Sunday, October 31, 2010

ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးရန် ဂျပန်က ထပ်မံတောင်းဆို

Copy from _ burmese.dvb.no/news.

Prof Kanbawza Win speech, Not To Vote in Burma 2010 Election (Sham Election)

NLD မဲမပေးရေး တိုးမြှင့်လှုံ့ဆော်

သုံးခွမှာ ပြုလုပ်ခဲ့တဲ့ မဲမပေးရေးလှုပ်ရှားမှု ဓာတ်ပုံတစ်ပုံပါ..Photo by - demowaiyan.
အောက်တိုဘာလ ၃၁ ရက် ၂၀၁၀ ခုနှစ်

ရွေးကောက်ပွဲတွင် မဲမပေးဘဲနေခြင်းဖြင့် ဖွဲ့စည်းပုံ ဥပဒေသစ်ကို ကန့်ကွက်ကြရန် ရန်ကုန် NLD လူငယ်များ စနေနေ့ မနက်က လှုံ့ဆော်ခဲ့ကြသည်။ တာမွေမြို့နယ်တွင် NLD လူငယ် ၂ဝ က “ မဲမပေးချင်က မပေးဘဲ နေထိုင်ခွင့်ရှိတယ်”ဟု ရေးထားသော လက်ကမ်းစာစောင် ၁,၅ဝဝ ခန့် နံနက်ပိုင်းတွင် နှစ်နာရီကြာ ဖြန့်ဝေခဲ့သည်။

၂ဝ၁ဝ ရွေးကောက်ပွဲ ဆိုင်ရာနိုင်ငံရေး ဆွေးနွေးပွဲ - (တိုကျို၊ ဂျပန်)


၂၀၁၀ ခုနှစ် အောက်တိုဘာလ(၃၁)ရက်။


ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)မှ ဦးစီး ကျင်းပပြုလုပ်သည့် တရားမျှတမူမရှိသည့် အတုအယောင် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး၊ မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲကို တိုကျို Takadanobaba, Recycle Center 4 F, မှာ နံနက် ၉ နာရီ ၃ဝ မိနစ်မှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

နအဖ စစ်အုပ်စုမှ ကျင်းပမည်ဆိုသော၂ဝ၁ဝ ရွေးကောက်ပွဲအား ဘာကြောင့် လက်မခံ ဆန့်ကျင် ကန့်ကွက်ရသည့်အကြောင်းကို၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)၀င် ကိုယ်စားလှယ် များနှင့်အတူ  ဂျပန်နိုင်ငံရောက် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ဦးဆောင် ဆရာတော် အရှင်ထာဝရ မှလည်းပါဝင် တက်ရောက်  ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

ယနေ့ ဆွေးနွေးပွဲမှာ တိုင်းပြည်နဲ့ လူမျိုးကို ထာဝရစစ်ကျွန်ပြုမည့် စစ်အာဏာရှင် စနစ်ကို တရားဝင် အုပ်ချုပ်ပိုင်ခွင့် ပေးရတော့မည့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ရန် လူတိုင်းမှာ တာဝန်ရှိပါတယ် မဲရုံသို့ မသွားဖို့ မဲမပေးဖို့ စည်းရုံးလုပ်ဆောင်သွားမှာ ဖြစ်ပြီး မဲမပေးခြင်းဟာလည်း မိမိတို့ရဲ့ အခွင့်အရေးကို အသုံးချပြီး ဒီမိုကရေစီရေးနှင့် အမျိုးသားရေး တာဝန်ကို ထမ်းဆောင်ကြဖို့ အချိန်ကျရောက်ပြီ ဖြစ်တယ် ၊အကြောင်း အမျိုးမျိုးကြောင့် အနေအထားအရ မဲမပေးပဲ နေလို့မရတဲ့ လူတွေအတွက်တော့ ပယ်မဲဖြစ်အောင် ပြုလုပ်ကြဖို့ကို  ဆွေးနွေးသွားခဲ့ကြပါသည်။ ရွေးကောက်ပွဲ အလွန်မှာ နိုင်ငံရေးမျှော်မှန်းချက်ဖြစ်တဲ့ ကလေးမြို့ ကြေငြာစာတမ်း ဒုတိယ ပင်လုံခေါ်ယူဖို့ ကြိုးပမ်းချက်တွေမှာ ပြည်ပမှာရှိတဲ့ ဒီမိုကရေစီ အင်အားစုတွေ ၀ိုင်းဝန်း ပူးပေါင်း ပါဝင်ကြရန် တိုက်တွန်းသွား မည်ဖြစ်ပါသည်။ ဆွေးနွေးပုံ အသေးစိတ်ကို ဗီဒီယိုဖြင့် မှတ်တမ်းတင်ကာ YouTube, Internet TV အစရှိသည့် ဆက်သွယ်ရေး နည်းလမ်းများဖြင့် မြန်မာနိုင်ငံ ပြည်တွင်းသို့၎င်း၊ အခြားနိုင်ငံ အရပ်ရပ်သို့၎င်း ဖြန့်ချိပြီး  ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo (PNS-Japan)
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum (CNC-Japan)

စစ်မှန်တဲ့ရွေးကောက်ပွဲ မြင်တွေ့လိုကြောင်း နယူးဇီလန်နဲ့ ဖိလစ်ပိုင် ပြောကြား

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ပြုလုပ်သည့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်လာသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton နှင့် နယူးဇီလန် ဝန်ကြီးချုပ် John Key ဖြစ်ပါသည်။ (Photo: AFP)
2010-10-30

မြန်မာစစ်အစိုးရ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတလိမ့်မယ်လို့ မယုံကြည် ကြောင်း ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပ ပြီးစီးသွားတဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ နယူးဇီလန် ဝန်ကြီးချုပ် John Key က ဒီကနေ့ ပြောလိုက်ပါတယ်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားပြီး ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းလမ်းကျတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။ မနေ့ညက ပြုလုပ်တဲ့ ညစာစားပွဲမှာ နိုင်ငံအမည်အလိုက် နေရာချထားရာမှာ နယူးဇီလန် ဝန်ကြီးချုပ် John Key ဟာ စစ်အစိုးရဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ ဘေးချင်းကပ်ပြီး ထိုင်ခဲ့ရတာပါ။ Mr. John Key က ရွေးကောက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တာကို မြန်မာဝန်ကြီးချုပ်က ရှင်းပြခဲ့တာတွေဟာ အမှန်တကယ် ဖြစ်ပျက်နေတာနဲ့ ကိုက်ညီမှုရှိတယ်လို့ မထင်ကြောင်း ပြောပါတယ်။

သူ့အတွေးအမြင်“ ဖိုးသူတော် နှင့် ပုဇွန်လုံးများ”

နိုဝင်ဘာ (၇) ရက်နေ့ မှာကျင်းပမယ့် နအဖရဲ့ အကွက်ချ ရွေးကောက်ပွဲကြီးကလည်း တဖြည်းဖြည်း နီးလာပါပြီ။ ရွေးကောက်ပွဲကြီး နီးလာလေလေ ရွေးကောက်ပွဲ ဆန့် ကျင်ရး၊ သပိတ်မှောက်ရေး နဲ့ ရွေးကောက်ပွဲ ၀င်ရေး ပြင်နေကြတဲ့ ဒီမိုကရေစီ ဘက်တော်သားတွေရဲ့ ငြင်းခုန် သံတွေကလည်း လေလှိုင်းမှာ ခြေလှမ်း စိပ်လာပါတယ်။

နအဖဘက်ကတော့ “ယာလည်း ညက်စေ ၊ ကြက်လည်း မောစေ” ဆိုသလို အတိုက်အခံတွေ အချင်းချင်း တိုက်ကြ ခိုက်ကြလေ သူ့အတွက် သူ လုပ်ရမှာတွေ ရန်သူက ကူလုပ် ပေးတယ်ဆိုပြီး ၀မ်းသာလေ ဖြစ်မယ် ထင်ပါတယ်။

ရွေးကောက်ပွဲ ၀င်လိုသူတွေ ဘက်က “ရနိုင်တဲ့ခွင်ကို တဖြည်းဖြည်း ချဲ့ ယူမယ်”လို့ ပြောကြ-ရှင်းပြကြ ပေမယ့် ရွေးကောက်ပွဲ မ၀င်လိုသူတွေဘက်က တော့ ဒေါ်အောင်ဆန်းစုကြည် စကား တစ်ခွန်းကို အသေကိုင်ပြီး ဆက်လိုက် ချီတက်နေတယ်လို့ မြင်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့  စကား နဲ့ပဲ ရွေးကောက်ပွဲ ၀င်ရေးအဖွဲ့တွေကို ထိုးနှက်နေတာ မြင်ရပါတယ်။ ရွေးကောက်ပွဲ မ၀င်လိုသူတွေ ဘက်က နောက်ဆုံး ထိုးလိုက်တဲ့ လက်သီးက အလွန်ပြင်းပါတယ်။

အဲဒါကတော့ ယူရိုဘားမား ဒါရိုက်တာ ဦးဟန်ညောင်ဝေကို ရံပုံငွေတွေ အလွဲ သုံးစား လုပ်တယ် ၊ပြီးတော့ ရွေးကောက်ပွဲ ဖြစ်မြောက်အောင်လှုံ့ ဆော်လို့ ဆိုပြီး အဖွဲ့က ထုတ်ပြစ်ပြီး သူလုပ်သမျှ ဆန့် ကျင် သပိတ် မှောက်မယ်လို့ လူသိရှင်ကြား ကြေငြာ လိုက်တာ ဖြစ်ပါတယ်။

ဒီကြေငြာချက်ကို ဘီဘီစီ မြန်မာပိုင်း ရေဒီယို သတင်း ဌာနကြီးကနေ စက်တင်ဘာ ၂၇ နေ့မနက်ပိုင်းက ထုတ်လွှင့်ကြေငြာ သွားတာပါ။ အဲဒီ သတင်းကတော့ - - ဂရိနိုင်ငံ -အေသင်မြို့မှာ စက်တင်ဘာ ၂၅- ၂၆ ရက်နေ့ တွေမှာ ၂-ရက်ကြာ မြန်မာ အတိုက်အခံတွေ စုပြီး (EBN) Europian Burma Network ကွန်ဖရင့် အစည်းအဝေး လုပ်ကြတယ်။
အဲဒီ ညီလာခံကြီးမှာ
(၁) ဥရောပရောက် မြန်မာ များ လှုပ်ရှားမှု အဖွဲ့ (FBE)
(၂) NCUB
(၃) NLD_LA (Europa)
(၄)BLC
(၅)Burma Campain( UK)
(၆) AAPP  တို့ တက်ရောက်ကြပါတယ်။

Europian Burma Network ကွန်ဖရင့် အစည်းအဝေး ရလာဒ်ရဲ့  ကြေငြာချက်တွေကတော့- -
(၁) ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်များ
(၂) ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ ပြည်တွင်း NLD အား ပန့် ပိုးရေး ဆုံးဖြတ်ချက်
(၃) သုံးပွင့်ဆိုင် ဖြစ်ပေါ်လာရေး ဆုံးဖြတ်ချက်
(၄) နယ်စပ်ဒေသရှိ တော်လှန်ရေး အဖွဲ့ တွေကို ကူညီရေး ဆုံးဖြတ်ချက်နဲ့ အခြား ဆုံးဖြတ်ချက် များစွာ ပါဝင်ပါတယ်။

အစည်းအဝေးက ဒီမှာတင် ရပ်မသွားသေးဘဲ NLD_LA (Europa) ကိုယ်စား တက်ရာက်လာတဲ့ ဒေါက်တာ ၀င်းနိုင်က EPO ကိုယ်စားလှယ် ဦးဟန်ညောင်ဝေဟာ ဥရောပသမဂ္ဂက ပေးတဲ့ ရံပုံငွေတွေကို အလွဲသုံးစား လုပ်ပြီးတော့ နအဖ ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး အတွက် ဂျာမဏီမှာ လုပ်တယ်။ ပြီးတော့ အောက်တိုဘာ ၃ -ရက်နေ့ မှာ ဘယ်လ်ဂျီယမ်မှာ ထပ်လုပ်ဦးမယ်။ အဲဒါတွေကို ဆန္ဒပြ ကန့်ကွက် ကြဦးမယ်။ ပြီးတော့ EPO မှာ Europian Burma Network အစည်းကနေ ဆုံးဖြတ် မဲခွဲကြရာမှာ (၉)-မဲ အပြည့် ထောက်ခံမဲနဲ့ ဦးဟန် ညောင်ဝေကို EPO ကနေ ထုတ် ပြစ်လိုက်ပါတယ်လို့ ကြေငြာပါတယ်။

ရွေးကောက်ပွဲသည် နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည့် ဆင်းရဲမှု ပြဿနာကို ဖြေရှင်းပေးနိုင်လိမ့်မည် မဟုတ်

Friday, 29 October 2010 18:10 စိုင်းမိဏ်း

ထိုင်းနိုင်ငံအခြေစိုက် တီဘီဘီစီ (Thai-Burma Border Consortium) မှ ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာ “Protracted Displacement & Chronic Poverty In Eastern Burma” တွင် မြန်မာစစ်အစိုးရအား စီးပွားရေး နှင့် ပတ်သက်ပြီး စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ လူမှုရေးဆိုင်ရာ လုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံမှု အလွန်အမင်း နည်းပါးခြင်း နှင့် လူ့အခွင့်အရေး ချိုးဖေါက်မှုများကို အာဏာပိုင်များမှ အရေးမယူပဲ ထားခြင်းများ ရှိနေသည်ဟု ဖော်ပြလိုက်သည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ ရလာဒ်များ မည်သို့ပင် ထွက်ရှိလာစေကာမူ လတ်တလောအခြေ အနေ များ ပြောင်းလဲမည် မဟုတ်ဟု တီဘီဘီစီ၏ အမှုဆောင် ဒါရိုက်တာ ဂျက်ဒန်းဖို့က “မြန်မာ အစိုးရသည် ပြည်သူများ ခံစားနေရ သည်များကို မသိကျိုးကျွံ ပြုနေသည်မှာ နှစ်ပေါင်းများစွာ ကြာညောင်း နေပြီဖြစ်ပြီး ရွေးကောက်ပွဲများက ထိုအခြေ အနေကို ပြောင်းလဲနိုင်မည့် အရိပ်လက္ခဏာ မတွေ့ရှိရ” ဟု ပြောသည်။

Saturday, October 30, 2010

မေ(၃၀)ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီး(၈၉)လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား(တိုကျို)


၂၀၁၀ ခုနှစ် အောက်တိုဘာလ(၃၀)ရက်။

မတရားသည့် ၂၀၁၀ရွေးကောက်ပွဲ ဥပဒေ ကန့်ကွက်ခြင်းနှင့်၊ မေ(၃၀)ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီး (၈၉)လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဋ္ဌာနခွဲ့မှ ဦးဆောင်၍ တိုကျိုမြို့  ရှိနာဂါဝါ ရှိ မြန်မာ စစ်အခွန်ရုံး(သံရုံး)ရှေ့တွင် ယနေ့ အောက်တိုဘာလ (၃၀)ရက်နေ့ နေ့လည် ၃း၀၀ နာရီမှ ၄း၀၀ရီ အထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ မိုးသည်းထန်စွာ ရွာသွန်း နေသော်လည်း လစဉ် ပုံမှန် ကျင်းပလာခဲ့သည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားကို ဂျပန်နိုင်ငံရောက် အဖွဲ့အစည်း အသီးသီးမှ တက်ရောက် ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း သိရှိရပါသညာ်။

သတင်းဓါတ်ပုံ။ Zaw Zaw Aung

"၂၀၁၀ အတုအယောင်ရွေးကောက်ပွဲ အား နယူးယောက်မြို့တွင် ပြတ်ပြတ်သားသား ဆန့်ကျင်ဆန္ဒပြ"


Friday, 29 October 2010

အောက်တိုဘာလ ၂၉ ရက်နေ့ နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးရှေ့တွင် နယူးယောက်မြို့ရှိ ဒီမိုကရေစီ အင်အားစုများသာမက ယူတီကာ ၊ ဘားဖလိုး ၊ နောက် ကယ်လိုရိုင်းနား ၊ ဖို့ဝိန်း ၊ အယ်ဘာနီ ၊ ဘာတီမိုး ၊မေရီလန်း နှင့် ၀ါရှင်တန်ဒီစီ စသော ပြည်နယ်များမှ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားတက်ကြွသူ စုစုပေါင်း ၁၀၀ ၀င်းကျင် ခန့် ရောက်ရှိစုဝေးခဲ့ကြပြီး ၊ လာမည့် နိုဝင်ဘာလ ( ၇ ) ရက်နေ့တွင် ကျင်းပမည့် နအဖ ၏ အတုအယောင် ရွေးကောက်ပွဲအား ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြသည် ။

ထို့အပြင် စစ်အာဏာရှင်တို့၏ အတင်းအဓ္ဓမ တဖက်သတ် လုပ်ဆောင်နေသည့် လွတ်လပ်မျှတ မှုမရှိသော ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် ရွေးကောက်ပွဲ ရလဒ်ကိုလည်း ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာမှ
အသိအမှတ် မပြုကြရန်နှင့် တောင်းဆိုချက်များဖြစ်သော

(1)နိုဝင်ဘာလ ( ၁၃ ) ရက်နေ့တွင် လွတ်ရက်စေ့မည်ဖြစ်သော ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်  ဒေါ်အောင်ဆန်းစုကြည်အား ချက်ခြင်း လွတ်ပေးရန်။
(2)ယုံကြည်ချက်ကြောင့် မတရားအကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်အား ခြွင်းချက်မရှိ အမြန်ဆုံး လွတ်ပေးရန်။
(3)ကုလသမဂ္ဂမှ ကြီးမှူးကျင်းပပြီး နအဖ ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအား စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီးအမြန်ဆုံးအကောင်အထည်ဖော် အရေးယူဆောင်ရွက်ပေးရန် တို့အားတောင်းဆိုခဲ့ကြသည်
အဆိုပါအခန်းအနားကို နေ့လည် ၁ နာရီတွင်စတင်၍ ၃ နာရီတွင် ကျင်းပပြီးစီးခဲ့ပါသည် ။

သတင်းရင်းမြစ် _ komoethee.blogspot.com

ကလေးမြို့ ဆုံးဖြတ်ချက် ကြေငြာစာတမ်းအပေါ် ပလောင်နိုင်ငံရေးအင်အားစု၏ သဘောထား ထုတ်ပြန်ကြေငြာချက်။

Palaung Political Force Statement on Ka Lay Decision

ကျနော်ဆွဲဖွင့်မိသော တံခါးများ



ရုပ်မြင်သံကြားသတင်း ရင်းမြစ် ။ ဒီမိုကရက်တစ် မြန်မာ့အသံ

ဒုတိယပင်လုံညီလာခံ ဖေဖော်ဝါရီလမှာ ကျင်းပမည်

2010-10-29

မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ဒုတိယအကြိမ် ပင်လုံညီလာခံကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ပြည်ထောင်စုနေ့ ဝန်းကျင်မှာ ကျင်းပနိုင်ဖို့ ရည်ရွယ်ကြိုးပမ်းသွားမယ် ဆိုတဲ့အကြောင်း ဦးဆောင် ပါဝင်သူ တဦးဖြစ်တဲ့ NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ပြောကြားပါတယ်။

နေရာကိုတော့ ရှမ်းပြည်နယ် ပင်လုံမြို့မှာပဲ လုပ်ဖြစ်မလား၊ တခြားတိုင်းရင်းသားဒေသ ဒါမှမဟုတ် ပြည်မ တနေရာမှာပဲ လုပ်ဖြစ်မလားဆိုတာတော့ လောလောဆယ် တပ်အပ် မပြောနိုင်သေးကြောင်း၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကလေးမြို့ ကြေညာစာတမ်း ထုတ်ပြန်ရာမှာ ဦးဆောင်ပါဝင် လက်မှတ် ရေးထိုးခဲ့သူ တဦးဖြစ်တဲ့ အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။

Copy from _ rfa.org/

ကလေးမြို့ ဆုံးဖြတ်ချက် ကြေငြာစာတမ်းကို ထောက်ခံသည့် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ)၏ “ထုတ်ပြန်ချက်”

NDF St on Kalay Decl _Bur

Friday, October 29, 2010

မြန်မာရွေးကောက်ပွဲ ဟီလာရီ ကလင်တန် ပြင်းပြင်းထန်ထန် ဝေဖန်

ဓာတ်ပုံ AP
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ်စ် ဟီလာရီ ကလင်တန်။ အောက်တိုဘာ ၂၈၊ ၂၀၁၀။
28 အောက်တိုဘာ 2010

မြန်မာစစ်အစိုးရက မကြာခင် ကျင်းပပေးမယ့် ရွေးကောက်ပွဲဟာ လက်ခံနိုင်စရာ အခြေအနေတွေ မရှိတဲ့အပြင် ဒီမိုကရေစီ အခြေခံတွေ ကင်းမဲ့နေတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြစ်တင် ပြောဆိုလိုက်ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဒေသတွင်း နိုင်ငံတွေနဲ့ ဆွေးနွေးပြောဆိုမှုတွေ တွေ့မြင်ရလိမ့်မယ်လို့ မျှော်လင့်ထားကြတဲ့ အာရှခရီးစဉ် အစနေ့အဖြစ် ကြာသပတေးနေ့ကပဲ ၀န်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောဆိုလိုက်တာပါ။

စစ်မှန်သော ရွေးကောက်ပွဲမဟုတ်ကြောင်း AIPMC ဥက္ကဋ္ဌ ပြောဆို

(Photo: AFP)
2010-10-28

မြန်မာနိုင်ငံက ရွေးကောက်ပွဲ ပီသခြင်း မရှိတဲ့ ရွေးကောက်ပွဲရလဒ်ကို လက်ခံစရာ မလိုကြောင်း အာဆီယံ အနေနဲ့ အလှည်စား မခံသင့်ကြောင်း AIPMC ခေါ် မြန်မာနိုင်ငံအရေး ဆောင်ရွက်နေတဲ့ အာဆီယံ လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က အာဆီယံ ခေါင်းဆောင် တွေထံကို အောက်တိုဘာ ၂၈ ရက် ဒီကနေ့ ပန်ကြားချက် စာတစောင် ပေးပို့လိုက်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ရွေးကောက်ပွဲမှာ နိုင်ငံခြားမှ သတင်း သမားများနှင့် စောင့်ကြည့် လေ့လာသူများကို လက်ခံမည် မဟုတ်ကြောင်း အောက်တိုဘာ ၁၈ ရက်နေ့က နေပြည်တော်တွင် ရှင်းလင်း ပြောကြားသည်ကို နားထောင်နေသော နိုင်ငံခြား သံတမန်များ ဖြစ်ပါသည်။

မြန်မာနိုင်ငံ အလုပ်သမား လယ်သမားတို့၏ လူ့အခွင့်အရေးချိုးဖေါက်ခံနေရမှုများစစ်တမ်း

The Critical Review of WFSLB(2010)

ရွေးကောက်ပွဲအပြီး ဒေါ်စုကို ပြန်လွှတ်မည်

ဓာတ်ပုံ ASSOCIATED PRESS
28 အောက်တိုဘာ 2010

၁၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ ကျင်းပနေစဉ်။ အောက်တိုဘာ ၂၈၊ ၂၀၁၀။
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပမယ့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ထိပ်သီး ညီလာခံမှာ ခေါင်းဆောင်တွေဟာ စီးပွားရေးနဲ့ ဒေသတွင်း ပေါင်းစည်းရေး ကိစ္စရပ်တွေအပေါ် အဓိကထား ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီအထဲမှာ မြန်မာပြည်က အငြင်းပွားစရာ ဖြစ်နေတဲ့ ရွေးကောက်ပွဲ ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်ရပြီး နေအိမ်အကျယ်ချုပ် လွတ်ရက်စေ့တော့မယ့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး ဖမ်းဆီးထားဖို့ အကြောင်းမရှိဘူးလို့ အာဆီယံက ပြောဆိုလိုက်ပါတယ်။

နအဖတပ်နယ်ထပ်ကျွံလာရင် နောက်မဆုတ်တမ်းခုခံရန် အပစ်ရပ် SSA စစ်မိန့်ထုတ်ထား

28 October 2010 .

ပြည်သူ့စစ်လုပ်ရန်ငြင်းဆန်သည့် သျှမ်းပြည် တပ်မတော် မြောက်ပိုင်းတပ်မဟာ၁ ထိန်းချုပ်နယ်မြေသို့ တပ်အင်အားဖြည့် တင်းခဲ့သော နအဖစစ်တပ်များ နယ်ထပ်ကျွံဝင်လာပါက မဆုတ်တမ်း ခုခံတိုက်ခိုက်ရန် ဌာနချုပ်က တပ်လှန့်အမိန့်ပေး ထားကြောင်း စုံစမ်းသိရှိရသည်။

“ဒီလ 20 ရက်နေ့နောက်ပိုင်း နအဖတပ်တွေ တိုးဖြည့်ရတဲ့အကြောင်းရင်းက ၃ ခုရှိတယ် ၁။ နယ်မြေ ကျွမ်းကျင် မှုပိုရှိဖို့၊ ၂။ ကျေးလက် လူထုအပေါ် နအဖ စစ်တပ်သြဇာကိုဖြန့်ပြီး၊ တပ်မဟာ ၁ ရဲ့ သြဇာ ချေဖျက်ဖို့ ၃။ SSA တပ်မဟာ ၁ လက်နက်ချ လာအောင်(သို့) ပြည်သူ့စစ် အသွင်ပြောင်းလာအောင် ကျေးလက် လူထုကနေဖြောင်း ဖြခိုင်းဖို့၊ စစ်ဖြစ်လာရင် လူထုကဘဲ စစ်ဒဏ်ခံရမှာမို့နအဖ ကိုအလိုလိုက်ပါ ဆိုပြီး SSA တပ်မဟာ ၁ ဆီိ အသနား ခံခိုင်းမယ်လို့သတင်းတွေ ကြားနေရတယ်” - ဟု တပ်မဟာ ၁ မှ တပ်မှူး တဦးက ပြောသည်။

Thursday, October 28, 2010

မဲပုံးသယ်လာသည့် နအဖစစ်တပ် အပစ်ခံရ၍ ၂ ဦးသေ ၃ ဦး ဒဏ်ရာရရှိ

အောက်တိုဘာလ 27 ရက် 2010 ခုနှစ်
စောခါးစူးညား သတင်း - ကေအိုင်စီ .

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရွေးကောက်ပွဲအတွက် တောင်စွန်းရွာမှ ချောင်းဆုံရွာသို့ မဲပုံးသယ်ယူလာသည့် နအဖစစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ)က ယမန်နေ့ မနက် ၁၀း၄၀ နာရီအချိန်၌ ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖတပ်သား ၂ ဦးသေဆုံး ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။

၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်သည့် ချီ တက်ဆန္ဒပြပွဲ(တိုကျို)

၂၀၁၀ အောက်တိုဘာလ (၂၇)ရက်။

စစ်အာဏာရှင်စနစ်ကို တရားဝင် အသက်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်သည့် ချီတက်ဆန္ဒပြပွဲကို ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)မှ ဦးစီး၍ ဂျပန်ရောက် မြန်မာနိုင်ငံသားများ နှင့် မြန်မာ့ဒီမိုကရေစီ အရေးကို ထောက်ခံ အားပေးနေသည့် ဂျပန် ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (RENGO) ၊ မြန်မာ့ရေးရာ ပြည်သူ့အဖွဲ့ (PFB) ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (ဂျပန်)နှင့် ၊ Human Rights Watch ၊ Human Rights Now ၊ NGO အဖွဲ့အစည်းများကလည်း ပူးပေါင်းပါဝင် ခဲ့ကြပါသည်။

တရားမျှတမူမရှိသည့် အတုအယောင်၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသားများ တို့မှ လက်မခံသည့်အကြောင်းကို ဂျပန်အစိုးရ တာဝန်ရှိသူများတို့မှ ပိုမိုသိရှိလာစေရန် ရည်ရွယ်၍ တိုကျိုမြို့ Roppongi ဘူတာအနီး၊ Mikawadai ပန်းခြံမှ ဂျပန်အစိုးရရုံးများ တည်ရှိရာ Kasumigaseki မြို့နယ်ဧရိယာကို ဖြတ်လျှောက်၍ Hibiya ပန်းခြံတွင် အဆုံးသတ်သည့် ချီတက်ဆန္ဒပြပွဲကို ကျင်းပပြုလုပ်ရကြောင်း သိရှိရပါသည်။

Roppongi ဘူတာအနီး၊ Mikawadai ပန်းခြံကနေ ၂း၃၀ တွင် စတင်ချီတက်ခဲ့ကြပြီး ချီတက်သွားရာ လမ်း တလျှောက်တွင်လည်း နအဖ စစ်အုပ်စု၏ တရားမျှတမူမရှိသည့် အတုအယောင်၂၀၁၀ ရွေးကောက်ပွဲ လက်မခံ ဆန်ကျင် ကန့်ကွက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံတို့ကို ချက်ခြင်း လွတ်ပေးရန်း ၊ ဂျပန်အစိုးရမှ မြန်မာ့ဒီမိုကရေစီ အရေးမှာ ထိရောက်သည့် အကူညီများ ကူညီပေးရန် တောင်းဆို ချီတက်လာခဲ့ကြပြီး Hibiya ပန်းခြံတွင် အဆုံးသတ်ခဲ့ပါသည်။

ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများနှင့် ဂျပန်အစိုးရမှ ပိုမိုထိရောက်စွာ လုပ်ကိုင် ဆောင်ရွက်ပေးစေလိုသည့် တိုက်တွန်း တောင်းဆိုချက်များကို မြန်မာ့အရေးကို အားပေးကူညီသည့် ဂျပန်လွတ်တော် အမတ်များသမဂ္ဂ ကနေတဆင့် ဂျပန်အစိုးရ တာဝန်ရှိသူများထံသို့ သွားရောက် ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။ ချီတက်ဆန္ဒပြပွဲတွင် ဂျပန်ရောက် ဒီမိုကရေစီအင်အားစုများ(၃၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။





ဂျပန်နိုင်ငံTBSသတင်းဋ္ဌာနမှထုတ်လွှင်ခြင်း





သတင်းမှတ်တမ်း ။ Ko Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Zaw Zaw Aung /Lian Khan Sum(CNC-Japan)
ဗီဒီယိုမှတ်တမ်း။ ။TBS news, မြန်မာကျောင်းသားလူငယ်များ

Wednesday, October 27, 2010

နှစ် ၆၀ ပျောက်ဆုံးမှုကို အဖြေရှာခြင်း

(ဦးဝင်းတင်နှင့် ဆက်သွယ်မေးမြန်းချက်)

ချင်းမိုင် (မဇ္ဈိမ) ။ ။ နှစ် ၆၀ ခန့်ကြာ ပျောက်ဆုံးခဲ့သော တိုင်းရင်းသားလူမျိုးများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ပြန်ရှာရန်အတွက် ဒုတိယအကြိမ် ပင်လုံညီလာခံတရပ် ခေါ်ယူကျင်းပရေးကို သဘောတူကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်က ယနေ့ ပြောဆိုသည်။

ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပရမည်ဟု ဇိုမီးအမျိုးသားကွန်ဂရက် - ဇက်အန်စီက စစ်ကိုင်းတိုင်း ကလေးမြို့၌ ယခုလ ၂၄ ရက်နေ့တွင် ပြုလုပ်သော ၂၂ နှစ်မြောက် အခမ်းအနား၌ ကြေညာစာတမ်း တစောင် ထုတ်ပြန်ခဲ့ရာ အန်အယ်ဒီ ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ဝါရင့် နိုင်ငံရေးသမားကြီးများက သဘောတူ လက်မှတ် ရေးထိုးခဲ့သဖြင့် မဇ္ဈိမက ဦးဝင်းတင်ကို သဘောထား မေးမြန်းကြည့်စဉ် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြန်မာ့ရွေးကောက်ပွဲ အများလက်ခံနိုင်အောင် လုပ်ဖို့ အချိန်မနှောင်းသေး

ဓာတ်ပုံ voaburmese
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း(၀ဲ) နှင့် ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝတို့ သတင်းစာရှင်းလင်းပွဲ
26 အောက်တိုဘာ 2010

မြန်မာစစ်အစိုးရ အနေနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် နိုင်ငံတကာက မျှော်မှန်းထားချက်တွေနဲ့ အညီ လူအများ လက်ခံယုံကြည်အောင် ပြသဖို့ အချိန် နောက်မကျသေးတဲ့ အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ထပ်မံ ပြောဆိုပါတယ်။ ရွေးကောက်ပွဲ မကျင်းပခင် ရက်ပိုင်းအလို မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံကို ရောက်လာပြီး ဒီနေ့ ဘန်ကောက်မြို့ ထိုင်းအစိုးရရုံးမှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပပါတယ်။ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) ကလည်း မြန်မာ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့မှာ မဟုတ်တဲ့ အကြောင်း ထပ်မံ အာမခံ ပြောဆို သွားပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

Tuesday, October 26, 2010

အမေရိကန်နိုင်ငံတ၀ှမ်း နိုးဆော်ချက်

Call for Protests 2010

ဦးဝင်းတင်ကို အမျိုးသား ပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု ချီးမြှင့်

စက်တင်ဘာ ၂၇ ရက်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ တည်ထောင်သည့် ၂၂ နှစ်ပြည့် အခမ်းအနားတွင် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
2010-10-25

အောက်တိုဘာ ၂၄ ရက် မနေ့ က စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကျင်းပပြီးစီးသွားတဲ့ ဇိုမီး အမျိုးသားကွန်ဂရက် တည်ထောင်ခြင်း ၂၂ နှစ်မြောက် အခမ်းအနားမှာ NLD ပါတီ က ဗဟို ကော်မတီဝင် ဦးဝင်းတင်ကို အမျိုးသား ပြန်လည်သင့်မြတ်ရေးဆောင်ရွက်သူ သူရဲကောင်းအဖြစ် ဂုဏ်ပြုလိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။

Monday, October 25, 2010

ကျောက်ဖြူမြို့သို့ ဂီရိဆိုင်ကလုန်းဝင်၊ အရေးပေါ်အကူအညီ လိုအပ်


သတင်းဓါတ်ပုံ။ demowaiyan
October 23, 2010 .

ဆိုင်ကလုန်း မုန်တိုင်းကြီး ဂီရိ ၀င်ရောက် တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်တွင် အရေးပေါ် အကူအညီများ လိုအပ်နေပြီး လေတိုက်နှုန်းနှင့် ဒီရေမြင့်တက်မှုတို့ကြောင့် လူအသေအပျောက် ရှိနိုင်ကြောင်း သတင်းရရှိသည်။

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်) ၏ ထုတ်ပြန်ကြေညာချက်

ကလေးမြို့ ကြေညာစာတမ်းနှင့် ပတ်သက်၍

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်) ၏
ထုတ်ပြန်ကြေညာချက်
၂၅-၁ဝ-၂ဝ၁ဝ

၂ဝ၁ဝ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် မြန်မာ တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစု ခေါင်းဆောင်များ၊ ဒီမိုကရေစီရရှိရေး လှုပ်ရှားသူများ လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာခဲ့သည့် ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းပါ -

· ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး တို့အတွက် ရည်မှန်းချက်၊
· ၂ဝ၁ဝ ရွေးကောက်ပွဲအပေါ် သဘောထား၊
· ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦးတည်ကြိုးပမ်းမှု
များသည် ငြိမ်းချမ်းသော မြန်မာနိုင်ငံ ပေါ်ထွန်းရေးအတွက် ကောင်းမွန် မှန်ကန်သော ဆုံးဖြတ်ချက်များ ဖြစ်သောကြောင့် ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများက အပြည့်အဝ ထောက်ခံကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။



၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)
ပါဝင်သည့် အဖွဲ့အစည်းများ

ဒါ ဒီမိုကရေစီ မဟုတ်ဘူး (အပိုင်း၁) (အပိုင်း၂)





Produced by Burma Partnership and Kestrel Media

Sunday, October 24, 2010

AUN-Japan ၏ မူဝါဒ ရေးရာ ညှိနှိုင်း အစည်းဝေး


၂၀၁၀ ခုနှစ် အောက်တိုဘာလ(၂၄)ရက်။

ညီညွတ်သောတိုင်းရင်းသားများ အဖွဲ့အစည်း AUN-Japan ၏ မူဝါဒ ရေးရာ ညှိနှိုင်း အစည်းဝေးနှင့် ရှေ့လုပ်ငန်းစဉ်များ အစည်းဝေးကို ယနေ့ ညနေ ၆း၀၀ မှ ၉း၀၀နာရီအထိ Takadanobaba အရပ်ရှိ AUN ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယနေ့ ညှိနှိုင်းစည်းဝေးမှာ၂၀၁၁ ခုနှစ်မှစ၍ AUN-Japan ၏ ရှေ့လုပ်ငန်းစဉ် များအပေါ် ရင်းနှီးပွင်းလင်းစွာ သဘောထား အမြင်များတို့ကို တင်ပြ ဆွေးနွေးသွားခဲ့ကြပြီး AUN-Japan ၏ အနာဂတ်နှင့် စပ်လျဉ်း၍ ဂျပန်နိုင်ငံရောက် တိုင်းရင်းသား အဖွဲ့အစည်းအားလုံတို့ကို ပူးပေါင်း ပါဝင် လာနိုင်အောင်လည်း ဖိတ်ခေါ်၍ စုစည်းသွားကြရန် သဘောတူ ဆုံဖြတ်ခဲ့ကြပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံတွင် စစ်မှန်သည့် ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်း သည့်အထိ ရပ်တည် သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံရေးအရ သော်လည်းကောင်း၊ တိုင်းရင်းသားအရေး တို့ကိုလည်းကောင်း ဆက်လက် တိုက်ပွဲဝင်သွားရန် တညီတညွတ်တည်း ဆုံးဖြတ်ကြပါသည်။

AUN ၏ ဖွဲ့စည်းပုံ စည်းမျဉ်း စည်းကမ်းများနှင့် ၂၀၁၁ ခုနှစ် AUN ၏ ဦးဆောင် အလုပ်ကော်မတီ ညှိနှိုင်း စည်းဝေးကို လာမည့် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမည့် ဖြစ်ပြီး AUN ၏ ညီလာခံနှင့် ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၂၈ ရက်နေ့တွင် အတည်ပြု ကျင်းပပြုလုပ် သွာမည်ဖြစ်ပါသည်။


သတင်းမှတ်တမ်း။ Mai Kyaw Oo(PNS-Japan)
ဓါတ်ပုံမှတ်တမ်း ။ Lian Khan Sum(CNC-Japan)

(RHQ)Refgees Head Quarter အကြိမ်(၃၁)မြောက် ချစ်ကြည်ရေးပွဲတော်


၂၀၁၀ ခုနှစ် အောက်တိုဘာလ (၂၄)ရက်။

(RHQ)Refgees Head Quarter မှ ဦးစီး ကျင်းပပြုလုပ်သည့် အကြိမ်(၃၁)မြောက် ဂျပန်တွင်အခြေချ နေထိုင်ကြသည့် ဒုက္ခသည်များ၏ ယဉ်ကျေးမှု ပဒေသာကပွဲအခမ်းအနားကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ (၂၄)ရက်နေ့  Shinjuku မြို့ နယ် Bunka Center Hall ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနား အစီအစဉ်ကို နှစ်ပိုင်းခွဲ ကျင်းပပြုလုပ်ပြီး ပထမပိုင်းအစီအစဉ်မှာ အာရှလူမှုရေး နှင့်ပညာရေး ဖေါင်ဒေးရှင်း တာဝန်ရှိသူများနှင့် ဂျပန်အစိုးရ တာဝန်ရှိသူများတို့မှ အမှာစကား ပြောကြားခဲ့ကြပြီး ဒုတိယပိုင်း ဂျပန်နိုင်ငံတွင် အခြေချနေထိုင်ကြသည့် ဒုက္ခသည်များတို့၏ ယဉ်ကျေးမှု ပဒေသာကပွဲ အခမ်းအနား မှာ ကမ္ဘောဒီယား ၊ လာအို ၊ဗီယက်နမ် နိုင်ငံအသီးသီးတို့မှ ရိုးရာယဉ်ကျေးမှု အကပဒေသာများဖြစ် တင်ဆက် ဖျော်ဖြေသွားခဲ့သလို ဂျပန်ရောက် မြန်မာများက အဆိုအကများဖြင့် ကပြ ဖျော်ဖြေ သွားကြောင်း သိရှိရပါသည်။

သတင်းဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်) ညှိနှိုင်းစည်းဝေး


၂၀၁၀ ခုနှစ် အောက်တိုဘာလ(၂၄)ရက်။

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ(ဂျပန်)မှ ရှေ့ လုပ်ငန်းစဉ်များ အတွက် ညှိနှိုင်းဆွေးနွေသည့် အခမ်းအနားကို အောက်တိုဘာလ(၂၄)ရက် (တနင်္ဂနွေနေ့) Takadanobaba, Recycle Center,4F ၌ ယနေ့ နံနက် ၁၀း၃၀ မှ ၁၂း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ညှိနှိုင်းစည်းဝေးတွင် ပြည်တွင်း လှုပ်ရှားမှုတွေကို ထိရောက်သည့် ကူညီပံ့ပိုးမှုကိစ္စရပ်များတို့ကို ပြုလုပ် အကောင်ထည်ဖေါ် ဆောင်ရွက်သွားကြရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။ ဆက်လက်ပြီး ရှေ့ဆက် လှုပ်ရှားဆောင်ရွက် သွားကြမည့် လှုပ်ရှားမှု လုပ်ငန်းစဉ်များမှ အောက်တိုဘာလ ၂၇ ရက်နေ့မှာ ဂျပန်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ၂၀၁၀ ရွေးကောက်ပွဲ လက်မခံသည့် ချီတက် လှမ်းလျောက်ဆန္ဒပြပွဲ အစဉ်နှင့် အောက်တိုဘာလ ( ၆ ရက်. ၇ ရက်)နေ့ နအဖ အခွန်ရုံးရှေ့ ကျင်းပသွားမည့် ဆန္ဒပြ အစီအစဉ်များတို့ကို ညှိနှိုင်း ဆုံးဖြတ် ခဲ့ကြပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo(PNS-Japan)
ဓါတ်ပုံမှတ်တမ်း ။ Lian Khan Sum(CNC-Japan)

ကလေးမြို့ ဆုံးဖြတ်ချက် ကြေငြာစာတမ်း

39998195 Kalay Township Decision Announcement

Copy from _ myatlayngon.blogspot.com

“တို့လျှောက်ရမဲ့လမ်း”အသံလွှင့်ဇာတ်လမ်း

" တို့လျှောက်ရမယ့်လမ်း" အသံလွှင့်ဇာတ်လမ်း (ဂျပန်)

Saturday, October 23, 2010

DKBA နဲ့ KNU တို့ တွေ့ဆုံဆွေးနွေး

အပစ်ရပ်ထားတဲ့ DKBA အဖွဲ့အတွင်း နယ်ခြားစောင့်တပ်ကိစ္စမှာ သဘောထားကွဲခဲ့
မြန်မာ နအဖ ရဲ့ နယ်ခြားစောင့် တပ်ကို လက်မခံတဲ့ ဗိုလ်မှူး စောလာဖွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွေးရဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (BKBA) တပ်မဟာ(၅)နဲ့ KNU တို့ မြ၀တီ မယ်ဆောက် တနေရာမှာ ကြာသပတေးနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲကို စီစဉ်ခဲ့သူတွေက ဘီဘီစီ ကိုပြောပါတယ်။

တကယ်လို့ နအဖ အစိုးရကနေ DKBA တပ်မဟာ(၅)ကို ထိုးစစ်ဆင်လာခဲ့ရင် KNU ဘက်က ဘာများ ကူညီနိုင်မလဲဆိုတဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးကြတာ ဖြစ်တယ်လို့ ဆွေးနွေးပွဲကို စီစဉ်ခဲ့သူတွေက ဆိုပါတယ်။ လောလောဆယ် နအဖ ဘက်က စစ်ရေးဖိအားတွေ မရှိသေးပေမယ့် နောင်မှာ ရှိလာနိုင်တယ်လို့ DKBA ဘက်က တွက်ဆထားဟန်ရှိပါတယ်။ DKBA အဖွဲ့အတွင်းမှာ နယ်ခြားစောင့်တပ်ကို လက်ခံထားသူတွေ ရှိသလို ဗိုလ်မှူးချုပ် စောလာဖွယ်က လက်မခံပါဘူး။ အခု ဆွေးနွေးပွဲကို ဦးဆောင်သူတွေထဲမှာ DKBA ဘက်က ဗိုလ်မှူး စောကျော်သက် ပါဝင်ပါတယ်။ သူကတော့ DKBA တပ်မဟာ(၅)ရဲ့ (၉၀၂) တပ်ရင်းက ဖြစ်ပါတယ်။

KNU ဘက်ကတော့ တပ်မဟာ(၆)ရဲ့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဂျိုး ပါဝင်ပါတယ်။ KNU ရဲ့ တွဲဖက်အတွင်းရေးမှူးဟောင်း ဗိုလ်မှူး တူးတူးလေးလည်း တက်ရောက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ မြန်မာ နအဖ အစိုးဘက်ကလည်း DKBA နဲ့ ညှိနှိုင်းမှုတွေ လုပ်ဖို့ ကြိုးစားသေးတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၄)ရက်ကလည်း နအဖ ပန်ကြားချက်နဲ့ မြိုင်ကြီးငူဆရာတော် ကလည်း ဗိုလ်နှုတ်ခမ်းမွေးတို့နဲ့ လာပြီးညှိခဲ့ပါသေးတယ်။

နောက်ပြီး အောက်တိုဘာလ (၁၀)ရက်လောက်က မြ၀တီက တပ်မမှူးတွေရဲ့ ညွန်ကြားချက်နဲ့ စရဖ တွေက ဗိုလ်မှူး စောကျော်သက်ကို ဆက်သွယ်ခဲ့တယ်လို့ DKBA ဘက်ကဆိုပါတယ် ။ ဒါပေမဲ့ ဗိုလ်မှူး စောလာဖွယ်ခေါ် ဗိုလ်နှုတ်ခမ်းမွေးကတော့ ငြိမ်းချမ်းရေးအတွက် ဆိုရင်တော့ အဲဒီကမ်းလှမ်းချက်ကို လက်ခံပြီး ဆွေးနွေးမယ်လို့ အကြောင်း ပြန်ကြားလိုက်ပေမယ့် အဲဒီနောက်ပိုင်း ဆွေးနွေးပွဲ မဖြစ်သေးဘူးလို့ သိရပါတယ်။


သတင်းရင်းမြစ် _ ဘီဘီစီ သတင်း

(ဦးဟန်ညောင်ဝေ နှင့် ဦးဗီတာဗျတ်လျန် တို့၏ ဂျပန်နိုင်ငံ ခရီးစဉ်နှင့် ပတ်သက်သော ကျနော်၏ပြန်လည်ဖြေရှင်းချက်

တော်လှန်ရေး မိတ်ဆွေ ရဲဘော် အပေါင်းခင်ဗျား ကျနော်ပို့ထားသော Attachments Files ကိုကျေးဇူးပြုပြီးဖတ်ပါရန်
မင်းမျိုးချစ်
(ဦးဟန်ညောင်ဝေ နှင့် ဦးဗီတာဗျတ်လျန် တို့၏ ဂျပန်နိုင်ငံ ခရီးစဉ်နှင့် ပတ်သက်သော သဘောထားထုတ်ပြန်ကြေငြာချက် ၊ ၁၀ ရက် အောက်တိုဘာလ ၂၀၁၀ ပြည့်နှစ် တိုကျို ၊ ဂျပန်)
နှင့်ပတ်၍ ကျနော်၏ပြန်လည် ရှင်းလင်းချက်
02
01

မြန်မာအစိုးရကို ဖိအားပေးဖို့ ဖိလစ်ပိုင်အစိုးရကို တောင်းဆို

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ လိုလားသူများက ရွေးကောက်ပွဲ မဲမပေးရေး လှုံ့ဆော် တိုက်တွန်းနေခြင်းကို ထောက်ခံသည့်အနေဖြင့် အောက်တိုဘာ ၂၂ ရက်နေ့က ဖိလိပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနရှေ့တွင် Free Burma Coalition အဖွဲ့ဝင်များ ဆန္ဒပြနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
2010-10-22

ဖိလစ်ပိုင် အစိုးရအနေနဲ့ အာဆီယံကို ဦးဆောင်ပြီး မြန်မာအစိုးရကို ဖိအားပေးဖို့ ဖိလစ်ပိုင်နိုင်ငံ က အဖွဲ့အစည်းပေါင်းစုံက ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနရှေ့မှာ အောက်တိုဘာ ၂၂ ရက် ဒီကနေ့ မနက်ပိုင်းက ဆန္ဒပြ ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ Free Burma Coalition အဖွဲ့ဝင်တွေပါ။

၂၀၁၀ ရွေးကောက်ပွဲအပေါ် မွန်ပြည်သစ်ပါတီ၏ သဘောထား ထုတ်ပြန်ချက်

နအဖ စစ်အုပ်စု၏ အတုအယောင် ၂၀၁၀ ရွေးကောက်ပွဲအား စီတန်းလှည့်လည် ဆန္ဒပြပွဲ ဖိတ်ကြားခြင်း။

Mikawadi Invitation

အပစ်ရပ် SSA (တပ်မဟာ ၁) ဌာနချုပ်သို့ နအဖတပ်များ ချဉ်းကပ်

22 October 2010

ယခုလလယ်ပိုင်း အမည်မသိ လက်နက်ကိုင်တစုက နအဖ စစ်တပ်အရာရှိနှင့် ပုလိပ်စခန်းအား ပစ်ခတ် တိုက်ခိုက် ခံရပြီး နောက်ပိုင်း အပစ်ရပ် သျှမ်းပြည် တပ်မတော် ဌာနချုပ်ဝမ့်ဟိုင်းအနီးသို့ မြန်မာ စစ်တပ်များ အင်အားတိုးဖြည့် လှုပ်ရှားချဉ်းကပ် လာနေကြောင်း စုံစမ်းသိရှိရပါသည်။

မြန်မာပြည် ငြိမ်းချမ်းမှ ဒုက္ခသည်များ ပြန်ပို့မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

အောက်တိုဘာ ၁၄ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လ ဒုက္ခသည် စခန်းတွင်း၌ တွေ့ရသည့် ကရင် ဒုက္ခသည် ကလေးငယ်များ (ဓာတ်ပုံ - Reuters)
သန်းထိုက်ဦး Friday, October 22, 2010 .

မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးနောက် တည်ငြိမ် အေးချမ်းမှသာလျှင် ထိုင်း-မြန်မာ နယ်စပ် တလျှောက်ရှိ ဒုက္ခသည်များကို ပြန်ပို့မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ကဆစ် ဖိရုမ်းက ယနေ့ ပြောကြား လိုက်ကြောင်း သတင်း ရရှိသည်။

Friday, October 22, 2010

အမတ်လောင်း ၅၄ ဦး အလိုအလျောက် အနိုင်ရ

21 အောက်တိုဘာ 2010

နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်ပေါင်း ၁,၁၅၈ နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်တွေထဲ ၅၄ နေရာမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ပြိုင်ဘက် ကိုယ်စားလှယ်လောင်း မရှိတဲ့အတွက် အဲဒီနေရာတွေမှာ ၀င်ရောက် ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်တွေဟာ အလိုအလျောက် လွှတ်တော် အမတ်တွေ ဖြစ်မယ့်အကြောင်း အောက်တိုဘာလ ၁၈ ရက် တနင်္လာနေ့က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲဟာ တရားမျှတမှု ရှိပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ထပ်တိုးလာပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အများလက်မခံနိုင်တဲ့ ရွေးကောက်ပွဲဟု ကင်တားနား ပြော


ချင်းမိုင် (မဇ္ဈိမ)။ ။ အခြေခံ လူ့အခွင့်အရေးများကို တားမြစ် တင်းကျပ်ထားသဖြင့် မြန်မာရွေးကောက်ပွဲမှ အများလက်ခံနိုင်မည့် ရလဒ်ထွက်လာမည် မဟုတ်ကြောင်း လူ့အခွင့်အရေးသံတမန် မစ္စတာ သောမတ်စ် ကင်တားနားက ယမန်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ထုတ်ဖော်ပြောဆိုခဲ့သည်။

ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ(တိုကျို)

၂၀၁၀ ခုနှစ် အောက်တိုဘာလ(၂၁)ရက်။

ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး အတွက် ဆန္ဒပြ တောင်းဆိုသည့် အခမ်းအနားကို တိုကျိုမြို့  ရှီနာဂါဝါအရပ်ရှိ စစ်အခွန်ရုံး(မြန်မာသံရုံး)ရှေ့ ၌ ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ အောက်တိုဘာလ(၂၁)ရက်နေ့  နေလည် ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယနေ့ ဆန္ဒပြပွဲမှာ တရားမျှတမှုမရှိသည့် အတုအရောင် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင် ကန့်ကွက်ခဲ့ကြသလို ကိုမင်းကိုနိုင်အပါအ၀င် ကျောင်းသား ခေါင်းဆောင်များ ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် ဒုတိယအကြိမ်မြောက် မတရား အဖမ်းဆီးခံကြရသည့် လစဉ် ၂၁ ရက်နေ့ရောက်တိုင်း အမြန်ဆုံး လွတ်မြောက်စေရန် အတွက် ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ ဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo

Thursday, October 21, 2010

ဘွိုင်းကောက် ၂၀၁၀ အတွဲ(၁) အမှတ်(၆) အောက်တိုဘာ ၂၀ ။

Boycott 6

သတိပြုဖွယ်အထူးသတင်း

ဘင်္ဂလား ပင်လယ်အော် မှ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန် ဘီဂျလီ ( Bijli) ဟာ ၃၆ နာရီအတွင်း ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံ ကို ဖြတ်ကျော်ဝင်ရောက်တိုက်ခိုက်လိမ့်မည်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ရှိ ကုန်တွင်းပိုင်းကို ၀င်ရောက် တိုက်ခိုက် လျှင် ပြင်အား တနာရီ ၇၅ မိုင်နှုန်းဖြင့် စနေနေ့ မှာ ၀င်ရောက် လာမှာဖြစ်ပြီး၊ တနင်္ဂနွေနေ့ထိ ပြင်းပြင်း ထန်ထန် ၀င်ရောက် တိုက်ခိုက် လိမ့်မယ် လို့ ခန့်မှန်းပြောဆိုနေကြပါသည်။ ပင်လယ်လှိုင်းလုံးဟာ ၁၄ ပေထိ မြင့်တက်လာဖွယ်ရှိနေတယ်လို့ ခန့်မှန်းပြောဆို နေကြတယ်။ ဆိုင်ကလုန် ဘီဂျလီ ( Bijli) ဟာ

ခုခံစစ်အတွက် တိုင်းရင်းသား လက်နက်ကိုင်တွေပြင်

တိုင်းရင်းသား တပ်တွေကလည်း အသစ်ပြင်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ဖြစ်တဲ့ KNU ကရင်အဖွဲ့ ၊ KNPP ကရင်နီ အဖွဲ့ ၊ KIO ကချင်အဖွဲ့ ၊ မွန်ပြည်သစ်ပါတီ ၊ ၀ တပ်ဖွဲ့ နဲ့ ချင်းအမျိုးသား တပ်ဦးတို့ဟာ နိုဝင်ဘာလ ၇ ရက်မှာ ကျင်းပမည့် ရွေးကောက်ပွဲ အပြီး မြန်မာစစ်တပ်က တိုက်လာခဲ့ရင် ပြောက်ကျားနည်းနဲ့ ပြန်တိုက်နိုင်ဖို့ ပြင်ဆင် ထားတယ်လို့ ဆိုပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ(ဂျပန်)မှ ကုလသမဂ္ဂအား မြန်မာ့အရေးနှင့်ပတ်သက်၍ ထိရောက်စွာ အရေးယူရန် တိုက်တွန်းတောင်းဆို





၂၀၁၀ ခုနှစ် အောက်တိုဘာလ(၂၀)ရက်။

ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားများတို့မှ နအဖ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲအား လက်မခံ ဆန့်ကျင်ကန့်ကွက်ကြောင်း၊ ကုလသမဂ္ဂမှ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ထိရောက်စွာ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တိုက်တွန်းတောင်းဆိုသည့် အခမ်းအနားကို တိုကျို Shibuya အရပ်ရှိ ကုလသမဂ္ဂရုံး ရှေ့၌ ယနေ့ ညနေ ၃း၀၀ နာရီ မှ ၄း၃၀ အထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ယနေ့အခမ်းမှာ အဖွဲ့အစည်း ၃၀ တို့မှ ပူးပေါင်းပါဝင် ဖွဲ့စည်းထားသော ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ(ဂျပန်)တို့မှ တညီတညွတ်တည်း စစ်ကျွန်မည့် ၂၀၁၀ ရွေးကောက်ပွဲအား လက်မခံ ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံး မလွှတ်သေးပဲ နအဖ စစ်တပ်မှ တဖက်သတ် ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲကို ကုလသမဂ္ဂအနေဖြင့် အသိအမှတ်မပြုရန်နှင့် ပိုမိုပြီး ထိရောက်သည့် ဖိအားပေးမှုများ ပြုလုပ်ပေးရန်နှင့် လူသားမျိုးနွယ် များအပေါ် ကျုးလွန်သည့် ရာဇ၀တ်မှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးမှာ ဦးဆောင်ပေးဖို့ စသည့်အချက်များပါ တိုက်တွန်း တောင်းဆိုခဲ့ကြပါသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ ပေးပို့မည့် တိုက်တွန်းတောင်းဆိုသည့် စာကို ဂျပန်ရှိ ကုလသမဂ္ဂ ရုံးတာဝန်ခံမှ လက်ခံရယူခဲ့ပါသည်။ ယနေ့ တိုက်တွန်းတောင်းဆိုသည့် အခမ်းအနားတွင် ဂျပန်ရောက် အင်းအားစု ၁၀၀ ကျော်ခန့် ပူးပေါင်းပါဝင်ခဲ့ကြပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo(PNS-Japan)
မှတ်တမ်း ဓါတ်ပုံ ။  Lian Khan Sum)CNC-Japan)/ Myo san Oo(BDA)

Wednesday, October 20, 2010

တိုင်းရင်းဒေသ လူထုကျန်းမာရေး အခြေအနေ ဆိုးရွား

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း တိုင်းရင်းသား လူမျိုးစု ဒေသတွေမှာ ကျန်းမာရေး ပြဿနာ အဆိုးဝါးဆုံး ရင်ဆိုင်နေရပြီး အမျိုးသမီးနဲ့ ကလေးတွေအကြား ကူးစက်ရောဂါ ဖြစ်ပွားနှုန်း ကမ္ဘာမှာ အမြင့်မားဆုံး ရောက်နေတဲ့အကြောင်း နယ်စပ်အခြေပြု လူထုကျန်းမာရေး အဖွဲ့အစည်းတွေက အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများအပြား ကာကွယ် ကုသနိုင်တဲ့ ရောဂါတွေနဲ့ သေဆုံးနေပြီး အဲဒီလို ကျန်းမာရေး စောင့်ရှောက်ဖို့ ပျက်ကွက်တာဟာ လူသားဆိုင်ရာ ရာဇ၀တ်မှု ကျူးလွန်တာလို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ ကြိုတင်မဲပေးသည့် အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြခြင်း(တိုကျို)သတင်းဓါတ်ပုံ


မဲလာထည့်ခဲ့ကြသည့် မြန်မာနိုင်ငံသားအချို့


ဆန္ဒပြခဲ့ကြသည့် မြန်မာဒီမိုကရေစီအင်အားစုများ

၂၀၁၀ ခုနှစ် အောက်တိုဘာလ (၁၉)ရက်။

ဂျပန်နိုင်ငံ တိုကျိုမြို့ Shinagawa အရပ်ရှိ နအဖ (မြန်မာသံရုံး) စစ်အခွန်ရုံး မှပြုလုပ်သော၂၀၁၀-အတုအယောင် ရွေးကောက်ပွဲအတွက် ကြိုတင်မဲ ကောက်ခံနေခြင်းကို ယနေ့ နံနက် ၈း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီအထိ ပြုလုပ်ခဲ့ရာမှာ ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများမှ စစ်ကျွန်အဖြစ် ရောက်စေမည့် ရွေးကောက်ပွဲ ဖြစ်သည့်အတွက် သွားရောက် ဆန့်ကျင်ဆန္ဒပြ ကန့်ကွက်ခဲ့ကြပါသည်။

ဂျပန်မှာ မြန်မာနိုင်ငံသား တရားဝင် မဲ့ပေးနိုင်သူမှာ သောင်းနှစ်ချီ၍ ရှိသော်လည်း စစ်အုပ်စု အသိုင်း အဝိုင်း နှင့် နီးစပ်သူ ၉၀ ၀န်းကျင်ခန့်သာ  လာရောက်မဲ့ပေးခဲ့ကြကြောင်း တွေ့ရပါသည်။ ဆန္ဒပြခဲ့ကြသည့် ဒီမိုကရေစီ အင်အားစုတွေဘက်မှ ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံအား စစ်ကျွန်အဖြစ် ရောက်စေမည့် လုပ်ရပ်မျိုးကို လုပ်ဆောင်ခဲ့ခြင်းမရှိဟူသော မိမိတို့၏ သမိုင်းကို ခိုင်ခိုင်မာပြတ်ပြတ်သားသား ရေးရတော့မည့် ဖြစ်သည့်အတွက် “ ဒါဖတ်ပြီးလျှင် လွတ်လပ်စွာ ဆုံးဖြတ်ပါ ” လက်ကမ်းစာစောင်ကို မဲလာရောက်ထည့်ခဲ့ ကြသည့် မြန်မာနိုင်ငံသားများအား သံရုံး အ၀င်ဝမှာ ဖြန့်ဝေခဲ့ကြပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo (PNS-Japan)
မှတ်တမ်း ဓါတ်ပုံ။ Lian Khan Sun/Min Myo Chit/Myo San Oo

Tuesday, October 19, 2010

မိုင်းထိ ရွာသားများ ကေအိုင်အို ထောက်ပံ့

အောက်တိုဘာလ ၁၈ ရက် ၂၀၁၀ ခုနှစ်

ချင်းမိုင်(မဇ္စျိမ)။ ။ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပင်းကြိုင်းရွာမှ မိုင်းနင်းမိ၍ သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရသူ ၁ ဦးကို ငွေကြေးထောက်ပံ့ခဲ့သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့က ပြောသည်။

“မနေ့က ကျနော်တို့ ကေအိုင်အိုအရာရှိ ၂ ယောက်ကို အခင်းဖြစ်တဲ့ နေရာသွားစုံစမ်းခိုင်းတယ်။ ရွာသားတွေကိုလဲ ကူညီငွေပေးတယ်" ဟု ကေအိုင်အို တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆင်ဝါးက ပြောသည်။

Monday, October 18, 2010

ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ၏ ၄၈ နှစ်ပြည့် မွေးနေ့ပွဲ

ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ၏ ၄၈ နှစ်ပြည့် မွေးနေ့ပွဲ နှင့် နိုင်ငံရေး အကျဉ်းသား အားလုံးလွတ်မြောက်ရေး ဆုတောင်းပွဲကို ဂျပန်နိုင်ငံ-တိုကျိုမြို့ ရှိ အခွန်ရုံးရှေ့တွင်ကျင်းပ ခဲ့ကြောင်း သိရပါသည်။
ဓါတ်ပုံများကို ဒီမှာ ကြည့်ပါ။

တပ်မတော် ထောက်လှမ်းရေး ပြုပြင်မှု

မြန်မာထောက်လှမ်းရေး စီအိုင်အေ သင်တန်းတက်ခဲ့
မြန်မာနိုင်ငံမှ တပ်မတော် ထောက်လှမ်းရေး အဖွဲ့ကို ပြုပြင်ပြောင်းလဲမှု ပြုတာနဲ့ ပတ်သက်ပြီး အမေရိကန်ရောက် ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူးအောင်လင်းထွဋ်က  Military Affairs Security အနေနဲ့ ပီပီပြင်ပြင် လုပ်ကိုင်နိုင်ခြင်း မရှိကြောင်း ဘီဘီစီကို ပြောပြပါတယ်။

အခြားဝန်ကြီးဌာန လက်အောက်ခံ အဖွဲ့တွေနဲ့လဲ ချိတ်ဆက်မှု မရှိရာက အပြစ်တင်ခံရသလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ သတင်းတွေ လက်ခံရရှိခြင်း မရှိကြောင်းလဲ ရှင်းပြပါတယ်။ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ရဲ့ အကြီးအကဲသစ် ဗိုလ်ချုပ် ကျော်ဆွေကို ဗိုလ်မှူးအောင်လင်းထွဋ်က နည်းပြဆရာ အနေနဲ့ သင်တန်း ပေးခဲ့ဘူးကြောင်း ပို့ချခဲ့ပြီး သင်ခန်းစာကလွဲပြီး အခြား အတွေ့အကြုံ မရှိကြောင်း ဗိုလ်မှူးအောင်လင်းထွဋ်က ပြောပါသေးတယ်။

ထောက်လှမ်းရေး အခြေခံပညာကိုလဲ အမေရိကန် စီအိုင်အေ အဖွဲ့က သင်ယူ လာခဲ့တဲ့အတွက် ရွေးကောက်ပွဲပြီးရင်လဲ အမေရိကန် စီအိုင်အေ ၊ အက်ဖ်ဘီအိုင် တို့ရဲ ထောက်လှမ်းရေး နည်းပညာ ပုံစံပဲ သုံးဖို့စီစဉ်ကြောင်း ကြားရပုံကို ဗိုလ်မှူးအောင်လင်းထွဋ်က ရှင်းပြပါတယ်။

သတင်းရင်းမြစ် _ ဘီဘီစီ

SSA တောင်ပိုင်းတပ်ဖွဲ့ကို ၂၄ နာရီစောင့်ကြည့်ရန်ဒေသခံများအား နအဖတပ် ညွှန်ကြား

SSA တောင်ပိုင်းတပ်သား
Monday, 18 October 2010 16:59 မွေခေါဝ် .

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ဒေသခံများအား အာဏာပိုင်များက SSA တောင်ပိုင်းတပ်ဖွဲ့ကို ၂၄ နာရီစောင့်ကြည့်ပြီး သတင်းပေးပို့ရန် ညွှန်ကြားထားကြောင်း နယ်စပ်သတင်းများအရသိရှိရပါသည်။

“SSA တောင်ပိုင်းတပ်ဖွဲ့လှုပ်ရှားသွားလာနေတာတွေ ၂၄ နာရီစောင့်ကြည့်ခိုင်းထားတယ်။ သတင်းရရင် သုံးရက်နောက်မကျ စေဘဲ ပေးပို့ခိုင်းထားတယ်” ဟု မိုင်းတုံဒေသခံတစ်ဦးကပြောပါသည်။

KIA ထုတ်ပြန်ကြေငြာချက်


KIA_Ndau_shabra_laika -

Copy from - thawthikho.blogspot.com/

ဒို့အခွင့်အရေး ကိုယ်တိုင်ရွေး

စစ်အစိုးရရဲ့ တင်းကြပ်တဲ့ ဖိနှိပ်မှုတွေအောက်မှာပဲ ရန်ကုန်က လူငယ်တွေက ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ သဘောထားကို အခုလို ရဲရင့်ပြတ်သားစွာဖော်ပြလာကြတာကို တွေ့ရပါတယ်။




သတင်းရင်းမြစ်။ ။http://www.irrawaddyblog.com/

Sunday, October 17, 2010

မြန်မာနိုင်ငံလုံးဆိုင်ရာအထွေထွေသပိတ်ကော်မတီဖွဲ့စည်းကြောင်းကြေငြာချက်

General Strike Commttee 1
ပေးပို့သူ။ ။ဖြိုးဝေhttp://www.humanright-myanmar.com/

၂ဝ၁ဝ ရွေးကောက်ပွဲ ဆိုင်ရာနိုင်ငံရေး ဆွေးနွေးပွဲ - (တိုကျို၊ ဂျပန်)



၂၀၁၀ ခုနှစ် အောက်တိုဘာလ(၁၇)ရက်။

ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)မှ ဦးစီး ကျင်းပပြုလုပ်သည့် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနှင့် မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲကို တိုကျို Takadanobaba,Recycle Center 4 F, မှာ နံနက် ၉ နာရီ ၃ဝ မိနစ်မှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

Saturday, October 16, 2010

ပြည်ပရောက် မြန်မာများထံမှ ကြိုတင်မဲကောက်

စစ်အုပ်စု အတင်းရေးဆွဲ ပြီးစီခဲ့ပြီ ဖြစ်သော (၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ) စစ်အာဏာရှင်စနစ်တရားဝင်ဖြစ်သွာမည်ကို မလိုလားကြသည့်အတွက် ကန့်ကွက်မဲ့ထည့်ရန် ရောက်ရှိလာသော ဂျပန်ရောက် မြန်မာနိုင်ငံသားများတို့ကို စစ်အခွန်ရုံးတာဝန်ခံများမှ ရှီနာဂါဝါမြို့ နယ် ရဲရုံးနှင့် ပူးပေါင်းပြီး အထူးနှိမ်နှင်းရေးရဲ အင်းအား မြောက်များစွာတို့ ကို အသုံပြုကာ ဂျပန်ရောက် ဒီမိုကရေစီအင်အားများတို စတင်ဖြိုခွင်းခြင်းကို ခံခဲရသည့် ဂျပန်နိုင်ငံ ရဲများတို့ ၏ ဥပဒေမဲ့ လုပ်ရပ်ကို ဘယ်တော့မှ မမေ့နိုင်သည့် နေ့ တစ်နေ့ ။“၂၀၀၈ ခုနှစ် ဇပြီလ(၂၆)ရက်မှတ်တမ်း”

“၂၀၀၈ ခုနှစ် ဇပြီလ(၂၆)ရက်မှတ်တမ်း ဓါတ်ပုံများ”

October 16, 2010 .

ပြည်ပရောက် မြန်မာများအတွက် ကြိုတင်မဲကောက်ခံခြင်းကို ဖိလစ်ပိုင်နိုင်ငံတွင် ယနေ့ပြုလုပ်ပြီး ဂျပန်နိုင်ငံတွင် ၁၉ ရက်နေ့ပြုလုပ်ရန် ညွှန်ကြား ထားကြောင်း သတင်းရရှိသည်။

“အမှိုက်ထဲက ရွှေမြန်မာများ”

ဧရာဝတီ Friday, October 15, 2010 မြန်မာ့ရှုခင်း
Copy from _ irrawaddy.org/bur/

ရွေးကောက်ပွဲ ဆန့်ကျင်သပိတ်မှေက်ရေးအတွက် ကမ္ဘာလုံဆိုင်ရာ သွေးစည်းညီညွတ်ရေး လှုပ်ရှားမှု

Global Solidarity Actions for Boycott Burmese

နိုင်ငံတော်အလံသစ် တသိန်းခွဲ အမြန်ချုပ်လုပ်ရန် ညွှန်ကြား

ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သော စစ်အစိုးရက အခြေခံဥပဒေ အတည်ပြုသည့် ၁၉၇၄ ခုနှစ် ဇန်နဝါရီ ၃ ရက်မှ စတင်ကာ ယခုအချိန်ထိ အသုံးပြုနေသော အလံ (နောက်) နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော လက်ရှိ စစ်အစိုးရ၏ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် အဆိုပြုထားသော အလံသစ် (ရှေ့) တို့ ဖြစ်ပါသည်။ (RFA image)
2010-10-15

မြန်မာစစ်အစိုးရရဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် အတည်ပြုထားခဲ့သော နိုင်ငံတော်အလံသစ်ကို ပြောင်းလဲ အသုံးပြုမယ်ဆိုပြီး အမှတ်(၁) စက်မှု ဝန်ကြီးဌာနက ရန်ကုန် အထည်ချုပ် စက်ရုံတွေကို နိုင်ငံတော် အလံသစ်တွေကို အမြန် ချုပ်ခိုင်းနေတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ထံမှ သိရပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ လက်မခံကြောင်း ဂျပန်အမတ်များကို သွားရောက်ရှင်းလင်း

၂၀၁၀ ခုနှစ် အောက်တိုဘာလ (၁၅) ရက်။

မြန်မာ့ရေးရာရုံး စီမံခန့်ခွဲရေး ကော်မတီ အဖွဲ့ဝင်များ၊ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်(RENGO) တာဝန်ခံနှင့်အတူ တိုကျိုမြို့ Dai Ichi လွတ်တော် အဆောက်အဦးရှိ ဂျပန် ဒီမိုကရက်တစ်ပါတီ၏ အကြီးတန်း ညွန်ကြားရေးမှူးလည်းဖြစ်သူ၊ ပါတီ၏ သံတမန်ရေးရာနှင့် အမျိုးသားလုံခြုံရေးရာ သုတေသန ကော်မတီ ဥက္ကဌ Mr.Masaharu NAKAGAWA အား မြန်မာ့အရေးကို သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ဆရာတော် အရှင်ထာဝရမှ ဂျပန်နိုင်ငံလွတ်တော်အမတ်အား မြန်မာ့အရေး သွားရောက်တွေဆုံဆွေးနွေး

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဂျပန်နိုင်ငံသို့ ခေတ္တရောက်ရှိလာသော ၂၀၀၇ ရွေဝါရောင် တော်လှန်ရေး ဦးဆောင် ဆရာတော်အရှင်ထာဝရမှ မြန်မာ့အရေးအား ကူညီထောက်ပံ့ပေးနေသော ဂျပန်အမတ်များ သမဂ္ဂ(GIREN)၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ အထက်လွတ်တော် အမတ် (ဂျပန် ဒီမိုကရက်တစ်ပါတီ) Mr.Azuma KONNO အား မြန်မာ့အရေးအားနှင့် ပတ်သက်၍ သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပြီး တိုက်တွန်း တောင်းဆိုသည့် စာပေးပို့ခဲ့ကြောင်း သိရှိရပါသည်။

Open Letter to Japan[1]                                                            

Friday, October 15, 2010

KIA ကို သောင်းကျန်းသူဟု ပြန်ခေါ်

KIA တပ်ဖွဲ့ဝင် အသစ်များ စစ်ရေး လေ့ကျင့်နေစဉ် (ဓာတ်ပုံ - AP)
သန်းထိုက်ဦး Friday, October 15, 2010 .

အပစ်အခတ် ရပ်စဲထားသာ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ကို ၁၆ နှစ်တာကာလ အတွင်း မြန်မာ စစ်အစိုးရက သောင်းကျန်းသူများဟု ပထမဆုံး အကြိမ် ခေါ်ဝေါ် သုံးနှုန်းလိုက်သည်။

ယနေ့ထုတ် စစ်အစိုးရ သတင်းစာ၌ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အတွင်း မိုင်းနင်းမိသောကြောင့် အပြစ်မဲ့ ပြည်သူ နှစ်ဦး သေဆုံးပြီး တဦး ဒဏ်ရာရ ရှိခဲ့ကြောင်း ဖော်ပြသည့် သတင်းတွင် KIA ကို သောင်းကျန်းသူအဖြစ် သုံးနှုန်းထား ခြင်းဖြစ်သည်။ KIA သည် ၁၉၉၄ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။

ရိုဟင်ဂျာများကို ကြံ့ဖွံ့ပါတီဝင် ကတ်ပြားရောင်း

ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ စည်းဝေးပွဲတွင် တက်ရောက်လာသော ကြံ့ဖွံ့ပရိသတ်များ။ (ဓာတ်ပုံ - AP)
October 14, 2010 . g

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတော မြို့နယ်များရှိ ရိုဟင်ဂျာများအား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) စည်းရုံးရေးမှူးများက ၎င်းတို့ ပါတီဝင် ကတ်ပြားများကို မဝယ်မနေရ ရောင်းနေကြောင်း သတင်းရရှိသည်။

ရွေးကောက်ပွဲ အသိအမှတ်မပြုရေး နယူးဇီလန်အမတ်များကို မြန်မာဆရာတော် တိုက်တွန်း

နယူးဇီလန်နိုင်ငံတွင် သီတင်းသုံးသော ဦးဩဘာသ (အလယ်၊ ရပ်နေသူ) က အောက်တိုဘာ ၁၃ ရက်နေ့တွင် နယူးဇီလန် လွှတ်တော်အမတ်များအား တောင်းဆိုချက်များ ရှင်းလင်း တင်ပြနေပုံ ဖြစ်ပါသည်။ (Photo: RFA)
2010-10-14

နယူးဇီလန်နိုင်ငံမှာ သီတင်းသုံးတဲ့ ဆရာတော်တပါးဟာ နယူးဇီလန်ပါလီမန် အမတ်တွေနဲ့ တွေ့ဆုံပြီး လာမဲ့ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

နယူးဇီလန် Acukland မြို့မှာ သီတင်းသုံးတဲ့ ဆရာတော် အရှင်သြဘာသဟာ အောက်တိုဘာ ၁၃ ရက်နေ့ ည ၆ နာရီကနေ ၇ နာရီခွဲအထိ နယူးဇီလန် လက်ရှိအစိုးရ အမတ်တဦးအပါအဝင် အတိုက်အခံပါတီက အမတ် ၂ ဦး နဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီလို တွေ့ဆုံခဲ့ရာမှာ ဆရာတော် တောင်းဆိုခဲ့တာက - နယူးဇီလန်နိုင်ငံ အပါအဝင် အာဆီယံ အဖွဲ့ဝင်နိုင်ငံက ခေါင်းဆောင်တွေအနေနဲ့ စစ်အစိုးရက ဖမ်းဆီးထားတဲ့ သံဃာတော်တွေကို ပြန်လွှတ်ပေးရေး၊ လာမဲ့ ရွေးကောက်ပွဲက ထွက်လာတဲ့ အစိုးရကို အသိအမှတ် မပြုရေး တို့ကို တောင်းဆိုခဲ့ပါတယ်။

မဲမပေးဘဲ နေနိုင်ခွင့်ရှိကြောင်း စာရွက်များ ရန်ကုန်မြို့တွင်း ပြန့်နေ


ရွေးကောက်ပွဲအတွက် ကြိုတင်မဲကို အတင်းပေးခိုင်း၍မရကြောင်း၊ ပြည်သူတယောက်သည် မဲမပေးလိုပါက မဲမပေးဘဲ နေနိုင်ကြောင်း ရေးသားထားသည့် စာများနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါသည့် လက်ကမ်းကြော်ငြာစာများ ရန်ကုန်တွင် ဖြန့်ဝေနေသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့တွင်း ကျောက်တံတားမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ လသာမြို့နယ်တို့တွင် ယင်းသို့စာရွက်များ ဖြန့်ဝေနေခြင်းဖြစ်ကြောင်း ကျောက်တံတားမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

ပလောင်အမျိုးသမီးတို့ ဆယ်စုနှစ်တခုအကြာ


ချင်းမိုင် (မဇ္ဈိမ) ။ ။ ရှမ်းပြည်မြောက်နှင့် တောင်ပိုင်းတို့တွင် ပျံ့နှံ့နေထိုင်ကြသည့် ပလောင်တိုင်းရင်းသူများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် ပလောင် (တအာင်း) အမျိုးသမီးအစည်းအရုံး PWO သည် ယနေ့ ၁ဝ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အဖွဲ့ဝင် ၁၂ ဖွဲ့မှ တဖွဲ့
ဖြစ်သည်။

တရုတ်မယ်ပြိုင်ပွဲတွင် ပလောင်အမျိုးသမီး တတိယဆုရ

ဓါတ်ပုံ - ယခုလ ၁ ရက်နေ့က ကျင်းပခဲ့သည့် ၁၀ ကြိမ်မြောက် တရုတ် - မြန်မာဆွေမျိုးပေါက်ဖေါ်ပွဲတွင် ရွေလီမြို့တွင်းလှည့်ပတ်အလှ ပြနေသည့် မြန်မာလှည်းယဉ် တစ်စီးအား တွေ့ရစဉ်။ (ဓါတ်ပုံ - SHAN)
Thursday, 14 October 2010

တရုတ်နယ်စပ် ရွေလီမြို့၌ အောက်တိုဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပခဲ့သည့် ၁၀ ကြိမ်မြောက် တရုတ် - မြန် မာ ဆွေမျိုးပေါက်ဖေါ် အလှမယ်ပြိုင်ပွဲ၌ သျှမ်းပြည် (မြောက်ပိုင်း) မှ ပလောင်အမျိုးသမီးလေးက တတိယဆု ရရှိခဲ့သည်။

Thursday, October 14, 2010

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲ - (တိုကျို၊ ဂျပန်)

မြန်မာပြည်သူတို့၏ အနာဂတ်ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် ရွေးကောက်ပွဲကို စစ်အာဏာရှင် အာဏာရူးတို့က လာမည့် နိုဝင်ဘာလ (၇)ရက် တနင်္ဂနွေနေ့တွင် ကျင်းပပါတော့မည်။ ဤရွေးကောက်ပွဲမှာ စစ်အာဏာရှင်တို့က မဖြစ်မနေ ကျင်းပရသော ရွေးကောက်ပွဲ မဟုတ်ပဲ ၎င်းတို့ စိတ်ကြိုက်အနေအထားရ၍ တရားမဝင် အာဏာသိမ်း အုပ်စုမှ တရားဝင် အစိုးရဖြစ်လာအောင် မတရားမှုပေါင်းစုံဖြင့် ကျင်းပမည့် ရွေးကောက်ပွဲ ဖြစ်သည်။

ဤသို့သော နိုင်ငံရေးအခင်းအကျင်းတွင် ဒီမိုကရေစီ လိုလားသော ပြည်သူတို့အနေဖြင့် လုံးဝဥဿုံ လည်စင်းခံ အလျှော့ပေး၍ မဖြစ်ပါ။ ၂ဝ၁ဝ ရွေးကောက်ပွဲကို လုံးဝ ဆန့်ကျင်ရပါမည်။ ဒီမိုကရေစီ ဘက်ခြမ်းတွင် ပြတ်ပြတ်သားသား ရပ်တည်၍ အာဏာရှင်တို့၏ မတရားသော ရွေးကောက်ပွဲကို ဆန့်ကျင် တိုက်ဖျက်ရပါမည်။

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)မှ ဖြစ်နိုင်သမျှ နည်းလမ်းများစွာဖြင့် အားတက်သရော ကြိုးပမ်းလျက်ရှိပါသည်။

ဆန့်ကျင်တိုက်ဖျက်ရာတွင် စည်းစနစ်ကျနစွာဖြင့် ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်လျက် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနှင့် ပတ်သက်၍ မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲတရပ်ကို ကျင်းပမည်ဖြစ်ပြီး ဆွေးနွေးပုံ အသေးစိတ်ကို ဗီဒီယိုဖြင့် မှတ်တမ်းတင်ကာ YouTube, Internet TV အစရှိသည့် ဆက်သွယ်ရေး နည်းလမ်းများဖြင့် မြန်မာနိုင်ငံ ပြည်တွင်းသို့၎င်း၊ အခြားနိုင်ငံအရပ်ရပ်သို့၎င်း ဖြန့်ချိပြီး လူထုနှိုးကြားမှုကို အားဖြည့်ဆောင်ရွက်ပါမည်။

သို့ဖြစ်ပါ၍ အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည့် မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲသို့ မည်သူမဆို တက်ရောက် ဆွေးနွေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

နေ့ရက်
--- ၁၇-၁ဝ-၂ဝ၁ဝ (တနင်္ဂနွေနေ့)

အချိန်
--- နံနက် ၉ နာရီ ၃ဝ မိနစ်မှ မွန်းတည့် ၁၂ နာရီအထိ

နေရာ
--- Recycle Center 4 F, Takadanobaba, Shinjuku, Tokyo


ပြန်ကြားရေး
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)
နေ့စွဲ - ၁၄-၁ဝ-၂ဝ၁ဝ

မဲမပေးရေး လှုပ်ရှားမှုတွင် တိုင်းရင်းသား ခေါင်းဆောင်များ ပါဝင်လာ

အောက်တိုဘာလ ၁၃ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲ မဲမပေးရေး စည်းရုံးလှုပ်ရှားမှုတွင် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများနှင့် ဖွဲ့စည်းထားသည့် လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP မှ ခေါင်းဆောင်များပါ ပါဝင်လာပြီဖြစ်သည်။

Wednesday, October 13, 2010

ဒုတိယ နိုင်ငံခြားရေးဝန်ကြီးနှင့် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစု တွေ့ဆုံဆွေးနွေး (သတင်း မှတ်တမ်း)။


၂၀၁၀ ခုနှစ် အောက်တိုဘာလ (၁၃)ရက်။

ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစု တာဝန်ရှိသူများမှ တိုကျိုမြို့ Kasumikaseki ရှိ ဂျပန်နိုင်ငံခြားရေး ၀န်ကြီး ဌာနသို့ သွားရောက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး YAMAHANA Ikuo နှင့် ယနေ့ နံနက် ၁၀း၃၀ နာရီ မှ ၁၁း၀၀ နာရီ အထိ တွေဆုံပြီး မြန်မာ့ရေးရာ ကိစ္စများကို တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ယခု လက်ခံတွေ့ဆုံမှုသည် ဂျပန်ရောက် အတိုက်အခံ ဒီမိုကရေစီ အင်အားစုအပေါ် ပထမဆုံးအကြိမ် လိုက်လျော တွေ့ဆုံမှုဖြစ်ပြီး ယခင်အခါများက ညွန်ချုပ် အဆင့်ဖြင့်သာ တွေ့ဆုံခွင့် ရခဲ့ပါသည်။ ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း၊ ဂျပန်အစိုးရမှလည်း ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုရန်နှင့် မြန်မာစစ်အုပ်စု၏ လူသားမျိုးနွယ် အပေါ် ကျုးလွန်သည့် ရာဇ၀တ်မှု စုံစမ်း စစ်ဆေးရေးကော်မရှင် ဖွဲ့နိုင်ရေးအတွက် ဂျပန်အစိုးရမှ ထောက်ခံ သဘောတူရန် တိုက်တွန်းသည့် စာရွက်စာတမ်းများကို NCUB ကိုယ်စားလှယ် လည်းဖြစ် မြန်မာ့ရေးရာရုံး၏ တာဝန်ခံလည်းဖြစ်သော Dr. မင်းညှိမှ ပေးအပ်ခဲ့ပါသည်။

ဂျပန်ရောက် တိုင်းရင်းသားများကိုယ်စား ဦးဇော်မင်းခိုင်မှ ၁၉၉၀ ပြည့်အနိုင်ရ တိုင်းရင်းသား ပါတီများကလည်း ရွေးကောက်ပွဲကို သပိတ်မှောက်ထားသည့်အတွက်ဂျပန်အစိုးရမှလည်း  ရွေးကောက်ပွဲ ရလဒ်ကို အသိအအမှတ်မပြုရန် တင်ပြသွားခဲ့သလို၊ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု(မဒတ)၏ သဘောထားကိုလည်း NDF ဂျပန် ကိုယ်စားလှယ် မိုင်ကျော်ဦးမှ ဂျပန်အစိုးရအား တိုက်တွန်း တောင်းဆို သွားခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၏ သဘောထားများကိုလည်း   NLD-LA(JB) အထွေထွေအတွင်းရေးမှူး ဦးသောင်းမြင့်ဦးမှ ကိုယ်စားပြု၍ တင်ပြသွားခဲ့ပြီး ဂျပန်ရောက် ဒီမိုကရေစီ အင်အားစုများ၏ ၂၀၁၀ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ ကိုယ်စား ကိုမြတ်သူမှ တင်ပြဆွေးနွေး သွားခဲ့ပါသည်။ LDB အတွင်းရေးမှူး ဦးမြင့်မောင် ၊ FTUB ဂျပန် ကိုယ်စားလှယ် ဒေါ်ခင်ဆွေအေး၊ ဂျပန် အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်များ (RENGO) ရဲ့ နိုင်ငံခြားရေးဌာန ညွန်ကြားရေးမှူး Masayuki SHIOTA ၊ PFB အတွင်းရေးမှူး Ms.Miyazawa တို့မှလည်း ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီပေါ်ထွန်းစေဖို့အတွက် ထိရောက်သည့် အကူအညီတွေကို ကူညီပေးဖို့ တိုက်တွန်း တောင်းဆို သွားခဲ့ကြပါသည်။

ယနေ့ တွေ့ဆုံနိုင်ရန် စီစဉ်သူမှာ မြန်မာ့ဒီမိုကရေစီ အရေးကို အားပေးထောက်ခံသည့် အမတ်သမဂ္ဂ အတွင်းရေးမှူး လွတ်တော်အမတ် AZUMA KONO ဖြစ်ပြီး လည်းကောင်းမှလည်း လိုအပ်သည်များကို ဖြည့်စွပ်ဆွေးနွေး သွားပါသည်။ ဒုဝန်ကြီးမှ ပြန်လည်ဖြေကြားရာမှာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရသည့်အပေါ် ရွေးကောက်ပွဲ တရားသည် မတရားသည်ကို ဆုံးဖြတ်သည်နေရာအတွက် အချက်အလက် တခုဖြစ်လာမည့် အကြောင်းနှင့် ရွေးကောက်ပွဲကို စောင့်ကြည့်ပြီးမှ သာလျင် တုန့်ပြန်သွားမည်ဖြစ်ကြောင်း၊ မြန်မာစစ်အုပ်စု၏ လူသားမျိုးနွယ် အပေါ် ကျုးလွန်တဲ ရာဇ၀တ်မှု စုံစမ်း စစ်ဆေးရေးကော်မရှင် ဖွဲ့နိုင်ရေးအတွက် ထည့်သွင်း စဉ်းစားသွားမည်ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးခဲ့ပါသည်။

သတင်းမှတ်တမ်း ဓါတ်ပုံ ။ Mai Kyaw Oo(PNS-Japan)