Monday, November 29, 2010

ကရင်တပ်ဖွဲ့နှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် နအဖ ၃၀ဦးကျဆုံး

(ဝေါ်လေဒေသတွင် စစ်ရေးပြင်ဆင်နေသည့် ကလို့ထူးဘောဗျူဟာ တပ်ဖွဲ့ဝင်များ)
29 November 2010

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ဘက်ပိုင်းတွင် ကရင်တပ်ဖွဲ့မှ နအဖနှင့် နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်တို့ကို ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်မှ (၃၀)ဦး ကျဆုံးခဲ့ပြီး လက်နက် (၃၀)လက် ကရင်တပ်ဖွဲ့မှ သိမ်းဆည်း ရမိသည်ဟု သိရ သည်။

ယမန်နေ့ နေ့လည်ပိုင်းတွင် ကော့ကရိတ် အခြေစိုက် နအဖ စကခ(၁၂) လက်အောက်ခံ ခလရ(၂၃၁)တပ်ရင်းနှင့် BGF(၁၀၁၆)တပ်ရင်းတို့ ပူးပေါင်းတပ်ဖွဲ့အား တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(ဒီကေဘီအေ) ကလိုထူး ဘောဗျူဟာ(၁)နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ရင်း(၁၈)တို့ ပူးပေါင်း၍ ခုဒုံနှင့် အောင်လိုင်ကျေးရွာ ကြားတနေရာတွင် ချုံခို တိုက်ခိုက်ခဲ့သည်ဟု ဒီကေဘီအေ ကလိုထူးဘောဗျူဟာ(၁) စစ်ဆင်ရေးမှူး G2 ဗိုလ်မှူးစောဆန်းအောင်က ယခုလို ပြောသည်။

၎င်းက “မနေ့က နေ့လည် ၁၂း၀၀နာရီအချိန်မှာ ခုဒုံနဲ့ အောင်လိုင်ကြားက တောင်ကြားတနေရာမှာ တက်လာတဲ့ နအဖနဲ့ BGF စစ်ကြောင်းကို ကျနော်တို့ တပ်ဖွဲ့က အပိုင်နေရာ ယူထားပြီးတော့ စောင့်ပစ်တယ်။ အဲဒီမှာ နအဖနဲ့ BGF တွေရဲ့ အလောင်း ၃၀ နဲ့ လက်နက်အလက် (၃၀)ကို ကျနော်တို့ဘက်က ကောက်ရခဲ့တယ်။”ဟု ကေအိုင်စီကို အတည်ပြုပြောကြားသည်။

လွှတ်တော်ထဲတွင် လွတ်လပ်စွာ ပြောဆိုခွင့် ဗိုလ်ချုပ်မှူးကြီး ပိတ်ပင်

29 November 2010 18:58

ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာမည့် လွှတ်တော်ထဲတွင် လွတ်လပ်စွာ ပြောဆို ဆွေးနွေးခွင့်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ဖြင့် ပိတ်ပင်လိုက်ကြောင်း AP သတင်းတွင် ရေးသားထားသည်။

လာမည့် လွှတ်တော်ထဲ၌ နိုင်ငံတော်လုံခြုံရေးနှင့် တို့တာဝန်အရေးသုံးပါးအား ထိခိုက်နိုင်မည့် ပြောဆိုမှုများ၊ ၂၀၀၈ဖွဲ့စည်းပုံအား ဝေဖန်ပြောဆိုမှုများ ရှိလာပါက ထောင်ဒဏ် ၂ နှစ်ချမှတ်မည်ဟု စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က နိုဝင်ဘာလ ၂၆ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်)AUN-Japan၏ နှစ်ပတ်လည် အခမ်းအနား ကျင်းပပြုလုပ်


၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၂၈)ရက်။

ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်)ကို ဂျပန်နိုင်ငံ၌ ၂၀၀၃ ခုနှစ် ဒီဇင်ဘာလမှ စတင်ဖွဲ့စည်းခဲ့စဉ် ပူးပေါင်းပါဝင်ခဲ့ကြသော အဖွဲ့အစည်း အသီးသီးတို့၏ ကတိက၀တ် ပြုခဲ့သော လုပ်ငန်းစဉ်များတို့မှာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် သက်တမ်း ကုန်ဆုံးသွားပြီ ဖြစ်ပါသဖြင့် ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်) AUN-Japan အား ပိုမို ကျယ်ပြန့် ခိုင်မာသည့် တိုင်းရင်းသားအဖွဲ့အစည်း တရပ် ပေါ်ပေါက်ရေးအတွက် ညီလာခံ အခမ်းအနားတရပ်ကို တိုကျို Toshima-ku Eco- Toshima Plaza 8F မှာ ယနေ့ ညနေ ၁၈း၀၀ နာရီမှ ၂၁း၀၀ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ဂျပန်ရောက် တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ၂၀၀၉/၂၀၁၀ အလုပ်အမှုဆောင်ကော်မတီမှ တာဝန် ကုန်ဆုံးပြီးသည်နောက် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ပေါ်ပေါက်ရေး နိုင်ငံရေး ရည်မှန်းချက်များတို့ကို ပိုမိုတက်ကြွစွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၌ ၂၀၁၀/၂၀၁၁ အလုပ်အမှုဆောင် ကော်မတီသစ်များကိုလည်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ယင်းကော်မတီ၏ သက်တမ်းကို ယာယီအားဖြင့် ၆ လ သက်တမ်း သတ်မှတ်ခဲ့ပြီး တာဝန်ခံ ၃ ဦးကိုလည်း ရွေးချယ် တာဝန်ပေးအပ်ခဲ့ပါသည်။

ယနေ့ ဖွဲ့စည်းလိုက်သည့် ကော်မတီသည် ၆ လ သက်တမ်းအတွင်း လိုအပ်သည့် ပြင်ဆင် ဖြည့်စွက်မှုများ စည်းမျဉ်း စည်းကမ်းများတို့ကို ညှိနှိုင်း ရေးဆွဲသွားမည် ဖြစ်ပါသည်။ ဂျပန်ရောက် ဒီမိုကရေစီ အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များတို့ကိုလည်း အရှိန်မပျက် ဆက်လက် ဆောင်ရွက်သွားရန်နှင့် မတရား ဖမ်းဆီးခံနေရသော ဦးခွန်ထွန်းဦးအပါဝင် တိုင်းရင်းသာခေါင်းဆောင်များ၊နိုင်ငံရေး အကျဉ်းသားများ အားလုံးလွတ်မြောက်ရေးအတွက် လှုပ်ရှားမှုများကို တက်ရောက်လာကြသည့် အဖွဲ့အစည်း အသီးသီးတို့မှ ဆက်လက် အကောင်အထည်ဖေါ် ဆောင်ရွက်သွားကြရန် ဆုံဖြတ်ခဲ့ကြပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

Sunday, November 28, 2010

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)မှ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး



၂၀၁၀ ခုနှစ် နိုဝင်ဘာလ(၂၈)ရက်။

ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)မှ ရှေ့လုပ်ငန်းစဉ်များ သုံးသပ်ဆွေးနွေးသည့် ညှိနှိုင်းဆွေးနွေးပွဲကို တိုကျို Takadanobaba, Recycle Center 4 F, မှာ နံနက် ၉ နာရီ ၃ဝ မိနစ်မှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပြီး ရှေ့ဆက် စုပေါင်းလုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များထဲမှ မတရားအဖမ်းဆီးခံနေရသော နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရေးအတွက် လှုပ်ရှားများ၊ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ကျင်းပ ပြုလုပ်သွားရန် ဆုံဖြတ်ခဲ့ပါသည်။

ဆက်လက်ပြီး ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့တွင် ကျင်းပပြုလုပ်သည့် ၁၁ ကြိမ်မြောက် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်များ တွေ့ဆုံဆွေးနွေးပွဲသို့ ဂျပန်နိုင်ငံ အခြေစိုက်၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)EBC ကိုယ်စား ဦးကျော်ကျော်စိုးမှ တက်ရောက်ခဲ့သည့် အတွေ့အကြုံများ ရှင်းလင်း ပြောကြားသွားပါသည်။

သတင်းမှတ်တမ်းဓါတ်ပုံ ။ Mai Kyaw Oo

ကုလ အတွင်းရေးမှူးချုပ် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ


video Copy from _ mizzimanewsTV

2010-11-27
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယားတို့ ဒီကနေ့ ရန်ကုန်မြို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ မြန်မာ့အရေး ဆွေးနွေးခဲ့ကြပါတယ်။


ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ဗီဂျေးနမ်ဘီးယားတို့ဟာ နေ့လည် (၂)နာရီကနေ ၂ နာရီခွဲလောက်အထိ နှစ်ဦးတည်း တွေ့ဆုံပြီး အဲဒီနောက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်တွေနဲ့ပါ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီနောက်မှာ CRPP နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေပါ ပါဝင်ပြီး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ ဆွေးနွေးကြပါတယ်။

ဒီနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပါတယ်။
“ဆွေးနွေးပွဲကတော့ တော်တော့်ကို ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီး အမြင်ချင်း ဖလှယ်ကြတာ တွေ့ရပါတယ်။ ဒါဟာ ကောင်းတဲ့ အလားအလာလို့ ကျနော်တို့ မြင်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးကလည်း မကြာမကြာ ပြောနေပါတယ်၊ မြန်မာနိုင်ငံ ပြဿနာဟာ ရွေးကောက်ပွဲ အကြိုတုန်းကလည်း အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်လို့ သူပြောသလို မနှစ်က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ သူ့ရဲ့သဝဏ်လွှာမှာလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ မြန်မာနိုင်ငံအတွက် မဖြစ်မနေ ဆောင်ရွက်ရမယ့် အဖြေပဲ၊ အဲဒီကစပြီး နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရမယ်လို့ ပြောထားတာဆိုတော့ အခုခရီးစဉ်ကလည်း အဲဒီအတွက် ဦးတည်တယ်လို့ ပြောချင်ပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရအောင်ကြိုးစားမယ်ဆိုတဲ့ ကျနော်တို့ အထွေထွေ အတွင်းရေးမှူးရဲ့ ပိုင်းဖြတ်ထားချက်လည်း ရှိတယ်။ အဲဒီအတွက်လည်း သူက တွန်းပြီးတော့ ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် အခုလို ကျနော်တို့ကို ကူညီဆွေးနွေးဖို့၊ ကျနော်တို့ချင်း တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ဖို့အတွက် ကူညီဖို့ ပုဂ္ဂိုလ်တွေ ရောက်လာတာဟာ ကောင်းတဲ့နိမိတ်၊ ကောင်းတဲ့ အလားအလာလို့ ပြောချင်ပါတယ်”

ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ်ကို ထုတ်ပြန်မှာမဟုတ်ဘူးလို့ ဦးအုန်းကြိုင်က ပြောပါတယ်။

ဒီဆွေးနွေးပွဲဟာ အကျိုးရှိတဲ့ ဆွေးနွေးပွဲ ဖြစ်ကြောင်း၊ ဒါပေမယ့် မြန်မာ့အရေး ဖြေရှင်းဖို့ ဆွေးနွေးပွဲ တကြိမ်တည်းနဲ့ မလုံလောက်ကြောင်း၊ မိမိတို့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ ပြဿနာတွေ အားလုံးကို ဖြေရှင်းဖို့ အခုလို တွေ့ဆုံဆွေးနွေးမှုတွေ အကြိမ်ကြိမ် ပြုလုပ်ရမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောဆိုတယ်လို့ AP နဲ့  Washington Post သတင်းစာတွေမှာ ရေးသား ဖော်ပြကြပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ ဆွေးနွေးခဲ့ကြတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေထဲမှာ ဒု- ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင်တို့ ပါဝင်ပြီး တိုင်းရင်းသား ခေါင်းဆောင်တွေကတော့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင် ဦးအေးသာအောင်၊ မွန်တိုင်းရင်းသား ခေါင်းဆောင် ဦးနိုင်ထွန်းသိန်း၊ ချင်းတိုင်းရင်းသား ခေါင်းဆောင် ဦးပူကျင်ရှင်းထန်နဲ့ ဦးထောင်ခိုထန်း တို့ ပါဝင်ပါတယ်။

တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည် စီစဉ်ပေးတာလို့ ပါဝင်တွေ့ဆုံခဲ့တဲ့ ဦးထောင်ခိုထန်းက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အထူးကိုယ်စားလှယ် လာတိုင်းလာတိုင်းမှာ နအဖ ညီလာခံတက်တဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ပဲ တွေ့နေတာ တွေ့ရတယ်။ ဒါကြောင့်မို့ ဒီတခါတော့ ၉၀ ရွေးကောက်ပွဲ အနိုင်ရတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ပေးပါအုန်းလို့ မေတ္တာရပ်ခံလို့ NLD တွေ့ပြီးတဲ့အချိန်မှာ ကျနော်တို့ကို နာရီဝက်လောက် တွေ့တာဖြစ်ပါတယ်။ ကျနော်တို့မှာ ကုလသမဂ္ဂ ကိုယ်စားလှယ်နဲ့ တွေ့ဖို့ အစီအစဉ်ဆိုတာ မရှိဘူးဗျ။ ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ် လုပ်ပေးတဲ့ သဘောပဲ ရှိတယ်”

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယားဟာ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးက အခု နောက်ဆုံး ခန့်အပ်ထားတဲ့ သံအရာရှိဖြစ်ပြီး၊ ဒီခရီးစဉ်ဟာ ပထမဆုံး ခရီးစဉ်ဖြစ်ပါတယ်။ သူဟာ မြန်မာ စစ်အစိုးရ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ရှိပြီး မြန်မာနိုင်ငံမှာ (၂) ရက်ကြာ နေထိုင်မယ်လို့ သိရပါတယ်။

သတင်းရင်းမြစ် _ rfa.org/
Photo copy from _ demowaiyan

အာဏာပြန်လည် ရရှိရန် ကြိုးပမ်းမှု ၊၀န်ကြီးချုပ်ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် အား အင်းစိန်ထောင်သို့ ပြောင်းရွှေ့ သတင်း(ဗီဒီယို)






Updated Freedom News Group သည် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်  ၏ အင်းစိန်ထောင် သို့  ပြောင်းရွှေ့ခံရခြင်း နှင့် ပတ် သက်၍ ဗီဒီယို ဖိုင်များ နှင့် ဆက်စပ် သတင်းများ ကို ထုတ် လွှင့် ခဲ့ ပါသည်။
သို့ ပါသော်လည်း Freedom News Group ၏ Founder တစ်ဦး ဖြစ်သူ ငြိမ်းချမ်းငြိမ်း က ထိုဗီဒီယို ဖိုင်တွင်
သံသယဖြစ်ဖွယ်ရာ အချက် အလက်များ ပါဝင်နေ၍ အဆိုပါ ဗီဒီယို ဖိုင် ကို University of Colorado
(Film Department)ဉ် ထို ဗီဒီယို ဖိုင်ဉ် ပါဝင်သည့် Cut များElement များ ကို တစ်စက္ကန့် ၏ အပုံတစ်ရာ ပုံ တစ်ပုံ ထိ လိုက်လံ စစ်ဆေးနေပါသည်။စစ်ဆေးတွေ့ ရှိချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ဗိုလ်ချုပ် ခင်ညွန့် ကို အမှန် တကယ် ပြောင်း ရွှေ လိုက် ခြင်းဖြစ်ပါသည်
၎င်း တို့ အိမ်မှ အထွက် နောက်ထပ် အမည်မသိ နေရာတစ် ခု သို့ ပြောင်းရွှေ့ လိုက်သည့်အခါ ပ၀ါကမ်း သည့် အမျိုး သမီး ငယ်များ ကို တွေ့ ရမည် ဖြစ်ပြီး ထို့ နောက် တွင် အကစ ၀န်ထမ်း တစ်ဦးက ဗိုလ်ချုပ် ခင်ညွန့် ၏ ကျောကို တွန်းပြီး ထိုင်ရမည့် နေရာ ကို ပြခြင်းသည် မည်သည့် လေးစား မှု မှ မရှိသည် ကို ဆိုလိုသည်။

ဗိုလ်ချုပ် ခင်ညွှန့် ၏ အိမ် သို့ ဗိုလ်ချုပ် ခင်ရီ အလာ တွင် ပထမ ဦးစွာ စစ်သားများ က Barricade ကိုဖယ်ပြီး လုံခြုံရေး အသင့် ပြန်ယူထားသည် ကို တွေ့ ရမည် ဖြစ်သည်။ထို့ နောက် ၎င်း ၏ အိမ်တံ ခါး အား ခေါက်နေစဉ် ဖွင့်လှစ် ပေးရန် စောင့်ဆိုင်း ချိန်တွင် အကယ်၍ ပြန်လည် ဖွင့်လှစ်ခြင်း မပြုလျှင် ၎င်းတို့အနေဖြင့် အခြား တစ်နည်း သုံးရန် စီစဉ် နေခြင်း လူအမြောက် အမြား လာရောက် ခြင်း တို့ ကို ထောက်ရှု ၍ လာရောက် ဖမ်းဆီးခြင်း ဖြစ်နိုင်ပါသည်။

ဗိုလ်ချုပ် ခင်ညွှန့် က တံခါး လာဖွင့်စဉ် ရဲချုပ် ခင်ရီ က အလေး ပြုသည် မှာ ဖြစ်ရိုးဖြစ်စဉ် ထုံးစံ တစ်ခု သာဖြစ်ပါသည်။ စစ်တပ် အရာရှိ များ အငြိမ်းစား ယူသွား သော် လည်း အသက်အရွယ် နှင့် ဂုဏ်ဒြပ် အရ အခြား အရာ ရှိ များ က သူ့ ထက် ရာထူး အဆင့် ငယ်လျှင် သော်၎င်း ကြီးလျှင် သော် ၎င်း အလေးပြု လေ့ရှိပါသည်။(ထို အခြင်း အရာ ကို စစ်တပ် ၏ တပ်တွင်း အတွေ့ အကြုံ ရှိသော သူ ဆို လျှင် သိမည် ဖြစ်ပါသည်) အချုပ် ဆို ရသော် အလေး ပြု ခြင်းကြောင့် လာရောက် ဖမ်းဆီး ခြင်း မဟုတ် ဟု ယူ​ဆ ၍ မရပါ။

အာဏာပိုင် အဖွဲ့ အစည်း တို့ ၏ သဘောသဘာဝါ မှ (မည်သည့် နိုင်ငံတွင် ဖြစ်ပစေ) ၎င်းတို့ ဖမ်းဆီး (သို့မဟုတ်) ထိန်းချုပ် ထား သော သူ အား အခြား သူ တစ်ယောက် နှင့် တွေ့ ပေးစေခြင် သည့် ဆန္ဒရှိ လျှင် အကျီ အ၀တ် အစား နှင့် အခြား လိုအပ် သည် များ ကို အသင့်လုပ် ထား ရန် ကြိုတင် ပြင် ဆင် ခိုင်ထား ပြီး သတ်မှတ် ချိန် ရောက် လျှင် တာဝန် ရှိ ပုဂ္ဂိုလ်တစ်ဦး ကတည်း (ရံဖန် ရံခါ တွင် ကား ကို လာခေါ်သူ ကိုယ်တိုင်း မောင်းပြီး) ခေါ်ထုတ်သွားတတ် ပါသည်။

(ဗိုလ်ချုပ် ခင်ညွန့် ၏ Mood အရ) ဒေါ်ခင်ဝင်းရွှေ ၏ Mood ကို ဖမ်း ၍ မရပါ ။မြန်မာ အမျိုးသမီး များသည် ၀မ်းသာလျှင် လည်း ငို ၀မ်းနည်းလျှင် လည်း ငိုတတ် ပါသည်။ နောက် ဆုံး Conclusion မှာ ထိုအဖြစ် အပျက် ကို သင်ခန်းစာ ယူနိုင်ရန် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က တင်ကြို စိတ်ကူးကာ ကြံစည် ခြင်း ဖြစ် နိုင်ပါသည်။ (ဖိနပ်စင်၊ တီဗွီ၊ လှေကား ကွေ့  ၊ပန်းချီကား ) အိမ်ကြီး၊ အိမ်ကောင်း များ ၏ ထုံးစံ အရ လင်မယား နှစ်ယောက် တူညီ ထိုင်ခုံ နှင့် ဧည့်ခံစားပွဲ (ဗိုလ်ချုပ် ခင်ညွန့် ၏ အိမ်မှ ဘုရား စင်မှ ယခု ဗီဒီယို မှ ဘုရားစင် ထက်ကြီး မည် ဖြစ် နိုင်ပါသည်။ နေရာ သစ် မှ ဘုရားစင် (သို့ မဟုတ်) ကို (ဘုန်းတန်း ခိုး မကြီး ပါဘဲ ) မည် သူမှ ကန်တော့ ဦးချ မလုပ်ပါ။ တစ်ည အိပ် (သို့ ) ရက် အတန် ကြမှ သာ လုပ်ပါသည်။ စုစု ပေါင်း Cut ၁၆ ခုပါရှိ ပါသည် ။ Footage Clip များ ကို တစ်ခန်းချင်း စီ အလိုက် မကြာခင်ရှင်းပြပါမည်။
ရာထူးမှ ဖယ်ရှား ခံရ သည့် ၀န်ကြီးချုပ် ဟောင်း ကို နမူနာထားရန် နောင် စစ်ဗိုလ်ချုပ်များ ကိုသတိပေး သည့် အနေဖြင့် ဖရိုပါ ဂန်ဒါ လုပ်ခြင်း ဖြစ် နိုင်သည် ဟု ယူဆရ ပါသည်။ Video အား
လွန် ခဲ့ သည် တစ်လ အတွင်း ရိုက်ကူးထား သည်။

Updated ဗီဒီယို တွင် လှုပ်ရှားသက်ဝင်(Active) မြင်ရသမျှ အရာအား လုံးမှာ ၎င်း ၏ နေအိမ် နေရာ အားလုံး ဟုယူဆရပြီး လှုပ်ရှား သက်ဝင်မှု မရှိ (De-active)အား လုံးမှာ အခြားနေရာတစ်ခုဟု ယူဆရသည်။ပြတင်းပေါက် မှန် များတွင် သံပန်း နှစ်ထပ် ကာရံထားခြင်း ကို ထောက် ရှု ၍ အင်းစိန်အကျဉ်းထောင် တွင်းသီးသန့် နေရာ(သို့ မဟုတ် ) အခြား နေရာ တစ်ခု သို့ သွားရန် ခရီး တစ်ထောက်နားခြင်း ဖြစ်သည်။

ကနဦး စစ်ဆေးချက်အရ နေ့ ရက် နှင့် နေရာ မတူ သော ဖိုင်လေး ခု ကို ဆက်စပ် ထားခြင်းဖြစ်သည် Costume ၀တ်ဆင်မှု တွင် တူညီသည်။

Panasonic AG HVX 200 နှင့် ရိုက်ကူးထားသည် ဟု ယူဆရပြီး ဗိုလ်ချုပ် ခင်ညွန့် နှင့် Casting အားလုံးက ရိုက်ကူးသူ Lens ကို လုံးဝ (လုံးဝ) မကြည့် ဖြစ်သည် မှာ စိတ်ဝင်စားဖွယ်ကောင်းနေသည်။


ဗိုလ်ချုပ် ခင်ညွှန့်  ၏ Road Map ကို ဖျက်သိမ်း ရွေးကောက်ပွဲ တရား မ၀င်တော ထပ်မံ သိရှိရသည် များ ကို အချိန် နှင့် အမျှ ဖော်ပြပေး ပါမည် မကြာခင်ဗိုလ်ချုပ် ခင်ညွှန့် သရုပ်ဆောင် ခြင်း ရှိမရှိ နှင့် LIVE(In the mood of shoot)ဟုတ် မဟုတ် ကို အကြောင်းပြန်ပေးပါမည်။
အယ်ဒီတာ မှတ်ချက် မြန်မာ စစ်တပ် သည် ၎င်းတို့ ကို Sympathize ဖြစ်မဖြစ် ကို စနည်း နာတတ်( Quizzes ) လုပ်တတ်ပြီး ဗိုလ်ချုပ် ခင်ညွှန့် သည် မြန်မာ့ တပ်မတော် သမိုင်း တစ်လျှောက် သရုပ်ဆောင် ကောင်းသူ တစ်ဦး ဖြစ်ပါသည်။

တစ်ချိန်က ဗိုလ်ချုပ် ခင်ညွန့် သည် Once Communist , Always Communist ဟု ပြောခဲ့ဖူးပြီး ကိုငြိမ်းချမ်းငြိမ်းမှ လည်း Once Spy, Always Spy ဟု သံသယ ရှိပါသည်။

သတင်းရင်းမြစ် _ freedomnewsgroup
Copy from,You Tube video _ freedomnewsgroup

၂၁ ရာစု ပင်လုံကို နိုင်ငံတကာ ထောက်ခံမှုပေးရန် တောင်းဆို

နိုဝင်ဘာလ ၂၆ ရက် ၂၀၁၀ ခုနှစ်။

၂၁ ရာစု ပင်လုံညီလာခံ အမြန်ဆုံး အကောင်အထည်ပေါ်လာရေး နိုင်ငံတကာ အသိုင်းအဝိုင်းက ပူးပေါင်းကြရန် မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့က တိုက်တွန်းသွားသည်။

ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များ ခန်းမတွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်မှန်သည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံဟု ခေါ်သော တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် ညီလာခံ အကောင်အထည်ဖော်နိုင်ရေး နိုင်ငံတကာက အသိအမှတ်ပြု ထောက်ခံကြရန် ပန်ကြားလိုက်သည်။

“ဒုတိယ ပင်လုံညီလာခံဆိုတာ အင်မတန်မှ အရေးကြီးတဲ့ လုပ်ငန်းစဉ်တခုဖြစ်တယ်” ဟု မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်သူများအဖွဲ့မှ မခင်ဥမ္မာက ပြောသည်။

ဇိုမီးအမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်က တိုင်းရင်းသားလူမျိုးစုများ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အာမခံသော ညီလာခံ ခေါ်ယူရေးတာဝန်ကို ဒေါ်အောင်ဆန်းစုကြည်အား ယခုလ ၂ဝ ရက်က လွှဲပြောင်းပေးခဲ့သည်။

Saturday, November 27, 2010

ဒုတိယပင်လုံညီလာခံမှာ စစ်အစိုးရ ပါဝင်လာရေး ကြိုးပမ်းမည်

စက်တင်ဘာ ၁၆ ရက်က NLD ဒု ဥက္ကဌ ဦးတင်ဦး အိမ်၌ ကျင်းပသော CRPP ၁၂ နှစ်မြောက် အခမ်းအနားတွင် တွေ့ရသည့် CRPP အဖွဲ့ဝင်များ (ဓာတ်ပုံ - myatlayngon.blogspot.com)
26 November 2010

ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူရေးအတွက် အချိန်အတိအကျ မသတ်မှတ်ရသေးပေမဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေအပြင် လက်ရှိအာဏာကို ချုပ်ကိုင်ထားတဲ့ စစ်အစိုးရပါ ပါဝင်နိုင်အောင် ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မီတီ (CRPP) က ပြောပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ NLD ရုံးချုပ်မှာ ကျင်းပတဲ့ CRPP ကြားဖြတ်အစည်းဝေးအတွင်း NLD ရဲ့ နိုင်ငံရေး ရပ်တည်ချက်ကိစ္စကိုပါ ဆွေးနွေးဖြစ်ခဲ့တယ်လို့ CRPP အတွင်းရေးမှူးလည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးအေးသာအောင်က အခုလို စပြောပြပါတယ်။

“အဓိကကတော့ NLD ရဲ့ နိုင်ငံရေးအရ ရပ်တည်သွားမယ့်ကိစ္စရယ်၊ နောက်အရေးကြီးတဲ့ကိစ္စတခုက ဒုတိယပင်လုံ ညီလာခံခေါ်ယူရေး ကိစ္စကို အဓိက ထားပြီးတော့ အလေးအနက် ဆွေးနွေးကြပါတယ်။”

တိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် ပြည်သူ ၁,၀၀၀ခန့် ထိုင်းဘက်ခြမ်းသို့ ထပ်မံ ထွက်ပြေး

ဒီကေဘီအေ တပ်မဟာ(၅) တပ်ဖွဲ့ဝင်များ
26 November 2010

မြ၀တီခရိုင်၊ ဝေါ်လေဒေသတွင် နအဖနှင့် နယ်ခြားစောင့်တပ်တို့ ပိုမိုရောက်ရှိ လာသည့်အတွက် နယ်မြေခံ ကရင်တပ်ဖွဲ့များ နှင့် တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားလာနိုင်သည့် အခြေအနေကြောင့် ယနေ့မွန်းလွဲပိုင်းတွင် ဝေါ်လေ ဒေသရှိ ဖလူးကျေးရွာမှ ပြည်သူ ၁,၀၀၀ခန့် ထိုင်းဘက်ခြမ်းသို့ ထပ်မံ ထွက်ပြေး တိမ်းရှောင်ကြသည်ဟု သိရသည်။

နအဖစစ်တပ်မှ ခလရ(၆၂)နှင့် နယ်ခြားစောင့်တပ်(BGF)များ ပူးပေါင်းသည့် တပ်အင်အား ၁၀၀ကျော်ရှိ တပ်ဖွဲ့သည် ကနဲ လေး၊ ဘုရင့်နောင်ကုန်း စသည့်နေရာများသို့ တက်လာရန် စီစဉ်နေသည်ဟု ဖလူးကျေးရွာတွင် တာဝန်ကျနေသော ကေအဲန် အယ်လ်အေ ဆေးမှူးတဦးက ပြောသည်။

Friday, November 26, 2010

လိုင်ဇာ လူငယ်ကောက်သစ်စားပွဲတော် KIO ကြီးမှူးကျင်းပ

ကေအိုင်အို မှ ကြီးမှူးကျင်းပတဲ့ လိုင်ဇာ လူငယ်ကောက်သစ်စားပွဲတော်သို့ တက်ရောက်သူတချို့။ ပုံ-ကချင်သတင်းဌာန
25 November 2010

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် ကချင်ရိုးရာကောက်သစ်စားပွဲတော် အား ယခင်နှစ်များနှင့် မတူ ထူးခြားစွာ ရပ်ဝေးမှ ကချင်လူငယ်များအား ဖိတ်ခေါ်ကာ နိုဝင်ဘာ ၂၃ - ၂၄ရက်နေ့ နှစ်ရက်တိတိ ကျင်းပပြုလုပ်ခဲ့သည်။

ဤပွဲတော်အား KIO လက်အောက် အရပ်ဖက် အုပ်ချုပ်ရေးဌာန (DGA) မှ တာဝန်ယူကျင်းပကာ လူငယ်အယောက် ၄၀၀ကျော် တက်ရောက်ခဲ့သည်ဟု ကောက်ခံရရှိသည့် စာရင်းအရ သိရသည်။
 
ကောက်သစ်စားပွဲတွင် ယနေ့လူငယ်နှင့် မူးယစ်ဆေးဝါး ဆိုးကျိုးများအား အကျယ်တဝင့် ရှင်းပြပြောဆို ဆွေးနွေးသွားခဲ့ပြီး KIO ဖွဲ့စည်းထူထောင်ရခြင်း သမိုင်းကိုလည်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်ထန်ဂမ်ရှောင်မှ အဓိကပြောကြားခဲ့သည်။

DKBA နှင့် KNU တပ်ဖွဲ့များက နအဖတပ် လာရာလမ်းကြောင်းတွင် ခြေကုပ်ယူထား

နိုဝင်ဘာလ 25 ရက် 2010 ခုနှစ် စောသိန်းမြင့် သတင်း - ကေအိုင်စီ .

အင်အား ၁ဝဝ နီးပါးရှိ နအဖ တပ်ဖွဲ့ဝင်များသည် ကရင်ပြည်နယ် မြဝတီခရိုင် ဝေါ်လေဒေသရှိ နယ်မြေခံတပ်များအား လစာလာ ပေးရန်အတွက် ယနေ့မနက် ရောက်ရှိလာရာ ၎င်းတို့လာရာ လမ်းကြောင်းများကို ဒီကေဘီအေနှင့် ကေအဲန်ယူတပ်ဖွဲ့များက ခြေ ကုပ်နေရာယူထားသောကြောင့် နအဖစစ်တပ်များ တက်လာရန် အခက်ကြုံနေရသည်ဟု သိရသည်။

ဒီကေဘီအေ (၉ဝ၉)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောစတီးက “အခု သူတို့ (နအဖ) ဖလူးရွာကို ရောက်ပြီးလို့ သိရတယ်။ တပ်ရင်းတစ် ရင်းပဲတဲ့။ အင်အား (၇ဝ-၈ဝ)ကျော်လောက် ရှိတယ်။ အခုသူတို့ လာမယ့် လမ်းကြောင်း တလျှောက်မှာ ကျနော်တို့လူတွေ အကုန် လုံး စောင့်နေတယ်ဆိုတော့ တက်လာဖို့ အခက်တွေ့နေတယ်။ ကျနော်တို့ နယ်မြေထဲကို ဝင်လာရင်တော့ ထိပ်တိုက်ပဲ။ လမ်းအခြေ အနေကို ကြည့်ရင်း လာရတယ်ဆိုတော့ ဒီည သူတို့တပ်တွေ ရှိတဲ့နေရာကို ရောက်ချင်မှ ရောက်မယ်။”ဟု ပြောသည်။

ဝေါ်လေဒေသရှိ နအဖစစ်တပ် စကခ(၈)လက်အောက်ခံတပ်ရင်းများနှင့် တိုင်းတပ်များအား ထုံးစံအတိုင်း လမကုန်ခင် လစာလာ ပေးရန်အတွက် တနင်္သာရီတိုင်းအခြေစိုက် စကခ(၈) လက်အောက်ခံ ခလရ(၆၂)တပ်ရင်းသည် ဘုရားသုံးဆူမြို့နယ် သံဖြူဇရပ်မှ မြဝတီသို့ ယမန်နေ့က ရောက်ရှိလာပြီး ယနေ့မနက်တွင် မြဝတီမှတဆင့် ဝေါ်လေဒေသ ဖလူးကျေးရွာသို့ စစ်ကား ၃စီးဖြင့် ရောက် ရှိလာသည်ဟု ဒီကေဘီအေ ဘက်က ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါ နအဖစစ်တပ်များ တက်လာနိုင်မည့်လမ်းကြောင်းများဖြစ်သော ပလောတပို၊ တခေါ်ထူ၊ ကျောက်ခက်၊ ဘလယ်ဒို၊ သေဘောဘိုး၊ လေးဝေါ်၊ ဆုံဆည်းမြိုင်၊ အူကလေ့ထာ့ သည့်နေရာများတွင် ကေအဲန်အယ်လ်အေနှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ဝင်ရောက် နေရာယူထားပြီး ဖြစ်ကြောင်း သိရသည်။

မိဘ နှစ်ပါးအားပစ်သတ်၍ အသက် ၁၆ နှစ်ကလေးမအား နအဖ စစ်သားမုဒိန်းကျင့်

25 November 2010

သျှမ်းပြည်တောင်ပိုင်း လင်းခေး အခြေစိုက် ခမရ ၅၇၈ နအဖ တပ်သားတဦးက နောင်လုံကျေးရွာ အုပ်စု ဟွေ့ဆင်မ် ရွာသူတဦး၏ မိဘနှစ်ပါးကို ပစ်သတ်၍ (၁၆ နှစ်အရွယ်) မိန်းခလေးအား မုဒိန်း ကျင့်ပြီးခဲ့သည်ဟု စုံစမ်းသိရှိရ ပါသည်။

“စနေနေ့ ကလေ ဗမာစစ်သားက ကောင်မလေး ကိုဆွဲခေါ်သွားတော့ မိဘတွေ ၀င်တားလို့ အဲဒီစစ်သားက မိဘ နှစ်ယောက် စလုံး ကိုသေနတ်နဲ့ ပစ်တော့ ပွဲချင်းပြီးသေတာ။ ကောင်မလေးကို ဆွဲဖမ်းပြီး တခြားနေရာသွား မုဒိန်းကျင့်တယ်။ အဲ့ကောင် အိပ်ပျော် နေတုန်းကောင်မလေးက ထွက်ပြေးပြီး ရွာလူကြီး တွေဆီ ငိုကြီးချက်မနဲ့သွား တိုင်တယ်” - ဟု လင်းခေး ဒေသခံ ခေတ်ပညာတတ် လူငယ်တဦးက ပြောသည်။

နိုဝင်ဘာ ၂၁ ရက် လင်းခေးမြို့ပြင် (မိုင်းပန်အထွက်လမ်း) နမ့်အွန်ရွာ အခြေစိုက် ခမရ ၅၇၈ ရဲဘော်တဦး ဟွေ့ဆင်မ် ကျေးရွာနေ ဦးအာရိယ နှင့် ဒေါ်ခမ်းတို့၏အိမ်ပေါ် ညအချိန်အတင်းတိုးဝင်၍ သမီး (အမည်မဖေါ်လို) ဖြစ်သူအား အဓမ္မပြုကျင့် ရန် ကြံစည်စဉ် ဖခင်က၀င်တားရာ ဖခင်အား ဦးစွာပစ်သတ်ခဲ့ကြောင်း၊ ထို့နောက် မိန်းခ လေးငယ်အား အိမ်ပေါ်မှ ဆွဲခေါ်သဖြင့် မိခင်ဖြစ်သူက လိုက်ဆွဲရာ အိမ်အနီး ချောင်းဘေးတွင် မိခင်ကိုပါ ထပ်မံ ပစ်သတ်ခဲ့ကြောင်း လင်းခေး ဒေသခံများက ပြောပြပါသည်။

SSA တောင်ပိုင်းနှင့် စစ်အစိုးရ တိုက်ပွဲဖြစ်၊ ၂ ဦး ကျဆုံး

25 November 2010 17:20

နအဖ စစ်တပ်နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့ဝင်များ ယခုတပတ် အင်္ဂါနေ့ မနက်က တိုက်ပွဲ ဖြစ်ပွား ခဲ့ရာ နအဖ ဘက်က တပ်ကြပ်ကြီးအဆင့် အပါအ၀င် ၂ ဦး ကျဆုံး၍ ၂ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့နယ်ခွဲ ဒေသ တ၀ိုက်တွင် နအဖ၏ ခြေလျင်တပ် ရင်း (ခလရ) ၆၅ တပ် ဖွဲ့ဝင်များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တအာင်း (TA'ANG) ပလောင် နောက်ခံသမိုင်း

ပလောင် လူမျိုးတို့သည် မိမိကိုယ်ကို တအာင်း(Ta'ang) ဟူ၍ ခေါ်ဆိုကြသည်။ ပလောင် မျိုးနွယ်စုတို့၏ပြောဆို သောစကားသံ အလိုက် “အအာင်း”(AH'ANG) ရအာင်း(RA'ANG)၊ နအာင်း(NA'ANG)။ လအာင်း(LA'ANG)၊ အာင်း(ANG)၊ ယအာင်း (YA'ANG)၊ ရိအာင်း (RI'ANG)ဟူ၍လည်း ပြောဆိုကြသည်။

ပလောင် လူမျိုးတို့သည် မွန် ၊ဝ ၊ပလောင်တို့  သွေးချင်း အရင်းအချာ ညီအစ်ကို မျိုးနွယ် ဖြစ်ကြသည်ဟု ယုံကြည်စွဲမှတ် လျက်ရှိကြသည်။ ရှမ်းပြည်အတွင်း ပြန့်နှံ့စွာ နေထိုင်လျက်ရှိကြသည့်အလျောက် ညီနောင် တိုင်းရင်းသားများတို့ ခေါ်ဆိုသည့် အမည် နာမအလိုက် (ပလောင်၊ပလေး၊လွယ်၊ လွယ်လ၊ယန်း(ယင်း)၊ယင်းကြား လူမျိုးစုတို့သည် ပလောင် မျိုးနွယ်စုများ ဖြစ်ကြ ပြီး၊ နှစ်ကာလ ကြာမြင့်စွာက ကွဲပြားသော နေရာဒေသ အနှံ့အပြားတို့တွင် အခြေချ နေထိုင်ကြသည့် ပလောင်လူမျိုးများ ဖြစ်သည်။ ဘာသာစကား၊ ဝတ်စား ဆင်ယင်မှု၊ မိသားစု(သို့ )မျိုးနွယ် ဖွဲ့ စည်းပုံတို့ မှာ တူညီကြသည်။

ပလောင်စာပေသမိုင်း

ပလောင်စာပေ
ရှေးယခင်က ပလောင်တို့သည် ယွန်းပါဠိစာနှင့် ရှမ်းယွန်းစာကို အသုံးပြုခဲ့ကြသည်။ နောက်ပိုင်းများတွင် ရှမ်းစာပေကို အသုံးပြုလာကြသည်။ ပထမဦးဆုံးပလောင်စာပေးဖြစ်ထွန်းစေရန်ကြိုးပမ်းခဲ့သူများ အမေရိကန်သူ မစ္စမက္ကလင်းဆိုသူ အမျိုးသမီးဖြစ်သည်။ ဥရောပဗျည်းအက္ခရာကို အခြေခံ၍ ၁၉၁၂ ခုနှစ်တွင်တည်ထွင်ပေးခဲ့ သည်။

၁၉၃၁-ခုနှစ်တွင် Mas. LesLie Milne က အင်္ဂလိပ်-ပလောင်/ပလောင်-အင်္ဂလိပ် အဘိဓါန်နှင့် ပလောင်သဒ္ဒါကျမ်းကို ပြုစုပေးခဲ့ပါသည်။
၁၉၂၄ -ခုနှစ်တွင် The Study of the Palaung of the Shan State ကို ပြုစုပေးထားခဲ့သည်။

ပလောင်စာပေသမိုင်းအကျဉ်း

Thursday, November 25, 2010

မြန်မာအစိုးရ လူသတ်မိုင်း သုံးဆဲ

24 နိုဝင်ဘာ 2010

ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းတွေကို အစိုးရကိုယ်တိုင်က သုံးစွဲနေတဲ့ နိုင်ငံဆိုလို့ မြန်မာနိုင်ငံ တနိုင်ငံတည်းသာ ကျန်တော့တယ်လို့ မြေမြှုပ်မိုင်း ပပျောက်ရေး လှုပ်ရှားမှုအဖွဲ့က ပြောဆိုလိုက်ပါတယ်။

ရုရှားနိုင်ငံက မြေမြှုပ်မိုင်းဗုံးတွေ အသုံးပြုမှုကို တားမြစ်လိုက်တဲ့နောက် အခုလို အစိုးရကိုယ်တိုင် အသုံးပြုခွင့် ပေးထားတဲ့ နိုင်ငံအဖြစ် မြန်မာနိုင်ငံသာ ကျန်တော့တဲ့အကြောင်း နိုင်ငံတကာ မြေမြှုပ်မိုင်း အသုံးပြုမှု တားမြစ်ရေး လှုပ်ရှားမှုအဖွဲ့ (ICBL) က ဗုဒ္ဓဟူးနေ့ နှစ်စဉ် အစီရင်ခံစာ ထုတ်ပြန်ရာမှာ ဖော်ပြလိုက်တာပါ။

သျှမ်းပြည်တပ်မတော်နှင့် နအဖတပ်တို့အကြားတိုက်ပွဲစိပ်

သျှမ်းပြည်တပ်မတော် တပ်သားများ လက်နက်တပ်ဆင်နေပုံ ( ဓါတ်ပုံ - သျှမ်းသံတော်ဆင့်)
24 November 2010 17:53 သျှမ်းသံတော်ဆင့်

ရွေးကောက်ပွဲလွန်ကာလ သျှမ်းပြည်တပ်မတော် တောင်ပိုင်း တပ်ဖွဲ့နှင့် နအဖ တပ်တို့အကြား တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားခဲ့ သည်ဟု သိရှိရပါသည်။

“ ပြီးခဲ့တဲ့ အပတ်ထဲက သျှမ်းတပ်ဖွဲ့နဲ့ ပစ်ကြခတ်ကြလို့ မိုင်းပန်၊ လင်းခေး ကနေ တောင်ကြီးသွားဖို့ ကားဆရာတွေတောင် ခပ်လန့်လန့် ဖြစ်ကြတယ်။ ဒီတပတ်ထဲတော့ ပုံမှန် ပြန်ဖြစ်သွားပြီ”-ဟု မိုင်းပန်ဒေသခံ ကားဆရာတဦး ကပြောသည်။

Wednesday, November 24, 2010

ဒေါ်စုနဲ့ သားငယ်ဖြစ်သူ ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ဆုံဆည်း

ဓာတ်ပုံ ASSOCIATED PRESS
၁၀ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ဆုံတွေ့ခွင့် ရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကိုထိန်လင်း။ နိုဝင်ဘာ ၂၃၊ ၂၀၁၀။
23 နိုဝင်ဘာ 2010


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၀ နှစ်ကြာ ခွဲခွာနေခဲ့ရတဲ့ သားငယ်နဲ့ ဒီနေ့ ၀မ်းမြောက်ဝမ်းသာစွာ ပြန်လည် ဆုံတွေ့နိုင်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဒီနေ့မနက် ကိုယ်တိုင်သွားပြီး သားဖြစ်သူ ကိုထိန်လင်းကို ကြိုခဲ့တာ ဖြစ်ပါတယ်။ ကိုထိန်လင်းက မိခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွမ်းဆောင်မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့လက်မောင်းမှာ ရေးထိုးထားတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလံ သင်္ကေတပုံ ဆေးမင် တက်တူး (Tattoo) ကို ပြသလိုက်ပါတယ်။

အသက် ၃၃ နှစ်အရွယ် ကိုထိန်လင်း ခေါ် ကင်မ် အဲရစ်စ် (Kim Aris) ဟာ မြန်မာပြည်ဝင်ခွင့် ဗီဇာရရှိရေး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ လျှောက်ထားခဲ့ပြီး သီတင်း ၂ ပတ်ကြာမှ ၀င်ခွင့်ရရှိခဲ့တာပါ။

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်ရောက် မြန်မာနိုင်ငံသားများမှ ကြိုဆိုထောက်ခံသည့် အခမ်းအနား




၂၀၁၀ နိုဝင်ဘာလ (၂၃)ရက်။
ယနေ့ ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေ လိုလားသူများ စုပေါင်းဖွဲ့စည်းထာေးသာ ၂၀၁၀ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ(ဂျပန်)က ဦးဆောင်၍ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားသူများ၏ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုအား ကြိုဆိုထောက်ခံသည့် အခမ်းအနားတရပ်ကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ကုလသမဂ္ဂ အဆောက်အဦရှေ့တွင် ညနေ ၂း၀၀ နာရီ မှ ၅း၀၀ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ဂျပန်နိုင်ငံရှိ ဒီမိုကရေစီအရေး လှုပ်ရှားနေကြသော အဖွဲ့အစည်းအသီးသီးမှ အမျိုးသား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုကို ကြိုဆိုထောက်ခံခြင်းနှင့် နိုင်ငံရေး ဦးဆောင်မှုကို ၀ိုင်းဝန်းပံ့ပိုး သွားကြရန် တက်ရောက်ခဲ့ကြသည့် အဖွဲ့အစည်းအသီးသီး တာဝန်ရှိသူများတို့မှ ထောက်ခံ ပြောဆို သွားခဲ့ကြပြီး ထုတ်ပြန်ချက်များကို လည်းဖတ်ကြားသွားပါသည်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်ထံသို့ အရောက်ပို့မည့် AUTO စာအုပ်များတွင် ဒေါ်အောင်ဆန်းစုကြည်အား ပြောချင်သော မိမိတို့၏ ဆန္ဒများ၊ဆုတောင်းများ၊ တောင်းဆိုမှုများ... အစရှိသည် တို့ကိုလည်း ရိုးသား ပွင့်လင်းစွာရေးခဲ့ကြပါသည်။ထို့အပြင် ဂျပန်နိုင်ငံရောက် မြန်မာ နိုင်ငံသားများမှ မြန်မာ အာဏာပိုင်များ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ တက်ကြွလှုပ်ရှားသူများ နှင့်တကွ မြန်မာပြည်သူ တရပ်လုံးသို့ ပန်ကြားလွှာကိုလည်း ဖတ်ကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ၂၀၀၃ ဒီပဲယင်း အရေးအခင်း အပြီးတွင် ထုတ်ဝေခဲ့သည့် လှောင်ချိုင့်ထဲက အမည်ရှိ တေးစီးရီးမှ ``ဒေါ်အောင်ဆန်းစုကြည်´´ သီချင်းကို PRMG တေးဂီတ အဖွဲ့နှင့်အတူ တက်ရောက်လာသူများအားလုံးမှ သီဆိုဟစ်ကြွေးကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းနိုင်ခဲ့ပါသည်။

အခမ်းအနားသို့ ဂျပန်ရောက် ဒီမိုကရေစီအင်အားစုများမှ လူဦးရေ(၃၀၀)ခန့်ပါဝင်ဆင်နွှဲခဲ့ပြီး အခမ်းအနားတွင် သက်ဆိုင်ရာ တာဝန်ရှိသူတချို့နှင့် တက်ရောက်လာသူ တချို့အားလည်း ဂျပန်နိုင်ငံTBS နှင့် NHK သတင်းဋ္ဌာနတို့မှ အင်တာဗျူးများ ပြုလုပ်သွားကြောင်းလည်း သိရပါသည်။

သတင်းမှတ်တမ်း ။ AYE NANDAR AUNG
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sun
ဗီဒီယို ။ kopuor

Tuesday, November 23, 2010

ကရင်နီနဲ့ နအဖတိုက်ပွဲ (ရုပ်သံ)



You Tube video _ sayrehsoe

ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းနဲ့ပြည်နယ် လူငယ်တွေ ဆွေးနွေး

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်နှစ်ဦး NLD လက်ပတ်နီများ စည်းနှောင် ပြင်ဆင်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
2010-11-22

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်ပိုင်းက ရန်ကုန်မြို့ ရွှေဂုံတိုင်မှာ ရှိတဲ့ NLD အဖွဲ့ ချုပ်ရုံးမှာ တိုင်းနဲ့ပြည်နယ်က လူငယ်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။ အဲဒီ အစည်းအဝေးကနေ လူငယ် အချင်းချင်း ဆက်သွယ်နိုင်မယ့် သတင်း ကွန်ယက်တခု ဖွဲ့စည်းသွားမယ်လို့ သဘောတူ လိုက်ကြောင်း သိရပါတယ်။

Monday, November 22, 2010

ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ(တိုကျို)




၂၀၁၀ ခုနှစ် နိုဝင်ဘာလ(၂၂)ရက်။

နအဖ စစ်အုပ်စ၏ တရားဥပဒေမဲ့ လုပ်ဆောင်နေမှုများကို ဆန့်ကျင်လှုပ်ရှားသည့် ဆန္ဒပြပွဲနှင့် မတရား ဖမ်းဆီးခံနေရသော ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ၊ ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များ နှင့်နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး အတွက် ဆန္ဒပြ တောင်းဆိုသည့် အခမ်းအနားကို တိုကျိုမြို့  ရှီနာဂါဝါအရပ်ရှိ စစ်အခွန်ရုံး(မြန်မာသံရုံး)ရှေ့ ၌ ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ နိုဝင်ဘာလ(၂၂)ရက်နေ့  နေလည် ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ရဲ့ အရေးကြီးတဲ့ ပထမအဆင့်အနေနဲ့ နိုင်ငံရေးအကျဉ်းသား(၂၀၀၀)ကျော်အား ချွင်းချက်မရှိ ပြန်လွှတ်ပေးရန်အတွက် တောင်းဆိုသည့် ဆန္ဒပြ လှုပ်ရှားမှုများကို လစဉ် ကျောင်းသား ခေါင်းဆောင်များ မတရား ဖမ်းဆီးခံရသည့် ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ ရောက်တိုင်း အမြန်ဆုံး လွတ်မြောက်စေရန် အတွက် ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ ဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်သွားမည် ဖြစ်ပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဧကရီဆု ပေးမည်

နိုဝင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်မြို့တွင် ဝါရင့် နိုင်ငံရေးသမားကြီးများအား ဂါရဝပြုပွဲသို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်ကို ဆီးကြို ပန်းစည်းပေးနေသော ကလေးငယ်တဦး။ (ဓာတ်ပုံ - Getty Images)
22 November 2010

အိန္ဒိယ လူ့အခွင့်အရေးအဖွဲ့ မာနိုဗ် အိခ်တ ပရီရှဒ် (Manav Ekta Parishad) က ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဂုဏ်ထူးဆောင် ဧကရီဘွဲ့ (Queen of Myanmar's Democracy and Human Rights) ကို နိုဝင်ဘာ ၂၅ ရက်နေ့တွင် အခမ်းအနားဖြင့် ပေးအပ်မည်ဟု သတင်းရရှိသည်။

တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲက လွှင့်တင်ခဲ့သော မီးပုံးပျံမှ ပြောသော သတ္တ၀ါဟာ ....

Copy form _ Burma ( The Power of People) http://www.niknayman-niknayman.co.cc/

အမေ ဒေါ်စုပြန်လာပြီ...

လာရှိုး သိန်းအောင် မှ.... ဂုဏ်ပြုစပ်ဆိုထားသော.... သီချင်း

Copy from _ You Tube;video Jimmyff72

ကနေဒါနိုင်ငံမဟာဘုံကထိန်

ကနေဒါနိုင်ငံတိုရနိတိုမြို့၏ (၂၂)ကြိမ်မြောက် မဟာဘုန်ကထိန်ပွဲတော်ကို နိုဝင်ဘာလ(၂၁)ရက်နေ့တွင် မဟာဓမ္မိကကျောင်းတိုက်၌ ကျင်းပခဲ့ရာ သာသနာ့ဥသျှောင် မြန်မာနိုင်ငံရဟန်းတော်များအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌဆရာတော် ဦးကောဝိဒအပါအဝင် SirilanKa, Lao, Thai, Kanbodia ,Vancouver, Saskatoon, Taiwan တို့မှ သံဃာ့ဥသျှောင်ဆရာတော် သံဃာတော်အပါး(၁၅)ပါးကြွရောက်ချီးမြှင့်ခဲ့ကြောင်းသိရပါသည်။ ဆရာတော်များ၏ ဓါတ်ပုံများကို လွတ်လပ်စွာ ကူးယူပူဇော်နိုင်ပါသည်။

သျှမ်းနှစ်သစ်ကူး အထိမ်းအမှတ်ခမ်းအနား ကျင်းပပြုလုပ်သည့် သတင်းဓါတ်ပုံ(တိုကျို)။



၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၂၁)ရက်။

ယနေ့ နိုဝင်ဘာလ (၂၁)ရက်နေ့တွင် ဂျပန်နိုင်ငံရောက် သျှမ်းတိုင်းရင်းသားများတို့မှ သက္ကရာဇ်၂၁ဝ၅ နှစ်ပြည့် သျှမ်းနှစ်သစ်ကူး အထိမ်းအမှတ် အခမ်းအနားကို တိုကျိုမြို့တော် အီကဲဘူကူရို ရှိ Kenko Plaza 7 F ၌ ညနေ ၁၈း၀၀ မှ ၂၁း၃၀ အထိ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဂျပန်ရောက် မြန်မာနိုင်ငံသားများအပြင် ဂျပန်လူမျိုးများပါ ပါဝင်ဆင်နွဲခဲ့ကြပြီး သျှမ်းရိုးရာ အစားအစာများနှင့် ဧည့်ခံ ကြွေးမွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

ဘွိုင်းကောက် ၂၀၁၀ အတွဲ(၁) အမှတ်(၈)၊ နိုဝင်ဘာ ၂၁၊ ၂၀၁၀။

Boycott Vol. 8

Sunday, November 21, 2010

၂ဝ၁ဝရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ(ဂျပန်)၏ သက်တမ်းတိုးမြှင့်



ယနေ့ ၂၁ရက် နိုဝင်ဘာလ၂၀၁၀ခုတွင် ကျင်းပသော ၂ဝ၁ဝ ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီ(ဂျပန်)အနေဖြင့် ရွေးကောက်ပွဲ ပြီးဆုံးသွားသော်လည်း ရွေးကောက်ပွဲ မသမာမှုများကို ဆက်လက် စုံစမ်းဖေါ်ထုတ်ရန် အလို့ငှာ ကော်မတီ၏ သက်တမ်းကို ဆက်လက်တိုးမြင့်လိုက်ပါသည်။

ကော်မတီအနေဖြင့် ရွေးကောက်ပွဲ မသမာမှုများကို စုံစမ်းဖေါ်ထုတ်သွားပါမည်။ တဖက်မှလည်း ပြည်တွင်းရှိ ပြည်သူတို့၏ အခြေအနေများကို သုံးသပ်ရင်း ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး လမ်းညွှန်မှုနှင့်အတူ စစ်မှန်သော ဒီမိုကရေစီ ရရှိရေးအတွက်လည်းကောင်း၊ မတရား ဖမ်းဆီးထောင်ချခြင်း ခံနေရသော နိုင်ငံရေး အကျဉ်းသားများအား ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရေး တောင်းဆိုရေး လုပ်ငန်းများ ကိုလည်းကောင်း ဆက်လက် လှုပ်ရှားလုပ်ကိုင်သွားမည်။

သို့ဖြစ်ပါ၍လည်း ကော်မတီအနေဖြင့် မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီ ရရှိရေးအတွက် စိတ်ပါဝင်စားစွာ ပေါင်းပူးဆောင်ရွက်လိုသော မည့်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ကိုမဆို လှိုက်လှဲစွာ ဖိတ်ခေါ်လျက်ရှိပြီး စည်းလုံး ညီညွတ်စွာဖြင့် ဒီမိုကရေစီ လမ်းစဉ်နှင့်အညီ ပူးပေါင်းဆောင်ရွက် လုပ်ကိုင် သွားမည်ဖြစ်ကြောင်း သိရပါသည်။


သတင်းမှတ်တမ်း။ ။AYE NANDAR AUNG
ဓါတ်ပုံ။ ။MAI KYAW OO

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ပေးအပ်

မြန်မာ့ လွတ်လပ်ရေးအတွက် အရေးပါသော ခြေလှမ်းတရပ်အဖြစ် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ဗိုလ်ချုပ် အောင်ဆန်း (ဝဲမှ ဒုတိယ) နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံသဘောတူညီချက်ကို လက်မှတ်ရေးထိုးနေသည့် သရုပ်ဖော် ပန်းချီ ဖြစ်ပါသည်။ (RFA)
2010-11-20

video from _mizzima-tv
အမျိုးသား ပြန်လည်သင့်မြတ်ရေး လိုလားသူများနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ဒီမိုကရေစီ အင်အားစုတွေက ခေတ်အဆက်ဆက် နိုင်ငံရေးမှာ ပါဝင်ခဲ့တဲ့ သက်ကြီးဝါကြီး မျိုးချစ်ပုဂ္ဂိုလ်တွေကို ကန်တော့တဲ့ပွဲ ဒီကနေ့ ကျင်းပခဲ့ကြသလို၊ ၂၁ ရာစု ပင်လုံညီလာခံနဲ့ တိုင်းရင်းသားအရေး ဆောင်ရွက်ဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ခေါင်းဆောင်အဖြစ် တာဝန် ပေးအပ် လိုက်ကြပါတယ်။

ဒီပွဲကို ရန်ကုန်မြို့က ဝါရင့် နိုင်ငံရေးသမားကြီး သခင်သိန်းဖေရဲ့ နေအိမ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့တာပါ။
ဒီပွဲနဲ့ ပတ်သက်လို့ NLD ပြန်ကြားရေး တာဝန်ခံတဦး ဖြစ်တဲ့ ဗဟို အလုပ်အမှုဆောင် ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။

တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေး အင်အားစုများကနေပြီး ဒုတိယအကြိမ် ပင်လုံသဘောတူညီချက် အောင်မြင်စွာ ပေါ်ထွက်လာတဲ့အထိ တိုင်းရင်းသားအားလုံးကို စည်းရုံးပြီးတော့ တတိုင်းပြည်လုံး၊ ဒီမိုကရေစီ အင်အားစုများ အားလုံးကို စည်းရုံးပြီးတော့ ဆောင်ရွက်ပေးဖို့ တာဝန်လွှဲအပ်ပါရစေလို့ မေတ္တာရပ်ခံတယ်။ အဲဒီလို မေတ္တာရပ်ခံပြီးတော့ ဇိုမီးအမျိုးသား ခေါင်းဆောင်ဖြစ်တဲ့ ဦးပူကျင်ရှင်းထန်က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်နဲ့ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လက်ကို အမျိုးသား ပြန်လည်သ့င့်မြတ်ရေး လိုလားတဲ့ ဒီမိုကရေစီ အင်အားစုများ စုပေါင်း လက်မှတ်ရေးထိုးထားတဲ့ အဲဒီ မူရင်း ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပရေးစာတမ်းကို ပေးအပ်ပါတယ်။

မျိုးဆက်အသီးသီးက ဝိုင်းဝန်း တာဝန်ပေးတာကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံပြီး၊ ဒီကိစ္စတွေ အကောင်အထည်ဖော်ဖို့ သူတယောက်တည်း စွမ်းဆောင်နိုင်မှာ မဟုတ်တဲ့အတွက် အားလုံးက ဝိုင်းဝန်းပါဝင် ကူညီဖို့ ပြန်လည် မေတ္တာရပ်ခံ ခဲ့ပါတယ်။ သက်ကြီးဝါကြီးတွေကို ကန်တော့ပြီး နောက်ပိုင်းမှာ မျိုးဆက်သစ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ကန်တော့ခဲ့ကြပါတယ်။

ဒီနေ့ပွဲမှာ ၆၂ မျိုးဆက်၊ ၇၄ မျိုးဆက်နဲ့ ၈၈ မျိုးဆက်တွေ ပါဝင်ခဲ့ကြပါတယ်။ ကန်တော့ခံပုဂ္ဂိုလ် အယောက် ၂၀ ကျော်ရှိပြီး တက်ရောက်ကြတဲ့ အင်အား ၂ ရာကျော် ရှိတယ်လို့ သိရပါတယ်။


Copy from _ rfa.org

Saturday, November 20, 2010

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှ စီးပွားရေး ဦးမော့နိုင်မည်

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည် ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှ ပြန်လည် ထွက်ခွာလာစဉ် (ဓာတ်ပုံ - AP)

 20 November 2010

ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား အဖွဲ့များနှင့် စစ်အစိုးရတို့အကြား တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေး ပြဿနာများ အဖြေ ရှာမှသာ မြန်မာ့ စီးပွားရေး တိုးတက်နိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင်များက ပြောဆိုလိုက်သည်။

ဧရာဝတီက မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ငါး လုပ်ငန်း အဖွဲ့ချုပ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ် အသင်းများမှ စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ မေးမြန်းရာ လက်ရှိအခြေအနေတွင် မြန်မာ့စီးပွားရေးမှာ ထွက်ပေါက် မရှိ သော အခြေအနေမျိုးတွင် ဆိုက်ရောက်နေကြောင်း ပြောဆိုကြသည်။

ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုထောက်ခံပွဲ (ဂျပန်)



ဒေါ်အောင်ဆန်းစုကြည်ကဒီမိုကရေစီ ပန်းတိုင်သို့ လူထုတရပ်လုံးနှင့်အတူ မှန်ကန်သော နည်းလမ်းဖြင့် ချီတက်ပါတော့မည်။ ဒီမိုကရေစီ ဆိုသည်မှာ ပြည်သူတို့အတွက်ဖြစ်သည်။ သို့ဖြစ်ရာ ပြည်သူများ မပါဝင်ပဲ မည်သည့်ကိစ္စမျှ ပြီးနိုင်မည် မဟုတ်သောကြာင့် ဒီမိုကရေစီအရေးတွင် ပြည်သူတို့က ဝိုင်းဝန်းကြိုးပမ်းသည့် နည်းလမ်းကသာ မှန်ကန်သည်၊ ဤသို့သောစိတ်ဓါတ်ဖြင့် ကြိုးပမ်းသွားကြရမည်ဟု ၁၄-၁၁-၂ဝ၁ဝ နေ့ လူထုမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် ထည့်သွင်းပြောကြားသွားသည်။
ဤမျှတန်ဖိုးရှိလှသော လမ်းညွှန်ချက်ကို ပြောဆိုသွားသည့် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာ့ဒီမိုကရေစီအရေး အတွက် နှစ်ပေါင်းများစွာ အကျဉ်းကျခံရသည့်တိုင်၊ မိသားစုနှင့် ရှင်ကွဲသေကွဲ ကွဲရသည့်တိုင် စိတ်ဓါတ်မကျပဲ လူထုနှင့်အတူ ပန်းတိုင်ရောက်အောင် ကြိုးစားနေသော ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက တခဲနက် ကြိုဆိုထောက်ခံမည့် လှုပ်ရှားမှုကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပါမည်။

နေ့ရက်
၂၃-၁၁-၂ဝ၁ဝ (အင်္ဂါနေ့) (ဂျပန်နိုင်ငံ၏ တရားဝင်ရုံးပိတ်ရက်)
အချိန်
ညနေ ၂ နာရီမှ ၅ နာရီထိ
နေရာ
UN အဆောက်အဦရှေ့၊ Shibuya, Tokyo, Japan

ဒေါ်အောင်ဆန်းစုကြည်မှာ ထိန်းသိမ်းခံနေရစဉ်အတွင်း လူထုသဘောထားကို သိရန် နေ့စဉ်နေ့တိုင်း ပြည်ပ အသံလွှင့်ဌာနများမှ ထုတ်လွှင့်သည်များကို ငါးနာရီ ခြောက်နာရီကြာအောင် နားထောင်နေခဲ့သည်။ ယခု ပြန်လည် လွတ်မြောက်လာသည့်တိုင် လူထုသဘောထားများကို ထပ်မံသိချင်သေးသည်ဟု ပွင့်လင်းစွာပင် ထုတ်ဖော် သွားသည်။ တနေ့နေ့တွင် ပြည်သူ့ဟစ်တိုင် လုပ်ရမည်ဟုလည်း အကြံပြုသွားသည်။
ဂျပန်နိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းမှ မည်သူမဆို ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုထောက်ခံခြင်းနှင့်အတူ အမှာစကားပါးနိုင်ရန်လည်း စီစဉ်ထားပါသည်။

အစီအစဉ်များ
1.     ဒေါ်အောင်ဆန်းစုကြည်အား အပြည့်အဝ ထောက်ခံကြောင်း ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေကြသော အဖွဲ့အစည်းအသီးသီးမှ ထုတ်ပြန်ချက်များ ဖတ်ကြား၍ လက်မှတ်ရေးထိုးကြပါမည်။
2.     ဒေါ်အောင်ဆန်းစုကြည်ထံ အရောက်ပို့မည့် အော်တို (Auto) စာအုပ်တွင် မည်သူမဆို မိမိတို့တဦးချင်းအနေဖြင့် ပြောဆိုမှာကြား အကြံပေးလိုသည် များကို ရေးသားကြပါမည်။
3.     ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မြန်မာပြည်သူများအားလုံးအပြင် နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ကြည့်ရှုနိုင်မည့် ဗီဒီယိုနှင့် ဓါတ်ပုံများကို မှတ်တမ်းတင် ရိုက်ကူးပါမည်။
4.     ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုထောက်ခံပွဲတွင် ဂျပန်နိုင်ငံရောက် မြန်မာ နိုင်ငံသားများမှ မြန်မာ အာဏာပိုင်များ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တက်ကြွလှုပ်ရှားသူများနှင့်တကွ မြန်မာပြည်သူတရပ်လုံးသို့ ပန်ကြားလွှာ တစောင် စုစည်း ထုတ်ပြန်ပါမည်။ 

မြန်မာ့ဒီမိုကရေစီ အင်အားစုများ (ဂျပန်)

အင်အား အလုံးအရင်း တိုးချဲ့လာသည့် နအဖတပ်များကြောင့် ဒေသခံရွာသားများ စိုးရိမ်ထိတ်လန့်

နိုဝင်ဘာလ 19 ရက် 2010 ခုနှစ်

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ခွဲတွင် ယခုရက်ပိုင်းအတွင်း နအဖ စစ်တပ်များ အင်အား အလုံးအရင်းဖြင့် တိုးချဲ့လာပြီး ကေအဲန်ယူနှင့် တိုက်ပွဲ ဖြစ်ပွားလာနိုင်သည့် အရေးကို ရွာသားများ အလွန် စိုးရိမ်ထိတ်လန့်ကြသည်ဟု သိရသည်။

နိုဝင်ဘာလ ၁၄ရက်နေ့နှင့် ၁၅ရက်နေ့တွင် မြိုင်ကလေး၊ သက်ကယ်၊ ကျောက်ခွဲ၊ ကျောက်ပူ၊ တာ့ဒေး၊ အပလုံ စသည့်ကျေးရွာ များမှ ရွာသားတချို့သည် ရွာထဲတွင် တိုက်ပွဲ တစုံတရာဖြစ်ပွားပါက နအဖစစ်တပ်၏ ပေါ်တာချောဆွဲခံရမည်ကို စိုးရိမ်ကြ သဖြင့် တမိချောင်းတဘက်ကမ်းသို့ ယနေ့အထိ ကူးလာနေကြောင်း နယ်မြေခံ ကရင်ရဟန်းပျိုသမဂ္ဂအဖွဲ့ဝင်တပါးက မိန့်ကြား သည်။

KNU နဲ့ လာရောက်ပေါင်းစည်းတဲ့ DKBA 909 တပ်ရင်းအား ဂုဏ်ပြုကြိုဆို



နိုဝင်ဘာလ ၇ - ၈ ရက်နေ့က မြဝတီမြို့တွင်းတိုက်ပွဲ (ရုပ်သံ)

Copy from _ yamounnar(you tube,video)

မျိုးချစ် ၃၄ ဦး မြန်မာပြည် ပြန်မပို့တော့

နိုဝင်ဘာလ ၁၉ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ အမှုပြီးသော်လည်း အိန္ဒိယနိုင်ငံ ကာလကတ္တားထောင်တွင် ထိန်းသိမ်းခံရဆဲ ရခိုင်နှင့် ကရင် တော်လှန်ရေးသမား ၃၄ ဦးကို မြန်မာပြည် ပြန်ပို့ရန် အမိန့်ပေးခဲ့ခြင်းကို အနောက်ဘင်္ဂလား အစိုးရက နိုဝင်ဘာ ၁၁ ရက်တွင် ပြန်လည် ရုတ်သိမ်းလိုက်သည်။

အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနမှ တွဲဖက်အထွေထွေ အတွင်းရေးမှူးက အမှုပြီးစီးသည့် မြန်မာမျိုးချစ် ၃၄ ဦးကို မြန်မာပြည်ပြန်ပို့ရန် ပြီးခဲ့သည့်လလယ်က ထုတ်ပြန်ခဲ့သည်။

“ အခုတော့ ပြန်ရုတ်သိမ်းလိုက်ပါပြီ” ဟု ယင်း ၃၄ ဦး၏ ကိုယ်စားလှယ်တဦးဖြစ်သူ ဒေါက်တာတင့်ဆွေက ပြောသည်။

Friday, November 19, 2010

ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ရောက် မြန်မာဒုက္ခသည်များအား မှာကြားချက်ပါသည့် ANN news, အင်တာဗျူး

DASSK's message to the Burmese refugee people in Japan

Copy from - http://www.youtube.com/watch?v=BY8eFdUUy_s

ဗမာ့တပ်မတော်အတွင်းရေး - တိုင်းရင်းသားခေါင်းဆောင်များ လုပ်ကြံရာအစီအမံ

2010 November 16 ThanShwe Orders Intelligence to ate Ethnic Leaders, TheinSein Ordered to Take Our Daw Su

Copy from_ thawthikho.blogspot.com

ဒေါ်အောင်ဆန်းစုကြည်အတွက် ဂျပန်ရောက် ပီနန်ဆရာတော်ဘုရားကြီး၏ မိန့်ကြားချက်

ဂျပန်နိုင်ငံရှိ League for Democracy in Burma (LDB)၏ဥက္ကဋ္ဌ လည်းဖြစ်၊ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)၊ ၂၀၁၀ရွေးကောက်ပွဲ မသမာမှုစောင့်ကြည့်ရေး ဆပ်ကော်မတီ၏ တာဝန်ခံ တဦးလည်းဖြစ်သူ ဦးကျော်ကျော်စိုးသည် ဂျပန်နိုင်ငံသို့ ခေတ္တကြွရောက်လျက်ရှိသော ပီနန် ဆရာတော်ဘုရားကြီး၏ ဆင့်ခေါ်မှုကြောင့် ဆရာတော်ဘုရားအား သွားရောက် ဖူးတွေ့ခဲ့ပါသည်။

ဆရာတော်မှ ဂျပန်နိုင်ငံ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုများကို စိတ်ဝင်တစားနှင့် မေးမြန်း ဆွေးနွေးပြီး ဦးကျော်ကျော်စိုး၏ ဟီရိုရှီးမား ခရီးစဉ်နှင့် ပါတ်သက်၍ မေးမြန်းခဲ့ရာ ဦးကျော်ကျော်စိုးမှ ဟီရိုရှီးမား အစည်းအဝေးတွင် ဘုန်းတော်ကြီး ဒလိုင်းလားမား အပါအဝင် နိုဘလ်ဆုရှင်များက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာသောကြောင့် အလွန်တရာမှ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြကြောင်းကို ဆရာတော်ဘုရားအား လျှောက်ထားပါသည်။ ဆရာတော်ကြီးသည် ဦးကျော်ကျော်စိုး၏ လျှောက်ထားချက်များကို စိတ်ဝင်တစား နားထောင်ပြီး ဆရာတော်ကြီး မှလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်းအတွက် အလွန်တရာမှ ဝမ်းမြောက်ကြောင်း မိန့်ကြားခဲ့ပါသည်။ တဆက်တည်းမှာပင် ဆရာတော်ကြီး ဦးကျော်ကျော်စိုးအား (အေး......အောင်ဆန်းစုကြည် အတွက် ဘုန်းကြီးပြောချင်တဲ့ စကားနည်းနည်းရှိတယ်) ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည် အတွက် ပီနန်ဆရာတော်ဘုရား အနေဖြင့် အောက်ပါစကားများကို မိန့်ကြားခဲ့ပါသည်။

ဆရာတော်ဘုရားက ဒေါ်အောင်ဆန်းစုကြည်အနေနှင့်....

ရေနံချောင်း၌ စစ်သားက အရပ်သားအမျိုးသမီးကို အဓမ္မပြုကျင့်

18 November 2010

မကွေးတိုင်း ရေနံချောင်းမြို့ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၇၇ မှ တပ်သားတဦးက ရွာသစ်ကျေးရွာမှ အမျိုးသမီးငယ်တဦးကို အဓမ္မ သားမယား ပြုကျင့်ခဲ့သော်လည်း သက်ဆိုင်ရာတပ်ရင်းမှ အဆိုပါ ပြစ်မှုကျူးလွန်သည့် တပ်သားကို အရေးယူခြင်း တစုံတရာ မရှိကြောင်း သတင်းရသည်။

ပြီးခဲ့သည့် သောကြာနေ့ ညနေ ၄ နာရီခန့်က ကျေးရွာအနီး နွားကျောင်းနေသည့် အသက် ၁၉ နှစ်အရွယ်ရှိ မိန်းကလေး တဦး အား ခလရ ၇၇မှ တပ်သား မောင်မောင်ချေ ဆိုသူက အဓမ္မ သားမယား ပြုကျင့်ခဲ့သည်ကို ရပ်ရွာမှ ဖမ်းဆီးပြီး ညောင်လှ ရဲစခန်းသို့ အပ်နှံခဲ့ကြောင်း၊ ရဲစခန်းမှ စစ်ဆေးနေစဉ် ခလရ ၇၇ မှ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး တင်မောင်ဦး ရောက်ရှိလာကာ တပ်သား မောင်မောင်ချေ ကို လာရောက် ခေါ်ဆောင်သွားကြောင်း ဖခင်ဖြစ်သူ ဦးသန်းအေးကပြောပြသည်။

Thursday, November 18, 2010

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတဲ့ စစ်တပ်ဖက်က သဘောထား

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အခုချိန်မှာ လွှတ်ပေးတာဟာ ဥပဒေ ကြောင်းအရ ဆက်လက် ဖမ်းချုပ်ထားဖို့ မဖြစ်နိုင်တော့တာက တကြောင်း တခြားတဖက်မှာလည်း ရွေးကောက်ပွဲကို သူတို့ လိုသလို အနိုင်ရယူထားပြီး ဖြစ်လို့ အစစအရာရာ ပိုင်နိုင်ပြီလို့ ထင်တာက တကြောင်း ဒီအကြောင်း နှစ်ကြောင်းကြောင့် လွှတ်ပေးလိုက်တာလို့ စစ်တပ်အရာရှိဟောင်း တယောက်က ပြောပါတယ်။

စစ်တပ်အရာရှိဟောင်း ဦးဆက်ပိုင်ကို ဘီဘီစီက ဆက်သွယ် မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို မီဒီယာတွေနဲ့ ဆက်သွယ် ပြောကြားခွင့် ပေးတာသံတမန်တွေနဲ့ တွေ့ဆုံခွင့်ပေးတာဟာ ဒေါ်အောင်ဆန်းစုကြည် ဘက်က ဘာတွေ ဆောင်ရွက်ဖို့ ရှိသလဲဆိုတာ သိချင်တဲ့အတွက် စစ်တပ် လုပ်ထုံးလုပ်နည်း အတိုင်း အမှောင်ထဲကို သေနတ်နဲ့ မှန်းဆပစ်ပြီး ရန်သူကို ရှာဖွေတဲ့ search fire နည်းကို အသုံးပြုတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အခုတကြိမ် လွတ်မြောက်တာဟာ အဆိုးဘက်ကို ဦးတည်သွားနိုင်သလို အကောင်းဘက်ကို ဦးတည်လာတာလည်း ဖြစ်နိုင်တယ်လို့ ဦးအောင်ဆက်ပိုင်က ဆိုပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနဲ့ ရွေးကောက်ပွဲ အပေါ်မှာ နိုင်ငံတကာကရော ပြည်သူတွေကပါ ထောက်ခံမှု မရှိတာကို သိမြင်မှာ ဖြစ်တဲ့အတွက် သူ့သမိုင်းကြောင်း ပြန်ကောင်းအောင် အဖတ်ဆည်ချင်တဲ့ ရည်ရွယ်ချက်နဲ့ တွေ့ဆုံ ဆွေးနွေးလာနိုင်တယ်လို့ မျှော်လင့်ကြောင်း သူကဆိုပါတယ်။

ဒါပေမယ့် တပ်မတော် အတွင်းမှာ အစစအရာရာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေကသာ ချုပ်ကိုင်ထားတာ ဖြစ်တဲ့အတွက် အပြောင်းအလဲ အားလုံးဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လက်ထဲမှာသာ ရှိတယ်လို့လည်း ဆိုပါတယ်။

သတင်းရင်းမြစ် - ဘီဘီစီ 

လုံခြုံရေး ကောင်စီ မြန်မာ့အရေး ဆွေးနွေးမည်

နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှိ လုံခြုံရေး ကောင်စီတွင် ၂၀၀၉ ခုနှစ်က အစည်းအဝေးတခု ကျင်းပနေပုံ (ဓာတ်ပုံ - ရိုက်တာ)
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်၍ မနက်ဖြန် ကျင်းပမည့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်း အဝေးတွင် ဆွေးနွေးလိမ့်မည်ဟု ခန့်မှန်း ပြောဆိုမှုများ ရှိနေသည်။

အစည်းအဝေး မတိုင်မီ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံများအကြား အလွတ်သဘော ဆွေးနွေးရာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာမှုကို ကြိုဆိုကြောင်း၊ မကြာမီက ကျင်းပခဲ့သည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း၊ မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးရှိ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် စစ်အစိုးရကို တိုက်တွန်း ကြောင်း စသည့် သဘော တူညီချက်များ ရရှိသည်ဟု သိရသည်။

အမျိုးသားပြန်လည်သင့်မြတ်မှုကိုလိုလားသော ဒီကေဘီအေ တပ်ဖွဲ့ ဝင်များအား ကရင်လူထုက နွေးထွေးစွာ ကြိုဆို


 


ဓါတ်ပုံ + သတင်း = နန်းဖေါခလိန်း

ယနေ့၁၇၊ ၁၁၊ ၂၀၁၀ ရက်နေ့တွင် ကရင်ပြည်နယ်တွင်း တစ်နေရာ၌ ၁၅ နှစ်ကျော်ကြာ နအဖ စစ်အစိုးရ၏ အစီအစဉ်ရှိရှိ ကရင်အချင်းချင်း အိုးမဲသုတ် ရန်တိုက်ပေးပြီး တိုက်ခိုက် သတ်ဖြတ် မှုများ၊ နအဖ စစ်အစိုးရ၏ သပ်လျှို ဖြိုခွဲမှုများကို သဘောပေါက် နားလည်လာပြီး အမျိုးသား ပြန်လည် သင့်မြတ်မှုကို ရှေ့ရှုလျက် ဘုံရန်သူ နအဖ စစ်အစိုးရအား မိခင် ကေအဲန်ယူ အစည်းအရုံးနှင့် အတူ ပြန်လည် လက်တွဲ တိုက်ပွဲဝင်လာသော ဒီကေဘီအေ တပ်ဖွဲ့ဝင်များအား ဒေသခံပြည်သူများ နှင့် နိုင်ငံတကာမှ ကရင်ပြည်သူများက ဂုဏ်ပြု ကြိုဆိုပွဲ တစ်ခုကို ယနေ့  ကျင်းပကြောင်း သတင်းရရှိပါသည်။

၎င်း ကြိုဆိုပွဲတွင် ဒီကေဘီအေ တပ်ကို ဦးဆောင်သူများမှာ အမှတ်(၉၀၁)တပ်ရင်းမှူး ဗိုလ်မှူးစတီးနှင့် ဌာနချူပ် တပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်ရွှေဝ တို့ဖြစ်ကြောင်း သတင်းရရှိပါသည်။ ယနေ့ပြည်သူများ၏ ထောက်ခံ ဂုဏ်ပြုကြိုဆိုပွဲကို တက်ရောက် ခံယူသော ဒီကေဘီအေ တပ်သား အင်အားမှာ ၁၅၀ ကျော်ရှိကြောင်းနှင့် ကျန်ရှိသော တပ်သားအများစုမှာ လှူံခြုံရေး တာဝန်ယူထားရပါသဖြင့် လူမြင်ကွင်းတွင် မတွေ့  ရပါဟု နန်းဖေါခလိန်း မှ သတင်းပေးပို့ လာပါသည်။

အကျဉ်းကျ တိုင်းရင်းသားခေါင်း ဆောင်လွတ်မြောက်ရေး ဦးစားပေး စဉ်းစားနေဟု ဒေါ်စုပြော

ခွန်ထွန်းဦး နှင့် ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ ashin-htavara.blogspot.com)
Wednesday, 17 November 2010 14:53 သျှမ်းသံတော်ဆင့် .

ယခုလ ၁၃ ရက်နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား ယမန်နေ့က UNA တိုင်းရင်းသားခေါင်းဆောင်များ သွားရောက်တွေ့ဆုံ နှုတ်ဆက်ကြကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာ ကျနော်တို့ အရမ်းဘဲဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်။ ဒေါ်စု ကိုယ်တိုင်ကလဲ တိုင်းရင်းသားခေါင်းဆောင်တွေဖြစ်တဲ့ သျှမ်းတိုင်းရင်း သားများဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး၊အတွင်းရေးမှူး စိုင်းညွန့်လွင် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ဦးစားပေးစဉ်း စားနေတယ်လို့ ပြောတယ် ” - ဟု SNLD အတွင်းရေးမှူးအဖွဲ့ဝင် ဦးစိုင်းတင်လှိုင်က ပြောပါသည်။

Wednesday, November 17, 2010

တိုင်းရင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ပင်လုံညီလာခံကိစ္စ ဆွေးနွေး

2010-11-16
ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသားခေါင်းဆောင်တွေ ပထမဆုံးအကြိမ် နိုဝင်ဘာ ၁၆ ရက် ဒီကနေ့ တွေ့ဆုံနှုတ်ဆက်ပြီး ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပပြုလုပ်နိုင်ရေး တင်ပြခဲ့တယ်လို့ သိရပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်ကို မိမိတို့ အနေနဲ့ ပဏာမ တွေ့ဆုံတာဖြစ်ပြီး ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပနိုင်ရေး ဘာကြောင့် လိုအပ်တယ်ဆိုတာ အချက်ငါးချက်ကို ကိုးကား တင်ပြခဲ့တာလို့ ဇိုမီ အမျိုးသား ကွန်ဂရက်က ဥက္ကဋ္ဌ ဦးပူကျင်ရှင်းထန်က ခုလို ပြောပါတယ်။

“တမျိုးနဲ့တမျိုး မယုံသင်္ကာမရှိအောင် စိတ်ထဲမှာ ရှိသမျှကို ဖော်ဆောင်ပြီးတော့မှ ဆွေးနွေးနိုင်ဖို့ အခွင့်အရေးရှိမှ ဖြစ်မယ်ဆိုတဲ့ အနေမျိုးနဲ့ ဒါလုပ်တယ်။ အဲဒီဥစ္စာကို ခင်ဗျားလည်း လက်ခံတဲ့အပြင်၊ ဒီဥစ္စာကို ၂၁ ရာစု ပင်လုံညီလာခံမျိုး ဖြစ်အောင်ဆိုတာ ဆိုတော့ ကျွန်တော်တို့ ထင်တာထက် ပိုပြီးတော့ ကျယ်ပြန့်အောင် လက်ခံသွားတယ်လို့ ကျွန်တော်တို့ သဘောပေါက်တဲ့အတွက်ကြောင့် အဲဒါလည်းပဲ ဝမ်းသာပါတယ်ဆိုတာ။”
ဒေါ်အောင်ဆန်းစုကြည်က ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပရေးနဲ့ ပတ်သက်ပြီး ၂၁ ရာစုနဲ့ ကိုက်ညီတဲ့ ပင်လုံညီလာခံ ကျင်းပသင့်တယ်လို့ တနင်္ဂနွေနေ့က သတင်းစာရှင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဒီကနေ့ အစည်းအဝေးကို တက်ရောက်တဲ့ UNLD အဖွဲ့က ၉၀ ခုနှစ် ရွေးချယ် တင်မြှောက်ခံ အမတ် ဦးထောင်ခိုထန်း ကလည်း ခုလိုပြောပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမယ်ဆိုတဲ့ဟာက သူက သဘောတူတယ်၊ ဘယ်လိုလုပ်မလဲ လုပ်နည်းလုပ်ဟန်တော့ စဉ်းစားရမယ်တဲ့။ ဒါကြောင့်မို့  ကျွန်တော်တို့က ဒီဟာက ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်ဖြစ်တယ်။ နောက် မြေပေါ်မြေအောက် နိုင်ငံရေးပါတီ အုပ်စုတွေကလည်း ဒီဟာတွေကို အကုန်လုံးက ထောက်ခံတဲ့အခါကျတော့ ဒီဟာက မရှိမဖြစ် လိုအပ်တဲ့ ဒုတိယ ပင်လုံညီလာခံ ဖြစ်တယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က လက်ခံတယ်။ အကောင်အထည် မပေါ်ပေါ်အောင် ဖော်မယ်ဆိုတဲ့သဘော  တွေ့ရတဲ့အခါကျ ကျွန်တော်တို့  တော်တော်လေးကို အားရပါတယ်။”

စစ်တွေ-အမ်း ရထားလမ်းကို အကြောင်းပြပြီး ရခိုင်ရှေ့ဟောင်း ယဉ်ကျေးမူ အမွေအနှစ်များကို စစ်အစိုးရမှ ဖျက်ဆီးပြီ

 နိုဝင်ဘာလ 16 ရက် 2010 ခုနှစ်။

စစ်တွေ - အမ်း ရထားလမ်းကို အကြောင်းပြပြီး ရှေးဟောင်း မြောက်ဦးမြို့ ရှိ ရခိုင်ရှေ့ဟောင်း စေတီ၊ ပုထိုးများ၊ ကျုံးများကို လွန်ခဲ့သည့် နှစ်ပတ်ခန့်က စတင်ပြီး မြေတူး စက်များဖြင့် ဖြိုဖျက်နေကြောင်း မြောက်ဦး မြို့ခံများက နိရဉ္စရာသို့ ပြော သည်။

ယခု ဖြိုဖျက်ခံနေရသည့် ဘုရားများနှင့် သမိုင်းဝင်နေရာ အမည်များကို မြောက်ဦးမြို့မှ သမိုင်း သုတေသီ တဦးက ယခုကဲ့သို့ပြောသည်။

Tuesday, November 16, 2010

တိုင်းရင်းသားတွေမြင်တဲ့ ဒေါ်အောင်ဆန်းစုကြည်

16 November 2010

နိုဝင်ဘာ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက် လာခဲ့ပြီး ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးရှေ့တွင် ပြည်သူလူထုအား မိန့်ခွန်းပြောခဲ့ရာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ကိစ္စရပ်ကို ထည့်သွင်း ပြောဆိုသွားခဲ့သည်။

ယနေ့ နေ့လယ်ကလည်း တိုင်းရင်းသား ခေါင်းဆောင် တချို့နှင့် တွေ့ဆုံ၍ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးကိစ္စကို ထောက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

ဧရာဝတီ မဂ္ဂဇင်းက ရွေးကောက်ပွဲ ဝင်ခဲ့သည့် တိုင်းရင်းသား ခေါင်းဆောင်တချို့၊ အပစ်အခတ် ရပ်စဲထားသော်လည်း ရွေးကောက်ပွဲ မဝင်သည့် တိုင်းရင်းသား ခေါင်းဆောင်တချို့နှင့် အပစ်အခတ် မရပ်စဲသေးသည့် တိုင်းရင်းသား ခေါင်းဆောင် တချို့ကို မေးမြန်းခဲ့ရာ အားလုံးက ဒုတိယ ပင်လုံညီလာခံခေါ်ယူရေး ကိစ္စကို ထောက်ခံကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ပြည်သူလူထုက ထောက်ခံအားပေးသည့် ခေါင်းဆောင်တဦးအဖြစ် ကြိုဆိုကြောင်း ပြောဆိုကြသည်။

နယ်စပ်တိုက်ပွဲများကြောင့် ဆေးဈေးနှုန်း မြင့်တက်

နိုဝင်ဘာ ၈ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့အတွင်း DKBA ခွဲထွက် တပ်သားများနှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်နေစဉ် (ဓာတ်ပုံ - အေပီ)
16 November 2010

ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများကြောင့် နယ်စပ်မှ တင်သွင်းလာသည့် ဆေးဝါး ဈေးနှုန်းများ မြင့်တက်သွားကြောင်း ရန်ကုန် ဆေးဝါး လက်လီ လက်ကား ဖြန့်ဖြူးရောင်းချ သူများက ပြောသည်။

နယ်စပ်မှ တင်သွင်းလာသော လိုင်းပစ္စည်းဟု ခေါ်ဝေါ်ကြသည့် တရားမ၀င်ဆေးဝါး များသည် အိန္ဒိယနိုင်ငံ မှ အများဆုံး ၀င်ရောက်သော်လည်း ဈေးကွက်အရ ထိုင်းနိုင်ငံမှ ၀င်ရောက်သည့် ဆေးဝါးများမှာ ပိုမိုအရောင်း တွင်ကျယ်ပြီး စိတ်ချစွာ သုံးစွဲသူ ပိုများကြောင်း သိရသည်။

ဒုတိယပင်လုံညီလာခံက မြန်မာတမျိုးသားလုံးအတွက်ဟု တိုင်းရင်းသား ပါတီများပြော

15 November 2010 19:32


ဒုတိယအကြိမ် ပင်လုံညီလာခံတခု ပေါ်ပေါက်လာရေးသည် တိုင်းရင်းသား လူမျိုးစု များအတွက်သာမက မြန်မာတနိုင်ငံ လုံးအတွက် မရှိမဖြစ် လိုအပ်ကြောင်း ရွေးကောက်ပွဲ ၀င်ခဲ့သည့် တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။

ဝေါ်လေတွင် စစ်အစိုးရနှင့် DKBA တိုက်ပွဲဖြစ်၊ ဒေသခံ ၄၀၀ ခန့် တိမ်းရှောင်

DKBA နှင့် စစ်အစိုးရ တိုက်ပွဲကြောင့် ထိုင်းဘက် တိမ်းရှောင်လာသော ဒေသခံ စစ်ပြေး ဒုက္ခသည်များ(ဓာတ်ပုံ - ဧရာဝတီ)

15 November 2010


ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေဒေသတွင် စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ် မတော် ( DKBA ) တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ရွာသား ၄၀၀ ခန့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ် တဖက်ကမ်းသို့ ထွက်ပြေး တိမ်းရှောင်လာကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုအပေါ်ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်)၏ သဘောထား ထုတ်ပြန်ကြေညာချက်

AUN-Statement_2010.11.15

Monday, November 15, 2010

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုအပေါ် တိုင်းရင်းသားခေါင်းဆောင်များအသံ

မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ

ဒေါ်အောင်ဆန်းစုကြည်လွတ်လာတာ ကျနော်တို့သိပ်ကို ဝမ်းသာတယ်။ ကြိုလဲ ကြိုဆိုတယ်။


ကျနော်တို့ဘက်ကဖြစ်စေချင်တာက မကြာခင်တုန်းက ကလေးမြို့မှာ NLD ခေါင်းဆောင်တွေ၊ နောက် ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဝါရင့် နိုင်ငံရေးသမားကြီးများအဖွဲ့က ခေါင်းဆောင်တွေ ချုပ်ဆိုထားတဲ့ သဘောထားထင်မြင်ချက် အဲဒါကို လက်တွေ့အကောင်အထည်ဖေါ်လာနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် တွန်းအားပေးရင်ကောင်းမယ်လို့ ကျနော်တို့ တောင်းဆိုချင်ပါတယ်။

ကျနော်တို့နိုင်ငံမှာ အဲဒီ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိုင်ဘဲနဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံ ဘယ်လိုမှဖြစ်လာမှာမဟုတ်ဘူး။ ဒီကနေ့ပြည်တွင်းစစ်တွေဖြစ်နေရတာဟာ အမှန်ကတော့ တိုင်းရင်းသား အခွင့်အရေးတွေ ဆုံးရှုံးနေလို့ပါ။ ဒေါ်အောင်ဆန်းစုကြည်သိပါတယ်။


ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်

ဒီမိုကရေစီအရေးတွက် အရိပ်အယောင် သန်းလာတဲ့ သဘောရှိတယ်…

ဒေါ်အောင်ဆန်းစုကြည် လုပ်ပေးနိုင်မယ်ဆိုရင် လုပ်ပေးစေချင်တာက သူနဲ့ ဘဝတူ နိုင်ငံရေး အကျဉ်းသားတွေ အကုန်လုံး လွတ်မြောက်ဖို့ကို ကြိုးပမ်းစေချင်တယ်… ဒုတိယ တချက်က ဒီမိုကရေစီအရေး ကြိုးပမ်းရင်းနဲ့ အမျိုးသားရင်ကြားစေ့ရေးကို တဆက်ထဲ ကြိုးပမ်း စေချင်တယ်…

တိုင်းရင်းသားတွေအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရအောင် အပစ်ခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား အဖွဲ့တွေနဲ့ သော်လည်းကောင်း အပစ်အခတ်ရပ်စဲခြင်း မရှိသေးတဲ့ အဖွဲ့တွေနဲ့ သော်လည်းကောင်း ဒီလက်ရှိ အစိုးရနဲ့ အဆင်ပြေပြေ ညှိနှိုင်း ဆောင်ရွက်ပေးဖို့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်ဖို့ တနည်းအားဖြင့် နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပေးဖို့ ကျနော်တို့ မျှော်လင့်ပါတယ်…


ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်

ကျနော်တို့ အထင် အခုချိန်ခါမှာ ဘာအလိုအပ်ဆုံးလဲဆိုတော့ ကျနော် ကလေးမြို့ မှာ ကြေညာတဲ့အတိုင်း ဒုတိယပင်လုံ ညီလာခံလိုနေတယ်… အခု အခြေခံဥပဒေ ဆွဲထားတယ် ပြောတယ်၊ ဒါတွေ ကျနော်တို့ လက်မခံဘူး… အခု ရွေးကောက်ပွဲ လုပ်တယ်၊ ဒါကို ကျနော်တို့ လက်မခံနိုင်ဘူး…


ကရင်အမျိုးသား အစည်းအရုံး KNU ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါ

သူ့အနေနဲ့ နိုင်ငံရေး သက်သက်ပေါ့ တိုက်ပွဲလုပ်လာတာ။ အင်မတန် ရက်စက် ကြမ်းကြုတ်တဲ့ အာဏာမက်မောတဲ့ အာဏာရှင် စနစ်အောက်မှာ ဘာမှ အောင်မြင်ဖို့ မလုပ်နိုင်ဘူး။ ကျနော်တို့ တိုင်းရင်းသားတွေ အတွက်လဲ သူ ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။

အဲတော့ သူအနေနဲ့က ပြန်ပီးစဉ်းစားရမယ်။ အခု နအဖက ရွေးကောက်ပွဲလုပ်တယ်၊ အစိုးရ အသစ်ထောင်မယ် စသဖြင့် အဲဒီဘောင်အတွင်းမှာ သူတို့ သေချာ ပြန်လည် သုံးသပ်ရမယ်… အရင် ပုံစံအတိုင်းတော့ မလွယ်တော့ဘူး ဘာမှ ထူးမှာ မဟုတ်ဘူး။

Non – Violence အကြမ်းမဖက်တဲ့ နိုင်ငံရေးတိုက်ပွဲဆိုတာက ယဉ်ကျေးမှုရှိတဲ့ နိုင်ငံမှသာလျှင် ဖြစ်တာ။ အာဏာရ အစိုးရကလဲ လူ့အခွင့်အရေးလို ပြည်သူတွေရဲ့ ကောင်းစားရေး လွတ်လပ်ရေး အစရှိတဲ့ အဲဒီအတွက် ဆန္ဒရှိတဲ့ အစိုးရမျိုး မှာမှ ကျနော်တို့က လုပ်လို့ရမယ်။

အခုက အဲလိုမဟုတ်တဲ့အခါကျ ပြည်တွင်းက အကြမ်းမဖက်နိုင်ငံရေး လှုပ်ရှားမှုက အကျိုးမရှိတော့ဘူးလို့ မြင်တယ်လေ… ဆိုပါတော့ဗျာ၊ သူက လူထုဆန္ဒပြပွဲမဟုတ်သေးဘူးနော်၊ လူထုအစည်းအဝေးတွေ လုပ်မယ်ဆိုရင်တော့ တခါ ထောင်ထဲမှာ ပြန်ထည့်မှာပဲ အဲဒီအတိုင်းလာမှာပဲ။

ရခိုင်ပြည်နယ်မှာ မုန်တိုင်ဘေးသင့် ပြည်သူတွေကို ကူညီ ကယ်ဆယ်ရေးတွေ လုပ်ဆောင် ပေးနေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီရဲ့ ခေါင်းဆောင်တဦးဖြစ်သူ  ဦးအေးသာအောင်

“အခုလို လွတ်လာတဲ့အတွက်ကြောင့်တော့ ကျနော်တို့က ၀မ်းလည်းဝမ်းသာတယ်။ ကျနော်တို့ ကြိုဆိုပါတယ်။ ဒေါ်ဒောာင်ဆန်းစုကြည်လို ပုဂ္ဂိုလ်တယောက် လွတ်လာတဲ့အတွက်ကြောင့် ရှေ့ နိုင်ငံရေးမှာ ရှေ့ဆက်သွားရမယ့် ခရီးမှာ အလွန်လည်း အားတက်စရာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ် လွတ်မြောက် လာတဲ့အခါ တပ်မတော်ရယ်၊ တိုင်းရင်းသားများရယ်၊ အဲန်အယ်လ်ဒီ အပါအ၀င် ဒီမိုကရေစီ အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးရေး၊ အထူးသဖြင့် ပင်လုံလို အစည်းအဝေးတခုမှာ တွေ့ဆုံဆွေးနွေးပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ တိုင်းပြည်ရဲ့ ပြဿနာ အ၀၀ကို ဖြေရှင်းနိုင်မယ့် နည်းလမ်းပဲ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်ဖို့ အတွက်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုဟာ ရှေ့ဆက်မယ့် ခရီးအတွက် အလွန် အရေးပါတဲ့ ခြေလှမ်းတရပ် ဖြစ်တယ်လို့ ကျနော့်အနေနဲ့ သုံးသပ်ပါတယ်။”

Copy From _ mizzimaburmese.com

U2 ကနေ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချူပ်ကနေ လွတ်မြောက်မှု အထိမ်းအမှတ်အနေနဲ့  ဂုဏ်ပြုဖြော်ဖြေပွဲ ကျင်းပ။



Monday, November 15, 2010

နာမည်ကျော် တေးဂီတအဖွဲ့  U2 ကနေ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချူပ်ကနေ လွတ်မြောက်မှု အထိမ်းအမှတ်အနေနဲ့  ၀မ်းသာအားရဖြစ်ပြီး အိုင်ယာလန်နိုင်ငံ ဒပ်ဘလင်မြို့ က ခရုဒ်ခန်းမကြီးထဲမှာ ဂုဏ်ပြုဖြော်ဖြေပွဲ ကျင်းပခဲ့ပါတယ်။
ဒီ ကမ္ဘာကျော်တေးဂီတအဖွဲ့  U2 ဟာ "The Lady" လို့ အမည်ပေးထားခဲ့တဲ့ တေးအယ်ဘမ်မှာ “Walk On” သီချင်းနဲ့  ကျွန်တော်တို့  မြန်မာပြည်သူလူထုရဲ့  ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့  မြန်မာပြည် ဒီမိုကရေစီရရှိရေးဆောင်ရွက်မှုများကို အားတက်သရော အပြည့်အ၀ထောက်ခံနေကျသူ အနုပညာရှင်များ ဖြစ်ကြပါတယ်။

ဒီ Walk On သီချင်းလေးကို ပြန်လည်နားသောတဆင်ရင်း ကျွန်တော်တို့  လေးစားချစ်မြတ်နိုးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဦးဆောင်မှုနဲ့ အတူ မြန်မာပြည်သူပြည်သားများအားလုံး လွတ်မြောက်ရေးနဲ့  ငြိမ်းချမ်းရေးအတွက် ရှေ့ ဆက်ခရီးဆက် လျှောက်လှမ်းကြအောင်လားဗျာ။

Copy from _ niknayman-niknayman.co.cc/

ဂျပန်နိုင်ငံTBSသတင်းဋ္ဌာနမှတင်ဆက်သော ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်မှု

သတင်းအပြည့်အစုံကိုဒီနေရာမှာကြည့်ပါ။

ရွေးကောက်ပွဲ မတရားမှု ကမ္ဘာသိအောင် အစီရင်ခံစာ ထုတ်ပြန်ဖို့ ဒေါ်စု ဆောင်ရွက်မည်

ဓာတ်ပုံ ASSOCIATED PRESS

ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီးနောက် ပထမဆုံး သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်။
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီးနောက် ပထမဆုံး သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်။ နိုဝင်ဘာ ၁၄၊ ၂၀၁၀။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မတရားမှုတွေကို မြန်မာပြည်သူတွေတင် သာမက ကမ္ဘာသိအောင် တင်ပြနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဗွီအိုအေ မြန်မာပိုင်းဌာနနဲ့ သီးသန့် ပြုလုပ်တဲ့ မေးမြန်းခန်းမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒါ့အပြင် NLD အနေနဲ့ လူထုနဲ့ လက်တွဲပြီး လုပ်ဆောင် သွားမယ်လို့ ဆိုပါတယ်။ ဘန်ကောက် ရောက်နေတဲ့ ဗွီအိုအေ မြန်မာပိုင်း ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က မကြာခင်ကလေးကပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

ပထမဆုံး မေးချင်တာတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အန်တီလည်း တော်တော်လေး ကြားပြီးမှာပေါ့၊ ဆိုတော့ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

“ကျမတို့ အခု ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကော်မတီဖွဲ့ပြီးတော့ ရွေးကောက်ပွဲမှာ မတရားတဲ့ ကိစ္စတွေကို စုံစမ်းနေပါတယ်။ ကျမတို့ ပြောပြီးပြီပဲလေ၊ ဥပဒေ စိုးမိုးရေးကို ယုံကြည်တဲ့အလျောက် ရွေးကောက်ပွဲမှာ ကိုယ်တိုင် မပါခဲ့ပေမဲ့လည်း အဲဒီမှာ မတရားတဲ့ ကိစ္စတွေတော့ ကျမတို့ စုံစမ်းရမယ်။ ဒီဟာတွေကို အစီရင်ခံစာတခု ပြုပြီးတော့ ပြည်သူအများ သိအောင် တင်ပြရမယ်၊ ကမ္ဘာသိအောင် တင်ပြရမယ်လို့ ယုံကြည်ပါတယ်။”