။

KNU ၏ ဌာနချုပ်ဖြစ်သည့် မာနယ်ပလောကို ၁၉၉၄ ခုနှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် ခွဲထွက် DKBA နှင့် နအဖ ပူးပေါင်း တပ်များ၏ တိုက်ခိုက်ခြင်းခံရပြီး ၁၉၉၅ ခုနှစ် ဖေဖေါ်ဝါရီလတွင် နအဖ လက်အောက်သို့ ကျရောက်ခဲ့သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ကလည်း ကရင်ပြည်နယ် မြ၀တီတောင်ဘက်ရှိ ဖလူးကျေးရွာ ဒေသတ၀ိုက်တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) နှင့် နအဖ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ် ရင်း (ခမရ) ၅၄၇ တပ်များ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲတွင် နအဖ ဘက်မှ ၇ ဦး ကျဆုံး၍ ၁၃ ဦးခန့် ဒဏ်ရာရရှိပြီး DKBA က ၁ ဦးကျဆုံး၍ တပ်မှူး ၁ ဦး အပါအ၀င် ၅ ဦး ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပနေစဉ် မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့ နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ်နီးပါး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

တိုက်ပွဲများသည် ကရင်ပြည်နယ် မြ၀တီနှင့် ကော့ကရိတ်မြို့နယ်ရှိ ဝေါ်လေ၊ ဖလူး၊ မင်းလက်ပံ၊ မေတ္တာလင်းမြိုင် စသည့် ကျေးရွာ ဒေသများ ကဲ့သို့ ယခုအခါ မာနယ်ပလော ဒေသများတွင်လည်း ဖြစ်ပွားနေခြင်း ဖြစ်သည်။

သတင်းရင်းမြစ် _ ဧရာဝတီ

Wednesday, December 22, 2010

တိုင်းရင်းသားဒေသများတွင် နအဖမှ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းအပေါ် ကန့် ကွက်ကြောင်း။

Wednesday, December 22, 2010


တိုင်းရင်းသားဒေသများတွင် နအဖမှ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းအပေါ် ကန့် ကွက်ကြောင်း ဗမာနိုင်ငံဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများတပ်ပေါင်းစုမှ ကြေညာလိုက်သည်နှင့်အတူ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းရှိ မြို့ နယ်ပေါင်း (၂၀) ကျော်တွင် အောက်ဖေါ်ပြပါ စာရွက်များအား ဖြန့် ဝေခဲ့ကြပါသည်။

Copy from _ niknayman

ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ(တိုကျို)


၂၀၁၀ ခုနှစ် ဒီဇင်ဘာလ(၂၁)ရက်။

နအဖ စစ်အုပ်စု၏ တရားဥပဒေမဲ့ လုပ်ဆောင်နေမှုများကို ဆန့်ကျင်လှုပ်ရှားသည့် ဆန္ဒပြပွဲနှင့် မတရား ဖမ်းဆီးခံနေရသော ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ၊ ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များ နှင့်နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး အတွက် ဆန္ဒပြ တောင်းဆိုသည့် အခမ်းအနားကို တိုကျိုမြို့  ရှီနာဂါဝါအရပ်ရှိ စစ်အခွန်ရုံး(မြန်မာသံရုံး)ရှေ့ ၌ ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ ဒီဇင်ဘာလ(၂၁)ရက်နေ့  နေလည် ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ကိုမင်းကိုနိုင် အပါအ၀င် ကျောင်းသား ခေါင်းဆောင်များ ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် ဒုတိယအကြိမ်မြောက် မတရား အဖမ်းဆီးခံကြရသည့် လစဉ် ၂၁ ရက်နေ့ ကျရောက်တိုင်း အမြန်ဆုံး လွတ်မြောက်စေရန် အတွက် ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ ဆန္ဒပြ တောင်းဆိုမှုတွေ ပြုလုပ် လာခဲ့တာဖြစ်ပါသည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ရဲ့ အရေးကြီးတဲ့ ပထမ အဆင့် အနေနဲ့ နိုင်ငံရေး အကျဉ်းသား(၂၀၀၀)ကျော်အား ချွင်းချက်မရှိ ပြန်လွှတ် ပေးရန်အတွက် တောင်းဆိုသည့် ဆန္ဒပြ လှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်သွားကြမည် ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Min Nyo Wan

ဖားကန့် ကျောက်စိမ်းမော်ထဲ KIO မှ တဖန် အခွန်ကောက်ခံနေ

ဖါးကန့်ကျောက်စိမ်းမော်၊ ကချင်ပြည်နယ်။ ဓါတ်ပုံ - ကချင်သတင်းဌာန
ဒီဇင်ဘာလ 21 ရက် 2010 ခုနှစ်။

ကချင်သတင်းဌာန သတင်း - ကချင်သတင်းဌာန .မြန်မာ စစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှစ်ဖက်ကြား ငြိမ်းချမ်းရေး ပျက်ပယ် သွားပြီးနောက် KIO မှ ဖါးကန့် ကျောက်စိမ်း မော်ထဲတွင် အခွန်ကောက်ခံမှု ၁၆ နှစ်ကြာ ရပ်တန့်ထားရာ ဒီဇင်ဘာလလဆန်းမှ ပြန်လည် ကောက်ခံနေပြီ ဖြစ်ကြောင်း KIO အရာရှိ တစ်ဦးက ပြောသည်။

KIO ထိန်းချုပ်နယ်မြေများဖြစ်သည့် ဖားကန့်မြို့နယ် ဂင်ဆီ ဆိုင်းရာ (Gin Si Seng Ra) ကျေးရွာစသည့် ကျောက်စိမ်းမော်များနှင့် အခြား စစ်အစိုးရ ထိန်းချုပ်နယ်မြေတစ်ချို့မှာလည်း ကောက်ခံနေပြီ ဖြစ်ကြောင်း အမည်မဖော်လိုသူ အထက်က KIO အရာရှိမှ ပြောသည်။

ယခု အခွန်ကောက်ခံခြင်းကို ရွှေမော်၊ ကျောက်စိမ်း ကုမ္ပဏီ လုပ်ငန်းတွေအား လုပ်ပိုင်ခွင့် သတ်မှတ် ပေးထား သည့်ပေါ် မူတည်ကာ ကောက်ခံသွားရန် ရှိကြောင်း ကိုလည်း KIO အရာရှိမှ ပြောသည်။

“အခု KIO က တရားဝင် မြို့အဝင်အထွက် သွားလာဖို့ ခက်ခဲလာပြီဆိုတော့ သူတို့လက်အောက်မှာရှိတဲ့ သူတို့မြင်နေရတဲ့ ကုမ္ပဏီတွေကို အခွန်ကောက်ခံလာတာ ဖြစ်တယ်” ဟု ဖားကန့် ဒေသခံတစ်ဦး သုံးသပ် ပြောဆိုသည်။

၁၉၉၄ အရှေ့ပိုင်း၌ KIO သည် ဖားကန့်မြို့နယ် တစ်ခုလုံး၌ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများတွင် အခွန် ကောက်ခံခဲ့ပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူပြီး နောက်ပိုင်း အခွန်ကောက်ခံမှုကို ရပ်တန့်ခဲ့သည်။ ယခု တဖန် ငြိမ်းချမ်းရေးပျက်ပယ်ပြီးနောက် ပြန်လည် ကောက်ခံဖို့ရန် နိုဝင်ဘာလ ကုန်ပိုင်းတွင် ကုမ္ပဏီကြီးများ အား အခွန်ကောက်ခံ ငွေပေးဆောင်ရန် အကြောင်းကြားစာ ပေးပို့လာခဲ့သည်။

ယခုလို အခွန်ကောက်ခံလာရခြင်းကို KIO အရာရှိတစ်ခုမှ “ငြိမ်းချမ်းရေးယူတဲ့အချိန်တုံးကတော့ ငြိမ်းချမ်းရေးကတိတိုင်း သူတို့ထိန်းချုပ်တဲ့နယ်မြေမှာ အခွန်တွေ မကောက်ဖို့ ပိတ်ပင်ထားတာတွေ အများအပြားရှိတယ်။ ခုတော့ငြိမ်းချမ်းရေးကလည်းမဟုတ်တော့တဲ့အတွက် ကျွန်တော်တို့လုပ်ဆောင်မှုနဲ့ ပါတ်သက်ပြီး ကောက်ရတဲ့အပိုင်းဖြစ်တယ်။” ဟု ပြောသည်။

စစ်အစိုးရမှ KIO အား သောင်းကျန်းသူဟု တရားဝင်ပြောဆိုလိုက်ပြီးနောက် KIO စီးပွားရေးကို ပိတ်ဆို့လိုက်ကာ KIO ဆက်ဆံရေးရုံးတွေကိုလည်း ပိတ်ပင်လိုက်ရသည်။ KIO အား စီးပွားရေး ပိတ်ပင် နေသည့်ကြားမှ အခွန်စကောက်လာသည်မှာ အခွန်မထည့်သူများအတွက် တစ်စုံတစ်ရာ အပြစ်ပေးခံ ရနိုင်သည်ဟု ဒေသခံများ ပြောသည်။

သတင်းရင်းမြစ် - ကချင်သတင်းဌာန

ကိုနေဇော်နိုင်ရဲ့ ကျွန်တော် ဆွဲ့မိသော တံခါးများ။

နအဖ တရားမျှတမှုမရှိတဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ပြည်သူတွေကို မတရားပြုလုပ်ပုံ ပြည်သူတွေရဲ့ ရင်ဖွင့်သံကို ဖော်ပြထားပါတယ်......

ဗီဒီယို ရုပ်သံ - ဒီဗီဘီ

မြန်မာဒကာ/မ များနှင့် စေတနာရှင်များအား ဖိတ်ကြားအပ်ပါသည်

အမြင့် ၁၆၄ စင်တီမီတာရှိ ၁၉ရာစုနှစ်၊မန္တလေးခေတ်ရှေးဟောင်း မြန်မာ့ဗုဒ္မရုပ်ပွါးတော် မတ်ရပ် ဆင်းတုတော်ကြီးအား ဂျပန်လူမျိုး ဘုရားဒါယကာမှ မြန်မာများထံ ပြန်လည်အပ်နှံ လှူဒါန်းခဲ့သည့်

ရုပ်ပွါးဆင်းတုတော်ကြီးအား ဦးထိပ်ထား၍ ဘုရားအနေကဇာတင်ခြင်း မင်္ဂလာကို အောက်ပါ အစီအစဉ်အတိုင်း ပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်ဝေး/ရပ်နီး အသီးသီးမှ မြန်မာဒကာ/မများ၏ အိမ်တွင် ပူဇော် ကိုးကွယ်လျက်ရှိသော ဗုဒ္မရုပ်ပွါး ဆင်းတုတော်များအား နှစ်သစ်မင်္ဂလာအဖြစ် အတူတကွ ဘုရားအနေကဇာတင် မင်္ဂလာ ပြုလုပ်နိုင်ရန်

သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ ချုပ်၊ ဂျပန်ဌာနခွဲ(IBMO.JP)သို့  ၃၁-၁၂-၂၀၁၀ နေ့ အရောက် ပင့်ဆောင်ပေးကြပါရန် နိုးဆော် တိုက်တွန်းအပ်ပါသည်။

ထို့ အပြင် မြန်မာနိုင်ငံ ၊ရန်ကုန်မြို့ ၊ နာရေး ကူညီမှုအသင်း ၊ မြောက်ဒဂုံရှိ သုခဆေးကုခန်း မျက်စိ ခွဲစိပ်ခန်းအတွက် လိုအပ်သော ပစ္စည်းများ ၀ယ်ယူနိုင်ရန် စက္ခုဒါန- မြန်မာများ အလင်းရနိုင်ရန် မျက်စိအလင်း အလှူကိုလည်း တပါတည်း လှူဒါန်းနိုင်ကြပါရန် မေတ္တာရပ် အသိပေးအပ်ပါသည်။

 အစီအစဉ်
နေ့ ရက်။ ။ ၁-၁-၂၀၁၁ (စနေနေ့ -နှစ်သစ်ကူးနေ့ )
အချိန် ။ ။၆း၀၀ (ဘုရားအနေကဇာတင်)
။၆း၃၀ (သံဃာတော်များအရုဏ်ဆွမ်းကပ်)
နေရာ။ ။ T 170-0002,Toshima-ku,Sugamo-1-24-8(401)Birakyo။(အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ ချုပ်၊ဂျပန်ဌာနခွဲ-IBMO-JP)
ဆက်သွယ်ရန်။၀၃-၆၃၁၀-၇၁၄၃ ၊၀၉၀-၈၅၁၈-၉၁၃၈ ။
Email:ibmo.jp@gmail.com ,
iso.jpb@gmail.com

ဦးဓမ္မဇောတိ(တာဝန်ခံဆရာတော်)
အပြည်ပြည်ဆိုင်ရာသာသနာ့ဥသျှောင်မြန်မာရဟန်းတော်များအဖွဲ့ချုပ်၊
ဂျပန်ဌာနခွဲ၊တိုကျို ၊ဂျပန် ။

အမျိုးသမီး သံအမတ် များပြားတဲ့ ဩစေၾတးလ်

ရန္ကုန္မွာ ရိွတ့ဲ ဩစေၾတးလ် သံအမတ် အပြောင်းအလဲ ရှိပါတယ်။


လက်ရှိ သံအမတ် Michelle Chan က ရန်ကုန်မှာ ရက်ပိုင်းပဲ ရုံးထိုင်ရတော့မှာပါ။ ဒီဇင်ဘာ လကုန်အထိပါ။
သူ့အကြောင်း http://www.dfat.gov.au/homs/mn.html မှာ ကြည့်ပါ။

သူ့နေရာဝင်မယ့် Bronte Moules ရဲ့ ပုံ။

ရန်ကုန်သွားမယ့် ဒီ သံအမတ်အသစ်က ဘန်ကောက်မှာ တာဝန်ကျပါတယ်။
(Deputy Head of Mission to Thailand - ဒုသံအမတ်)

သြစီ နိုင်ငံခြားရေးဌာန ၀က်ဆိုက် http://www.dfat.gov.au/homs/dep_th.html မှာ ဖော်ပြထားချက် အရ သူ့ရဲ့ သံတမန် သက်တမ်းက အနှစ် ၂၀ ရှိပါပြီ။ အိမ်ထောင်ရှိကြောင်း ဖော်ပြထားတာ မတွေ့ရပါဘူး။

http://www.dfat.gov.au/homs/index.html#t မှာ သြစီ သံအရာရှိတွေကို တွေ့နိုင်ပါတယ်။
ဩစတြေးလျဟာ အမျိုးသမီး သံတမန် အရေအတွက် တော်တော်လေး များပြားတဲ့နိုင်ငံဖြစ်တယ် ဆိုတာကို အဲဒီစာမျက်နှာက ပြပါတယ်။ ၁၁၁ ဦးမှာ အမျိုးသမီး ၂၆ ဦး ပါဝင်တယ်။

မြန်မာပြည်ကတော့ အမျိုးသမီး သံအမတ် ဆိုတာ ဒေါ်ခင်ကြည် တယောက်ပဲ ရှိဖူးမယ် ထင်ပါတယ်။
အမျိုးသမီးတွေကို တဆင့် နိမ့်ထားရမယ် ဆိုတဲ့ ရည်ရွယ်ချက် တခုတည်း အတွက်ကြောင့်တော့ ဟုတ်ဟန် မတူပါဘူး။ ညွှန်ချုပ်၊ သံအမတ်၊ ၀န်ကြီး ဆိုတဲ့ တာဝန်တွေဟာ စစ်အရာရှိတွေအတွက်ပဲ ဖြစ်ရမယ် မဟုတ်လား။
ဘန်ကောက်မှာ အလှူလုပ်နေတဲ့ ထိုင်းနိုင်ငံဆိုင်ရာ ဒုတိယ သံအမတ် Bronte Moules

ဒီနှစ်ထဲမှာပဲ သြစတေးလျက သူ့ဝန်ကြီးချုပ်အဖြစ် အမျိုးသမီးတဦးကို ခန့်လိုက်ပါတယ်၊ အမျိုးသမီးတွေ ခေါင်းဆောင်ပိုင်းနေရာ ပိုပိုပြီး ရောက်လာနေတဲ့ နိုင်ငံပေါ့။

Copy from _ irrawaddyblog.com

Tuesday, December 21, 2010

ရှမ်း အမျိုးသမီးငယ် တဦးကို ‘စဝ်သုစန္ဒီ’ဆု ချီးမြှင့်

စဝ်သုစန္ဒီ (photo :: http://wikimyanmar.co.cc)
ဒီဇင်ဘာလ ၂၀ ရက် ၂၀၁၀ ခုနှစ်။

လူ့အခွင့်အရေး လှုပ်ရှားသူ ရှမ်း အမျိုးသမီးလူငယ် တဦးကို ၂ဝ၁ဝ အတွက် ‘စဝ်သုစန္ဒီ’ ခေါင်းဆောင်မှု ဆုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မနေ့က ချီးမြှင့်ခဲ့ကြသည်။

အသက် ၂၇နှစ် အရွယ် နန်းမွမ်းကိန် (Nang Moan Kaein) သည် ၂၀၀၂ ကတည်းက ရှမ်းအမျိုးသမီးများ လှုပ်ရှားမှု ကွန်ယက် အဖွဲ့ဝင် ဖြစ်လာခဲ့ပြီး ယခု ထိုင်းနိုင်ငံနှင့် ရှမ်းပြည်နယ် နယ်စပ်တလျှောက်တွင် ပညာရေးလုပ်ငန်းများ ဦးစီးဆောင်ရွက်နေသည်။

ရှမ်းအမျိုးသမီးများ လှုပ်ရှားမှု ကွန်ယက်နှင့် ရှမ်းလူ့အခွင့်အရေး ဖောင်ဒေးရှင်းသည် မြန်မာစစ်တပ်မှ ၂ဝဝ၂ အတွင်း ရှမ်းအမျိုးသမီးများကို အဓမ္မပြုကျင့်မှုများအား မှတ်တမ်းတင်ထားသည့် ‘မုဒိမ်းကျင့်ခွင့် လိုင်စင်’ စာအုပ်ကို ပူးတွဲထုတ်ဝေခဲ့သည့် အဖွဲ့များ ဖြစ်သည်။

နန်းမွမ်းကိန်က “ဆုကို မတည်ပေးတဲ့ Burma Lifeline အဖွဲ့ကို ကျေးဇူးအထူးတင်ပါတယ်။ ကျမတို့ရဲ့ အလုပ်တွေကို ဂုဏ်ပြုလိုက်တာလို့ ခံစားရပါတယ်။ ပြီးတော့ ရှမ်းအမျိုးသမီးများ လှုပ်ရှားမှု ကွန်ယက်အဖွဲ့ရဲ့ အကူအညီတွေ မရှိရင်လဲ ခုလို ဖြစ်လာမှာ မဟုတ်လို့ ကွန်ယက် ကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ ဒီဆုကို ရှမ်း လူ့အဖွဲ့အစည်း ပိုမို တိုးတက်လာစေမယ့် နေရာတွေမှာ အသုံးချသွားပါမယ်” ဟု ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

စဝ်သုစန္ဒီ ခေါင်းဆောင်မှု ဆုကို စတင်တည်ထောင်သူ သြစတြီးယား အမျိုးသမီး Inge Sergent ခေါ် စဝ်သုစန္ဒီ မှာ နောက်ဆုံး သီပေါစော်ဘွား စဝ်ကြာဆိုင်၏ မဟာဒေဝီ ဖြစ်သည်။

စဝ်သုစန္ဒီ ခေါင်းဆောင်မှုဆုကို ရှမ်းပြည်နယ်တွင် ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးနှင့် ရပ်ရွာအကျိုး ဦးစီးဆောင်ရွက်နေကြသော လူငယ်များအတွက် ၂ဝဝ၈ က စတင်ပေးအပ်ခဲ့သည်။ Burma Lifeline လူမှုရေးအဖွဲ့က ထိုဆုကို နှစ်စဉ် ပေးအပ်ခဲ့ပြီး ဆုငွေမှာ အမေရိကန် ဒေါ်လာ သုံးထောင် ဖြစ်သည်။

စဝ်ကြာဆိုင်သည် အမေရိကန်နိုင်ငံ ကော်လိုရာဒိုတွင် ပညာဆည်းပူးနေရင်း Inge Sargent နှင့် ဖူးစာဆုံကာ ရှမ်းပြည်နယ်တွင် လက်ထပ် ထိမ်းမြားခဲ့ကြသည်။ သူတို့ ဇနီးမောင်နှံသည် သီပေါနယ်သူ နယ်သားများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများတွင် ဘဝကိုမြှုပ်နှံကာ အကူအညီပေးခဲ့သဖြင့် လူသိများကာ ဒေသခံများက ချစ်ခင်လေးစားကြသည်။

သို့သော် ၁၉၆၂ ဗိုလ်ချုပ်ကြီး နေဝင်း စစ်အာဏာသိမ်းချိန်တွင် စဝ်ကြာဆိုင်တို့ လုပ်ငန်းများ ပျက်ပြား ခဲ့ရသည့်အပြင် စဝ်ကြာဆိုင်လည်း တောင်ကြီးမြို့တွင် မြန်မာစစ်တပ် ဖမ်းဆီးခံရကာ သဲလွန်စ ရှာမရပဲ ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားခဲ့သည်။ စဝ်သုစန္ဒီ အကျယ်ချုပ်ချခံရပြီး နောက်ပိုင်း ကလေး နှစ်ယောက်နှင့်အတူ မြန်မာပြည်မှ ထွက်ခွာခဲ့ရသည်။

စဝ်သုစန္ဒီသည် သူ့ဘဝအကြောင်းကို “မြန်မာ့ဆည်းဆာ” (Twilight Over Burma: My Life as a Shan Princess) ဟု နာမည်ကျော် မှတ်တမ်းတင် စာအုပ် ရေးသားခဲ့သည်။ထိုစာအုပ်ကြောင့် သီပေါသို့ ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်စား လာရောက်ခဲ့ကြသည်။

ထို့ပြင် “နောက်ဆုံး မဟာဒေဝီ” အမည်ရ ၈၆ မိနစ်ကြာ မှတ်တမ်း ရုပ်ရှင်ကားကိုလည်း ဒါရိုက်တာ Karin Kaper နှင့် Dirk Szuszies တို့ ပူးတွဲ ရိုက်ကူးကာ ‘Joachim Puls and Bilderwerk Munchen’ ထုတ်လုပ်ရေးမှ အင်္ဂလိပ်၊ ဂျာမန် နှစ်ဘာသာဖြင့် ရိုက်ကူးခဲ့သည်။

ထိုရုပ်ရှင်တွင် စဝ်သုစန္ဒီဘဝကို သူမွေးဖွား ကြီးပြင်းခဲ့သည့် သြစတြီးယားနိုင်ငံ ငယ်စဉ်ဘဝမှ စကာ ကော်လိုရာဒိုတွင် စဝ်ကြာဆိုင်နှင့် ဆုံစည်းပုံ၊ ထို့နောက် ရှမ်းပြည်နယ်သို့လိုက်လာ၍ မြန်မာနိုင်ငံတွင် ၁၂နှစ်ခန့် နေထိုင်ခဲ့ပုံနှင့် နောက်ဆုံး ကော်လိုရာဒိုသို့ ပြန်သွားကာ Burma Lifeline အဖွဲ့ကို တည်ထောင် ခဲ့ပုံတို့ကို ရိုက်ကူး တင်ဆက်ထားသည်။

စဝ်သုစန္ဒီ တည်ထောင်ခဲ့သည့် Burma Lifeline အဖွဲ့ကို မြန်မာ့အရေးကို ကမ္ဘာမှ ပိုမို အာရုံ စိုက်လာစေရန်နှင့် မြန်မာ့ အိမ်နီးချင်းနိုင်ငံများတွင် ဒုက္ခရောက်နေကြသည့် ဒုက္ခသည်များ ကူညီရေးအတွက် ရန်ပုံငွေမြှင့်တင်ရန် ရည်ရွယ်၍ တည်ထောင်ထားသည်။

သတင်းရင်းမြစ်_ချင်းမိုင် (မဇ္ဈိမ)

Monday, December 20, 2010

ဒေါ်အောင်ဆန်းစုကြည် ရုပ်သံ တွင် ကြော်ငြာ ထည့်ချင် သူများပြား

The Lady ဇာတ်ကား တွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင် သည် မစ်ချယ်ယိုး ဓာတ်ပုံ - Guardian

သီရိထက် ၊ ၊အင်တာနက် ဗီဒီယို ဆိုတ် တစ်ခု ဖြစ်သည့် ယူတု တွင် တင်ထား သော ဗီဒီယို များ အနက်လေဒီဂါဂါ ၊ ရီဟာနာ ၊ ဂျပ်စတင် ဘီဘာတို့ ကဲ့သို့ ပင် ဒေါ်အောင်ဆန်းစုကြည် ဗီဒီယိုများ တွင်လည်း ကြောငြာ ထည့်ချင် သူများပြား ကြောင်း အမေရိကန် နိုင်ငံ တွင် အခြေစိုက်သည့် ယူတု ရုပ်သံ မှ ကြော်ငြာဌာန တာဝန်ခံ ဒေးဗစ် လီမွန် က Freedom News Group သို့ ပြောသည်။

အမေရိကန် စီပွားရေး လုပ်ငန်းများ အနက် မော်တော်ကားကြော်ငြာ များ နှင့် ကွန်ပျူတာကြော်ငြာများ သည် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက် လာပြီးနောက် ထုတ်လွင့် တင်ဆက်ထားသည့် ဗီဒီယို ဖိုင်များ တွင် ကြော်ငြာထည့် ချင် ကြသည် ဟု သိရသည်။

Ford မော်တော်ကားကုမ္ပဏီ သည် ဒေါ်အောင်ဆန်းစုကြည်၏ ဗီဒီယို ဖိုင် အချို့ တွင် ၂၀၁၁ ခုနှစ် မတ်လ မှ စ၍ ကြော်ငြာထည့်ရန် စာချုပ် ချုပ်ဆိုခဲ့ပြီး Dell ကွန်ပျူတာ က မူ ဒေါ်အောင်ဆန်းစုကြည် ၏ တွေ့ဆုံ ပြောကြား သည့် ကဏ္ဍများ တွင် အင်တာဗျူး ထည့်ရန် စာချုပ်ချုပ်ခဲ့သည် ဟု သိရသည်။

ယူတု တွင် ကြော်ငြာ နိုင်ရန် အတွက် ကြီးမားသော စီးပွားရေး လုပ်ငန်း များ က သာရွေးချယ်ကြီပြီး မက်ဒေါနယ် ဟမ်ဘာဂါသည် ၂၀၀၉ ခုနှစ် က နာမည်ကြီး ဂီတ ဗီဒီယို အားလုံး ဉ် သီတင်း တစ်ပတ် ကြော်ငြာထည့် ခဲ့ရာ ဒေါ်လာ ရှစ်သောင်း ကျော်ကုန်ကျ ခဲ့သည် ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ ဘ၀ အထ္ထုပတ္တကို ပြင်သစ် ဒါရိုက်တာ လခ် ဘွန်ဆွန် က မင်းသမီး မစ်ရှယ်(လ)ယိုး နှင့် ရိုက်ခဲ့သည့် အချက် နှင့် ပြန်လည် လွတ်မြောက် လာသည်တွင် နိုင်ငံတကာဉ် ထင်ပေါ်ကျော်ကြားသူ တစ်ဦး ဖြစ်သည့် အချက်များ ကြောင့် လည်း ဒေါ်အောင်ဆန်းစုကြည်၏ ဗီဒီယို များအား စီးပွားရေး လုပ်ငန်း ရှင် များ က စိတ်ဝင်စားကြခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် တွင် ဗီဒီယို များ တွင် ကြော်ငြာထည့် ပါက ရနိုင်မည့် စီးပွားရေး အကျိုးအမြတ် များ အား ယူတု ကောင်ဆလ်တ် ဌာန တွင် လာရောက်မေး သူ ကော်ပိုရေးရှင်းပေါင်း နှစ်ဆယ်ထက် မနည်းရှိပြီ ဟု သိရသည်။

Copy from _ freedomnewsgroup
Photo by _ Guardian