Monday, August 30, 2010

မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး(၈၇)လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား(တိုကျို)



၂၀၁၀ ခုနှစ် သြဂုတ်လ(၃၀)ရက်။

မတရားသည့် ၂၀၁၀ရွေးကောက်ပွဲ ဥပဒေကန့်ကွက်ခြင်းနှင့်၊ မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး(၈၇)လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဋ္ဌာနခွဲ့မှ ဦးဆောင်၍ တိုကျိုမြို့  ရှီနာဂါဝါ အရပ်ရှိ မြန်မာစစ်အခွန်ရုံး(သံရုံး)ရှေ့တွင် ယနေ့ သြဂုတ်လ (၃၀)ရက် နေ့ နေ့လည် ၃း၀၀ နာရီမှ ၄း၀၀ရီ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့၏ မြန်မာပြည် အထက်ပိုင်း စည်းရုံးရေးခရီးစဉ် ဒီပဲယင်းမြို့နယ် ကျည်ရွာအနီးတွင် စနစ်တကျ ချုံခိုတိုက်ခိုက်သည့် နိုင်ငံတော် လုပ်ကြံမှုကြီးကို ကျုးလွန်ခဲ့ကြပါသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့၏ အသက်ကို ကာကွယ်ရင်း အသက်ပေး စွန့်လှုခဲ့ကြသည့် သူများအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လစဉ် (၃၀)ရက်နေ့ ကျရောက်တိုင်း ဂျပန်နိုင်ငံတွင် ကျင်းပ ပြုလုပ်လာခဲ့ခြင်းဖြစ်ပါသည်။ မေ(၃၀)ဒီပဲယင်း လုပ်ကြံမှုတွင် ပါဝင်ကျုးလွန်ခဲ့ကြသည့် သူများကိုလည်း ယနေ့အထိ တစုံတရာ အရေးယူ ဖြေရှင်းပြေးသည်ကိုလည်း မတွေ့ရသည့်အတွက် အရေးယူ ဖြေရှင်းဖေါ်ထုတ်ပေးရန်နှင့် စစ်အဏာရှင် စနစ်ကို သက်ဆိုးရှည်စေမည့် တရားမျှတမှုမရှိသည့် ၂၀၁၀ရွေးကောက်ပွဲ ကိုပါ ဆန့်ကျင် ကန့်ကွက်ခဲ့ကြကြောင်း သိရှိရပါသည်။

ယနေ့ အခမ်းအနားတွင် ဂျပန်နိုင်ငံရောက် အဖွဲ့ အစည်းအသီးသီးမှ တာဝန်ရှိ သူများ မြန်မာနိုင်ငံ တိုင်းရင်းသားများ စုစုပေါင်း (၁၂၀)ကျော် ပူးပေါင်းပါဝင်ခဲ့ကြပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo(PNS-Japan)
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)

AUN-Japan ၏ ပုံမှန်လပတ်အစည်းအဝေး မှတ်တမ်းဓါတ်ပုံ။


၂၀၁၀  သြဂုတ်လ ၂၉ ရက်။

ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်) AUN-Japan ၏ သြဂုတ်လ ပုံမှန်လပတ် ညှိနှိုင်းစည်းဝေးကို Takadanobaba Recycle 4F တွင် ယနေ့ညနေ ၆း၃၀ မှ ၉း၀၀ ရီ အထိ ကျင်းပပြုလုပ်ခဲ့ကြသည့် မှတ်တမ်း ဓါတ်ပုံ။

LianKhan Sum(CNC-Japan)

သူ့အလိုလိုပျောက်ကွယ်သွားတဲ့ စစ်အာဏာရှင်စနစ်ဆိုတာ မရှိပါ

ရဲဘော်ဖိုးသံချောင်း / ၃၀ သြဂုတ် ၂၀၁၀

နအဖတွင်း ကုလားဖန်ထိုးတာတွေ ပေါ်လာပြန်ပါပြီ။ သဘာဝကျစွာပဲ အကဲဖြတ်တာတွေ၊ တွက်ချက်တာတွေ နေရာတကာမှာ လုပ်ကြတာတွေ တွေ့နေရပါတယ်။ ဒီအပြောင်းအလဲတွေကနေပြီး ဘာအဓိပ္ပာယ်ဆောင်သလဲ၊ ဘာတွေဆက် ဖြစ်မလဲဆိုတာတွေကိုလည်း ပြောဆိုကြပါတယ်။ အတိုက်အခံတွေအနေနဲ့ကတော့ နအဖထဲမှာ ရာထူးအာဏာကြောင့်မို့ ကွဲလွဲမှုတွေဖြစ်လာမလား၊ ဂိုဏ်းဂဏတိုက်ပွဲတွေ ပြင်းထန်လာမလား၊ ဒါဟာ လူတိုင်းလို ပြောကြ တွက်ကြတဲ့ ကိစ္စလို့ဆိုရင် မမှားပါဘူး။

အရေးကြီးတာက ကိုယ်ဖြစ်စေချင်တဲ့ဘက်ကနေ ပိုမတွက်မိဖို့ပါပဲ။

ဗမာပြည်က စစ်အုပ်စုထိပ်သီးတွေဟာ အာဏာကို ကိုယ်အသက်ရှင်နေတုန်းမှာ လွှဲပြောင်းပေးတယ် ဆိုတာဟာ မရှိသလောက် အဖြစ်အပျက်ပါ။ ဗိုလ်နေ၀င်းဟာ အသက် (၉၀) နားနီးအထိ အာဏာကို ဆုပ်ကိုင်ထားပြီး ရှစ်လေးလုံးအရေးတော်ပုံကြီးက ဆောင့်တိုက်လိုက်တော့မှသာ တရားဝင်အာဏာကို စွန့်လွှတ်လိုက်တာဖြစ်ပါတယ်။ စွန့်လွှတ်တယ်ဆိုတာလည်း နောက်အာဏာရှင်တယောက်

၆၃ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနား တိုကျိုတွင် ကျင်းပပြုလုပ်



၂၀၁၀ ခုနှစ် သြဂုတ်လ ၂၉ ရက်။

၆၃ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို တိုကျို Toshima-ku Minami Otsuka Dai Ichi ခမ်းမတွင် ပုညာကာရီ မွန်အမျိုးသားများအဖွဲ့(ဂျပန်) PMNS-Japan မှ ယနေ့နံနက် ၁၀း၀၀ နာရီ မှ ၁၂း၀၀ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနား ကျင်းပပြုလုပ်လုပ်ခြင်း ရည်ရွယ်ချက်ကို ပုညာကာရီ မွန်အမျိုးသားများအဖွဲ့(ဂျပန်) ဥက္ကဌ မင်းမျိုးချစ်မှ ရှင်းလင်းပြောကြားရာမှာ “ အမျိုးဘာသာ သာသနာအတွက် ဦးစီးဦးဆောင်ခဲ့တဲ့ မျိုးချစ် အာဇာနည်ခေါင်း ဆောင်ကြီးများတွေကို ဂါရ၀ပြုတာရယ် မွန်ပြည်သစ်ပါတီတို့က အစိုးရ ဖိအားပေးလာသည့် နယ်ခြားစောင့်နှင့် ပြည်သူ့စစ်ပုံစံကို မွန်ပြည်သစ်ပါတီဘက်မှ လုံးဝလက်မခံပဲ အမျိုးသားရေးအတွက် ပြတ်သားစွာ ရပ်တည်လာသည့်အပေါ်မှာ အားပေးထောက်ခံသွားဖို့ မွန်ပြည်သစ်ပါတီမှ မွန်တမျိုးသားလုံးရဲ့ ပုခုံးပြောင်းတာဝန်ကို နေသည့်အပေါ်မှာ ယနေ့ မျိုးဆက်သစ် လူငယ်တွေက လက်ဆင့်ကမ်း ပခုံးပြောင်းတာဝန်ယူဖို့ တတ်နိုင်သည့်ဘက်မှ ပံ့ပိုးကူသွားဖို့ အတွက် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ရခြင်းဖြစ်တယ် ” လို့ရှင်းပြခဲ့ပါသည်။

ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် မွန်တော်လှန်ရေးနေ့ ဖြစ်ပေါ်လာရခြင်း နောက်ခံ သမိုင်းကြောင်းကို ပါဝါပွိုင့်ဖြင့် ရှင်းလင်း ပြသသွားခဲ့ကြောင်း သိရှိရပါသည်။
 
သတင်းမှတ်တမ်း ။ Mai Kyaw Oo(PNS-Japan)
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum (CNC-Japan)

ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ အဖွဲ့ပေါင်းစုံ ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲ


ဂျပန်နိုင်ငံရှိမြန်မာ့ဒီမိုကရေစီအဖွဲ့ပေါင်းစုံ၏ဒုတိယအကြိမ်မြောက်
ညှိနှိုင်းအစည်းဝေးပွဲကိုယနေ့(၂၀၁၀ခု၊သြဂုတ်လ၊၂၉ရက်)၌Tokyoမြို့ရှိ
Takadanobaba,RecycleCenterတွင်ကျင်းပခဲ့ပါသည်။ 
အစည်းအဝေးတွင်အောက်ပါအချက်များကိုဆွေးနွေးဆုံးဖြတ်အတည်ပြု
ခဲ့ကြပါသည်။
    “၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ရေး” ဟူသော တိကျသည့်ရည်ရွယ်ချက်ကို အဆိုပါ ရွေးကောက်ပွဲ ပြီးသည့်အချိန်ထိ အချိန်အကန့်အသတ်ဖြင့် အကောင်အထည်ဖော် လှုပ်ရှားရန်အတွက် “၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)”၊ အင်္ဂလိပ်ဘာသာဖြင့် 2010 Election Boycott Committee (Japan) ကို အောက်ပါအဖွဲ့အစည်းများဖြင့် စတင် ဖွဲ့စည်းလိုက်သည်။
       အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ   NLD-LA (JB) 
        မြန်မာ့ဒီမိုကရေစီ အဖွဲ့ ချုပ်၊ LDB
Burma Democratic Action Group     BDA
Democratic Federation of Burma  DFB
       ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ၊ နိုင်ငံခြားရေးရာ ကော်မတီ  ABFSU
       လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ ဂျပန်ဌာနခွဲ  DPNS
မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်း    BRSA
        Save Burma
 Peaceful Burma
 
ညီညွတ်သော တိုင်းရင်းသားများအဖွဲ့အစည်း AUN
 မြန်မာနိုင်ငံသား အလုပ်သမားသမဂ္ဂ အဖွဲ့ချူပ် (ဂျပန်ပြည်) FWUBC
 SCI
 အလင်းအိမ်(မဂ္ဂဇင်း)
နောက်ထပ်ပူးပေါင်းပါဝင်လာမည့် အဖွဲ့များကိုလည်း လက်ခံမည် ဖြစ်ကြောင်းသိရပါသည်။
 

Sunday, August 29, 2010

အပစ်အခတ်ရပ် တိုင်းရင်းသားတပ်ဖွဲ့တို့၏ ရပ်တည်ချက်ကို ထောက်ခံကြိုဆို

Ndf St on Kio-uwsa Aug 2010_bur

Saturday, August 28, 2010

KIO လက်နက် မ ချ ရန် ပြည်ပရောက် ကချင်အမျိုးသားများ တိုက်တွန်း

 Saturday, 28 August 2010 14:04 KNG .

ပြည်ပနိုင်ငံအသီးသီးတွင် ရောက်ရှိနေသည့် မြန်မာပြည်မြောက်ပိုင်းမှ ကချင်အမျိုးသားများသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO ) လက်နက် မ ချ ရန် အလေးအနက် တိုက်တွန်းခဲ့သည်။

မြန်မာစစ်အစိုးရထံ KIO လက်နက် မ ချ ရန် တိုင်းတစ်ပါး၂၂ နိုင်ငံရောက် ကချင်အမျိုးသားများက သြဂုတ် ၂၇ ရက်စွဲဖြင့် ”စုပေါင်းကြေငြာချက် တစ်စောင်” ကချင်ဘာသာဖြင့် ထုတ်ပြန်ခဲ့သည်။

မလေးရှား၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ အင်္ဂလန်၊ စင်္ကာပူ၊ ဒိန်းမတ်၊ ဂျပန်၊ နော်ဝေး၊ သြစတြေးလျ၊ ဟော်လန်၊ နယူးဇီလန်၊ ဂျာမနီ၊ အစ္စရေး၊ အိန္ဒိယ၊ ဟောင်ကောင်၊ တရုတ်၊ ချက်၊ ဆွစ်ဇာလန်၊ ထိုင်း၊ ရိုးမေးနီးယား၊ ဆွီဒင်၊ ဖိလိပိုင် နိုင်ငံများတွင် ရောက်ရှိနေသော ကချင်အမျိုးသားများက ပူးပေါင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ဤကြေငြာချက်ကို KIO ၏ ”ရှေ့နိုင်ငံရေးလမ်းစဉ်ကို ဆုံးဖြတ်ချက်ပေးမည့် ပါတီကွန်ကရက် ညီလာခံကြီး” စတင်သောနေ့တွင် ထုတ်ပြန်ခြင်းလည်းဖြစ်သည်။

ကြေငြာစာတွင် သြဂုတ်လ ၂၂ ၊ မြန်မာစစ်အစိုးရမှ KIO အား လာမည့်စက်တင်ဘာ ၁ မှ စတင်၍ လက်နက်အပ်နှံရန် ညွှန်ကြားချက်ကို ပြည်ပရောက် ကချင်အမျိုးသားများက ”လုံးဝ လက်မခံဘဲ ကန့်ကွက်ကြောင်း” ဖော်ပြထားသည်။

ထို့အပြင် KIO သည် မြန်မာစစ်အစိုးရထံ လက်နက် မ အပ်ဘဲ ကိုယ့်လူမျိုးနှင့်ကိုယ့်ဒေသ တည်တံ့ခိုင်မြဲရေး အတွက် ဆက်လက်ပြီး မှန်မှန်ကန်ကန်နှင့် စိတ်ဓာတ်ကျခြင်းမရှိဘဲ ဦးဆောင်ဦးရွက်ပြုသွားရန် လိုလားကြောင်း စာတွင် အကြံပြုထားသည်။

တစ်ဖက်တွင်လည်း KIO ၏ ကချင်အမျိုးသားများ လွတ်မြောက်ရေးကြိုးပမ်းမှုအပေါ် ပြည်ပရောက် ကချင်များ စည်းစည်းလုံးလုံးဖြင့် မိမိတတ်နိုင်သည့်ဘက်က ပါဝင်ကူညီသွားမည်ဖြစ်ကြောင်း ကြေငြာစာတွင် ကတိပြုထားသည်။

KIO သည် မြန်မာနိုင်ငံတွင် ‘၀’ တပ်ဖွဲ့ ပြီးနောက် အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပြီး ကချင်လက်နက်ကိုင် တပ်ဖွဲ့များတွင် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ကို လက်မခံဘဲ တစ်ဖွဲ့တည်းကျန်နေသည့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ဖြစ်သည်။

ယခု ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ် လိုင်ဇာဌာနချုပ်တွင် ကျင်းပနေသည့် KIO ပါတီကွန်ကရက်က ”KIO လက်နက်ချရေး၊ မ ချ ရေး နှင့် ရှေ့နိုင်ငံရေးလမ်းစဉ်” ကို ဆုံးဖြတ် သွားမည်ဖြစ်သည်။

Copy from _ kachinnews.com

၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဂျပန်နိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းမှ ဒီမိုကရေစီ အင်အားစုများ၏ ထုတ်ပြန်ကြေညာချက်



၂၁-၈-၂ဝ၁ဝ နေ့က AUN ရုံးခန်းတွင် ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းနေကြသည့် အဖွဲ့ပေါင်းစုံမှ ကျင်းပသော ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် စုပေါင်းညှိနှိုင်း အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ထုတ်ပြန်သည့် Joint Statement (မြန်မာနှင့် အင်္ဂလိပ် နှစ်ဘာသာ)ကို ဖော်ပြလိုက်ပါသည်။

ဤထုတ်ပြန်ကြေညာချက် (အင်္ဂလိပ်ဘာသာ) ကို ဂျပန်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးထံ လိပ်မူ၍ ၂ရ-၈-၂ဝ၁ဝ နေ့တွင် ပေးပို့ခဲ့ပြီး ဖြစ်ပါသည်။ ထုတ်ပြန်ကြေညာချက်တွင် အဖွဲ့အစည်းကို ကိုယ်စားပြုသူတို့၏ ထိုးမြဲလက်မှတ် မူရင်းကိုလည်း ပူးတွဲပေးပို့ခဲ့ပါသည်။

လေးစားစွာဖြင့်
အဖွဲ့ပေါင်းစုံ ကိုယ်စား
လွင်အောင်စိုး
Statement in Regard to 2010 Elections _B Ur
 
Statement in Regard to 2010 Electons _Eng

ဗိုလ်ချုပ်မှူးကြီးနှင့် ဒု ဗိုလ်ချုပ်မှူးကြီး စစ်ရာထူးက အနားယူ

ပြီးခဲ့သည့် ၆၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် စစ်ရေးပြ တပ်မတော်သားများကို လက်ဝှေ့ယမ်း နှုတ်ဆက် နေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ဓာတ်ပုံ - Getty Images)
ရန်ပိုင် Friday, August 27, 2010 .

 ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့ တပ်မတော် ရာထူးများမှ အနားယူ လိုက်ပြီ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်သည်။

၎င်းတို့နေရာတွင် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ပူးတွဲ ညှိနှိုင်းရေးကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ကို ခန့်အပ်လိုက်ကြောင်း နေပြည်တော်နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

အဓိက ကျသည့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီကို ဖျက်သိမ်းခြင်း ရှိမရှိကိုမူ မသိရသေးပေ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးမှာမူ ရွေးကောက်ပွဲ အပြီး တက်လာမည့် သမ္မတကို အာဏာလွှဲအပ်ပြီး ၂၀၁၁ ခုနှစ် မတ်လ ဘတ်ဂျက် အကုန်တွင် အနားယူမည်

Friday, August 27, 2010

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရာထူးမှ အနားယူပြီ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုဗိုလ်ချုပ်ကြီး မောင်အေးတို့ ရာထူးမှ နားခြင်းအပါအဝင် တပ်မတော်ထိပ်တန်း စစ်ဘက်ရာထူးများတွင် အပြောင်းအရွေ့များ ယနေ့ ဖြစ်ပွားသည်။

ယခင် စစ်ရေးချူပ် ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာပြီး အခြားသော ကစထမှူးတဦးဖြစ်သော ဒုဗိုလ်ချုပ်ကြီးကိုကိုမှာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဖြစ်လာသည်။

နံပါတ် ၃ အဆင့်ဖြစ်သော ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏နေရာတွင် ယခင် စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဖြစ်လာသည်။

ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏ ရာထူးဖြစ်သော စစ်ထောက်ချုပ်ရုံးသို့ ယခင် နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်ဝေလွင် ရာထူးတိုးမြှင့် ရောက်ရှိလာသည်။

ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိသူအများစု ရာထူးမှ နှုတ်ထွက်သွားပြီး တိုင်းမှူးအများစု အပါအဝင် ဗိုလ်ချုပ်အဆင့် ရှိသူများ ရာထူးတက်သည်။

ရာထူးမှ နှုတ်ထွက်သွားသူများသည် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

အောက်တွင် ရာထူးဟောင်းနှင့် ရာထူးသစ်များကို ပြသထားသည်။ အသေးစိတ်ကို ဆက်လက် စုံစမ်းလျှက်ရှိသည်။
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ သြဂုတ်လ ၂၇ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၄၀ မိနစ်

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မှ ဦးဥာဏ်ဝင်းသို့မှာကြားချက် (၉)ချက်




၁။ NLD မပါလို့ဘယ်သူ့ကိုမဲထည့်ရမလည်းဆိုရင် ကိုယ်ကြိုက်တဲ့ပါတီမပါရင် မဲမထည့်ပဲနေပါ။

၂။ ပြည်ပသတင်းတွေမှာကော ပြည်တွင်းစာနယ်ဇင်းတွေမှာပါ ပြည်သူတွေနားမလည်တာကို အခွင့်အရေးယူပြီးလှည့်စားပြောနေတာတွေကို့ ကန့်ကွက်တယ်။

၃။ ဘီဘီစီ မြန်မာပိုင်းဌာနမှာ ရန်ပုံငွေနည်းနေတဲ့အတွက် ရပ်တည်ရခက်နေတာကို စိတ်မကောင်းကြောင်း။

၎။ ရွေးကောက်ပွဲ ရက်ကို အချိန်တိုလေ ကပ်ပြီးကြေငြာတာဟာ မကောင်းဘူး။

၅။ ပြည်သူတွေအနေနဲ့ အခုထွက်နေတဲ့ဥပဒေတွေကို နားလည်းရမယ်၊နားမလည်ပဲနဲ့မဲသွားထည့်ရင် ဘာမှအဓိပ္ပါယ်မရှိဘူး။

၆။ မဲဆွယ်စည်းရုံးရေးတို့ ရွေးကောက်ပွဲဥပဒေတို့နဲ့ဆန့်ကျင်ပြီးမသမာမှုတွေရှိရင် ပြည်သူတွေအနေနဲ့ တရားစွဲရမယ် ရဲစခန်းကိုတိုင်ရမယ်။

၇။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သတင်းရယူခွင့် ၊သတင်းထုတ်ပြန်ခွင့် မရှိဘူးအဲ့ဒါကို ကန့်ကွက်တယ်။

၈။ ၂၀၀၈ ဖွဲ့စည်းပုံအရ ၂၀၁၀ရွေးကောက်ပွဲကိုလုပ်တယ်။ အဲ့ဒီကထွက်လာမယ့် သမ္မတကို လွှတ်တော်ကမလွှမ်းမိုးနိုင်ဘူး သမ္မတ ကပဲအားလုံးကို လွှမ်းမိုးချုပ်ကိုင်သွားမှာဖြစ်တယ်။


၉။ အခုထွက်နေတဲ့ဥပဒေတွေက တရားမျှတမှုမရှိဘူး အဲ့ဒါတွေကိုတောင် မလိုက်နာနိုင်ရင် ဒါဟာမင်းမဲ့စရိုက်ပဲ။

သတင်းရင်းမြစ်။ ။စက်တင်ဘာထာဝရ(http://ashin-htavara.blogspot.com/)

ရဲဘော် (၃၄) ယောက် အပြီးတိုင် လွတ်မြောက်ရေး ANC မှ ရခိုင်ပြည်သူများသို့ တိုက်တွန်းနှိုးဆော်


 “မိုးမိုးကျော် (Arakan Review)
(၁၉၉၈) ခုနှစ်မှစ၍ အိန္ဒိယနိုင်ငံတွင် ဖမ်းဆီးချုပ်နှောင်ခြင်းခံနေရသော ရခိုင်၊ ကရင် မျိုးချစ် ရဲဘော် (၃၄) ယောက် အပြီးတိုင်လွတ်မြောက်ရေးနှင့် တတိယနိုင်ငံတို့တွင် ခိုလှုံ့ခွင့်ရရှိရေး အထောက်အကူ ဖြစ်စေရေး တို့အတွက် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) မှ ရဲဘော် (၃၄) ဦး လွတ်မြောက်ရေး ကော်မတီတရပ် ဖွဲ့စည်းကာ အလှူငွေများထည့်ဝင်ကြရန် ပြည်ပရောက် ရခိုင်လူမျိုးများအား တိုက်တွန်း နှိုးဆော်လိုက် ကြောင်း သိရှိရပါသည်။ထိုကဲ့သို့ တိုက်တွန်း နှိုးဆော်ရခြင်းနှင့် ပတ်သက်၍ ကော်မတီတာဝန်ခံ၊ ရခိုင်ပြည် အမျိုးသား ကောင်စီ၏ ဥက္ကဋ္ဌ ဆရာတော်ဦးသီဟအား ဆက်သွယ် မေးမြန်းလျှောက်ထားခဲ့ရာတွင်ဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ လွတ်မြောက်ရေး တိုက်ပွဲဝင်

ဝ ဒေသကို တပ်စေလွှတ်မှာ သဘောမတူ

မြန်မာအစိုးရရဲ့ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်က UWSA ၀ပြည်သွေးစည်း ညီညွတ်ရေး အဖွဲ့ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းရေး အစီအစဉ်တွေ ရပ်ဆိုင်း လိုက်ပြီလို့ ပြောပါတယ်။

UWSA အဖွဲ့က ဗဟိုနိုင်ငံရေး အတိုင်ပင်ခံ ဥက္ကဌ ဦးဘော်လခမ်းက နိုင်ငံခြားရေးဌာန ဌာနကြီးမှူး ဦးညီကျော် လယ်ယာဌာန ဦးဘောင်တိန်းနဲ့ တရားရေးက ဦးထွန်းဝေ စတဲ့ခေါင်းဆောင် လေးယောက်ကို ပြီးခဲ့တဲ့ ၂၀ ရက်နေ့က ပန်းဆန်းမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတုန်း ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က အဲဒီလိုပြောခဲ့တာပါ။

ဒါ့အပြင် လာမယ့် စက်တင်ဘာလ ၁ ရက်နေ့မှာ မြန်မာစစ်တပ်နဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို ၀ ဒေသ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရထားတဲ့ မြို့နယ် လေးမြို့နယ်ထဲ စေလွှတ်မယ်လို့လည်း ပြောသွားတဲ့အကြောင်း UWSA အဖွဲ့ တာဝန်ရှိသူ ဘီဘီစီ ကိုပြောပါတယ်။

မကြာသေးခင်ကပဲ ပြည်သူ့လွတ်တော် မဲဆန္ဒနယ်မြေတွေ ထုတ်ပြန်ခဲ့ရာမှာ ရွေးကောက်ပွဲ ကော်မရှင်က ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအတွင်းမှာ ရှိတဲ့ခြောက်မြို့နယ်ကို မဲဆန္ဒ နယ်မြေတွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ အဲဒီထဲက မက်မန်းနဲ့ ဟိုပန် တို့မှာ ရွေးကောက်ပွဲအတွက် အစီအစဉ်တွေ လုပ်ဆောင် နေပြီဖြစ်ပြီး ကျန်တဲ့လေးမြို့နယ်မှာ မလုပ်နိုင်သေးတဲ့ အတွက် လာရောက် ပြင်ဆင်တဲ့အခါမှာ လုံခြုံရေးအဖွဲ့တွေ လိုက်လာမှာ ဖြစ်တယ်လို့ UWSA အရာရှိကပြောပါတယ်။

UWSA ဘက်ကတော့ ဒီအဆိုပြုချက်ကို လက်ခံနိုင်စရာ မမြင်ဘူးလို့ အဲဒီအရာရှိက ပြောပါတယ်။

ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရထားတဲ့ ၀ ဒေသမှာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုံခြုံရေးကို UWSA ဘက်က တာဝန်ယူနိုင်ကြောင်း မြန်မာစစ်တပ်ကို စေလွှတ်စရာ မလိုဘူးလို့ ၀ အရာရှိက ပြောပါတယ်။ တကယ်လို့သာ မြန်မာ အစိုးရဘက်က တပ်တွေကိုအတင်း စေလွှတ်လာမယ်ဆိုရင် ၀ ဘက်က အတတ်နိုင်ဆုံး တားမြစ်သွားမယ်လို့ လည်းဆိုပါတယ်။

အခု လောလောဆယ်မှာတော့ UWSA ခေါင်းဆောင်တွေ ညှိနှိုင်း ဆွေးနွေးနေကြပြီး မကြာခင်မှာ မြန်မာအစိုးရဘက်ကို အကြောင်းပြန်မယ်လို့ UWSA အရာရှိက ပြောပါတယ်။

သတင်းရင်းမြစ် - ဘီဘီစီ

စစ်ရေးအရ အရေးယူရင် ဗိုလ်ချုပ်ထိန်မောင်တို့ အလားတူ တုံ့ပြန်မည်

By ဦးမိုးဇော် ကြာသပတေး, 26 သြဂုတ် 2010

ဒီရက်ပိုင်းအတွင်း မြန်မာစစ်အစိုးရ သတင်းစာ မျက်နှာဖုံးတွေမှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းတဲ့ သတင်းတွေ ဆက်တိုက် ဖော်ပြနေချိန်မှာ ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်တဲ့ ကရင်ငြိမ်းချမ်းရေး ကောင်စီကတော့ အသွင်ပြောင်း ဖွဲ့စည်းရေးကို ထပ်မံ ငြင်းဆိုလိုက်ပါတယ်။ မြန်မာစစ်အစိုးရက ကရင်ငြိမ်းချမ်းရေး ကောင်စီကို တပတ်အတွင်း နယ်ခြားစောင့်တပ် ဒါမှမဟုတ် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းဖို့ တောင်းဆိုထားပြီး လက်မခံရင် စစ်ရေးအရ အရေးယူမယ်လို့ ဖိအားပေးတာတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

စစ်ဘက်ရေးရာ လုံခြုံရေးဌာန အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်က ကရင်ငြိမ်းချမ်းရေး ကောင်စီက ကိုယ်စားလှယ်တွေကို မော်လမြိုင်မြို့က အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ ခေါ်ယူပြီး တပတ်အတွင်း အသွင်ပြောင်းဖို့အတွက် ဖိအားပေး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ကရင်ငြိမ်းချမ်းရေး ကောင်စီကတော့ ဒီတောင်းဆိုချက်ကို လက်မခံနိုင်ဘူးလို့ အဖွဲ့ခေါင်းဆောင် တဦးဖြစ်တဲ့ ဗိုလ်မှူးရင်နုက အခုလို ပြောပါတယ်။

“တပတ်အတွင်း လုပ်ရင်လုပ်၊ မလုပ်ရင်တော့ သူက ဘယ်လိုလုပ်မလဲတော့ မပြောတတ်ဘူးလေ။ ဒါပေမဲ့ ကျနော်တို့ မလုပ်ဘူးလေ၊ ဘယ်လိုပဲ ပြောပြောပေါ့။ ပြည်သူ့စစ်လည်း မလုပ်ဘူးနော်။ နယ်ခြားစောင့် တပ်လည်း မလုပ်ဘူးပေါ့။”

မြန်မာစစ်အစိုးရဘက်က သူတို့ တောင်းဆိုတာကို လက်မခံရင် စစ်ရေးအရ ဖိအားပေးပြီး ကရင်ငြိမ်းချမ်းရေး ကောင်စီ အခြေစိုက်ရာ ထို့ကော်ကိုးကနေ မောင်းထုတ်ပစ်မယ်လို့ ခြိမ်းခြောက် ပြောဆိုတာတွေလည်း ရှိနေပါတယ်။ ဗိုလ်မှူးရင်နုက စစ်ရေးအရ အရေးယူလာရင် အလားတူ တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“စစ်ရေးအရ အရေးယူလာရင် ကျနော်တို့လည်း အဲဒါယူရမှာပေါ့။ မဟုတ်ဘူးလား။ ဒါလည်း တနည်းနည်းနဲ့ တုံ့ပြန်ရမှာပေါ့။ ကျနော်တို့ ဒီကိုပြန်လာတာကတော့၊ ငြိမ်းချမ်းရေး ပြန်လာလုပ်တာကတော့ ကျနော်တို့ ဟိုးအရင်က ခေါင်းဆောင်ကြီး စောဘဦးကြီး မူ ၄ ချက်နဲ့ ပြန်ယူလာတယ်လေ။ အဲဒါပဲ၊ အသေယူထားတာပေါ့၊ မဟုတ်ဘူးလား။”

ကရင်ခေါင်းဆောင် စောဘဦးကြီးမူ ၄ ချက်ကတော့ လက်နက်ချစကား အလျင်းမပြောရ။ ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမည်။ ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမည်။ ကရင်ပြည် အသိအမှတ်ပြုခြင်း ပြီးပြည့်စုံရမည် ဆိုတာ ဖြစ်ပါတယ်။

ကရင်အမျိုးသား အစည်းအရုံး (KNU) က တွဲဖက်အတွင်းရေးမှူး ပဒိုစောလှငွေကလည်း ကရင်ငြိမ်းချမ်းရေး ကောင်စီကို စစ်ရေးအရ အရေးယူလာရင် အခြေအနေအရ သူတို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

မကြာမီမှာ ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် ကရင်ငြိမ်းချမ်းရေး ကောင်စီရဲ့ သဘောထားကိုတော့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးတင်မိုသီက အခုလို ပြောဆိုပါတယ်။

“အခုရွေးကောက်ပွဲက လူထုရဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ရထားတဲ့မဲကို သူတို့ စော်ကားတာပဲ။ NLD ကို အာဏာမအပ်ဘူး။ မအပ်ဘဲ အခုတခါ ထပ်လာပြီးတော့ ရွေးကောက်ပွဲ ပြန်လုပ်မယ်။ ရွေးကောက်ပွဲ ဘယ်ဟုတ်မလဲ၊ ရွေးချယ်ပြီးသွားပြီပဲဟာ။ ဘယ်လို ရွေးကောက်ပွဲ ထပ်လုပ်မလဲ။ ရွေးကောက်ပွဲဆိုတာ သူတို့ ကမ္ဘာကို မျက်လှည့်ပြတာ၊ ဒါပဲရှိတယ်။

“အဲတော့ အခု တိုင်းရင်းသား ခေါင်းဆောင်တွေရော ကျနော်တို့ရော ဘာပြန်လုပ်မလဲဆိုရင် ဒီရွေးကောက်ပွဲ တို့မလိုဘူး။ တို့လိုတာက အရင်ရွေးကောက်ပွဲကို အသိအမှတ်ပြုပြီးတော့ နိုင်တဲ့ပါတီကို အာဏာအပ်ဖို့၊ ဒါပဲရှိတယ်။”

ဒီနှစ် ဧပြီလ ၇ ရက်နေ့ကလည်း ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်က ကရင်ငြိမ်းချမ်းရေး ကောင်စီကို အသွင်ပြောင်း ဖွဲ့စည်းဖို့အတွက် အလားတူ တောင်းဆိုခဲ့ဖူးပါတယ်။ ဒါကို ဧပြီလ ၂၂ ရက်နေ့မှာ ဗိုလ်ချုပ်ထိန်မောင်က လက်မခံနိုင်ကြောင်း စာရေးသား ပေးပို့ပြီး ငြင်းဆိုထားခဲ့တာလည်း ဖြစ်ပါတယ်။

KNU/KNLA Peace Council ခေါ် ကရင်ငြိမ်းချမ်းရေး ကောင်စီဟာ ၂၀၀၇ ခုနှစ်မှာ KNU ကနေ ခွဲထွက်ပြီး မြန်မာစစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။ ကရင်ငြိမ်းချမ်းရေး ကောင်စီက မြန်မာစစ်အစိုးရ ကမ်းလှမ်းတဲ့ နယ်ခြားစောင့်တပ် ဒါမှမဟုတ် ပြည်သူ့စစ် ဖွဲ့စည်းရေးကို အရင်ကလည်း အကြိမ်ကြိမ် ငြင်းဆိုထားတာ ဖြစ်ပါတယ်။

လာမယ့် ၂၈ ရက်နေ့မှာတော့ ကရင်ငြိမ်းချမ်းရေး ကောင်စီက အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူထားပြီး မြန်မာစစ်အစိုးရရဲ့ တောင်းဆိုချက် အပေါ်မှာ အပြီးသတ် ဆုံးဖြတ်မယ်လို့ သိရပါတယ်။

မြန်မာစစ်အစိုးရဟာ ရွေးကောက်ပွဲ မတိုင်မီမှာ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ဒီရက်ပိုင်းတွေ အတွင်းမှာ ဖိအားပေး တောင်းဆိုနေပါတယ်။ ဒါပေမဲ့ ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ မိုင်းလားအဖွဲ့နဲ့ မွန်ပြည်သစ်ပါတီတို့က အသွင်ပြောင်းရေးကို လက်မခံကြောင်း တုံ့ပြန်ထားပါတယ်။

ဒီရက်ပိုင်းတွေ အတွင်းမှာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နဲ့ ဟောင်သရောဒေသ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းတဲ့ သတင်းတွေကို မြန်မာ စစ်အစိုးရထုတ် သတင်းစာ မျက်နှာဖုံးတွေမှာ ဦးစားပေး ဖော်ပြထားပါတယ်။

Copy from_voanews.com

မွန်ပြည်သစ်၏ အကြောင်းပြန်ရက် စစ်အစိုးရ သတ်မှတ်

ဝီရ / ၂၆ သြဂုတ် ၂၀၁၀

မွန်ပြည်သစ်ပါတီက ပြည်သူ့စစ် အသွင်ပြောင်းဖွဲ့စည်းရန် လက်ခံ မခံ ဆိုသည်ကို နောက်ဆုံးအကြောင်းပြန်ရန် နအဖ စစ်အစိုးရက နေ့ရက် အတိအကျ သတ်မှတ်ပေးလိုက်ပြီဖြစ်သည်။

မွန်ပြည်သစ် ပြောရေးဆိုခွင့်ရှိသူ နိုင်ခြေးမွန်က “ပြီးခဲ့တဲ့ ရက်ပိုင်းက တွေ့ကြတော့ တပ်အသွင်ပြောင်းဖို့ ကိစ္စနဲ့ပတ်သက်ပြီး ပါတီရဲ့ သဘောထား အကြောင်းပြန်ဖို့ အခြားအပစ်ရပ်အဖွဲ့တွေလိုပဲ စက်တင်ဘာ (၁) ရက်နေ့ကို နောက်ဆုံးရက်အဖြစ် သူတို့သတ်မှတ်လိုက်တာ။ အဲဒီအချိန် အကြောင်းမပြန်ဘူးဆိုရင် ၁၉၉၅ ခုနှစ်မတိုင်ခင်ကလို အခြေအနေမျိုး ရောက်သွားနိုင်တယ်လို့လည်း သူတို့ပြောသွားတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင်များ ဖြစ်ကြသော နိုင်အောင်မင်း၊ နိုင်တလညီတို့ ဦးဆောင်၍ ဗဟိုကော်မတီဝင် နိုင်နိုင်ဒူး၊ နိုင်ခင်အေး စုစုပေါင်း (၄) ဦးနှင့် ရတခ တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းတို့ ပြီးခဲ့သည့် သြဂုတ် (၂၃) ရက်တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) ၌ တွေ့ဆုံခဲ့စဉ် ယင်းကဲ့သို့ သတိပေး ပြောကြားလိုက်ခြင်းဖြစ်သည်။

လာမည့် ၂၀၁၀ ရွေးကောက်ပွဲအား မွန်ပြည်သစ်အနေဖြင့် အဟန့်အတား ပြုလုပ်ခြင်း၊ ဖျက်ဆီးခြင်း မပြုလုပ်ရန်လည်း နအဖ စစ်အစိုးရက သတိပေးခဲ့ကြောင်း ပါတီပြောခွင့်ရသူက ဆိုသည်။

“ယခုအချိန်ထိတော့ ကျနော်တို့ ထိန်းချုပ်နယ်မြေထဲမှာ စည်းရုံးရေးဆင်းတာတို့၊ ကော်မရှင်အဖွဲ့ လာတာတို့ မရှိသေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပါတီကလည်း ဆွေးနွေးဖို့ ရှိပါတယ်” ဟု နိုင်ခြေးမွန်က ပြောကြားသည်။

တပ်အသွင်ပြောင်းခြင်းနှင့် ပတ်သက်၍ မွန်ပြည်သစ်က လက်မခံကြောင်း ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းမှစ၍ နောက်ဆုံး အကြောင်းပြန်ခဲ့စဉ် စစ်ရေးတင်းမာမှု ဖြစ်ပွားပြီးနောက်ပိုင်း ပါတီနှင့် စစ်အစိုးရအကြား ယခု တွေ့ဆုံမှုသည် ပထမအကြိမ် ဖြစ်သည်။

ယခင်တွေ့ဆုံမှုများတွင် မွန်ပြည်သစ်ပါတီအား နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် တိုက်တွန်းခဲ့သော်လည်း လက်မခံသည့်နောက်ပိုင်း၌ နအဖစစ်အစိုးရဘက်က ပြည်သူ့စစ် ဖွဲ့လျှင်လည်း ဖွဲ့ခွင့်ရှိကြောင်း တောင်းဆိုထားသော်လည်း မွန်ပြည်သစ်က ထပ်မံ ငြင်းပယ်ခဲ့သည်။

မွန်ပြည်သစ်ပါတီသည် ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ခြင်းမရှိလျှင် လာမည့် ရွေးကောက်ပွဲကို ဝင်ပြိုင်မည်မဟုတ်ကြောင်း၊ ပွင့်လင်းမြင်သာသည့် မွန်အမျိုးသားအကျိုး ပေါ်ထွန်းလာခြင်းမရှိသရွေ့ တပ်နှင့် ပါတီအား ခွဲခြမ်းခြင်း၊ ဖျက်သိမ်းခြင်း လက်ခံမည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဒီမိုကရေစီ ထွန်းကားလာစေရေးအတွက် ထွက်ပေါက်လမ်း မဟုတ်သကဲ့သို့ ယခု ကျင်းပမည့် ရွေးကောက်ပွဲသည်လည်း လမ်းဖွင့်ပေးနိုင်မည်မဟုတ်ကြောင်း၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခြင်းသည်သာ စစ်မှန်သော လမ်းကြောင်းဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်လိုက်သည့် ၎င်းတို့ပါတီ၏ မွန်တော်လှန်ရေးနေ့ ကြေညာချက်တွင် ဖော်ပြထားသည်။

၁၉၉၅ ခုနှစ် ဇွန်လတွင် မွန်ပြည်သစ်က စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။

Copy from_khitpyaing.org

Thursday, August 26, 2010

ရှမ်းပြည်အရှေ့ပိုင်းသို့ ချိတ်ဆက်မည့် မိးရထားလမ်းအသစ်က ပြင်းထန်သော စစ်ပွဲကြီး ဖြစ်လာတော့မည်ကို ပြသနေခြင်း



Army Rail Press Release Burmese

Burma Army Tracks Across Shan State Burmese

နိုင်ငံတကာမှ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားကြသူ ညီအကိုမောင်နှမများ အားလုံးတို့ကို ပန်ကြားချက်

Call Campaign

Wednesday, August 25, 2010

အကြပ်တွေ့နေတဲ့ KIO လက်နက်လမ်းစဉ် မစွန့်


နအဖ ရဲ့ နယ်ခြယးစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ဖိအားပေးခံနေရတဲ့ ကေအိုင်အို က နိုင်ငံရေး လမ်းစဉ်ကို စဉ်းစားထားသလို လက်နက်ကိုင် လမ်းစဉ်ကိုလည်း ဆက်ကိုင်ထားဖို့ စဉ်းစားနေတ်ာလို့ လေ့လာသူတွေက သုံးသပ်နေပါတယ်။

ကေအိုင်အို အနေနဲ့ စစ်အစိုးရ အဆိုပြုထားသလို လက်နက်အပ်ပြီး မြေပေါ်နိုင်ငံရေးလုပ်မဲ့ လမ်းနဲ့ လက်နက်ကိုင် လမ်းစဉ် တခုခုကို ရွေးရမဲ့အချိန် ရောက်နေပြီလို့ ကချင်သတင်းဌာနက ကိုနော်ဒင်က ဘီဘီစီက ဆက်သွယ်မေးမြန်းရာမှာ ပြောပြခဲ့ပါတယ်။

ကေအိုင်အိုဟာ ရွေးကောက်ပွဲ မတိုင်ခင်မှာ နအဖ နဲ့ နှစ်ဘက် ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်မယ်လို့ အစောပိုင်းက မျှော်လင့်ခဲ့ပေမယ့် စစ်အစိုးရက နယ်ခြားစောင့်တပ်အဖြစ် ပြောင်းပစ်တာကို လက်ခံဖို့ အဆိုပြုလာခဲ့ပါတယ်။

ကေအိုင်အိုက အဆိုပြုချက်ကို လက်မခံကြောင်း အကြိမ်ကြိမ် ရှင်းရှင်းလင်းလင်း အကြောင်းပြန်ခဲ့ပါတယ်။ ကေအိုင်အို အနေနဲ့ လက်နက်ကိုင် လမ်းစဉ်ကလည်း လိုအပ်သေးတယ် ဆိုတာကို လက်ခံထားတယ်လို့ ကိုနော်ဒင်က ပြောပါတယ်။

တဘက်မှာ အခုချိန်ထိ ကေအိုင်အိုထဲ့မှာ မြေပေါ် နိုင်ငံရေးလမ်းကြောင်းအတိုင်း ဆက်သွားချင်သူတွေ ရှိသလို နိုင်ငံရေးရော လက်နက်ကိုင် လမ်းစဉ်ကိုပါ တပြိုင်တည်း လုပ်ဖို့ လက်ခံထားသူတွေပါ ရှိနေတယ်လို့ ဆိုပါတယ်။

နအဖရဲ့ ၂၀၀၈ အခြေခံ ဥပဒေ အရ သူတို့နဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့တွေအနေနဲ့ လက်နက် စွန့်ရမှဖြစ်တယ်။ အဲဒီအခါ ကေအိုင်အို အပါအ၀င် နယ်ခြားစောင့်တပ်အဖြစ် အသွင်မပြောင်တဲ့ ငြိမ်းချမ်းရေး အဖွဲ့တွေအနေနဲ့ မတရားအသင်း ကြေညာခံလာရနိုင်ပြီး အဲဒီအခါ အရင်ကလို ပြည်တွင်းစစ် ပြန်ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ကချင်လူထုက နအဖ နဲ့ စေ့စပ်ငြိမ်းချမ်းရေး ယူတာကို လက်မခံတဲ့ သဘောမျိုးရှိပြီး ကေအိုင်အိုဟာ ကချင်လူထုရဲ့ အကြံပေးချက်ကို အဲဒီကတည်းက လစ်လျူရှုခဲ့တယ်လို့ ကိုနော်ဒင်က ပြောပါတယ်။ ခုလိုအချိန်မှာ အရင်က ပုံစံအတိုင်း ဆက်လက် လစ်လျူရှုမယ်ဆိုရင် ကေအိုင်အို အနာဂတ်ဟာ ကောင်းမဲ့ အလားအလာ မရှိဘူးလို့ ကိုနော်ဒင်က ထင်မြင်ချက်ပေးပါတယ်။

သတင်းရင်မြစ် - ဘီဘီစီ

ရွေးကောက်ပွဲ လုပ်ခွင့်မပေးနိုင်ကြောင်း စစ်အစိုးရကို UWSA အကြောင်းကြား

စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များတွင် အင်အားအကောင်းဆုံး ဝပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA) ၂၀ဝ၉ ဧပြီ ၁၇ရက် ဝပြည်နယ် ငြိမ်းချမ်းရေးနေ့ နှစ် ၂၀ပြည့် အခမ်းအနား ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: Courtesy of UWSA)







UWSA ဝပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ နယ်မြေအတွင်း လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့မှာ စစ်အစိုးရ ပြုလုပ်မယ့် ရွေးကောက်ပွဲတွေကို ပြုလုပ်ခွင့် မပေးနိုင်ကြောင်း စစ်အစိုးရကို UWSA က ဒီကနေ့ အကြောင်းကြား လိုက်တယ်လို့ ပန်ဆန်း အခြေစိုက် ဝအရာရှိတဦးက RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂ဝ ရက်နေ့ တန့်ယန်းမြို့မှာ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်နဲ့ UWSA အဖွဲ့ ကိုယ်စားလှယ်တို့ တွေ့ဆုံစဉ်မှာ လာမယ့် စက်တင်ဘာလ ၁ ရက်နေ့မှာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ပန်ဆန်းမြို့ကို လာရောက်ဖို့ ရှိကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်က ပြောဆိုခဲ့သလို UWSA အဖွဲ့အနေနဲ့ ပါတီမှတ်ပုံတင်ဖို့နဲ့ စစ်အစိုးရ အဆိုပြုထားတဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်ခံဖို့ ထပ်မံ ပြောဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး UWSA ဗဟိုကော်မတီဝင်များရဲ့ အစည်းအဝေးကို သြဂုတ်လ ၂၃ ရက်နေ့က ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက်တွေကို ဒီကနေ့ စစ်အစိုးရထံ ပြန်လည် အကြောင်းပြန်လိုက်တာပါ။

အကြောင်းကြားစာမှာ ဝပြည်သူတွေ အနေနဲ့ ဖွံ့ဖြိုးမှု နည်းနေသေးတဲ့ အပြင် ဒီမိုကရေစီ ဆိုတာကို နားမလည်သေးတာကြောင့် ဝနယ်မြေ အတွင်း ရွေးကောက်ပွဲကို ကျင်းပ ပြုလုပ်နိုင်မှာ မဟုတ်ဘူးလို့ အကြောင်းပြန်လိုက်တာ ဖြစ်တယ်လို့ ဝ အရာရှိတဦးက ပြောပါတယ်။ ဒါ့အပြင် နယ်ခြားစောင့်တပ် အသွင် ပြောင်းရေးကိစ္စနဲ့ ပတ်သက်လို့ UWSA အရင်က အဆိုပြုထားတဲ့အတိုင်း နောင်တက်လာတဲ့ အစိုးရနဲ့ ထပ်မံ ဆွေးနွေးညှိုနှိုင်းမှာ ဖြစ်တယ်လို့ သိရပါတယ်။


RFA သတင်း

ဗမာ လူမျိုးကြီးစိတ်မှ ပင်လုံစိတ်သို့

ဘိုဘိုလန်းစင်
တနင်္လာနေ့၊ သြဂုတ်လ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၁ နာရီ ၁၆ မိနစ် .

(၁)တဦးတယောက် သြဇာမခံဘဲ ဤတိုင်းပြည်က လူတွေ စုပေါင်း မအုပ်ချုပ်တတ်သေးကြောင်း လွတ်လပ်ပြီးသမိုင်းက သက်သေခံ

ဘဘဦးရွှေအုံးဆုံးသည့် သတင်းရသည့်အချိန် ကျနော် လန်ဒန်မြို့ လယ် မြားနတ်မောင်အဝိုင်းနား ရောက်နေသည်။ ဟိုအနှစ် ၈ဝ အိန္ဒိယနှင့် မြန်မာ ခွဲရေးတွဲရေး ဆွေးနွေးပွဲလုပ်ရာ စိန့်ဂျိမ်းစ် နန်းတော်နားလဲ ဖြစ်သည်။ ထိုပွဲကို စော်ဘွားကြီးများ၊ ကရင်ခေါင်းဆောင်များလဲ တက်ကြရာ ဘိုဆန်ခေတ်မီသည့် သီပေါမောင်နှံ ခန်းမထဲ ဝင်လာပုံပါသည့် သူရိယ သတင်းစာကို ယခုတိုင် မြင်နေမိသည်။ အဓိက ကချင် နိုင်ငံရေးပါတီ တခုကို ဖွဲ့ခွင့်မပေးသေးသည့် လက်ရှိကာလနှင့် နှိုင်းယှဉ်ရင်း သူ့ကျွန်ဘဝ တောင်တန်းပြည်မ ခွဲထားသည့် ခေတ်ကမှ ရှမ်းကရင် တိုင်းရင်းသား ခေါင်းဆောင်များကို လူရာ ပိုသွင်းသေးသည်ဟု အောက်မေ့ပါသည်။ ထို့ပြင် လွတ်လပ်ရေး ရခါနီး မြန်မာနှင့် တိုင်းရင်းသား ခေါင်းဆောင်ငယ်များကို လေ့လာရေး လွှတ်စဉ်က နယူးယော့ အင်ပါယာစတိတ် အဆောက်အဦးပေါ်တွင် စုရိုက်ထားသည့် ပုံလေးကိုလဲ သတိရနေမိပြန်သည်။ သံဝေဂလဲ ရမိပါသည်။ တိုင်းပြည် တည်ထောင်ရေးအတွက် သူများတိုင်းပြည်က နည်းခံရန်သွားသူတွေ ခင်းသွားကြသည့် နိုင်ငံရေးဇာတ်မှာ တိုင်းပြည်ပျက်စီးကြောင်း သင်္ခန်းစာ တခြားနိုင်ငံတွေကို ပေးနေသလို ရှိလှပါသည်။ တဦးတယောက် သြဇာမခံဘဲ ဤတိုင်းပြည်က လူတွေ စုပေါင်း မအုပ်ချုပ်တတ်သေးကြောင်း

ပင်လုံကတိ ဖျက်သိမ်းခြင်း (သို့မဟုတ်) နိုင်ငံရေးပဋိပက္ခအသစ် ဖန်တီးမည့် ရွေးကောက်ပွဲ

ဇင်လင်း / ၂၄ သြဂုတ် ၂၀၁၀


စစ်တပ်က ၂၀၁၀ နိုဝင်ဘာ (၇) တွင် ရွေးကောက်ပွဲ ကျင်းပတော့မည်ဟု ကြေညာလိုက်ပြီ။ ရွေးကောက်ပွဲဝင်ရန် တန်းစီထားသော နိုင်ငံရေးပါတီ (၄၀) ခန့်မှာ မတရားဥပဒေဖြင့် သတ်မှတ်ထားသော အဖွဲ့ဝင် (၁,၀၀၀) ပြည့်မီရေးနှင့် နပန်းလုံးနေရဆဲ။ ခြိမ်းခြောက်နှောင့်ယှက်မှုများကြားတွင် ပါတီကိုယ်စားပြု အမတ်လောင်းများ ခက်ခက်ခဲခဲ ရှာနေရဆဲ။ အမတ်လောင်း မှတ်ပုံတင်ကြေး (တဦးလျှင် ကျပ် ၅ သိန်းနှုန်း) နှင့် မဲဆွယ်လှုပ်ရှားမှုရန်ပုံငွေ ရရှိရေးအတွက် စိုးရိမ်သောက ရောက်နေရဆဲ။ လွတ်လပ်စွာ စည်းရုံခွင့်၊ ဟောပြောခွင့် စာရွက်စာတမ်း ဖြန့်ဝေခွင့်များလည်း ဆုံးရှုံးနေရဆဲ။ သို့သော် စစ်တပ်က ဖွဲ့ထားသည့် ကြံ့ဖွံ့ပါတီကမူ အရှင်မွေးတော့ ညချင်းကြီး ဆိုသကဲ့သို့ ဥပဒေအထက်မှ အခွင့်ထူးရ၍ မတော်မတရား

BGF အသွင်ပြောင်းရေးကိစ္စ တဖွဲ့တည်းဆုံးဖြတ်မည်မဟုတ်ဟု ၀ တပ်မှူးပြော


Tuesday, 24 August 2010 .

BGF အသွင်ပြောင်းရေးကိစ္စ နောက်ဆုံးရက် ထပ်မံသတ်မှတ်မှုအပေါ် ၀ တပ်ဖွဲ့ တဖွဲ့တည်း ဆုံးဖြတ်မည်မဟုတ် ကြောင်း အမည်မဖေါ်လိုသည့် ၀ တပ်မှူးတဦးကပြောပါသည်။

“အသွင်ပြောင်းရေး လက်ခံရမယ်ဆိုတာ စက်တင်ဘာ ၁ ရက်နောက်ဆုံးထားပြီး အဖြေပေး အကြောင်းပြန် ရမယ်တဲ့၊ ကျနော်တို့ အသွင်မပြောင်းရင် မတရားအသင်းကြေငြာခံရမယ်၊ ထိန်းချုပ်နယ်မြေက အနက်ရောင် နယ်မြေသတ်မှတ်ခံရ လိမ့်မယ်လို့ ဗိုလ်ရဲမြင့်က အဲ့တိုင်းကိုပြောတာ”-ဟု အမည် မဖေါ်လိုသည့် ၀ တပ်မှူး ကပြောပါသည်။

သြဂတ်စ် ၂၀ ရက် သောကြာနေ့ တန့်ယန်းနှင့်ကျိုင်းတုံ တွေ့ဆုံပွဲနောက်ပိုင်းမှ စ၍ အပစ်ရပ်များ၏ ပန်ဆန်းနှင့် မိုင်းလားဌာနချုပ် အသီးသီး၌ ဆက်တိုက် အစည်းအဝေးထိုင်ကြကြောင်း၊ နအဖ၏ (စရဖ) စစ်ဘက်ရေးရာအရာ ရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်၏ ပြောစကားအပေါ်သုံးသပ်ပြီး ဆွေးနွေး ကြကြောင်း ခိုင်လုံသည့် သတင်းရပ်ကွက်က ဤကဲ့သို့ ပြောပြပါသည်။

“စက်တင်္ဘာ ၁ ရက်နေ့မှာ အကြောင်းပြန်ရမယ်၊ ‘ယက်စ်’ ဘဲပြန်ရမယ်၊ ‘နိုး’မလိုဘူးတဲ့။ ဗိုလ်ရဲမြင့်ဆိုလိုတာ က အာဏာသုံးပြီး အသွင်ပြောင်းခိုင်းမယ်ဆိုတဲ့သဘော။ ၀ တပ်ဖွဲ့ကတော့ အာဏာသုံးလေ ပိုမရလေဘဲ၊ ၀ တပ်မတော်/၀ လူထုတယောက်မကျန် အကုန်သေရင် သေပစေ၊ မိမိဘိုးဘွားပိုင်မြေနဲ့အခွင့်အရေးကို ကာကွယ် ရမှာဘဲ”ဟု အဆိုပါ အမည်မဖော်လိုသည့် ၀ တပ်မှူးက ဆက်ပြော၏။

သို့သော် ၀ တပ်ဖွဲ့အဖို့ လက်နက်မချရေး ဆုံးဖြတ်ချက်ချထားသကဲ့သို့ စစ်မျက်နှာ စဖွင့်မည်မဟုတ်ကြောင်း၊ ကျူးကျော် လာပါက မိမိကိုမိမိကာကွယ်ရန်အတွက် အသင့် ပြင်ဆင် ရမည်ဖြစ်ကြောင်း ဆက်၍ပြော၏။

ဝ နယ်မြေသည် ပြည်ထောင်စု၏ အစိတ်အပိုင်းတခုဖြစ်ကြောင်း၊ ဘယ်သောအခါမှ ခွဲထွက်မည်မဟုတ်ကြောင်း လည်း - ၀ ခေါင်းဆောင် ပေါက်ယူချမ်းကိုယ်တိုင် အကြိမ်ကြိမ်ပြောဖူး၏။ သို့သော်မည်သူမဆို အင်အားသုံးပြီး ၀ လူထု/နယ်မြေပေါ် ကျူးကျော်လာပါက အသက်ရင်းပြီးခုခံ တိုက်ခိုက်သွားမည်ဟုလည်း ဆို၏။

အပစ်ရပ်တပ်ဖွဲ့များနယ်ခြားစောင့်တပ်မဖြစ်အသွင်ပြောင်းရန် ယခု စက်တင်္ဘာ ၁ ရက် နောက်ဆုံးသတ်မှတ် ရက်သည် ၆ ကြိမ်မြောက် ဖြစ်၏။ ပထမအကြိမ် ၂၀၀၉ အောက်တိုဘာ ၁ ရက်၊ နောက်တွင် ၂၀၀၉ ဒီဇင်ဘာ ၂ ရက်၊ ၂၀၁၀ ဖေဖေါ်ဝါရီ ၃ ရက်၊ မတ်ခ်ျ ၁၀ ရက်၊ ဧပြီ ၂၈ ရက် တို့ဖြစ်သည်။

မည်သို့ပင်ဆိုစေ ၀ တပ်ဖွဲ့၊ မိုင်းလားတပ်ဖွဲ့၊ ကချင် KIA တပ်ဖွဲ့ နှင့် ဗိုလ်ချုပ်ပန်ဖှ ဦးဆောင်သည့် သျှမ်းပြည် တပ်မတော် တပ်မဟာ ၁ တို့သည် ကိုးကန့်အရေးအခင်းကဲ့သို့အဖြစ်မခံတော့ဘဲ ပြီးခဲ့သည့်လ နောက်ဆုံး ပတ်က ၀ ဌာနချုပ်ပန်ဆန်း၌ ၄ ဖွဲ့ခေါင်းဆောင်များဆွေးနွေးခဲ့ကြကြောင်း - အဆိုပါ သတင်းရပ်ကွက်က ပြောပါသည်။

သတင်းရင်းမြစ်- သျှမ်းသံတော်ဆင့် .

နယ်ခြားစောင့် လက်မခံသည့် ကရင်ငြိမ်းအဖွဲ့များ ချေမှုန်းခံရဖွယ်ရှိ

ရဲရင့် / ၂၄ သြဂုတ် ၂၀၁၀

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်ကျန်ရှိသည့် ကရင်ငြိမ်းချမ်းရေးအဖွဲ့များသည် နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်မီ တိကျသည့် အဖြေတခုမပေးနိုင်ပါက နအဖ၏အင်အားသုံး ချေမှုန်းခြင်း ခံရမည်ဟု ဒီကေဘီအေ တပ်မှူးဟောင်းတဦးက ပြောသည်။

၎င်းက “ဒီကေဘီအေကတော့ နယ်ခြားစောင့်တပ် အကုန်ဖြစ်သွားပြီ။ ဒီကေဘီအေတပ်လည်း မရှိတော့ဘူး။ အခုကျန်တဲ့ ဒီကေဘီအေ နှုတ်ခမ်းမွှေး (စောလားပွယ်) အဖွဲ့နဲ့ ဖူးဌေးမောင်ရဲ့ ကရင် ငြိမ်းချမ်းရေးကောင်စီအဖွဲ့တွေကို လာမယ့် ရွေးကောက်ပွဲမတိုင်ခင်မှာ ရက်စ်အော်နိုး အဖြေပေးရမယ်။ ပြောင်းရင်ပြောင်း မပြောင်းရင် အဖွဲ့ကိုဖျက်ပြီး သာမန်အရပ်သားအဖြစ် နေခွင့်ပေးမယ်။ ဒါမှလက်မခံရင် အင်အားသုံးတာ ခံရမယ်လို့ ဗိုလ်ချုပ်ရဲမြင့်တို့၊ အရှေ့တောင်တိုင်း တိုင်းမှူးသက်နိုင်ဝင်းတို့က ဒီလ (၁၈) ရက်၊ မြိုင်ကြီးငူမှာ အသွင်ပြောင်းပွဲလာတုန်းက ဒီကေဘီအေ လူကြီးတွေနဲ့ ပြောဆိုကြတာတွေရှိတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်တခုတည်းသာ ရှိရမည်ဖြစ်ပြီး မြန်မာ့တပ်မတော်မှလွဲ၍ အခြားလက်နက်ကိုင် အဖွဲ့အစည်းများ လုံးဝထားရှိမည်မဟုတ်ကြောင်း၊ ကျန်ရှိသည့် ကရင်ငြိမ်းအဖွဲ့များအနေဖြင့် စဉ်းစားချိန်ရှိသေးကြောင်း ပြောဆိုသည်ဟု သိရသည်။

ဒီကေဘီအေ တပ်မဟာ (၅) မှ တပ်မဟာမှူး ဗိုလ်မှူးကြီးစောလားပွယ်၏ ကိုယ်ရေးအရာရှိတဦးက “ကျနော်တို့ တပ်မဟာမှူးက စကားကို အပြတ်ပြောပြီးသွားပြီ။ နယ်ခြားစောင့်တပ်ပြောင်းဖို့ကိစ္စ လုံးဝသဘောမတူဘူးဆိုတာ။ သူတို့ကိုတော့ အရင်သွားမလုပ်ဘူး၊ ကျနော်တို့ကိုလည်း လာမလုပ်နဲ့ သည်းခံမှာမဟုတ်ဘူး” ဟု ပြောသည်။

နအဖက နယ်ခြားစောင့်တပ်အဖြစ် အသွင်မပြောင်းလိုပါက ဌာနေပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းခွင့်ပေးသော်လည်း ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကလည်း လက်မခံနိုင်ကြောင်း ပြန်လည် တင်ပြခဲ့သည်ဟု ယင်းအဖွဲ့မှ တပ်မှူးတဦးက ပြောသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ဗိုလ်ချုပ်ယဉ်နုက “ကျနော်တို့အဖွဲ့ကတော့ နယ်ခြားစောင့်တပ်ရော၊ ပြည်သူ့စစ်ရော လက်မခံနိုင်ဘူးလို့ ပြောထားပြီးဖြစ်တယ်။ လောလောဆယ်တော့ သူတို့ ကျနော်တို့ကို ဘာမှတော့ တရားဝင်ပြောတာတွေ မရှိသေးဘူး၊ သတင်းတွေကတော့ အမျိုးမျိုးကြားနေရတာပဲ” ဟု ပြောသည်။

ယခုအပတ်အတွင်း ဒီကေဘီအေတပ်ဖွဲ့ဝင်များ အသွင်ပြောင်းခြင်းကို နေရာများခွဲ၍ ကျင်းပခဲ့ပြီး ဒီကေဘီအေ တပ်ရင်းတပ်ဖွဲ့နှင့် ရုံများတွင် အသုံးပြုနေသည့် အလံအပါအ၀င် အဖွဲ့အစည်းတံဆိပ်နှင့် အမှတ်အသားများကို အသုံးပြုခွင့်မရှိတော့ကြောင်း အဖွဲ့ဝင်ဟောင်းတဦးက ပြောသည်။

တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) သည် မြန်မာ့တပ်မတော် လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် ယခုအပတ်အတွင်း အသွင်ပြောင်းလဲခဲ့ပြီး အဖွဲ့၏ခေါင်းဆောင်ဟောင်းအချို့မှာ ကရင်နိုင်ငံရေးသမားအချို့နှင့် ပူးတွဲကာ နိုင်ငံရေးပါတီ တည်ထောင်၍ နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်မည့် အစီအစဉ်များ ဆောက်ရွက်နေသည်ဟု တပ်မှူးဟောင်းတဦးက ပြောသည်။

Copy from_ .khitpyaing.org

ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပ သပိတ်မှောက်ဖို့ ဆုံးဖြတ်

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ(၇)ရက် ရွေးကောက်ပွဲ မတိုင်မှီ လွတ်မြောက်ဘွယ်ရှိ

၂၀၁၀ ခုနှစ် သြဂုတ်လ(၂၃)ရက်။

သြဂုတ်လ ၁၉ ရက်နေ့က NLD ပါတီ ခေါင်းဆောင်လူကြီးတွေ ဆုံဖြတ်ခဲ့တဲ့အတိုင်း နိုဝင်ဘာလ ၇  ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ကမ္ဘာလုံးဆိုင်ရာနဲ့ ပြည်တွင်းက တိုင်းရင်းသားတွေကို စည်းရုံးလှုပ်ရှား သွားမယ်လို့ ပြည်တွင်းပြည်ပက ဒီမိုကရေစီ အင်အားစုတွေက ဆိုကြပါတယ်။

ဂျပန်နိုင်ငံရောက် ဒီမိုကရေစီအင်အားစုတွေ စုပေါင်းပြီး ဒီကမ္ဘာလုံးဆိုင်ရာ သပိတ်မှောက် လှုပ်ရှားမှု အစီအစဉ် Global Action ကို ဂျပန်နိုင်ငံကနေ စတင်လှုပ်ရှားသွားဖို့ ခေါ်ဆိုလိုက်ကြောင်း ဒီဆုံးဖြတ်ချက် ရရှိအောင် ဦးဆောင်လှုပ်ရှားခဲ့သူ ညီညွတ်သောတိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်)က ပလောင်တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမိုင်ကျော်ဦးက ပြောပါတယ်။

ဂျပန်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (အလှည့်ကျ)အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တယ်၊ အာဏာရပါတီဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာရော မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားဖို့ကိုရော အတော်လေး အားပေးတာတွေ့ရတယ်  လို့ ကိုမိုင်ကျော်ဦးက ပြောပါတယ်။

ကျင်းပမယ့်ရွေးကောက်ပွဲဟာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်သင့် ပါဝင်ထိုက်တဲံ့သူတွေ မပါဘူးဆိုရင် ဘယ်လိုမှ တရားနည်းလမ်း မကျဘူး၊ တရားမျှတဲ့ ရွေးကောက်ပွဲလည်း မဖြစ်နိုင်ဘူး အသိအမှတ်ပြုဖို့လည်း ခက်ခဲသွားလိမ့်လို့ သူကဆိုပါတယ်။ အဲဒီလို အသိအမှတ်မပြုထဲ့ ရွေးကောက်ပွဲဖြစ်ခဲ့မယ်ဆိုရင်တော့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောထားတဲ့ မြန်မာအစိုးရကို ပံ့ပိုးမယ့် ကူညီမှုတွေကို စဉ်းစားမယ်ဆိုတဲ့အတိုင်း ထိရောက်စွာ အရေးယူအပြစ်ပေးနိုင်ဖို့ တိုက်တွန်းတောင်ဆို သွားမယ်လို့ ဆက်ပြောပါတယ်။

ကမ္ဘာလုံဆိုင်ရာ သပိတ်မှောက် လှုပ်ရှားမှုလုပ်ဖို့ ခေါ်ဆိုလိုက်ချိန်မှာပဲ ကချင်ပြည်နယ် မိုးကေါင်း မိုးညှင်း ဖားကန့် တနိုင်းနဲ့ မြစ်ကြီးနား မြို့နယ်တွေက NLD အဖွဲ့ဝင်တွေလည်း NLD ဗဟိုက ရွေးကောက်ပွဲ သပိတ်မှောက်တဲ့ ဆုံးဖြတ်ချက်အတိုင်း သပိတ်မှောက်ကြဖို့ ဆုံးဖြတ်လိုက်ပြီး တိုင်းရင်းသား ညီအကိုတွေကို ဆန္ဒမဲ မပေးပဲ နေနိုင်တဲ့အကြောင်း စည်းရုံးမှုတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။

ဒီငါးမြို့နယ်က NLD အဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေးကြပြီ အခုလို ဆုံးဖြတ်ခဲ့ကြတာလို့ ဒီဆုံးဖြတ်ချက်ချခဲ့တဲ့ အဖွဲ့မှာ ပါခဲ့သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

သတင်းရင်းမြစ် - ဘီဘီစီ

Tuesday, August 24, 2010

နျူကလီးယားလက်နက် ထုတ်တန်ထုတ်ရမည်ဟု ဝန်ကြီးဦးအောင်သောင်းပြော

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အနီးကပ် လူယုံအဖြစ် သတင်းကြီးသော အမှတ် (၁) စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းကို အခမ်းအနားတခုတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo from blogspot.com)
2010-08-23

မြန်မာစစ်အစိုးရ အနေနဲ့ နျူကလီးယားလက်နက် ထုတ်သင့်ရင် ထုတ်ရမှာဖြစ်တယ်လို့ စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းက နေပြည်တော် သင်တန်းဆင်းပွဲတခုမှာ ပြောဆိုပါတယ်။

မြန်မာစစ်အစိုးရကို နျူကလီးယားလက်နက် ထုတ်နေတယ်လို့ နိုင်ငံခြားမီဒီယာတွေက စွပ်စွဲနေကြောင်း၊ မြောက်ကိုရီးယားကလည်း သူ့နိုင်ငံ ကာကွယ်ရေးအတွက် သူလုပ်တာ ဖြစ်ကြောင်း၊ ဒါကြောင့် ကိုယ့်နိုင်ငံ ကာကွယ်ရေးအတွက် မြန်မာနိုင်ငံကလည်း နျူကလီးယားလက်နက်ကို ထုတ်သင့်ရင် ထုတ်ရမှာဖြစ်တယ်လို့ သြဂုတ်လ ၁၁ ရက် နေပြည်တော် စက်မှု (၁) ဝန်ကြီးဌာန သင်တန်းဆင်းပွဲတခုမှာ ဝန်ကြီးဦးအောင်သောင်းက ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရကို နျူကလီးယားလက်နက် ထုတ်လုပ်ရေးကို လျှို့ဝှက် လုပ်ကိုင်နေတယ်လို့ သံသယရှိကြောင်း ပြည်ပမီဒီယာမျိုးစုံက ရေးသားပြီး မကြာခင် ဝန်ကြီးဦးအောင်သောင်းက ခုလို တုံ့ပြန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဦးအောင်သောင်းက ဆက်လက်ပြောရာမှာ အထူးသဖြင့် အမေရိကန်နိုင်ငံဟာ မြန်မာကို တပည့်ဖြစ်အောင် သူ့သြဇာခံနိုင်ငံ ဖြစ်အောင် စည်းရုံးနေတယ်လို့ပါ စွပ်စွဲပြောဆိုကြောင်း သင်တန်း တက်ရောက်ခဲ့သူတဦးက ပြောပြပါတယ်။

အမေရိကန်နိုင်ငံက မြန်မာစစ်အစိုးရကို ဘယ်လိုနည်းနဲ့ သြဇာခံနိုင်ငံဖြစ်အောင် စည်းရုံးနေတယ် ဆိုတာကိုတော့ ဝန်ကြီး ဦးအောင်သောင်းက ရှင်းရှင်းလင်းလင်း ပြောမသွားပါဘူး။ အမေရိကန်နိုင်ငံအပေါ် ၀န်ကြီးဦးအောင်သောင်းရဲ့ စွပ်စွဲပြောဆိုချက်တွေဟာ ဦးအောင်သောင်းရဲ့ ပုဂ္ဂိုလ်ရေး ပြောဆိုချက်လား စစ်အစိုးရရဲ့ တရားဝင် သဘောထားလား ဆိုတာကိုလည် တိတိကျကျ မသိရဘူးလို့ ဝန်ထမ်းတွေက ပြောပြပါတယ်။

ပြည်ပမီဒီယာတွေဟာ ခုလိုပဲ စွပ်စွဲ ပြောဆိုတာတွေ ၂ဝဝ၉ ခုနှစ်မှာ ၁၂၆ ကြိမ် ရှိခဲ့ပြီး ၂ဝ၁ဝ ခုနှစ်ထဲမှာ အကြိမ် ၁၅ဝ ကျော်နိုင်တယ်လို့ပါ ဦးအောင်သောင်းက ပြောခဲ့ပါတယ်။ ခုလို ပြည်ပမီဒီယာတွေရဲ့ ပြောဆိုချက်တွေကို မယုံကြဖို့ ဦးအောင်သောင်းက မှာကြားခဲ့တယ်လို့ သိရပါတယ်။

သတင်းရင်းမြစ် - လွတ်လပ်တဲ့ အာရှအသံ

(၇၁)ကြိမ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပြိုင်ပွဲ ကျင်းပရေးနှင့် ပြိုင်ပွဲဝင် ဖိတ်ခေါ်ခြင်း

Invitation

Monday, August 23, 2010

ဦးရွှေအုံးဈာပနအခမ်းအနားသို့ထိပ်တန်းနိုင်ငံရေးမိတ်ဆွေများတက်ရောက်



Monday, 23 August 2010 17:23 မွေခေါဝ် .

ဝါရင့်သျှမ်းနိုင်ငံရေးသမားကြီးဦးရွှေအုံး ဈာပနအခမ်းအနားသို့ နိုင်ငံရေးအဖွဲ့အစည်း၊ လူမှုရေးအသင်းအဖွဲ့မှပုဂ္ဂိုလ် များနှင့် ၀ါရင့်နိုင်ငံရေးမိတ်ဆွေများစွာတက်ရောက်ခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

“NLD က ဦးတင်ဦး၊ SNDPက စိုင်းထွန်းအေး၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)က ဒေါ်သန်းသန်းနု၊ UDPက အဖွဲ့ဝင်တွေနဲ့ တခြားနိုင်ငံရေးခေါင်းဆောင်တွေလဲ တက်ရောက်ကြတယ်။အားလုံးရှစ်ရာကျော်ရှိမယ်” ဟု စမ်းချောင်းသူတစ်ဦးက ပြောပါသည်။

ဦးရွှေအုံးရုပ်ကလာပ်အား ရေဝေးသုဿာန်သို့ ယမန်နေ့ ညနေ ၃း၀၀ နာရီတွင် ပို့ဆောင်သဂြုင်္ိဟ်ခဲ့သည်။

“၀ါရင့်နိုင်ငံရေးသမားကြီးတွေ၊ ရန်ကုန်ရောက်သျှမ်းပြည်နိုင်ငံရေးမိသားစု၊ နိုင်ငံရေးမျိုးဆက်သစ်နဲ့ သျှမ်းတိုင်းရင်း သားများဒီမိုကရက်တစ်ပါတီတို့က သုဿာန်မှာဝမ်းနည်းကြောင်း သ၀ဏ်လွှာဖတ်ခဲ့ကြတယ်” ဟု၎င်းကဆက်လက်ပြောပါသည်။

ဈာပနအခမ်းအနားသို့ တက်ရောက်ကြသောပါတီများမှာ သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)၊ သျှမ်းတိုင်းရင်းသားများဒီမိုကရက်စီအဖွဲ့ချုပ်(SNLD)၊ ရန်ကုန်သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ တောင်ကြီးအသင်း (ရန်ကုန်)၊ သျှမ်းပြည်မြောက်ပိုင်း အထူးဒေသ(၃)၊ မိုင်းယွန်း SSNA ခွဲထွက်ရေးအဖွဲ့နှင့် ရန်ကုန်အခြေစိုက် အခြားနိုင်ငံရေးပါတီများဖြစ်သည်ဟု သိရှိရသည်။

အသက် ၈၈ နှစ်ရှိ ဦးရွှေအုံးသည် မိမိအတ္ထုပ္ပတ္တိကိုရေးသားပြီးဖြန့်ဝေရန် ရည်ရွယ်ခဲ့သော်လည်း ပြီးမြောက်ခါနီး၊ ၂၀.၈.၂၀၁၀ ညနေ ၆း၁၅ နာရီခန့် အသည်းကင်ဆာရောဂါဖြင့် ရန်ကုန်စမ်းချောင်းရှိနေအိမ်တွင် ကွယ်လွန်ခဲ့သည်။

ဦးရွှေအုံးသည် ၁၉၂၃ မတ် ၁၄ ရက် သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့တွင် မွေးဖွားခဲ့၏။ ဂျပန်ခေတ်က အရှေ့ အာရှ လူငယ်များအစည်းအရုံးဖွဲ့စည်းရာတွင်ပါဝင်ခဲ့၏။ ၁၉၄၅-၄၆ မြေအောက်လှုပ်ရှားမှု၊ ၁၉၄၆-၄၇ သျှမ်းပြည် ပြည်သူ့ လွတ်လပ်ရေးအဖွဲ့ချုပ်(ရပလ) ဘဏ္ဍာရေးမှူး၊ ၁၉၄၇ မြန်မာ့အလင်းသတင်းစာတိုက်ကိုယ်စားလှယ်အဖြစ်ဒုတိယပင်လုံ ညီလာခံတွင်တက်ရောက်ခဲ့သည်။ ၁၉၄၇ သျှမ်းပြည်ကောင်စီမှ ဒုတိယအတိုက်အခံခေါင်းဆောင်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့၏။ ၁၉၄၇-၁၉၆၂အထိ အစိုးရ၀န်ထမ်းလုပ်ခဲ့သေးသည်။ ထို့နောက်ရှေ့နေအလုပ် လုပ်ကာ ၁၉၇၄ နောက်ပိုင်းမှသာ နိုင်ငံရေးလောကထဲပြန်ဝင်လာခဲ့သည်။ ၁၉၈၈ တွင် သျှမ်းပြည်တိုင်းရင်းသား လူမျိုးစုများဒီမိုကရေစီ အဖွဲ့ချုပ်၌ ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ သည်။

၎င်းသည် ပြည်ထောင်စုဒီမိုကရေစီပါတီ(UDP)တွင် နယကတစ်ဦးအဖြစ် ကွယ်လွန်ချိန်အထိ တာဝန်ထမ်းဆောင် ခဲ့သည်။

Copy from _ mongloi.org/burmese

ဘွိုင်းကောက် ၂၀၁၀ ဂျာနယ် အတွဲ (၁) အမှတ် (၂)

Boycott 2010 Vol.2

လုံခြုံရေးကြောင့် နယ်စပ် မွန်တော်လှန်ရေးနေ့ အခမ်းအနား နေရာ ပြောင်းရွှေ့

သြဂုတ်လ 22 ရက် 2010 ခုနှစ်

လုံခြုံရေးကြောင့် ယခုနှစ် ဝါခေါင်လပြည့်နေ့ (သြဂုတ်လ ၂၅ ရက်နေ့) တွင် ကျရောက်မည့် (၆၃) ကြိမ်မြောက် မွန်အမျိုးသား တော်လှန်ရေးနေ့ နယ်စပ် အခမ်းအနားကို ပါတီ၏ အတွင်းပိုင်းကျပြီး သွားလာရေး ခက်ခဲသော ဗလက်ဒွန်းဖိုက် ကျေးရွာသို့ ပြောင်းရွှေ့ပြုလုပ်မည် ဖြစ်သည်။

မွန်ပြည်သစ်ပါတီ အပစ်ရပ်ပြီး နောက်ပိုင်းတွင် ပါတီဗဟိုဝန်းကျင်ဒေသ နယ်စပ်အခမ်းအနားကို ဘုရားသုံးဆူ နယ်စပ် အနီးရှိ ဂျပန်ရေတွင်း ကျေးရွာတွင် နှစ်စဉ် ကျင်းပလာခဲ့သော်လည်း ဘဏ္ဍာရေး နှင့် လုံခြုံရေးကြောင့် ယခုကဲ့သို့ ပြောင်းရွှေ့ရခြင်း ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် တစ်ဦးက ပြောသည်။

“ဗလက်ဒွန်းဖိုက်ကို ပြောင်းပြီး လုပ်ရတဲ့ အဓိက အကြောင်းရင်းကတော့ လုံခြုံရေးပေါ့နော်၊ နောက်တော့ ဘဏ္ဍာရေး အခက်အခဲနဲ့ အဲဒီဘက်မှာ ရှိတဲ့ ပြည်သူတွေကို ရည်ရွယ်ပြီး လုပ်တာလည်း ဖြစ်တယ်” ဟု ဗဟိုကော်မတီဝင် နိုင်ဟံသာဗွန်ခိုင်က ပြောသည်။

စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီအကြား ဆက်ဆံရေး မပြေလည်ခြင်း၊ ဘုရားသုံးဆူမြို့ အနီးတွင် မကြာခဏ ဗုံးပေါက်ကွဲခြင်းတို့ကြောင့် လုံခြုံရေးအရ အခမ်းအနားကို နေရာပြောင်းရွှေ့ ကျင်းပခြင်း ဖြစ်နိုင်ကြောင်း အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီနှင့် နီးစပ်သူများက ပြောသည်။

(၁၉၉၅) ခုနှစ်တွင် အပစ်အခတ် ရပ်စဲခဲ့သော မွန်ပြည်သစ် ပါတီက စစ်အစိုးရ၏ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ခြင်း မရှိလျှင် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ခြင်း၊ စစ်အစိုးရ ကမ်းလှမ်း ထားသည့် နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တပ် အသွင် ပြောင်းခြင်းတို့ကို လက်မခံခြင်းတို့ကြောင့် နှစ်ဖက်အကြား ဆက်ဆံရေး တင်းမာခဲ့သည်။

ယခင်နှစ်များတွင် နယ်စပ်အခမ်းအနားကို စစ်ကြောင်းများ ချီတက်ခြင်းနှင့် စစ်ရေးပြ အခမ်းအနားများဖြင့် စည်ကားစွာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် စစ်ကြောင်းများ ချီတက်ခြင်း မရှိပဲ အကျဉ်းရုံး၍သာ ကျင်းပမည် ဖြစ်သည်။

ယခင် ဂျပန်ရေတွင်း နယ်စပ်အခမ်းအနားသို့ ဘုရားသုံးဆူ ဝန်းကျင်ဒေသနှင့် ထိုင်းနိုင်ငံမှ မွန်လူမျိုး အများအပြား တက်ရောက်ခဲ့ကြသော်လည်း ယခုနှစ်တွင် သွားလာရေး ခက်ခဲမှုကြောင့် အနည်းအကျဉ်းသာ တက်ရောက် နိုင်မည် ဖြစ်ကြောင်း အခမ်းအနား ကျင်းပရေးကော်မတီက ခန့်မှန်းထားသည်။

ထို့အတူ ပြည်တွင်း မွန်လူငယ်များနှင့် မွန်သံဃာတော်များကလည်း ယခင်နှစ် တော်လှန်ရေးနေ့ကဲ့သို့ ကျဆုံး လေပြီးသော မွန်တော်လှန်ရေး ခေါင်းဆောင်များအား ဂါရဝပြုသည့် အခမ်းအနားကို ယခုနှစ်တွင် ကျင်းပနိုင်မည် မဟုတ်ကြောင်း ပြည်တွင်းရှိ မွန်လူငယ်များက ပြောသည်သို့သော်လည်း မွန်ပြည်သစ်ပါတီ ဗဟိုနှင့် ခရိုင်အသီးသီး၌ အခမ်းအနားကို ယခင်နှစ်များအတိုင်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ကောဇာသက္ကရာဇ် (၁၃၁၀) ခု ဝါခေါင်လပြည့်နေ့တွင် ဘားအံမြို့နယ်၊ ဇာသပြင် ရဲစခန်းကို မွန်လူငယ်များ ဝင်ရောက်သိမ်းပိုက်ခဲ့သည်ကို အစွဲပြု၍ ထိုလပြည့်နေ့ကို မွန်အမျိုးသား တော်လှန်ရေးနေ့အဖြစ် သတ်မှတ် ခဲ့ကြသည်။

သတင်းရင်းမြစ် - အာကာ သတင်း - လွတ်လပ်သော မွန်သတင်းအေဂျင်စီ .

Sunday, August 22, 2010

မြန်မာ့အရေးနှင့်ပါတ်သက်၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီးပြောကြား

ဂျပန်နိုင်ငံ TBS NEWS ၏ ထုတ်လွှင့်မှု(နိုင်ငံခြားသတင်းမှ)
ဂျပန်နိုင်ငံ TBS NEWS ၏ ထုတ်လွှင့်မှု(ပြည်တွင်းသတင်းမှ)


ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ခြင်းမရှိသော နအဖကကျင်းပမည့် နိုဝင်ဘာ(၇)ရက်နေ့ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်းကို ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ OKADA KATSUYA က  ၂၀၁၀ခုနှစ်၊သြဂုတ်လ၊(၂၀)ရက်-သောကြာနေ့တွင် ပြောကြားလိုက်ပါသည်။

ထို့အပြင် ဂျပန်နိုင်ငံအနေဖြင့် နအဖကပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပါတ်သက်၍......

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်းမရှိသော ရွေးကောက်ပွဲအား ဂျပန်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးကလည်း စစ်မှန်၍တရားမျှတမှုရှိသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုလိမ့်မယ်မဟုတ်ကြောင်းကို မြန်မာအရေးနှင့်ပါတ်သက်၍ ဂျပန်နိုင်ငံရှိ နအဖစစ်အခွန်ရုံးသို့ တိုက်ရိုက်စာပို့အကြောင်းကြားခဲ့ကြောင်းကိုလည်း ဝန်ကြီးက ပြောကြားခဲ့ပါသည်.

ဤအချက်ကိုထောက်ရှူ့ခြင်းဖြင့် ဂျပန်နိုင်ငံတွင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသော မြန်မာလူမျိုးတို့၏ ဒီမိုကရေစီအရေး လှုပ်ရှားမှုများ၊နေ့စဉ်နေ့တိုင်း လိုလိုတောင်းဆိုဆန္ဒပြမှုများကို ဂျပန်အစိုးရအနေဖြင့် အသိအမှတ်ပြုကြောင်း ထင်ရှားပါသည်။သို့ဖြစ်ပါ၍ ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ အနေဖြင့် ယခုကဲ့သို့ ဆက်လက်၍ စည်းလုံးညီညွတ်စွာဖြင့် ပြည်တွင်းပြည်ပ ချိတ်ဆက်၍ နအဖ၏ နိုဝင်ဘာ(၇)ရက်နေ့ ရွေးကောက်ပွဲအား နည်းမျိုးစုံဖြင့် ဆန့်ကျင် တိုက်ဖျက်ကြပါစို့....လို့ တိုက်တွန်း ရေးသားလိုက်ရပါသည်။

ABMA ဂျာနယ် အတွဲ(၁) အမှတ်(၁၄)

ABMA Journal Volume 1 No 14

နအဖရွေးကောက်ပွဲ တရားမျှတမှုမရှိဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးပြောဆို

Japan urges Myanmar to release Suu Kyi



Japan has urged Myanmar to release political prisoners including pro-democracy leader Aung San Suu Kyi and conduct its general election slated for Nov. 7 in an open, free and fair manner, Foreign Minister Katsuya Okada said Friday.

The minister told a press conference that the Japanese government conveyed Thursday its concern over the November poll, which will be held for the first time in two decades, through Myanmar’s ambassador to Japan. ‘‘If Myanmar holds the general election without releasing political prisoners including Ms. Suu Kyi, it would not be a free, fair and open election that the international community has called for and thus would be regrettable,’’ Okada said.

နိုဝင်ဘာ (၇)ရက်နေ့တွင် ကျင်းပမည်ဟု ထုတ်ပြန်ကြေညာထားသော နအဖစစ်အုပ်စု၏ ရွေးကောက်ပွဲသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အောင်ဆန်းစုကြည်ကို မပါဝင်နိုင်အောင်ပြုလုပ်ထားတဲ့အတွက် လွတ်လပ်ပြီး တရားမျှတမှုရှိမှာမဟုတ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးOkada Katsuya က သြဂုတ်လ ၂၀ ရက်(သောကြာနေ့)က ပြောဆိုလိုက်သည်။

၎င်းက မြန်မာစစ်အုပ်စုအနေဖြင့် ရွေးကောက်ပွဲမကျင်းပမှီ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းများအားလုံးကို လွတ်ပေးဖို့လိုအပ်ကြောင်းနှင့် အားလုံးပါဝင်နိုင်သည့် စစ်မှန်သောရွေးကောက်ပွဲတခုဖြစ်ဖို့လိုအပ်ကြောင်း တိုက်တွန်းပြောကြားလိုက်သည်။

အနှစ်(၂၀)ကြာမှ ပထမဦးအကြိမ်ကျင်းပမည့် နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲကိစ္စနှင့်စပ်လျင်း၍ သြဂုတ်လ ၁၉ ရက်(ကြာသပတေးနေ့)က ဂျပန်နိုင်ငံရှိ နအဖ သံအမတ်ထံသို့ ပေးပို့ခဲ့သော တောင်းဆိုချက်၌ “အကယ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးခြင်းမရှိပါက မြန်မာနိုင်ငံတွင်ကျင်းပမည့်ရွေးကောက်ပွဲသည် လူတိုင်းပါဝင်နိုင်ပြီး လွတ်လပ်၍ တရားမျှတမှုရှိမည်မဟုတ်သည့်အတွက် ဂျပန်နိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ထောက်ခံမှာမဟုတ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းများကလည်း ၀မ်းနည်းဖွယ်လုပ်ရက်အဖြစ် သတ်မှတ်ခြင်းခံမည်ဖြစ်ကြောင်း” ရေးသားပေးပို့ခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ဘာသာပြန်သူ-မောင်အောင်ဌေး
Copy from_moethaukkye.co.cc/

Saturday, August 21, 2010

ဂျပန်ရောက် ဒီမိုကရေစီအင်အားစုများ တွေ့ဆုံညှိနှိုင်း စည်းဝေး





၂၀၁၀ သြဂုတ်လ ၂၁ ရက်။

ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေးကို ဆောင်ရွက်နေသောအဖွဲ့ အစည်းများအကြား ထိရာက်သည့် လှုပ်ရှားမူများကို ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် အတွက် ယနေ့ သြဂုတ်လ ၂၁ ရက်နေ့ ညနေ ၃း၀၀ နာရီ မှ ၅း၀၀ နာရီအထိ Takadanobaba အရပ်ရှိ AUN-Japanm တွင် ညှိနှိုင်း အစည်းအဝေးတရပ်ကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ညှိနှိုင်းအစည်းအဝေးတွင် လာမဲ့နိုဝင်ဘာ ၇ ရက်နေ့မှာ မြန်မာစစ်အစိုးရက ကျင်းပမဲ့ ရွေးကောက်ပွဲကို သပိတ်မှောက် ဆန့်ကျင်ကြောင်း NLD ပါတီက ဩဂုတ်လ ၁၉ ရက် မှာ ဆုံးဖြတ်လိုက်သည့်အပေါ် ဂျပန်ရောက် မြန်မာဒီမိုကရေစီ အင်အားစုများမှလည်း ၂၀၁၀ ရွေးကောက်ပွဲ အဖွဲ့ချုပ်၏ မှန်ကန်သည့် ဆုံဖြတ်ချက်ကို ၀ိုင်းရံထောက်ခံ အားပေး သွားကြဖို့ ၊ Lobby လုပ်ငန်းများနှင့် နအဖ၏ မတရားသည့် ၂၀၁၀ ရွေးကောက်ပွဲရွးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်မည့် နိုင်ငံတကာလှုပ်ရှားမှု Global Action ကိုအကောင်အထည် ဖေါ်ဆောင်သွားကြရန်အတွက် ညှိနှိုင်းဆုံဖြတ်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း။ Mai kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)
AUNG HTOO THEIN(BDA-JAPAN)

ဝနှင့် မိုင်းလားထိပ်ပိုင်း ခေါင်းဆောင်များအား နအဖထပ်ဆင့်ခေါ်

နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ဥက္ကဋ္ဌဗိုလ်လာခမ်း


 Friday, 20 August 2010 15:32 မွေခေါဝ် .
 
နအဖဘက်မှထပ်မံဆင့်ခေါ်ချက်အရ UWSA ၀ တပ်ဖွဲ့နှင့် မိုင်းလားတပ်ဖွဲ့မှ အရာရှိများ ယနေ့နံနက်၌ သွားရောက် တွေ့ဆုံကြောင်း စုံစမ်းသိရှိရပါသည်။

“မနေ့ ၀ တပ်က နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်ဥက္ကဋ္ဌဗိုလ်လာခမ်းနဲ့အဖွဲ့ဝင် ၇-၈ ယောက် ပန်ဆန်းဌါနချုပ်ကနေ မန်းဆိုင်ကို ခရီးထွက်လာပြီးတစ်ညအိပ်တယ်။ ဒီနေ့မနက်တန့်ယန်းကို ခရီးဆက်တယ်” ဟု တန့်ယန်းဒေသခံတစ်ဦးက ပြောပါသည်။

သြဂတ်စ် ၁၇ ရက်၌ စရဖချုပ်ဒုဗိုလ်ချုပ်ကြီးရဲမြင့်က ၀ ခေါင်းဆောင်များအား တန့်ယန်း၌လည်းကောင်း၊ တြိဂံဒေသတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးက မိုင်းလား ခေါင်းဆောင်များအား ကျိုင်းတုံ၌လည်းကောင်း သြဂတ်စ် ၂၀ ရက်သွားရောက်တွေ့ဆုံရန်ဆင့်ခေါ်ထား သည်ဟု ဆို၏။

စရဖညွှန်ချုပ် ဒုဗိုလ်ချုပ်ရဲမြင့်က ယနေ့နံနက် ၁၀ နာရီ တန့်ယန်း၌ သွားရောက်တွေ့ဆုံစေလိုကြောင်း၊ ဥက္ကဋ္ဌ ပေါက်ယူချမ်း ကိုယ်တိုင်သွားရောက်တွေ့ဆုံရန် မှာကြား ထားကြောင်း လားရှိုးရောက်တန့်ယန်း ဒေသခံတစ်ဦးက ဤကဲ့သို့ပြောပါသည်။

“ဗိုလ်ချုပ်ရဲမြင့်က ပေါက်ယူချမ်းကို သွားတွေ့ဖို့ မှာထား တယ်။ ဒါပေမဲ့ ပေါက်ယူချမ်း ပန်ဆန်းမှာမရှိဘူး။ နေလဲ မကောင်းဘူးတဲ့။ ပြောရေးဆိုခွင့်ရှိတဲ့ ဘာသာပြန် ဦးအောင်မြင့် ခေါ် လီဇူးလျဲ့လဲ ခရီးလွန်နေတယ်။ ဘာမှတင်ပြ စရာမရှိဘူးတဲ့။ နအဖပြောတာဘဲ သွားနားထောင်မယ်လို့ကြားတယ်”

ထို့အတူမိုင်းလားတပ်လည်း ယနေ့နံနက်၌ ကျိုင်းတုံသို့ရောက်ရှိလာပြီး တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးနှင့် သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း အမည်မဖော်လိုသည့်ကျိုင်းတုံသားတစ်ဦးကပြောပါသည်။

“ဒီနေ့နံနက် ကျိုင်းတုံကို လာကြတယ်။ အလယ်အလတ်အဆင့်အရာရှိတွေနဲ့ အဖွဲ့ဝင်တချို့ဘဲလာတယ်။ ဥက္ကဋ္ဌ စ၀်စိုင်းလင်းလဲ မိုင်းလားမှာမရှိဘူးတဲ့။ လာနေကျဒုဥက္ကဋ္ဌ ဦးစန်းပေနဲ့ဦးဆန်လူတို့ နှစ်ယောက်လဲမလာဘူး” ဟု ၎င်းကဆက်လက်ပြောပါ သည်။

နိုင်ငံရေးလေ့လာသူများက ယခုတွေ့ဆုံပွဲသည် ရွေးကောက်ပွဲနှင့် နယ်ခြားစောင့်တပ်ကိစ္စအတွက် ပြောဆိုမည်ဟု ယူဆရကြောင်း သုံးသနိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

နအဖနှင့်သွားတွေ့မည့်ကိစ္စကို သြဂတ်စ် ၁၈ - ၁၉ ရက်၌ ၀ တပ်ဖွဲ့နှင့် မိုင်းလားတပ်ဖွဲ့တို့ အစည်းအဝေးကိုယ်စီ ကျင်းပကြောင်း သိရှိရသည်။

အရှေ့မြောက်ပိုင်းတိုင်းစစ်ဌါနချုပ်ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းသိန်း၊ တန့်ယန်းအခြေစိုက်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခိုင်ဇော်တို့နှင့် ၀ ခေါင်းဆောင်ပိုင်းများ ဂျွန် ၂၂ ရက်နေ့ ပန်ဆန်းသို့ နောက်ဆုံးသွားရောက်တွေ့ဆုံခဲ့ကြသည်။

Copy from _ mongloi.org/burmese

ပလောင် ရိုးရာယဉ်ကျေးမှု ဗီဒီယို မှတ်တမ်း

သမိုင်းသံသရာထဲက ရုန်းထွက်ကြစို့ (e-bulletin – 7/2010)

မျက်မှောက်နိုင်ငံရေး အခြေအနေမှာလည်း စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဝင်မလား / မဝင်ဘူးလား၊ ဖွဲ့စည်းပုံ မရှိတာထက် ရှိတာကောင်းတယ်၊ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ် ဖွဲ့တာလက်ခံမလား / မခံ့ဘူးလားဆိုတဲ့ နိုင်ငံရေးပြဿနာတွေဟာ သမိုင်းတပတ်လည် လာပြန်ပါတယ်။ အုပ်စိုးသူတွေဟာ ရာဇဝင်ဘီးကို နောက်ပြန်လှည့် လေ့ရှိကြတယ်။ ဒါပေမယ့် သမိုင်းကို ပြည်သူတွေက ရေးပြီး သမိုင်းဆိုတာ ဘယ်တော့မှ နောက်ပြန် မလှည့်ဘူး၊ သံသရာလို တပတ်မလည်ဘူး၊ အမြဲတမ်း ရှေ့ကို ချီတက်နေတယ်ဆိုတာ မှန်ကန်တဲ့ သမိုင်းရေးအမြင်ပါပဲ …

Copy from _ democraticforumburma.org

ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲ(တိုကျို)



၂၀၁၀ ခုနှစ် သြဂုတ်လ(၂၀)ရက်။

ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေးအတွက် တောင်းဆို ဆန္ဒပြသည့် အခမ်းအနားကို တိုကျိုမြို့  ရှီနာဂါဝါအရပ်ရှိ စစ်အခွန်ရုံး(မြန်မာသံရုံး)ရှေ့ ၌ ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ ဇွန်လ(၂၀)ရက်နေ့  နေလည် ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

 သြဂုတ်လ ၂၁ ရက်နေ့သည် ကိုမင်းကိုနိုင်အပါအ၀င် ကျောင်းသားခေါင်းဆောင်များ ဒုတိယအကြိမ်မြောက် မတရားအဖမ်းဆီးခံရသည်မှာ ၃ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ယုံကြည်ချက်နှင့် နိုင်ငံရေးခံယူချက်ကြောင့် တရားဥပဒေမဲ့ မတရား ဖမ်းဆီးခံနေရသော ကိုမင်းကိုနိုင်နှင့် ကျောင်းသား ခေါင်းဆောင်များ၊ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များနှင့် နိုင်ငံငံရေး အကျဉ်းသားတွေကို အမြန်ဆုံးလွတ်မြောက်စေရန် အတွက် ယခုလို လစဉ်(၂၁)ရက်နေ့ ကျရောက်တိုင်း ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ ဆန္ဒပြတောင်းဆိုမှုတွေ  ပြုလုပ်ရခြင်းဖြစ်သည်။

ယနေ့ပြုလုပ်သည့် ဆန္ဒပြပွဲ အခမ်းအနားတွင် အင်အား(၇၀)ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo

Friday, August 20, 2010

မတရား ပြစ်ဒဏ်ချမှတ်ခံရသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ-ဂျပန်

ဂျပန်နိုင်ငံရှိမြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများအားလုံးသို့........

၂၀၁၀ခု၊သြဂုတ်လ၊(၂၀)ရက် (သောကြာနေ့။ ညနေ(၃)နာရီမှညနေ(၄)နာရီအထိ)
နအဖစစ်အခွန်ရုံးရှေ့တွင် မတရား ပြစ်ဒဏ်ချမှတ်ခံရသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲကို ပြုလုပ်မည်ဖြစ်ကြောင်း ထပ်ဆင့်အသိပေးအပ်ပါသည်။

 
သတင်းရင်းမြစ်။ ။http://arrluelay.blogspot.com/
http://nldlajb.blogspot.com/

နိုင်ငံရေးအကျဉ်းချခံရသူတို့ ၏ မိသားစုဝင်များနှင့် တွေ့ဆုံခဲ့သည့် မှတ်တမ်းဓါတ်ပုံ


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဘဘ ဦးတင်ဦး နှင့် ဘဘ ဦးဝင်းတင် ခေါင်းဆောင်သော အဖွဲ့သည် ယုံကြည်ချက်ကြောင့် အကျဉ်းချ ခံထားရသော မိသားစုဝင် များအား ယနေ့ သွားရောက် တွေ့ဆုံ ခဲ့သည်။

သတင်း ဓါတ်ပုံ ပေးပို့သော phyowai -mmp အား ကျေးဇူးတင်ရှိပါသည်။