Sunday, May 30, 2010

မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး (၇)နှစ်ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား(တိုကျို)။



ဗီဒီယိုမှတ်တမ်း။ maungwto
၂၀၁၀ ခုနှစ် မေလ(၃၀)ရက်။

မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး (၇)နှစ်ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်နှင့် ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနားကို တိုကျိုမြို့  ရှီနာဂါဝါ အရပ်ရှိ မြန်မာစစ်အခွန်ရုံး(သံရုံး)ရှေ့ တွင် နေ့ လည် ၃း၀၀ နာရီမှ ၄း၄၀ရီ အထိ ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့မှ ပူးပေါင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားမှူးအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဋ္ဌာနခွဲ့ အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းထွန်း မှ တာဝန်ယူဆောင်ရွက်ပြီး ဒီပဲယင်းလုပ်ကြံမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့၏ မြန်မာပြည် အထက်ပိုင်း စည်းရုံးရေးခရီးစဉ်တလျှောက်တွင် လူထုထောက်ခံအားပေးမှု အထူးရရှိခဲ့သည့်အတွက် နအဖ စစ်အုပ်စုမှ အလွန်စိုးရိမ်လာသည်အတွက် ဒီပဲယင်းမြို့နယ် ကျည်ရွာအနီးတွင် စနစ်တကျ ချုံခိုတိုက်ခိုက်သည့် နိုင်ငံတော် လုပ်ကြံမှုကြီးကို ကျုးလွန်ခဲ့ကြပါသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့၏ အသက်ကို ကာကွယ်ရင်း အသက်ပေး စွန့်လှုခဲ့ကြသည့် သူများအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံ ဆုတောင်းပွဲ အစီအစဉ် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသွားပါသည်။ တက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ ပြောကြားသွာရာမှာ မေ(၃၀)ဒီပဲယင်း လုပ်ကြံမှုတွင် ပါဝင်ခဲ့ကြသည့် သူများကိုလည်း ယနေ့အထိ တစုံတရာ အရေးယူ ဖြေရှင်းပြေးသည်ကိုလည်း မတွေ့ရသည့်အတွက် အရေးယူ ဖြေရှင်းပေးရန်တိုက်တွန်း တောင်းဆိုသွားခဲ့ကြပါသည်။

ဆုတောင်းပွဲ အစီအစဉ်မှာ ဗုဒ္ဓဘာသာ ဆရာတော် ဦးဓမ္မဇောတိ မှလည်ကောင်း၊ ခရစ်ယာန်ဘာသာဆရာ ဆရာကျဲဆန်းကုန်း နှင့် အစ္စလာမ်ဘာသာဝင် ဦးသက်လင်းတို့မှ မိမိတို့ ဘာသာအလိုက် ဆုတောင်း မေတ္တာပို့သပေးခဲ့ကြပြီးသည်နောက် လွတ်သူ့ ပန်းခွေချခြင်း အစီအစဉ်ပြုလုပ်ကာ အခမ်းအနားကို ပြီးဆုံးခဲ့ပါသည်။

ယနေ့ အခမ်းအနားတွင် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ တက်ကြွစွာ လှုပ်ရှားခဲ့ကြသည့် မြန်မာနိုင်ငံသားများ စုစုပေါင်း (၅၀၀) ခန့် တက်ရောက်ပူးပေါင်း ပါဝင်ခဲ့ကြပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum (CNC-Japan)

Saturday, May 29, 2010

မြန်မာ့ပြည်သူ့ရေးရာအဖွဲ့မှ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သုံးသပ်ဆွေးနွေးပွဲ။





၂၀၁၀ ခုနှစ် မေလ (၂၉)ရက်။

မြန်မာ့ပြည်သူ့ရေးရာ (People's Forum on Burma) အဖွဲ့မှ အကြိမ်(၆၀)မြောက် လပတ်အစည်းအဝေးတွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သုံးသပ်ဆွေးနွေးသည့် အခမ်းအနားကို Kourakuen Bunkyo Civic Hall,5F တွင် ညနေ ၆း၀၀ နာရီမှ ၉း၀၀ နာရီ အထိကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် FWUBC ဥက္ကဋ္ဌ ဦးတင်ဝင်းမှ ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ရှုဒေါက်ဘက်မှ ရပ်တည်ချက်များကို ဆွေးနွေးသွားရာမှာ ၂၀၁၀ ရွေးကောက်ပွဲသည် နအဖ၏ စိတ်ကြိုက် ရွေးကောက်ပွဲသာဖြစ်ပြီး စစ်မှန်သော ရွေးကောက်ပွဲ မဟုတ်ကြောင်းကို အကျယ်တ၀င့် ရှင်လင်းသွားပါသည်။ NLD-LA(JB) ဥက္ကဋ္ဌ ဦးသန့်ဇင်ဦးမှ ပြည်တွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရပ်တည်ချက် သဘောထားကို ဆွေးနွေးသွားပြီးသည့်နောက် CNC-Japan ဥက္ကဋ္ဌ ဦးထန်နန်လျန်းထန် နှင့် KNO-Japan အတွင်းရေးမှူး မရစ်ဆိုင်းဘူတို့မှလည်း ၂၀၀၈ ဖွဲစည်းပုံအခြေခံ ဥပဒေနှင့် ၂၀၁၀ရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်ကြောင်း တိုင်းရင်းသား လူမျိုးစုများတို့ ၏ အမြင်သဘောထားများကို တင်ပြသွားပါသည်။

ဆွေးနွေးပွဲ အခမ်းအနား၌ မြန်မာအရေး စိတ်ဝင်စားသည့် ဂျပန်လူမျိုးများနှင့် မြန်မာနိုင်ငံသား ၄၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum(CNC-Japan)
မှတမ်းဗီဒီယို ။ Naung Min Thein(PMNS-Japan)

တရုတ်ဝန်ကြီးချုပ်အား တိုက်တွန်း တောင်းဆိုသည့် ဆန္ဒပြပွဲ တိုကျိုတွင် ကျင်းပပြုလုပ်။



၂၀၁၀ ခုနှစ် မေလ (၂၈)ရက်။

ဂျပန်နိုင်ငံသို့ရောက်ရှိလာသော တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင် အားတိုက်တွန်း တောင်းဆိုသည့် ဆန္ဒပြပွဲကို မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ တိုကျိုမြို့ ရှိ တရုတ်သံရုံးရှေ့ တွင် ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ပြုလုပ်ခဲ့ပါသည်။

တရုတ်ဝန်ကြီးချုပ်၏ ဂျပန်နိုင်ငံ ခရီးစဉ်အပြီးတွင် မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ရန် ပြင်ဆင်ထားကြောင်းနှင့် နအဖ စစ်ခေါင်းဆောင်များနှင့် တွေ့ ဆုံသွားမည်ဖြစ်ကြောင်းကို သိရှိရပါသဖြင့် ယခုကဲ့သို့  တိုက်တွန်း တောင်းဆိုရခြင်း ဖြစ်သည်။

အချက်(၆)ချက်ပါ တောင်းဆိုချက်များကို တိုက်တွန်းတောင်းဆိုခဲ့ပြီး တောင်းဆိုချက်များတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးတို့ကို လွတ်ပေးပြီး နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွေ နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ အမြန်ဆုံး တွေ့ဆုံနိုင်ရန်အတွက် နအဖ စစ်အုပ်စုကို တရုတ်အစိုးရမှ ဖိအားပေးတိုက်တွန်း တောင်းဆိုပေးရန်။ မြန်မာပြည်သူများအား မတရားသဖြင့် ဖိနှိပ် အုပ်ချုပ်မူ ပြုလုပ်နေသည့် နအဖ စစ်အုပ်စုကို စစ်လက်နက် အကူအညီထောက်ပံ့မူများ ရပ်ဆိုင်းပေးရန် ၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖြစ်ပေါ်ရေးအတွက် အရေးပါသော မြန်မာပြည်သူများ၏ စစ်မှန်သောအသံကို နားထောင်ပေးပါရန် စသည့် အချက်များပါ ထည့်သွင်း တောင်းဆို ခဲ့ကြကြောင်းသိရှိရပါသည်။

ယနေ့  ဆန္ဒပြပွဲတွင် အင်အား(၄၀)ကျော်ခန့် ပူးပေါင်းပါဝင်ခဲ့ကြပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum(CNC-Japan)

Friday, May 28, 2010

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို RCSS အသိအမှတ်ပြုထောက်ခံ ။

စ၀်ယွတ်စစ်

Thursday, 27 May 2010 17:46 မွေခေါဝ် .RCSS ခေါ်

သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုဆဲဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း မေ ၂၆ ရက်နေ့၌ ကြေငြာချက် တစောင်ထုတ်ပြန်သည်။

နအဖတို့ စိတ်ကြိုက် ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံသူနိုင်ငံသားများ၏ စိတ်ရင်းဆန္ဒမှန် မဟုတ်သောကြောင့် မထောက်ခံနိုင်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကောင်အထည်ဖော်မည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း အသိအမှတ် မပြုကြောင်း ပါရှိသည်။

တစညပါတီနှင့် ကြံ့ဖွံ့ပါတီတွင် ပါဝင်ကြမည့် သျှမ်းပြည်မှ ပြည်သူလူထုအား RCSS က အသိအမှတ်ပြု ထောက်ခံခြင်း မရှိကြောင်း ထိုကြေငြာချက်ကဆို၏။

၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ဖွဲ့စည်းထူထောင်သည့် ပါတီသစ်များကို ကန့်ကွက် ကြောင်းလည်း ရေးသားထားသည်။

“ဒီလိုဆိုရင် ဦးစိုင်းအိုက်ပေါင်း ဦးဆောင်ဖွဲ့စည်းတဲ့ ကျားဖြူပါတီ(SNDP)ဟာ RCSS ရဲ့ ထောက်ခံ အသိအမှတ်ပြုမှုရဖို့ မျှော်လင့်ချက် မရှိဘူးဆိုတဲ့ သဘောသက်ရောက်တယ်” ဟု တရုတ်-မြန်မာနယ်စပ်ရှိ ကျားဖြူပါတီ အဖွဲ့ဝင်တဦးက ပြောကြားပါသည်။

ထိုကြေငြာချက်တွင်

RCSS သည် နအဖနှင့် ငြိမ်းချမ်းရေး ရယူထားသော အပစ်ရပ်အဖွဲ့များအား ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် အသွင်ပြောင်းခိုင်းသည့် ကိစ္စကို ကန့်ကွက်ကြောင်း
ထိုင်းနိုင်ငံ၏ နိုင်ငံရေး ပြဿနာများကို RCSS က စွက်ဖက် ဘက်လိုက်မည် မဟုတ်ကြောင်း
RCSS က သျှမ်းပြည် လူ့အခွင့်အရေးကို ပြန်လည် ရရှိရေးအတွက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း
အာဆီယံ အဖွဲ့အစည်းနှင့် UN လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့များအား သျှမ်းပြည်နှင့် မြန်မာနိုင်ငံရှိ ဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ လာရောက်စုံစမ်းရန် RCSS က တောင်းဆိုကြောင်းပါရှိသည်။

RCSS ခေါ် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီကို ၁၉၉၉ တွင် ဦးဆောင်နိုင်ငံရေး အဖွဲ့အဖြစ် လက်ရှိ RCSS ဥက္ကဋ္ဌ စ၀်ယွတ်စစ်က လွယ်တိုင်းလျဲန်း၌ ဖွဲ့စည်းထူထောင်ခဲ့သည်။

PNS-Japan
သတင်းမှတ်တမ်း ။ မူရင်း (www.mongloi.org/burmese)

Thursday, May 27, 2010

NLD ရွေးကောက်ပွဲ အောင်နိုင်ခြင်း အနှစ်(၂၀)ပြည့် အထိမ်းအမှတ် အခမ်းအနား။





ရုပ်သံမှတ်တမ်း။ ကေသီသိန်း NLD-LA(JB)

၂၀၁၀ ခုနှစ် မေလ(၂၇)ရက်။

အနှစ်(၂၀)ပြည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အောင်နိုင်ခြင်း အထိမ်းအမှတ် အခမ်းအနားကို တိုကျိုမြို့  ရှီနာဂါဝါအရပ်ရှိ စစ်အခွန်ရုံး(မြန်မာ သံရုံး)ရှေ့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ့မှ ဦးစီး၍ နေလည် ၃း၀၀ နာရီမှာ စတင်ကျင်းပပြုလုပ်ခဲ့ပါသည်။

လွန်ခဲ့သည့် အနှစ်၂၀ ၌ မြန်မာပြည်သူ လူထုတရပ်လုံးတို့ က လိုလားတောင်းတနေသော ဒီမိုကရေစီနိုင်ငံ ထူထောင်လိုသည့် ဆန္ဒတွေကို ထုတ်ဖေါ် ပြသလိုက်သည့်အတွက် NLD ပါတီက တခဲနက် အနိုင်ရသည့်နေ့ဖြစ်ပါသည်။

ဒီကနေ့အခမ်းအနားမှာ NLD-LA(JB) အထွေထွေအတွင်းရေးမှူး ဦးသောင်းမြင့်ဦးမှ ပြောကြားရာမှာ အနှစ်(၂၀)ပြည့်သည့်အချိန်ထိ ပြည်သူလူထုတရပ်လုံး လိုလားသည့် ဆန္ဒသဘောထားများ ပြည့်ပြည့်၀၀ မရရှိစေကာမူ ရွေးကောက်ပွဲ အောင်မြင်သည့် ရလဒ်ကို တစိုက်မတ်မတ် စွဲကိုင်လျှက် မိမိတို့နိုင်ငံအတွက် စစ်မှန်သည့် ဒီမိုကရေစီထူထောင်လိုသည့် ဆန္ဒတွေကို အနှစ်(၂၀)လုံးလုံး နအဖ အာဏာရှင်ကို ယနေ့ထက်တိုင် တွန်းလှန်ခဲ့ကြသည့် မြန်မာပြည်သူပြည်သား အားလုံးတို့ကို လေးလေးနက်နက် ချီးကျုးဂုဏ်ပြုပါကြောင်း ပြောကြားသွားပါသည်။

မြန်မာပြည်တွင် ရင်ဆိုင်ကြုံတွေနေရသည့် ဘက်ပေါင်းစုံ ပြဿနာ အခက်အခဲ အကျပ်အတည်းများကို ငြိမ်းချမ်းစွာ ဖြေရှင်းသွားနိုင်ရန်အတွက် အများလက်ခံ သဘောတူသည့် ရွေဂုံတိုင်ကြေငြာစာတမ်းကို အမြန်ဆုံး အကောင်အထည် ဖေါ်ပေးရန်အတွက် အချိန်နောက်မကျ သေးကြောင်းနှင့် မိမိတပ်မတော် ဂုဏ်သိက္ခာ မိမိနိုင်ငံနှင့် မိမိလူမျိုးတို့၏ ဂုဏ်သိက္ခာကို ထိမ်းသိမ်းလိုလျှင် ရွေဂုံတိုင် ကြေငြာစာတမ်းပါ အချက်အလက်တွေကို အမြန်ဆုံး အကောင်အထည်ဖေါ် ဆောင်ရွက်ပေးရန် အတွက် တိုက်တွန်းပြောကြား သွားပါသည်။

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများကိုယ်စား ရွေဂုံတိုင်ကြေငြာစာတမ်းကို အမြန်ဆုံး အကောင်အထည် ဖေါ်ပေးရန်အတွက် တိုက်တွန်း တောင်းဆိုသည့် စာကို မြန်မာသံရုံး စစ်သံမှူးမှတဆင့် ဗိုလ်ချုပ်မှူးကြီးသန်းရွေထံ ပေးပို့ခဲ့ကြောင်းသိရှိရပါသည်။ ယနေ့အခမ်းအနားသို့  ဂျပန်ရောက် မြန်မာနိုင်ငံသား စုစုပေါင်း(၁၅၀)ကျော် တက်ရောက်ခဲ့ကြပြီး ညနေ ၄း၁၅ နာရီတွင် အခမ်းအနား ပြီးဆုံးခဲ့ပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Min Nyo Wan


Wednesday, May 26, 2010

ပလောင်ဒေသ ပြည်သူ့စစ် တိုးဖွဲ့ရန် လူစာရင်းကောက်။


ခိုင်လင်း / ၂၆ မေ ၂၀၁၀

ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံနှင့် နန်ဆန်မြို့နယ်အတွင်းရှိ ပလောင်ကျေးရွာများတွင် တအိမ်ထောင်လျှင် လူတဦးကျနှုန်းဖြင့် ပြည်သူ့စစ်တပ်ဖွဲ့သို့ ဝင်ရောက်ရန် ကျေးရွာဥက္ကဋ္ဌများက လူစာရင်းကောက်နေသည်။

အိမ်ထောင်စု စာရင်းတွင် ပါဝင်သော ယောက်ျားလေးရှိသည့်အိမ်များမှ အသက် (၂ဝ) နှစ်အရွယ်ကို ဦးစားပေးခေါ်ယူနေပြီး အပြင်ထွက် အလုပ်လုပ်သူများကိုပါ ပြန်ခေါ်ခိုင်းနေကြောင်း နန်ဆန်မြို့နယ်၊ မိုးဂဲလ် ရွာသားတဦးက ပြောသည်။

၎င်းက “ညီအစ်ကို (၂) ယောက်ရှိရင် အသက် (၂ဝ) ကိုပဲ ထည့်ပေးရမယ်။ အိမ်မှာမရှိဘူး၊ တရုတ်ပြည်ဘက်မှာတို့၊ မူဆယ်၊ လားရှိုးတို့ အလုပ်သွားလုပ်နေရင်လည်း ပြန်ခေါ်ခိုင်းထားတယ်။ ယောက်ျားလေးမရှိတဲ့ အိမ်တော့ ထည့်စရာမလိုဘူးပေါ့။ အခုက လူစာရင်း စုနေတာ၊ ပြီးရင် သင်တန်းတက်ရမယ်လို့ ပြောတယ်။ ရွာတိုင်း ပြည်သူ့စစ်တွေရှိတယ်။ ကျနော်တို့ ရွာမှာလည်း နဂိုကတည်းက ပြည်သူ့စစ် (၉) ယောက် ရှိတယ်။ အားရမ်နဲ့ မန်ခိုက်ရွာမှာလည်း ပြည်သူ့စစ်တွေ ရှိပြီးသား။ အခုက အင်အားထပ်တိုးပြီး ဖွဲ့မှာတဲ့” ဟု ပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအရ ပလောင်အုပ်ချုပ်ခွင့်ရဒေသဖြစ်လာမည့် မန်တုံနှင့် နန်ဆန်မြို့နယ်အတွင်း နယ်ခြားစောင့်တပ်ရင်းတခု ဖွဲ့စည်းရန်ရှိနေပြီး ပြည်သူ့စစ်အင်အားများ တိုးချဲ့ဖွဲ့စည်းသွားရန် အစီအစဉ်ရှိနေကြောင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) နှင့် နီးစပ်သူ လားရှိုး ဒေသခံတဦးက ပြောသည်။

၎င်းက “ဦးအိုက်မုန်းတို့ ပလောင်လက်နက်ချအဖွဲ့တွေလည်း ရှိတယ်။ သူတို့ကိုတော့ သုံးမယ့်ပုံမပေါ်ဘူး။ အဲဒါထက်ကို ပလောင်ရွာတွေက ပြည်သူ့စစ်တွေကို စုပေါင်းပြီး နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ရမခက စီစဉ်နေတယ်။ ရမခ ပြည်သူ့စစ်ဌာနက ပြီးခဲ့တဲ့ တလလောက် ကတည်းက ကျေးရွာလူကြီးတွေ ဆီသွားပြီး ပြောနေ ဆိုနေကြတယ်” ဟု ပြောသည်။

ယခုနှစ် မတ်လ (၃ဝ) ရက်တွင် ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းယောင်းမြို့နယ် အတွင်းရှိ ကျေးရွာ ပြည်သူ့စစ်များကို နယ်ခြားစောင့် တပ်ရင်းအမှတ် (၁,ဝဝ၇) နှင့် (၁,ဝဝ၈) ဟူ၍ လည်းကောင်း၊ ယခုလ (၁၈) ရက်တွင် တာချီလိတ်မြို့နယ် အတွင်းရှိ ကျေးရွာပြည်သူ့စစ်များကို နယ်ခြားစောင့်တပ်ရင်းအမှတ် (၁,ဝဝ၉) ဟူ၍ လည်းကောင်း၊ ယခုလ (၂ဝ) ရက်တွင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဝတပ်ဖွဲ့နယ်မြေအနီး မက်မန်းမြို့နယ်အတွင်းရှိ ဝနှင့်လားဟူ ကျေးရွာများမှ ပြည်သူ့စစ်များအား နယ်ခြားစောင့် တပ်ရင်း အမှတ် (၁,ဝ၁ဝ) ဟူ၍လည်းကောင်း ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

ဝတပ်ဖွဲ့ဒေသအနီး နယ်ခြားစောင့် တပ်ဖွဲ့စည်းနေခြင်းသည် တိုင်းရင်းသား အချင်းချင်း သွေးခွဲသည့်လုပ်ရပ်ကို နအဖက လုပ်ဆောင်နေခြင်းဖြစ်ပြီး ၂ဝဝ၈ ဖွဲ့စည်းပုံအရ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသထဲ ပါဝင်လာမည့် မက်မန်းမြို့တွင် နယ်ခြားစောင့် တပ်ဖွဲ့စည်းခြင်းမှာ ဝတပ်ဖွဲ့အပေါ် နိုင်ငံရေးအရ ထိုးနက်ချက်ဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “အင်္ဂလိပ်က ပြည်မနဲ့ တောင်တန်း ဒေသဆိုပြီး သွေးခွဲခဲ့တာ။ သူကျတော့ လက်ပေါက် ပိုစိတ်တယ်၊ မက်မန်းဆိုတာ တရုတ်နယ်စပ်နဲ့အဝေးကြီး။ အဲလိုနေရာမှာ နယ်ခြားစောင့်တပ်ဖွဲ့တယ် ဆိုတော့၊ နောက်ပြီး ဖွဲ့စည်းပုံသစ်အရ ဝကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသထဲမှာ ဖွဲ့တယ်ဆိုတော့ ဝတပ်ဖွဲ့ကို နိုင်ငံရေးအရ ထိုးနှက်တာ ဖြစ်တယ်” ဟု ပြောသည်။

PNS-Japan
သတင်းမှတ်တမ်း ။ မူရင်း (www.khitpyaing.org)

လူငယ် ၇၀ ကျော် အဖမ်းခံရဟု ကချင်လူမှုအဖွဲ့ပြော ။

ဖနိဒါ ဗုဒ္ဓဟူးနေ့၊ မေလ ၂၆ ရက် ၂၀၁၀ ခုနှစ် ၀၀ နာရီ ၄၆ မိနစ် .


ချင်းမိုင် (မဇ္ဈိမ) ။ ။ မြစ်ဆုံရေကာတာ ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်အပြီး မြစ်ကြီးနားမြို့တွင် အာဏာပိုင်များက ပိုက်စိတ်တိုက် ဖမ်းဆီးမှုများ ပြုလုပ်နေရာ ယမန်နေ့ကအထိ လူငယ် ၇၀ ကျော် အဖမ်းခံထားရသည်ဟု ကချင်လူမှု အဖွဲ့တခုက ပြောသည်။

မေလ ၂၃ ရက်နေ့မှ ယမန်နေ့ကအထိ ဒုတိယအသုတ်အဖြစ် လူငယ် ၅၀ ကျော် အဖမ်းခံထားရပြီး ယခင်က ဖမ်းဆီးထားသူကလည်း ၂၀ ကျော်ရှိနေသည်ကို ရပ်ကွက် အာဏာပိုင်များမှတဆင့် သိရသည်ဟု မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်သော တရုတ်-မြန်မာနယ်စပ်အခြေစိုက် ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးအောင်ဝါက ပြောသည်။

အဖမ်းခံရသူအများသည် ကချင်လူငယ် ကျောင်းသားအဖွဲ့ Education and Economy Development for Youth (EEDY) မှ ဖြစ်ပြီး အကြီးဆုံး ကချင်အဖွဲ့ဖြစ်သည့် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ လက်အောက်ခံ ဖြစ်သည်။

ဖမ်းဆီးမှု အကြောင်းရင်းကို စစ်အစိုးရက ထုတ်ပြန်ခြင်း မရှိသော်လည်း ဗုံးကွဲမှုဖြစ်ပွားပြီးနောက် ဖမ်းဆီးမှုဖြစ်၍ ပတ်သက်မှု ရှိ၊ မရှိ စစ်ဆေးလိုခြင်း ဖြစ်မည်ဟု KIO အပါအဝင် ကချင် အဖွဲ့အစည်းများက ယူဆနေကြသည်။

ဧပြီလ ၁၇ ရက်နေ့က မေခ-မလိခ ပေါင်းစုံရာရှိ မြစ်ဆုံရေကာတာ တည်ဆောက်ရေး စီမံကိန်းတွင် အနည်းဆုံး ဗုံး ၁၀ လုံးပေါက်ကွဲခဲ့ရာ တရုတ် အလုပ်သမားတဦး ဒဏ်ရာ ရသွားခဲ့သည်။

KIO အတွင်းရေးမှူး ဒေါက်တာလဂျာက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် မေလ ၁၉ ရက်နေ့က မြစ်ကြီးနားရှိ မပခ ဌာနချုပ်သို့ သွားရောက်တွေ့ဆုံပြီး ဖမ်းဆီးထားသော ကချင်ကျောင်းသားများကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

“အပြစ်မရှိဘူးဆိုရင် အမြန်လွှတ်ပေး။ အပြစ်ရှိတယ်ဆိုရင်လည်း ကျနော်တို့နဲ့ တွေ့ခွင့်ပေးဖို့။ နောက် ရှေ့နေလိုက်ခွင့်ပေးဖို့ ပြောထားတယ်။ မစစ်ဆေးဘဲနဲ့ ဖမ်းဆီးထားတာမျိုး မလုပ်ဘဲ အပြစ်ကျူးလွန် တယ်ဆိုရင် ဥပဒေအရေ ရင်ဆိုင်ဖို့ ခွင့်ပြုပေးပါလို့ပေါ့” ဟု KIO အရာရှိက ပြောသည်။

အမျိုးသားရေးကို အခြေခံ၍ EEDY ကျောင်းသားအဖွဲ့ကို ၂၀၀၃ ခုနှစ်၌ KIO က စတင် ဖွဲ့စည်းခဲ့ပြီး ဗိုလ်မှူးကြီး ဂွမ်မော်က ကွပ်ကဲသည်။

အဖွဲ့ဝင်များကို အခြေခံ စစ်သင်တန်း ပေးနေသည်မှာ အမှတ်စဉ် ၇ ရှိပြီဖြစ်ရာ သင်တန်းဆင်း ကချင်လူငယ် စုစုပေါင်း ၂၀၀၀ ကျော် ရှိကြောင်း သိရသည်။

KIO အဖွဲ့သည် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံကြောင်း ငြင်းဆန်ထားရာ စစ်အစိုးရက ဖိအားပေးလို၍ လက်သည် မပေါ်သော ဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်းကို အကြောင်းရှာသည်ဟု အတိုက်အခံများက ဝေဖန်ကြသည်။

ရေအားလျှပ်စစ် မဂ္ဂါဝပ် ၃၆၀၀ ထုတ်လုပ်ပေးနိုင်မည့် အငြင်းပွားဖွယ်ရာ မြစ်ဆုံရေကာတာ စီမံကိန်းအား ၂၀၀၇ ခု နှစ်ဆန်းပိုင်းက စ၍ တရုတ်နိုင်ငံနှင့် မြန်မာအစိုးရတို့ သဘောတူ တည်ဆောက်နေကြသည်။

မေခနှင့် မလိခ မြစ်ဆုံရာ အောက်ဘက် ၃ ကီလိုမီတာခန့်တွင် တည်ဆောက်မည့် ရေကာတာကြောင့် လူ ၁ သောင်း ၅ ထောင် နေအိမ် ပြောင်းရွှေ့ရမည် ဖြစ်သည်။

PNS-Japan
သတင်းမှတ်တမ်း ။ မူရင်း www.mizzimaburmese.com

Monday, May 24, 2010

နယ်ခြားစောင့်တပ် ဆွေးနွေးရေး ၀ တပ် ငြင်းပြန် ။

UWSP ဒုဥက္ကဌ ရှောက်မင်လျံ၊ ရမခ တိုင်းမှူးဗိုလ်ချုပ်အောင်သန်းထွဋ်၊ စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်(အလယ်)၊ UWSP ဥက္ကဌ ပေါက်ယူချမ်း၊ တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး

Monday, 24 May 2010 18:06 သျှမ်းသံတော်ဆင့် .

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က နအဖစစ်တပ်၏ နယ်ခြားစောင့် တပ်အရေး ဆွေးနွေးလိုကြောင်း ဖိတ်ကြား ချက်ကို ငြင်းဆန်လိုက်သည်။

မေလတတိယပတ်အတွင်းက ၀တပ်အား နယ်ခြားစောင့် တပ်ကိစ္စ ထပ်မံရှင်းလင်းပြ လိုသည်ဟုဆိုကာ လားရိုးမြို့သို့ သွားရောက်ဆွေးနွေးရန် အရှေ့မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် (ရမခ) စစ်ဘက်ရေးရာ လုံခြုံရေးဋ္ဌာန (စရဖ) မှတဆင့် နှုတ်ဖြင့် ဖိတ်ကြားခဲ့မှု အပေါ် ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။

ဝ တပ် အနေဖြင့် နယ်ခြားစောင့်ကိစ္စ ပြောသင့်သည်များကို တင်ပြပြီး ဖြစ်သဖြင့် ထပ်ဆွေးနွေးရန် မလိုတော့ကြောင်း ရက်ပိုင်း အတွင်း တုန့်ပြန်ခဲ့ကြောင်း ၀တပ် သတင်းရပ်ကွက်များက ဆိုသည်။

မေလဆန်းပိုင်းက ၀ ဋ္ဌာနချုပ် ပန်ဆန်းမြို့၌ နှစ်ဘက်ကိုယ်စားလှယ်များ တွေ့ဆုံစဉ် ၀တပ်မှ စရဖချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ရမခတိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်ထံ အချက် ၄ ချက်ပါသော စာတစ်စောင်ပေးပို့မည့်ကိစ္စနှင့် စပ်လျဉ်း၍ ဖိတ်ကြားခြင်းဖြစ်ကြောင်း ၀ နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“မေလ ၉ ရက်နေ့က စရဖ ဒုဋ္ဌာနကြီးမှူး သန်းထွဋ်သိန်း ဦးစီးပြီးတော့ ပန်ဆန်းမှာ ဆွေးနွေးတယ် ၀ ဘက်က ထူးထူးခြား ခြား မပြောဘူး၊ ပန်ဆန်းက အပြန်မှာ ၀ ဥက္ကဋ္ဌ ပေါက်ယူချမ်းက ရဲမြင့်နဲ့တိုင်းမှူး အတွက်ဆိုပြီး အချက် ၄ ချက်ပါတဲ့ စာတစ်စောင် ထည့်ပေးလိုက်တယ် ”

“ဒီစာအရ နအဖက ၀အနေနဲ့ နယ်ခြားစောင့်တပ်ကိစ္စ နားလည်မှုလွဲနေတယ်၊ ပြည့်စုံမှုမရှိတာကို ရှင်းပြဖို့လိုတဲ့အတွက် ပေါက် ယူချန်းဦးဆောင်ပြီး လားရှိုးကို ကြိုက်တဲ့သူခေါ်လာပါလို့ ထပ်ဖိတ်တယ်” ဟု နီးစပ်သူက ဆိုသည်။
ဝတပ်မှ နအဖထံ ပေးပို့သော စာပါအချက်များမှာ
၁ ။ ငြိမ်းချမ်းရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးလမ်းကြောင်းအတိုင်း (မိမိဘာသာ) ဆက်လက် ချီတက်သွားမည်။
၂ ။ ပြည်ထောင်စုထဲမှ ခွဲထွက်ခြင်းနှင့် ၀ပြည်နယ်လွတ်လပ်ရေး တောင်းဆိုခြင်းပြုလုပ်မည် မဟုတ်။
၃ ။ ၂၀၁၀ ရွေးကောက်ပွဲကို မူအားဖြင့် ထောက်ခံသည်။
၎ ။ နယ်စပ်ဒေသရှိ တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ ငြိမ်းချမ်းသာယာဖွံ့ဖြိုးရေးအတွက် ကိုယ်ကျိုးစွန့် ကြိုးပမ်းဆောင်ရွက် သွားမည်ဟူသောအချက်များပါဝင်ကြောင်းသိရသည်။

နအဖ၏ ဖိတ်ကြားချက်အပေါ် ငြင်းဆန်ခဲ့ပြီးနောက်ပိုင်း အခြေအနေများကို ၀ ခေါင်းဆောင်ပိုင်းက ၀ နယ်အတွင်းခရိုင်/ မြို့နယ်/တိုက်နယ်များအလိုက် ရှင်းလင်းချပြမှုများ ရှိကြောင်းသိရသည်။

၂၀၀၉ ဧပြီ ၂၈ ရက်နေ့မှစ၍ နအဖစရဖချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်ကိုယ်တိုင် အပစ်ရပ်လက်နက်ကိုင်အဖွဲ့များ နယ်ခြားစောင့် တပ် အသွင်ပြောင်းဖွဲ့စည်းရေး အဆိုပြုထားရာ ယင်းအဆိုကို ပန်ဆန်းအခြေစိုက် ၀ တပ်ဖွဲ့က ယနေ့တိုင်ငြင်းဆန်နေဆဲ ဖြစ်သည်။

PNS-Japan
သတင်းမှတ်တမ်း ။ မူရင်း (သျှမ်းသံတော်ဆင့်)

ရန်ကုန်မြို့ မင်္ဂလာဈေးတွင် မီးလောင်ကျွမ်း။




(Youtube ဗီဒီယိုမှတ်တမ်း။ kyaihlamaungmaung )


ရန်ကုန်မြို့ မင်္ဂလာဈေးတွင် တနင်္လာနေ့ နံနက်ပိုင်းက မီးလောင်မူဖြစ်ပွားသည့် နောရာသို့ မီးသတ်သမားများက ငြိမ်းသတ်ရန် ကြိုးစားနေသည်ကို တွေ့မြင်ရပြီး စတင် လောင်ကျွမ်းချိန်မှ ၃ နာရီကျော် ကြာမြင့်ပြီ ဖြစ်သော်လည်း မီးငြိမ်းမှု မရှိသေးသည်ကို တွေ့ရသည်။ မီးလောင်နေစဉ် ပိတ်မိနေသူအချို့ကို မီးသတ်သမားများက ကယ်ဆယ် နေသည်ကို မွန်းတည့်ချိန်က တွေ့ရစဉ်။

PNS-Japan
သတင်း ဓာတ်ပုံ- (မဇ္ဈိမ)။


Sunday, May 23, 2010

ALD(Exile(Japan)မှ ကျင်းပပြုလုပ်သည့် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်သည့်အခမ်းအနား။





၂၀၁၀ ခုနှစ် မေလ(၂၃)ရက်။

နအဖ ရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့် ကျင်ကန့်ကွက်သည့် အခမ်းအနားကို တိုကျိုမြို့ Toahima Ku, Minami Otsuka Dai ichi ခမ်းမမှာ ညနေ ၆း၀၀ နာရီတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ဦးစီးကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားအစီအစဉ်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)ဥက္ကဋ္ဌ ဦးလှအေးမောင်မှ ပြောကြားရာမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် န၀တ နအဖ ခေတ်အဆက်ဆက် အာဏာရှင်တို့၏ ယန္တရားဟူသမျှအားလုံးကို ဆန့်ကျင်ခဲ့ကြောင်းနှင့် ပြည်တွင်းမှ ရခိုင်အမျိုးသား ခေါင်းဆောင်များဖြစ်ကြသော ဦးအေးသာအောင် ဦးသာဘန်းတို့ မှလည်း ၂၀၁၀ ရွေးကောက်ပွဲကို တစိုက်မတ်မတ် ဆန့်ကျင်ခဲ့ကြကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)အနေဖြင့် ပြည်တွင်းခေါင်းဆောင်များကို ၀ိုင်းရံထောက်ခံသောအားဖြင့် ယနေ့ အခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသွားပါသည်။

ဆက်လက်ပြီး ရခိုင်အမျိုးသားခေါင်းဆောင် ဦးအေးသာအောင်၏ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ပြောကြားချက်များကို ဖတ်ကြားသွားပြီးသည့်နောက် ALD ပြည်ပ(ဗဟို)ဥက္ကဋ္ဌ ဦးဇော်မင်းခိုင်မှ ၂၀၁၀ ရွေးကောက်ပွဲ နှင့် ပတ်သက်သည့် ပြည်ပသဘောထားကို ရှင်းလင်းပြောကြားသွားပါသည်။ တက်ရောက်လာကြသည့် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစု တာဝန်ရှိသူများတို့မှလည်း သဘောထား ကန့်ကွက်ချက်များကို ပြောကြားကြပြီး အခမ်းအနားကို ည ၈း၃၀ နာရီတွင် အောင်မြင်စွဲာပီးဆုံးခဲ့ပါသည်။ ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစု(၁၀၀)ကျော်ခန့်တက်ရောက်ခဲ့ကြပါသည်။

သတင်းမှတ်တမ်း၊။ Mai Kyaw Oo(PNS_apan)
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)
မှတ်တမ်းဗီဒီယို ။ Naung Min Thein (PMNS-Japan)

အနှစ်(၂၀)ပြည့် NLD ၏ ရွေးကောက်ပွဲ အောင်နိုင်ခြင်း အထိမ်းအမှတ်နှင့် နုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ချီတက်ဆန္ဒပြပွဲ(တိုကျို)။



ဗီဒီယိုမှတ်တမ်း။ kopuor-NLD-LA(JB)

ဗီဒီယိုမှတ်တမ်း။ Naung Min Thein (PMNS-JP)
၂၀၁၀ ခုနှစ် မေလ(၂၃)ရက်။

အနှစ်(၂၀)ပြည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အောင်နိုင်ခြင်းအထိမ်းအမှတ် နှင့် နအဖ စစ်အုပ်စုမှ မတရား ဖမ်းဆီးခံနေရသော ဦးခွန်ထွန်းဦး နှင့်တိုင်းရင်းသားခေါင်းဆောင်များ ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မြောက်ရေးအတွက် တောင်းဆို ချီတက်ဆန္ဒပြ အခမ်းအနားကို ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း(AUN-Japan)မှ ဦးစီးကျင်းပ ပြုလုပ်ခဲ့ပါသည်။ ချီတက်ဆန္ဒပြပွဲ အခမ်းအနားကို ဂျပန်နိုင်ငံရောက် ဒီမိုကရေစီ အင်အားစုများ နှင့် မြန်မာ့အရေးကို ကူညီ ဆောင်ရွက်ပေးကြသည့် ဂျပန်လူမျိုးများ ၊ ဂျပန်အလုပ်သမား သမဂ္ဂများတို့မှလည်း ပူးပေါင်းပါဝင် ခဲ့ကြပါသည်။

ယနေ့အခမ်းအနား ကျင်းပပြုလုပ်ရခြင်းမှာ နအဖစစ်အုပ်စုမှ မတရားဖမ်ဆီးခံနေရသော ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးခွန်ထွန်းဦ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်စေရန်အတွက် ပြည်သူလူထု တရပ်လုံးကို စစ်ကျွန်ပြုမည့် ၂၀၀၈ခုနှစ် အခြေခံဥပဒေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ရှုတ်ချပြီး တရားမျှတမူမရှိသော ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ရှုံ့ချကန့်ကွက်ပြီး ဇွတ်အတင်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်လာပါက အသိအမှတ်မပြုပေးဖို့နှင့် နအဖစစ်အုပ်စုအား ဂျပန်အစိုးရအနေဖြင့် ထိထိရောက်ရောက် ဖိအားပေးတိုက်တွန်း တောင်းဆိုပေးရန်အတွက် ကျင်းပပြုလုပ်ရခြင်း ဖြစ်သည်ဟု AUN-Japan ဥက္ကဋ္ဌ စိုင်းစီဝမ်းမှ ရှင်းလင်းပြောကြားခဲ့ပါသည်။

တိုကျိုမြို့ Ebitsu ပန်းခြံမှာ မွန်းလွဲ(၂း၀၀)နာရီမှ အခမ်းအနား စတင်ကျင်းပပြုလုပ်ပြီး နိုင်ငံတော် အလံတော်အား အလေးပြုခြင်း၊ အနှစ်(၂၀)ပြည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အောင်နိုင်ခြင်းအထိမ်းအမှတ် NLD အလံတော်အား အလေးပြုခြင်း၊ ခေတ်အဆက်ဆက် ဒိမိုကရေစီ တိုက်ပွဲဝင် အာဇာနည် သူရဲကေါင်းအပေါင်းတို့ ကို ဆုတောင်း မေတ္တာပို့ သပြီးသည့်နောက် ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ စိုင်းစီဝမ်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ မြန်မာ့အရေး အကူအညီပေးသည့် ဂျပန်အဖွဲ့အစည်း တာဝန်ရှိသူများနှင့် မြန်မာ့ဒီမိုကရေစီအင်အားစု အဖွဲ့အစည်းအသီးသီးမှ အမှာစကားပြောကြားပြီးနောက် မွန်းလွဲ (၂း၃၀)နာရီ တိတိမှာ ပန်းခြံမှ စတင်ထွက်ခွါ ခဲ့ပါသည်။

ဂျပန်နိုင်ငံရဲ့လူစည်ကားရာ မြို့လည် လမ်းမကြီးများအတိုင်း ချီတက်လာကြပြီး ချီတက်သွားရာ လမ်း တလျှောက်တွင်လည်း နအဖစစ်အာဏာရှင်တို့မှ တိုင်းရင်းသား လူနည်းစုများကို မျိုးဖြုတ်သတ်ဖြတ်မူများ တိုင်းရင်းသားလူမျိုးစုများတို့၏ ဘာသာ စာပေ ယဉ်ကျေးမှုအမွေအနှစ် ဖျောက်ဖျက်သည့် နအဖ စစ်အစိုးရ၏ လုပ်ရပ်များကို ဂျပန်ပြည်သူများ သိရှိလာစေရန်အတွက် ဂျပန်ဘာသာဖြင့် ပြောကြားသွားခဲ့ပါသည်။ AUN-Japan၏ သဘောထားကြေခြာချက် နှင့် လက်ရှိမြန်မာနိုင်ငံရေး အခြေအနေနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့ပါသည်။

၁ နာရီ ၃၀ မိနစ် ကြာခန့် ချီတက်လာခဲ့ကြပြီး Sandagaya ဘူတာအနီးရှိ Megi ပန်းခြံတွင် အဆုံးသတ်ကာ ကျင်းပရေးကော်မတီ ကိုယ်စား မိုင်ကျော်ဦး မှချီတက် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည့် ဒီမိုကရေစီ အင်အားစုများတို့ကို ကျေးဇူးတင်စကား ပြောကြားပြီးသည့်နောက် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။ ချီတက်ဆန္ဒပြပွဲတွင် မိုးထဲရေထဲ၌ ဂျပန်ရောက်ဒီမိုကရေစီအင်အားစုများ(၃၅၀)ကျော်ခန့်  တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo (PNS-Japan)
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum (CNC-Japan)

(၅၂) နှစ် မြောက် သျှမ်းပြည်အမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ် ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် အခမ်းအနား။



၂၀၁၀ ခုနှစ် မေလ(၂၃)ရက်။

(၅၂) နှစ် မြောက် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ဂျပန်နိုင်ငံရောက် သျှမ်းပြည် တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်(SSND-Japan) နှင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်(SND-Japan) တို့ မှ ဦးစီး၍ တိုကျိုမြို့  တာကါဒါနိုဘာဘာ အရပ်ရှိ Shoohiseikatsu Center 4F ,မှာ ယနေ့  မနက် ၁၀း၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ကျင်းပပြုလုပ်ခြင်းနှင့် ပတ်သက်၍ သျှမ်းပြည် တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်(SSND-Japan) ဥက္ကဋ္ဌ စိုင်းညွန့် မောင်မှ ရှင်းလင်းပြောကြားရာမှာ ဤအခမ်းအနားကို ဂျပန်နိုင်ငံတွင် ပထမ ဦးဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး သျှမ်းပြည်အမျိုးသားတော်လှန်ရေး နောက်ခံ သမိုင်းကြောင်းကို ယနေ့ ခေတ်လူများ သိရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်း ဖြစ်သလို မိမိတို့ ၏ တရားမျှတသည့် တန်းတူအခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် ကိုယ့်ကြမ္မာ ဖန်တီးနိုင်ခွင့်အရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး တိုက်ပွဲဝင်ခဲ့ကြသည့် အာဇာနည် သူရဲကောင်းအပေါင်းတို့ ကို လေးစား ဂုဏ်ပြုသောအားဖြစ် ကျင်းပ ပြုလုပ်ရခြင်း ဖြစ်ပါသည်။

သျှမ်းပြည်တော်လှန်ရေး ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းကြောင်းကို အကျယ်တ၀င့် ရှင်းလင်း တင်ပြသွားပြီး ၁၉၅၂ ခုနှစ် တွင် တရုပ်ဖြူ ကျူးကျော်မှုကို အကြောင်းပြု၍ ဗမာ့တပ်မတော်က သျှမ်းပြည်၏ ကိုယ်ပိုင်ပြဌာန်းခွင့် ကို သိမ်းပိုက် ထိပါးလာမှုကြောင့် လွတ်လပ်ရေး၊ တန်းတူရေး မြတ်နိုးတန်ဖိုးထားသည့် အားလုံးသော မျိုးချစ် သျှမ်းများသည် စ၀်နွိုင် ထူထောင်ခဲ့သည့် Nam Serk Harm စစ်တပ် ထူထောင်ခဲ့သည့် ၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့အား ရှမ်းပြည်သူ ပြည်သားများ တော်လှန်ရေးနေ့ဟု တညီတညွတ်တည်း သတ်မှတ်ခဲ့ကြသည့် အကြောင်းကို ရှင်းလင်းပြောကြားပြီးသည့်နောက် SND-Japan ဥက္ကဋ္ဌ စိုင်းစီဝမ်းမှ ဒုဗိုယ်ချုပ်ကြီးယက်စစ်၏ သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့ မိန့်ခွန်းကို ဖိတ်ကြားသွားပါသည်။ တက်ရောက်လာကြသည့် ဖွဲ့အစည်းအသီးသီးမှ ဂုဏ်ပြုအမှာစကား ပြောကြားပြီးသည့်နောက် အခမ်းအနားကို နေခင်း ၁၂း၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ စုစုပေါင်း (၇၀ )ကျော်ခန့်  တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် သျှမ်းပြည်အမျိုးသားတော်လှန်ရေး နောက်ခံ သမိုင်းကြောင်းပါ မှတ်တမ်း စာစောင်ကို ဖြန့် ဝေခဲ့ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo (PNS-Japan)
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum( CNC-Japan)

Saturday, May 22, 2010

မတရားပြစ်ဒဏ် ချထားသော ကျောင်းသား ခေါင်းဆောင်များအားလုံး လွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြပွဲ(တိုကျို)။


၂၀၁၀ ခုနှစ် မေလ(၂၁)ရက်။

ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေးအတွက် တောင်းဆို ဆန္ဒပြသည့် အခမ်းအနားကို တိုကျိုမြို့  ရှီနာဂါဝါအရပ်ရှိ စစ်အခွန်ရုံး(မြန်မာသံရုံး)ရှေ့ ၌ ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့ မှ မေလ(၂၁)ရက်နေ့  နေလည် ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ကိုမင်းကိုနိုင် နှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များတို့ ကို တရားဥပဒေမဲ့ နအဖ စစ်အစိုးမှ ထောင်ဒဏ်(၆၅)နှစ်စီ မတရား ဖမ်းဆီးချုပ်နှောင် လာခဲ့သည်မှာ ယနေ့ ဆိုလျှင် ( ၂ နှစ် ၆ လ )ပြည့်မြောက်သည့်နေ့ လည်းဖြစ်ပါသည်။ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များတို့ ၏ တိုင်းပြည်နှင့် လူမျိုးများအပေါ် ကိုယ်ကျိုးစွန့်  အနစ်နာခံမူ ယုံကြည်ချက်အပေါ်မှာ ရဲရင့် ပြတ်သားစွာ အမှန်တရားဘက်မှ မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြသည့် ကျောင်းသားခေါင်းဆောင်များတို့ ကို လေးစားသောအားဖြင့် အမြန်ဆုံး လွတ်မြောက် ရေးအတွက် လစဉ်(၂၁)ရက်နေ့  ရောက်တိုင်း ဆန္ဒပြ တောင်းဆိုမူများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

ယနေ့ ဆန္ဒပြပွဲ အခမ်းအနားတွင် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အား(၇၀)ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo (PNS-Japan)
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum( CNC-Japan)

သမိုင်းဝင်သျှမ်းပြည်တော်လှန်ရေးနေ့ကျင်းပ ။


ဗီဒီယိုမှတ်တမ်း။ (DVB)

Friday, 21 May 2010 21:11 ယင်းမွေခေါဝ် .

လွယ်တိုင်းလျဲန်းအခြေစိုက် SSA တောင်ပိုင်း နှင့် အပစ်ရပ် SSA မြောက်ပိုင်း တပ်မဟာ ၁ တို့ ၅၂ နှစ် မြောက် သျှမ်းပြည်တော်လှန်ရေးနေ့ အခမ်းအနားကို ပြုလုပ်ကျင်းပကြကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ မေ ၂၁ ရက်တွင် ကျရောက်သော သမိုင်းဝင် ၅၂ နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့ကို ဂုဏ်ပြု သောအားဖြင့် လွယ်တိုင်းလျဲန်း၌ တိုင်းပြည်အတွက် အသက်သွေးချွေးစွန့်လွှတ်ခဲ့သော အာဇာနည် ရဲဘော်များအား အလေးပြုပြီး စစ်ရေးပြအခမ်းအနား ပြုလုပ်ကျင်းပခဲ့သည်။ သက်စွန့်စစ်သည်များအား ရည်စူး၍ ရဟန်းသံဃာသူမြတ်တို့ကို ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ အခမ်းအနားသို့ ရပ်နီးရပ်ဝေးမှ ပြည်သူ လူထုများလည်း တက်ရောက်ကြသည်။


စစ်ရေးပြချီတက်စဉ်






နအဖမှ တောင်းဆိုထားသော ပြည်သူ့စစ် အသွင်ပြောင်းရေး လက်ခံခြင်း မရှိသေးသည့် ဗိုလ်ချုပ်ပန်ဖှ ခေါင်းဆောင်သော အပစ်ရပ်သျှမ်းပြည် တပ်မတော် တပ်မဟာ ၁ တွင်လည်း ၅၂ နှစ်မြောက် သျှမ်းပြည် တော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် စစ်ရေးပြ အခမ်းအနားကျင်းပ ကြောင်း၊ တိုင်းပြည် အတွက် အသက်သွေးချွေး စွန့်လွှတ်ခဲ့သော အာဇာနည်ရဲဘော်များနှင့် ငြိမ်းချမ်းရေးရယူပြီး နောက် နအဖတပ်၏ ဖမ်းဆီးညှင်းပန်း နှိပ်စက်သတ်ဖြတ်မှု ခံခဲ့ကြရသော ရဲဘော်များကို အလေးပြုကြကြောင်း၊ ၎င်းတို့အားရည်စူး၍ ရဟန်းသံဃာ အရှင်သူမြတ်တို့ကို ဆွမ်းဆက်ကပ် လှူဒါန်းကြကြောင်း စုံစမ်းသိရှိရ သည်။


အမျိုးသမီးစစ်သည်များစစ်ရေးပြစဉ်






အပစ်ရပ် သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ ခေါင်းဆောင် ဗိုလ်ချုပ်ပန်ဖှမှ စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်ထံ မေ ၁၁ ရက်နေ့တွင် စာရေးသား ပေးပို့ခဲ့သည်ဟုလည်း သိရှိရသည်။

ဗိုလ်ချုပ်ပန်ဖှက “အမှိုက်ကစ ပြဿဒ်မီးလောင် မဖြစ်ချင်တာကြောင့် ကျနော်တို့ သည်းခံလာခဲ့ရတာလည်း ကြာခဲ့ပြီ။ နအဖစစ်တပ်က အပစ်ရပ် သျှမ်းပြည်တပ်မတော် တပ်သားတွေ ဖြစ်မှန်းသိသိကြီးနဲ့ လာပြီး တိုက်ခိုက်တယ်။ ကျနော့်တပ်သားတွေကိုလဲ ဖမ်းဆီးညှင်းပန်း နှိပ်စက် သတ်ဖြတ်ခဲ့တယ်”ဟု ပြောကြား ခဲ့သည်။

၁၉၉၇ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် သီပေါမြို့နယ်အတွင်းရောက်ရှိနေသော အပစ်ရပ် SSA တပ်မဟာ ၁၆ မှ စစ်သည် ၆ ဦးအား နအဖစစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

၂၀၀၀ပြည့်နှစ် ဇွန်လ ၂၃ ရက်နေ့တွင်လည်း အပစ်ရပ် SSA တပ်မဟာ ၁ ကို နအဖစစ်တပ်က တိုက်ခိုက်ခဲ့သည်။ SSA ဖက်မှ စစ်သည်များက နအဖ လူမှားပစ်ခတ်သည်ဟု ယူဆပြီး ထိပ်တိုက် မဖြစ်ချင်သောကြောင့် နောက်ဆုတ်ပေးခဲ့သည်။ SSA မှ စစ်သည်နှစ်ဦးကိုလည်း နအဖက ဖမ်းဆီးရမိ၍ နှိပ်စက်ညှင်းပန်းပြီးမှ သတ်ဖြတ်ခဲ့သည်။

အပစ်ရပ် SSA မြောက်ပိုင်းသည် နအဖဖက်မှနေ၍ စိန်ကျော့၊ ၀မ်ဟိုင်း၊ နမ့်လောင်း၊ မိုင်းဟ၊ မိုင်းဟိုင်းတို့တွင် စ၀်ခွန်ဆာ ဦးဆောင်သော MTA တပ်ဖွဲ့ကို ကူတိုက်ခိုက်ပေးခဲ့ဖူးသည်။

PNS-Japan
သတင်းမှတ်တမ်း။ မူရင်း(သျှမ်းသံတော်ဆင့်)။

Friday, May 21, 2010

လက်ဖက်အထွက်နည်း၍ ပလောင် လူငယ်များ တရုတ်ပြည်ကူး၍ အလုပ်လုပ်ကိုင် ။

ခိုင်လင်း / ၂၀ မေလ ၂၀၁၀

ပလောင်တိုင်းရင်းသား အဓိကနေထိုင်ရာ ရှမ်းပြည်မြောက်ပိုင်း နန်ဆန်နှင့် မန်တုံမြို့နယ်တွင် ရာသီဥတုကြောင့် ယခုနှစ် လက်ဖက် အထွက်နည်းသဖြင့် ဒေသခံလူငယ်များ စားဝတ်နေရေး ကျပ်တည်းကာ တရုတ်ပြည်ဘက်သို့ သွားရောက် အလုပ်လုပ်ကိုင် နေကြကြောင်း သိရသည်။

နှစ်စဉ် ဖေဖော်ဝါရီလကုန်၊ မတ်လဆန်းမှစ၍ အနည်းဆုံး တလကြာ ရွှေဖီလက်ဖက်ခူး ကာလကိုမှီပြီး ဒေသခံ ပလောင်လူငယ်များ အလုပ်ရကာ ဝင်ငွေကောင်းခဲ့သော်လည်း ယခုနှစ်တွင် လက်ဖက်အထွက် နည်းသောကြောင့် ရက်ပိုင်းမျှသာ အလုပ်လုပ်နိုင်ခဲ့သည်ဟု နန်ဆန်မြို့နယ်၊ မန်ခိုက် ကျေးရွာသူတဦးက ပြောသည်။

၎င်းက “လက်ဖက်ခူးရင် လက်ဖက်ခြံပိုင်ရှင်နဲ့ ကျမတို့က တဝက်စီရတယ်။ ဒီနှစ် ရွှေဖီချိန်မှာ (၁ဝ) ရက်လောက်နဲ့ ပြီးသွားတယ်။ လက်ဖက်က တော်တော်ကို နည်းတာ။ ရာသီဥတုကြောင့် အထွက်မကောင်းဘူး။ တယောက်မှ (၃ဝ,ဝဝဝ) ကျပ် လောက်ပဲရတယ်။ အရင်နှစ်တွေဆို အနည်းဆုံး ကျပ် (၁) သိန်းခွဲ၊ (၂) သိန်းရတယ်။ အခု လက်ဖက်ခြံမှာ မြက်ရှင်းတော့လည်း တနေ့ ကျပ် (၁,၅ဝဝ) ပဲ ရတယ်ဆိုတော့ မိသားစု စားဖို့အတွက် မလောက်ငလို့ ဒီတရုတ်ပြည် ကျယ်ဂေါင်မှာ အိမ်ဖော်အလုပ် လာလုပ်နေရတာ” ဟု ပြောသည်။

နန်ဆန်မြို့နယ်၊ မန်တုံမြို့နယ်တို့မှ တရုတ်ပြည်ဘက် အလုပ်လာလုပ်သူများမှာ အသက် (၂ဝ) ဝန်းကျင် လူငယ်အများဆုံးဖြစ်ပြီး မိန်းကလေး ပိုများသည်ဟု တရုတ်နယ်စပ်ရှိ အင်ကျင်းကျောက် အရောင်တင်လုပ်ငန်းတွင် အလုပ်သမားအဖြစ် လုပ်ကိုင်နေသူ နန်ဆန်မြို့နယ်၊ မိုးဂဲလ်ရွာသားတဦးက ပြောသည်။

၎င်းက “နမ်းခမ်းက ပလောင်တွေကျတော့ တရုတ်နဲ့လည်း နီးတော့ အရင်ကတည်းက သွားသွားလာလာရှိပြီး အလုပ် လုပ်တာတွေရှိတယ်။ နန်ဆန်နဲ့ မန်တုံကျတော့ ဒီနှစ်မှ ထွက်လုပ်ကြတာ။ ရွာပိုင်းက ပိုများတယ်။ မိန်းကလေး ပိုများတယ်။ ဒီနှစ် လက်ဖက်က မကောင်းတော့ တနယ်လုံးနီးပါးပဲ အပြင်ထွက် အလုပ်လုပ်ရတာ” ဟု ပြောသည်။

ဒေသအတွင်း မိသားစု ရပ်တည်ရေးခက်ခဲသဖြင့် ဝင်ငွေ အတော်အတင့်ကောင်းသည့် တရုတ်ပြည်ဘက်တွင် အလုပ်လာလုပ်ပြီး ရွာရှိ မိသားစုထံသို့ ငွေကြေး ထောက်ပံ့ပေးနေရကြောင်း ပလောင်လူငယ်တဦးက ပြောသည်။

၎င်းက “ရှမ်းပြည် မြောက်ပိုင်းမှာ မြို့ပေါ်တက်ပြီး ဈေးဆိုင်တွေမှာ အလုပ်လုပ်တာလည်းရှိတယ်။ ပန်းရန်လုပ်တာလည်း ရှိတယ်။ ဒါပေမယ့် ပန်းရန်နေ့စား လုပ်တာတောင် ကျပ် (၃,ဝဝဝ) ပဲရတယ်။ အလုပ်ကလည်း ပုံမှန်မရှိဘူး။ ဒီမှာကျတော့ စရိတ်ငြိမ်း တရုတ်ငွေ အနည်းဆုံးလစာ (၄ဝဝ၊ ၅ဝဝ) ယွမ်ရတယ်။ မြန်မာငွေ (၆ဝ,ဝဝဝ) လောက်ရတော့ အိမ်ကို ပြန်ပို့နိုင်တယ်။ ကိုယ့်အဆက်သွယ်နဲ့ ကိုယ် ရွာကလူ ပြန်ခေါ် အလုပ်ရှာပေး နဲ့ဆိုတော့ အဆင်ပြေကြပါတယ်။ တရုတ်စကား မတတ်တော့ နည်းနည်းအခက်ခဲရှိတယ်။ ကိုယ့်အလုပ်သမား အချင်းချင်းကပဲ ဘာသာပြန်ပေးတာပေါ့” ဟု ပြောသည်။

တရုတ်-မြန်မာနယ်စပ် တလျှောက်ရှိ တရုတ်ပြည်ဘက်ခြမ်း မြို့ရွာများတွင် ပန်းရန်လုပ်ငန်း၊ အင်ကျင်း ကျောက်သွေး အရောင်တင်လုပ်ငန်း၊ ကားရေဆေးလုပ်ငန်း၊ အိမ်ဖော်နှင့် စားသောက်ဆိုင်များတွင် အလုပ်သမားအဖြစ် ဝင်လုပ်နေကြသည့် မြန်မာနိုင်ငံသား ထောင်နှင့်ချီရှိနေချိန်တွင် ယခုနှစ်၌ ပလောင်လူငယ်များလည်း လာရောက် အလုပ်လာလုပ်ခြင်းလည်း ဖြစ်သည်။

PNS-Japan
သတင်းမှတ်တမ်း ။ မူရင်း(ခေတ်ပြိုင် ဂျာနယ်)

Thursday, May 20, 2010

ကျောက်မဲမြို့နယ်တွင် အမည်မသိ သတ္တု လျှို့ဝှက်တူးဖေါ် ။

Wednesday, 19 May 2010 13:38 သျှမ်းသံတော်ဆင့် .

သျှမ်းပြည် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် အမည်မသိဓါတ်သတ္တုတစ်မျိုးထွက် ပေါ်နေပြီး နအဖစစ်အစိုးရက လျှို့ ၀ှက် တူးဖေါ်လုပ်ကိုင်နေကြောင်း သိရသည်။
ကျောက်မဲမြို့နယ် နောင်ပိန်ရွာမှ ၁၈ မိုင် ခန့် ဝေးသည့် တောင်ခြေရွာအနီး၌ အလုပ်သမား ၅၀၀ ကျော်ဖြင့် တူးဖေါ်ရေး လုပ်ငန်းများ လုပ်ကိုင်နေကြောင်း လုပ်ငန်းခွင်အနီး ဈေးရောင်းသည့် ဈေးသည်များအဆိုအရ သိရသည်။

အဆိုပါ တူးဖေါ်ရေးလုပ်ငန်းခွင် အတွင်းသို့ မည်သူ့ကိုမျှ ၀င်ခွင့်မပြုပဲ ထွက်ရှိသည့် သတ္တုများကို သေတ္တာဖြင့် ထုတ်ပိုး၍ နေပြည်တော်အရောက် ကားဖြင့် ပို့ဆောင်ခြင်း လျှို့ဝှက်လုပ်ကိုင်နေကြောင်း ဈေးသည်တစ်ဦးက ဆိုသည်။

“အခုသတ္တုတူးနေတဲ့နေရာက ကျောက်မဲမြို့နယ် နောင်ပိန်ကနေတဆင့် သွားရတယ်။ ၁၈ မိုင်ဝေးတဲ့ တောင်ခြေဆိုတဲ့ ရွာနားမှာ၊ အရင်ကလမ်း မကောင်းဘူး။ အခု ကွန်ကရစ်လမ်းခင်းထားတာ ဆိုင်ကယ်နဲ့သွားရင် တစ်နာရီလောက်ပဲ သွားရ တယ်”

အလုပ်သမားတွေကိုလည်း ရေအားလျှပ်စစ်လုပ်နေတယ်ပဲ ပြောခိုင်းထားတယ် အဲဒီမှာ ဒုဋ္ဌ၀တီမြစ်တော့ရှိတယ်။ ထူးခြားတာက စစ်ဗိုလ်တွေတောင်ပေးမ၀င်ဘူး။ မြေကြီးထဲက တူးရတဲ့ဟာတွေကို ချက်ခြင်း သေတ္တာတွေနဲ့ ပက်ကင် ပိတ်ပြီး နေပြည်တော်အရောက်ပို့နေတယ်။ အလုပ်သမားတွေကိုယ်တိုင် ဘာထွက်တယ်ဆိုတာမသိဘူး” ဟု သူက ဆို သည်။

ထို့အပြင် သင်္ကြန် မတိုင်မီကာလက အနီးဝန်းကျင်တွင် စစ်တပ်လုံခြုံရေး အစောင့်အရှောက်များ ထူထပ်စွာချထားပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် အဆိုပါနေရာသို့ လာရောက်ကြည့်ရှု ခဲ့သေးကြောင်း သိရသည်။

သတ္တုတူးဖေါ်ရေး လုပ်ငန်းသို့ အလုပ်သမားများ ထပ်မံ ပို့ဆောင်မည် ဆိုသည့် သတင်းကြောင့် ဒေသအတွင်း ဈေးရောင်း လာသူ အများအပြား ထိုနေရာသို့ ရောက်ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် တွင်းထွက်သတ္တု အများအပြား တူးဖေါ်လုပ်ကိုင်နေသော်လည်း နအဖစစ်အစိုးရက တ ရားဝင် ထုတ်ဖေါ်ပြောဆိုခြင်း မရှိပေ။
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်များတွင် တရုတ်ကုမ္ပဏီနှင့် တရုတ် အလုပ်သမားများ ထောင်ချီ လုပ်ကိုင်နေသည့် သတ္တုတူးဖေါ်ရေး စီမံကိန်း လုပ်ငန်းများရှိကြောင်း သိရသည်။

PNS-Japan
သတင်းမှတ်တမ်း။ မူရင်း (သျှမ်းသံတော်ဆင့်)

နမ့်ဆန်မြို့နယ်အတွင်း ကြံ့ဖွံ့ အဖွဲ့ ဝင်များ မက်လုံးပေးမဲဆွယ် ။

နမ့်ဆန်မြို့နယ်အတွင်း ကြံ့ဖွံ့ အဖွဲ့ ဝင်များ မက်လုံးပေးမဲဆွယ်
၁၇၊ ၅၊ ၂၀၁၀
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နမ့်ဆန်မြို့ နယ်ရှိ ကျေးရွာအများစုကို နမ့်ဆန်အခြေစိုက်“ဦးခွန်ပွင့်” ဦးဆောင်သော ကြံ့ဖွံ့ အဖွဲ့ ဝင်များသည် မဲဆွယ် စည်းရုံးမှု ပြုလုပ်နေကြောင်း ယမန်နေ့ ကစုံးစမ်းသိရှိရသည်။

အဆိုပါကြံ့ဖွံ့ အဖွဲ့ များသည် ဧပြီလမှစ၍ စည်းရုံးမှုဆင်းကာ ယခုလအတွင်းတွင် ပြီးစီးသလောက် ရှိပြီဖြစ်ကြောင်း လည်းဖြစ်သည်။ ထိုသို့ ” ဦးခွန်ပွင့်” ဦးဆောင်သော ကြံ့ဖွံ့ အဖွဲ့ များ သည် ကျေးရွာများတွင်ရှိသော လူငယ့်ခေါင်းဆောင် ၊ ရွာဖွံ့ ဖြိုရေး လုပ်ဆောင်နေသည့် ရွာတွင်းအဖွဲ့ ငယ်များ နှင့်ကြံ့ဖွံ့ အဖွဲ့ ဝင်ကျောင်းဆရာ ၊ မ များကိုပါ နိုင်ငံတော်၏ ပါတီဖြစ်သည့် ကြံ့ဖွံ့ ပါတီကို ဒေသခံ မိဘပြည်သူများက မဲပေးလာနိုင်ရန်အတွက် စည်းရုံးပေးမည်ဆိုလျှင် ပစွည်းများနှင့် ငွေပါ ကူညီပေးသွားမည်ဟု ကတိပေးခဲ့ကြောင်း လည်းသိရှိရသည်။

ထို “ဦးခွန်ပွင့်” ဦးဆောင်သောကြံ့ဖွံ့ အဖွဲ့ များသည် ၂၀၁၀ရွေးကောက်ပွဲတွင် မှတ်ပုံတင်ပြီးသွားသည့်ကြံ့ဖွံ့ ပါတီကို မဲပေးလာနိုင်ရန်အတွက် မဲဆွယ်စည်းရုံးပေးနိုင်သူတိုင်း ကွန်ပျူတာ ၊ လက်ကိုင်ဖုန်း နှင့် လာရောက်မဲပေးသည့်အချိန် အသွားအပြန် ဆိုင်ကယ်ဆီဖိုးနှင့် ငွေများ ပေးမည်ဟု ခန့် မှန်းငွေအားဖြင့်တစ်ရွာ လျှင်ဆယ်သိန်းခွဲ (၁၅၀၀၀၀)ကျပ်ဖြစ် မက်လုံးပေး စည်းရုံးသွားသည်ဟုသိရသည်။

ရွာသားတစ်ဦးက “ အရင်ကလည်း ကြံ့ဖွံ့ ပါတီတွေရဲ့ ကောင်းကြောင်းကို လာပြီး ပြောပြတာတော့ရှိပါတယ်။ ဥပမာ ကျောင်းကော်မတီ တို့ ကျောင်းဆရာ၊ မတို့ ပေါ့လေ နောက်မြို့ က မယက နဲ့ ဆက်စပ်မှုရှိတဲ့ ရွာကလူတစ်ချို့ လည်းပါတယ်။ အေပေါ့ သူတို့ ပြောပုံကဆိုရင် ဒီရွေးကောက်ပွဲမှာ ၀င်ပြိုင်တဲ့ ကြံ့ ဖွံ့ ပါတီ ကို မဲပေးရင် ကျနော်တို့ ရွာတွေ မြို့ တွေ လုပ်ပိုင်ခွင့် ပိုရလာမယ်” ဟု ပြောပြသည်။

အချို့ ပြည်သူများကလည်း နိုင်ငံတော်၏ ပါတီဖြစ်သည့် ကြံ့ဖွံ့ ပါတီကို မဲပေးမည်ဆိုလျှင် ကျတော်တို့ ၏ အနာဂါတ် လွတ်လပ်ခွင့်နှင့် ကျနော်တို့ ဒေသဖွ့ံဖြိုရေးအတွက် အထောက်ကူပြုမှု တစ်စုံတစ်ရာ ရှိလာမည် မယုံကြည်ကြောင်း သိရှိရသည်။

သတင်းနှင့်ပြန့် ကြာရေးဌာန
တအာင်းကျောင်းသားများနှင့်လူငယ်အစည်းရုံး
ဆက်သွယ်ရန် 080 118 4479/ 082 887 8443

စစ်သား ၆ ဦး ရခိုင်အဖွဲ့ထံ လက်နက်ချ ။

ခိုင်စု ဗုဒ္ဓဟူးနေ့၊ မေလ ၁၉ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၄၁ မိနစ် .

နယူးဒေလီ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် စစ်တွေ အခြေစိုက် ခလရ ၂၃၂ မှ တပ်ကြပ်တဦး အပါအဝင် စစ်သား ၆ ဦးသည် လက်နက်ခဲယမ်း မီးကျောက်များနှင့်အတူ မေလ ၁၆ ရက်နေ့တွင် လက်နက်ချ ခိုလှုံလာကြောင်း စစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေသော ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALA) က ပြောသည်။

တပ်ကြပ်သန်းအေး (ကိုယ်ပိုင်အမှတ် တ/၇၅၁၈၄)- ၃၆ နှစ်၊ ဒုတပ်ကြပ်မိုးအောင် - ၂၇ နှစ် (တ/၁၁၆၅၇၄)၊ ဒုတပ်ကြပ်ဇော်ဇော်ဟန် - ၂၅ နှစ် (တ/၁၂၁၇၈၅)၊ ဒုတပ်ကြပ်မောင်မောင်နိုင် - ၂၆ နှစ် (တ/၁၂၁၇၄၃)၊ တပ်သားဇော်မင်းဦး - ၂၅ နှစ် (တ/၄ဝ၁၃၃၆) နှင့် တပ်သားစန်းဝင်း - ၂၇ နှစ် (တ/၄၂၃၁၄၈) တို့သည် ဗိုလ်ကြီး ထက်အောင်ထွန်းကို သတ်ဖြတ်ပြီးနောက် သွားရောက် ပူးပေါင်းခြင်း ဖြစ်သည်။

'သူတို့နဲ့ ကျနော်တို့ဆိုတာ ဒီနယ်မြေမှာ ခြေချင်းလိမ်နေတာပါ။ သူတို့ရှိတဲ့နေရာကို ကျနော်တို့ သိသလို၊ ကျနော်တို့ ရှိတဲ့နေရာကိုလည်း သူတို့က သိတယ်။ ဒါကြောင့်လည်း ကျနော်တို့ ရှိတဲ့နေရာကို သူတို့က လာပြီး လက်နက်ချတာပါ'' ဟု ဟု ALA တွဲဖက်အထွေထွေ အတွင်းရေးမှူး ခိုင်သုခက ပြောသည်။

ခွဲထွက်ရေး လှုပ်ရှားနေသော ရခိုင်တပ်ဖွဲ့ လှုပ်ရှားရှာ ကုလားတန် စစ်ကြောင်းတွင် ပူးပေါင်းသွားခဲ့သူများကို လုံခြုံသော တနေရာတွင် ထားရှိသည်ဟု ဆိုသည်။

“သူတို့တွေ ဒီလိုလာပြီး ပူးပေါင်းတာကို ဝမ်းသာတယ်၊ ကြိုဆိုတယ်။ သူတို့တွေ အခု ဌာနချုပ် မရောက်သေးတော့ ဘာမှ မစီစဉ်ရသေးဘူး။ သူတို့တွေနဲ့တွေ့ပြီး သူတို့ရဲ့ ဆန္ဒကို မေးပြီး သူတို့ ဖြစ်ချင်တာကို ကူညီပေးသွားမှာပါ။ အရင်ကလည်း ဒီလို ကူညီပေးပါတယ်” ဟု ခိုင်သုခက ပြောသည်။

ခိုလှုံလာသူများ နှင့်အတူ MA (၁၁) အမျိုးအစား ၅ လက်၊ MA (၁၂) ၁ လက်၊ MA (၃) ၂ လက်၊ MA (၇၉) မော်တာ ၁ လက်နှင့် မော်တာ အသီး ၁၉ လုံး၊ B 100 ကွန်မန်ဒို စိန်ပြောင်း ၁ လက်နှင့် အသီး ၁၂ လုံး၊ 9 MM ပစ္စတို တလက်နှင့် ဘောက် ၂ ချပ်၊ ကျည်ဆံ ၁၄ တောင့်၊ လက်ပစ်ဗုံး ၆ လုံး၊ နင်းမိုင်း M (၁၆) ၆ လုံး၊ Equipment ၁ဝ စုံ၊ ကျောပိုးအိတ် ၆ လုံး၊ ဆက်သွယ်ရေး စက်ကြီး ၁ လုံးနှင့် လက်နက်ငယ် ကျည်မျိုးစုံ ၁၃ဝ၈ တောင့်တို့ ပါလာသည်ဟု ALA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်တွေမြို့ ရေချမ်းပြင်ရွာ အခြေစိုက် ခလရ ၂၃၂ အောက်မှ ရှေ့တန်းလှုပ်ရှားစစ်ကြောင်းကို ယာယီတပ်ရင်းမှူး ဗိုလ်မှူးကျော်မိုးဟိန်း ဦးဆောင်၍ ပလက်ဝမြို့နယ် ငွေလက်ဝရွာအနီး၌ စခန်းချထားသည်။ ယင်းလက်အောက်ရှိ စစ်ကြောင်း ၁ အရံတပ်စုကို ဗိုလ်ကြီး ထက်အောင်ထွန်းက ဦးဆောင်၍ အိန္ဒိယ-မြန်မာနယ်စပ်ရှိ မြိတ်ဝ စခန်း၌ အခြေချသည်။

ရခိုင်ပြည်နယ် ကျောက်တော်၊ မောင်တော၊ ချင်ပြည်နယ် ပလက်ဝ နယ်စပ်တလျှောက်တွင် လှုပ်ရှားနေသော ALA ထံသို့ ၂ဝဝ၇ ခုနှစ်က စစ်သား ၂ ဦး လက်နက်များနှင့်အတူ ခိုလှုံခဲ့သေးသည်။

PNS-Japan
သတင်းမှတ်တမ်း။ မူရင်း (မဇ္ဈိမ)

Wednesday, May 19, 2010

အပြစ်မဲ့ပြည်သူများကို မူးယစ်ဆေးဝါးအကြောင်းပြပြီး ဖမ်းဆီးညှင်းပန်းနေ။

နမ့်ဆန်မြို့ နယ် ငွန်စိုင်းကျေးရွာ အခြေစိုက် ပြည့်သူစစ် ခေါင်ဆောင် “ထွန်မြတ်လေး” ဦးဆောင်သော ပြည်သူစစ်အဖွဲ့ သားများသည် အထက်မန်လွယ်ကျေးရွာနေ ဦးချစ်ဆွေ ၊ ဦးအိုက်လှိုင် နှင့်ဦးအုန်းဖေတို့ ဖြစ်ကြသည့် ရွာသားများကို သက်သေမရှိဘဲမူးယစ်ဆေးဝါးသုံးဆောင်နေသည့်ဟု အကြောင်းပြပြီး မတရား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မေ. ၁၆ .၂၀၁၀ ရက်နေ့ တွင် စုံးစမ်းသိရှိရသည်။

၎င်းအဖမ်းခံရသည့် ရွာသား သုံးယောက်သည် ထိုစွပ်စွဲမှု မူးယစ်ဆေးဝါး သုံးစွဲခြင်းကိုမပြုလုပ်မသုံးစွဲဘဲ”ထွန်းမြတ်လေး “ဦးဆောင်သော ပြည်သူစစ်အဖွဲ့ သားများ၏ ကိုယ်ထိလက်ရောက် ရိုက်နှက်ညှင်းပမ်း နှိပ်စက်ခြင်းကို ခံရခြင်းဖြစ်သည်။

အဆိုပါအကြောင်းရာနှင့် ပါတ်သက်၍ “ ဟုတ်ပါတယ် ရွာမှာ မူးယစ်ဆေးဝါး သုံးစွဲနေတဲ့လူတွေရှိတယ် ဆိုတာမှန်ပါတယ် ဒါပေမဲ့လေ အခုအဖမ်းခံရတဲ့ လူလေးယောက်က မသုံးစွဲဘူး ဆိုတာယုံတယ်။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ ကတစ်ရွာထဲသားတွေပဲ တကယ်လို့ သူတို့ သုံးစွဲနေတယ်ဆိုရင်သူတို့ သတင်းတွေကြားရမှာပေါ့ တစ်ချို့ သုံးစွဲနေတဲ့ လူတွေရဲ့ သတင်းကြားရသလိုပေါ့ “ ဟု အဖမ်းခံရသူနှင့်
တစ်ရွာတည်းနေ ရွာသားတစ်ဦး ပြောပြချက်အရသိရသည်။

“အခုသူတို့ ကိုဖမ်းသွားတယ်ဆိုတာလည်း ဘာမူးယစ်ဆေးမှ သူတို့ လက်ထဲမိတာမရှိဘူး သံသယဖြစ်ပြီး ဖမ်းသွားတာပဲ။ တစ်ယောက်ကို ကျပ်ငွေ( ၃၀၀၀၀၀ ) ကျော် ( ၄၀၀၀၀၀) ပေးနိုင်မယ်ဆိုရင် လွတ်ပေးမယ်လို့  “ဟု ၄င်းအဖမ်းခံသူ တစ်ရွာတည်းနေတဲ့ ရွာသားတစ်ဦးက ဆက်ပြောသည်။

အဖမ်းခံရသည့် ရွားသားသုံးယောက်သည် ဧပြီလဆန်ပိုင်းမှ ဖမ်းဆီးချုပ်နှောင် ခံရသော်လည်း ပြည်သူစစ် တောင်းထားသောငွေ ( ၄၀၀၀၀၀) ကိုမပေးနိုင်သဖြင့် ယခုချိန်ထိ၎င်းတို့ ၏ဖမ်းဆီးချုပ်နှောင်းခြင်း ကိုခံနေရဆဲဖြစ်သည်။

လက်ဖက်ကို အဓိက စိးပွားရေးအဖြစ် လုပ်ကိုင်စားသောက်နေသည့် ဒေသခံ မိဘပြည်သူများသည် ယခင်ကလည်း မတရားဖမ်းဆီမှုကို ခံနေရပြိး ငွေအမြောက်များ ကုန်ခံနေရသည်။ အလားတူ ယခုနှစ်တွင်လည်း မိုးနည်းသောကြောင့် လက်ဖက်ထွက်နုန်း လျော့ကျသဖြင့် မိသားစု စီးပွားရေးပြသာနာ ရင်ဆိုင်နေရသည့်ကြားတွင် အခုလို သံသယအဖြစ် ဖမ်းဆီး ချူပ်နှောင်နေရသည်ကို ၄င်းမိသားစုတို့ ၏ အနာဂါတ် စီးပွားရေးနှင့် စားဝတ်နေရေး အလွန်ပင် စိုးရိမ်နေရကြောင်းဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
တအာင်းကျောင်းနှင့်လူငယ်များအစည်းအရုံး
ဆက်သွယ်ရန်။ ။ph:၀၈၀၁၁၈၄၄၇၉
၀၈၂၈၈၇၈၄၄၃

Monday, May 17, 2010

ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသောအဖွဲ့ အစည်းများအကြား ထိရောက်စွာပူးပေါင်းဆာင်ရွက်နိုင်သွားရန် ညိုနှိုင်းစည်းဝေး။



ယနေ့ (၁၆-၀၅-၂၀၁၀)နေ့ တွင် ဂျပန်နိုင်ငံတိုကျိုမြို့ ရှိ ညီညွတ်သော တိုင်းရင်းသားများအဖွဲ့ အစည်း(AUN-Japan)ရုံးခန်းတွင် ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေးကို ဆောင်ရွက်နေသောအဖွဲ့ အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရန် အထူးအစည်းအဝေး တစ်ခုကို ကျင်းပခဲ့ရာ အောက်ပါ အခမ်းအနား(၂)ခုကို အားလုံးလက်တွဲ ကျင်းပသွားရန် သဘောတူ ဆုံးဖြတ်ခဲ့ပါသည်။

(၁) (၇)နှစ်မြောက် ဒီပဲယင်းနှစ်ပတ်လည်အခမ်းအနား။
(၂)၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဂျပန်ရောက်မြန်မာနိုင်ငံသားများ၏ ဆန္ဒဖော်ထုတ်ပွဲ။

(၁) (၇)နှစ်မြောက် ဒီပဲယင်းနှစ်ပတ်လည် အခမ်းအနားကို လာမည့်(၃၀-၀၅-၂၀၁၀)နေ့ တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိ နအဖ အခွန်ရုံးရှေ့ တွင် ညနေ(၃)နာရီမှ (၅)နာရီ အထိအဖွဲ့ အစည်းအားလုံးပူးပေါင်း ဆောင်ရွက်ကျင်းပသွားရန် သဘောတူညီခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်လွတ်မြောက်နယ်မြေ(ဂျပန်ဌာနခွဲ) NLD-LA-JAPAN မှအခမ်းအနားမှူးတာဝန်ကို တာဝန်ယူရန်အများ သဘောတူ ဆုံးဖြတ်ခဲ့သည်။

(၂) ၂၀၁၀ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ ဂျပန်ရောက် မြန်မာနိုင်ငံသားများ၏ ဆန္ဒဖော်ထုတ်ပွဲ အဆိုပါ အခမ်းအနားကို BURMA PARTNERSHIP ၏ GLOBAL CAMPAIGN အနေဖြင့် ဂျပန်နိုင်ငံရှိ မြန်မာ့နိုင်ငံရေးအဖွဲ့ အစည်းအားလုံး ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ၊ ယခင်ကတည်းက ဂျပန်နိုင်ငံတွင် ပြုလုပ်သွားရန် ဂျပန်နိုင်ငံရှိ နိုင်ငံရေး အဖွဲ့ အစည်းများက စီစဉ်နေခဲ့သော အစီအစဉ်ဖြစ်သည်။ အခမ်းအနားကို
အိခဲဘုခုရို ရှိ ခင်းခိုးပလာဇာ(7-F)တွင် လာမည့်(၁၃-၀၆-၂၀၁၀)နေ့ ၌ မွန်းလွဲ (၁) နာရီမှ (၅)နာရီအထိ ပြုလုပ်မည်ဖြစ်ပြီး အခမ်းအနားမှူးတာဝန်ကို မြန်မာ့ဒီမိုကရေစီရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ(JAC) မှတာဝန်ယူရန် အများသဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

သတင်းမှတ်တမ်း။ ကိုဘုန်းလှိုင်
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum(CNC-Japan)

Sunday, May 16, 2010

သမ္မတအိုဘားမား စစ်အစိုးရအပေါ် ဒဏ်ခတ်မှု သက်တမ်းတိုး။


မြန်မာစစ်အစိုးရအပေါ် စီးပွားရေးဒဏ်ခတ်ထားတာကို နောက်ထပ် တနှစ်သက်တမ်းတိုးဖို့ သမ္မတအိုဘားမား (Barack Obama) လက်မှတ် ရေးထိုးလိုက်တဲ့အကြောင်း မေလ ၁၄ရက်နေ့စွဲနဲ့ အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာစစ်အစိုးရရဲ့လုပ်ရပ်တွေ၊ မူဝါဒတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသား လုံခြုံရေးကို ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘဲ ထူးထူးကဲကဲ ဆက်လက်အန္တရာယ်ပြု ခြိမ်းခြောက်နေတာကြောင့် ၁၉၉၇ ခုနှစ် မေလ ၂၀ရက်နေ့ က အမေရိကန်ပြည်ထောင်စု အမျိုးသား အရေးပေါ်ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်ကို ၂၀၀၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က သမ္မတရဲ့ အုပ်ချုပ်မှုအာဏာအရ အမိန့်ပြန်တမ်းအမှတ် ၁၃၃၁၀၊ ၂၀၀၇ ခုနှစ် အောက်တိုဘာ လ ၁၈ ရက်နေ့က အမိန့်ပြန်တမ်းအမှတ် ၁၃၄၄၈၊ ၂၀၀၈ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က အမိန့်ပြန်တမ်းအမှတ် ၁၃၄၆၄ တို့နဲ့ အသီးသီး ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီနှစ် ၂၀၁၀ ပြည့်နှစ် မေလ ၂၀ ရက်နေ့ကစပြီး ဆက်လက်အကျိုးသက် ရောက်မှုရှိအောင် နောက်ထပ် တနှစ် သက်တမ်းတိုးဖို့ သမ္မတအိုဘားမား ကိုယ်တိုင် ၂၀၁၀ပြည့်နှစ် မေလ ၁၃ ရက်နေ့ နေ့စွဲနဲ့ လက်မှတ်ထိုး လိုက်တဲ့အကြောင်း အိမ်ဖြူတော်က သောကြာနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာစစ်အစိုးရက ဒီမိုကရေစီရေး အတိုက်အခံတွေကို အကြီးအကျယ်ဖိနှိပ်၊ နှိပ်ကွပ်နေတာကြောင့် ၁၉၉၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့နောက်ပိုင်း အမေရိကန်ပြည်ထောင်စုက ရင်းနှီးမြုပ်နှံမှု အသစ်တွေမလုပ်ဖို့ တားမြစ် ပိတ်ပင်တဲ့ ဥပဒေကို ကွန်ဂရက်လွှတ်တော်က အတည်ပြုခဲ့ပြီး ၁၉၉၇ ခုနှစ် မေလ ၂၀ ရက်နေ့ က သမ္မတအမိန့်ပြန်တမ်းနဲ့ ပြဌာန်းခဲ့ ပါတယ်။ အမေရိကန်သမ္မတရဲ့ နိုင်ငံတကာ စီးပွားရေးရာ အရေးပေါ် လုပ်ပိုင်ခွင့် အာဏာအရ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်တွေနဲ့ မူဝါဒတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် အန္တရာယ်ပြု ခြိမ်းခြောက် နေတာကြောင့် ဒီအမိန့်ထုတ်ပြန် လိုက်တာဖြစ်ပါတယ်။

PNS-Japan
သတင်းမှတ်တမ်း။ VOA,News ( by ဒေါ်ခင်စိုးဝင်း)

Saturday, May 15, 2010

ပါတီသစ် ဖွဲ့သူများကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန် ။


ဧရာဝတီ Friday, May 14, 2010 .

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်ဟောင်း တချို့ ပါတီသစ် ခွဲထောင်ခြင်းသည် ဒီမိုကရေစီ နည်းကျ လုပ်ထုံး လုပ်နည်းကို ဆန့်ကျင်ခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဝေဖန် ကြောင်း သိရသည်။

ယနေ့ မွန်းလွဲပိုင်းက ရှေ့နေ ဦးဉာဏ်ဝင်းနှင့် နှစ်နာရီကြာ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်း စုကြည်က ထိုသို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။

“ဒေါ်စုက NLD အနေနဲ့ အများသဘောတူ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်ကို သဘောမတူတဲ့ အနည်းက ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်တာက ဒီမိုကရေစီ ကျင့်စဉ်နဲ့ မကိုက်ညီဘူးလို့ ပြောပါတယ်”ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

ပါတီ ဆက်လက် မှတ်ပုံမတင်ဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်သည့် အစီအစဉ်ကို သဘောမတူသည့် NLD ခေါင်းဆောင် တချို့က အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)အမည်ဖြင့် NLD ၏ နောက်ဆုံးနေ့ဖြစ်သည့် မေလ ၆ ရက်နေ့မှာပင် ပါတီ သစ်တခု ဖွဲ့စည်းခဲ့ကြသည်။

NDF ကို ဒေါက်တာသန်းငြိမ်းက ဦးဆောင်ဖွယ်ရှိပြီး ယခုလလယ်ပိုင်းတွင် ရွေးကောက်ပွဲကော်မရှင်ထံ ပါတီ မှတ်ပုံတင်မည်ဟု ခန့်မှန်းရသည်။ NDF တွင် ဒေါက်တာဝင်းနိုင်၊ ဦးသိန်းညွန့်၊ ဦးစိန်လှဦးနှင့် တခြား အဖွဲ့ဝင်ဟောင်းများ ပါဝင်သည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေ အရ ပျက်ပြယ်သွားပြီးဖြစ်သော NLD ပါတီ၏ လုပ်ငန်းစဉ်နှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း သိရသည်။

“လောလောဆယ်မှာ ဗဟို အဖွဲ့ချုပ်ရုံးမှာ နိုင်ငံခြားသား ဧည့်သည်တွေ လက်ခံတွေ့ဆုံတာမျိုး၊ နိုင်ငံရေး အစည်းအဝေး လုပ်တာမျိုးတွေ မလုပ်ပါနဲ့လို့ ဒေါ်စုက မှာလိုက်ပါတယ်”ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သည်။

PNS-Japan
သတင်းမှတ်တမ်း။ မူရင်း irrawaddy.org,News

Friday, May 14, 2010

အင်းလေးကန် ရေခန်းခြောက် ။


ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်စားရာ နေရာတခုဖြစ်သော ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့ရှိ အင်းလေးကန်တွင် ရေခန်းခြောက်နေသည်ကို ကြာသာပတေးနေ့ မေလ ၁၃ ရက်၊ ၂၀၁၀ ခုနှစ်တွင် တွေ့ရစဉ်။ အပူချိန် လွန်ကဲမှုကြောင့် မကြုံစဖူးထူးကဲလှစွာ ရေခန်းခြောက်မှုနှင့် သောက်သုံးရေရှားပါးမှုကို အနည်းဆုံး အခြားသော ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့တွင်လည်း ရင်ဆိုင်နေရသည်။

PNS-Japan
မူရင်း သတင်းဓါတ်ပုံ - မဇ္ဈိမ။

ရာသီဥတုဖောက်ပြန် အင်းလေးကန်ကြီးမကြုံစဖူး သိသိသာသာခန်းခြောက် ။

Thursday, 13 May 2010 18:08 မွေခေါဝ် .

နိုင်ငံခြားသား အမြောက်အများ လာရောက် လည်ပတ်သည့် သျှမ်းပြည် တောင်ပိုင်းရှိ အင်းလေးကန်ကြီးသည် ရာသီဥတု ပူပြင်း/မိုးရွာသွန်းခြင်း မရှိသဖြင့် ယခုနှစ်အတွင်း ရေများ သိသိသာသာ ကျဆင်း လာကြောင်း စုံစမ်းသိရှိရသည်။

photo: Taunggyi Family






“လွန်ခဲ့တဲ့နှစ်နဲ့ အခုနှစ်အတွင်း ရေသိသိသာသာ ကျဆင်းလာလို့ စက်လှေတွေ မောင်းဖို့ ခက်ခဲလာတယ်”ဟုဒေသခံ တစ်ဦးက ပြောကြားပါသည်။

ဖောင်တော်ဦး ဘုရားသွားရေကြောင်း လမ်းတစ်လျှောက်တွင်လည်း ရေများ ခန်းခြောက်လျက်ရှိသည်ဟု စက်လှေမောင်း တစ်ဦးက ပြောကြားပါသည်။

အင်းလေး ဖောင်တော်ဦး ဘုရားဝန်းကျင်တွင် စံချိန်တင် လောက်အောင် ထူးထူးခြားခြား ရေခန်းခြောက်လျက်ရှိကြောင်း လည်း စုံစမ်းသိရှိရသည်။

“ဖောင်တော်ဦး ဘုရားအနီး ၀န်းကျင်မှာ ရေခန်းခြောက်ပြီး ကုန်းမြေပေါ်လာတာကြောင့် စက်လှေပေါ် ကဆင်းပြီးဘုရား ရင်ပြင်တော်ပေါ် ပေ ၂၀-၃၀ လောက် လမ်းလျှောက်ရတယ်။ အရင်နှစ်တွေကဆိုရင် ဘုရားရင်ပြင်အထိ စက်လှေဆိုက် နိုင်တယ်” ဟု ထိုစက်လှေသမားက ပြောပြပါသည်။

အလားတူပင် သျှမ်းပြည်တောင်ပိုင်း အချို့နေရာများတွင်လည်း ရေမလုံလောက်သည့် အခက်အခဲများကြုံတွေ့နေ ရသည်။ မြို့ရွာများရှိ မြစ်ချောင်း တွင်းကန်များ ရေခန်းခြောက်ကြောင်း သိရှိရသည်။

“လွန်ခဲ့တဲ့နှစ်ကစပြီး ရေရှားလာတဲ့အတွက်ကြောင့် ရေဖိုးလဲ အတော့ကို မြင့်တက်လာတယ် - ဟုတောင်ကြီး မြို့နေ ဒေသခံတစ်ဦးက ပြောပါသည်။

အချို့ဒေသများတွင် မိုးရာသီ ရောက်ခါနီးသော်လည်း မိုးရိပ်မိုးယောင် မတွေ့ရကြောင်း၊ ရေတွင်းထဲက ရေသာမက မြစ်ချောင်းထဲက ရေလည်း ခန်းခြောက်ကြောင်း လွိုင်လင်မြို့ခံသားတစ်ဦးက ပြောပါသည်။

သျှမ်းပြည် တောင်ပိုင်းရှိ ကျေးလက်ဒေသ လူထုသည် ရေရှားပါးမှုကြောင့် လွန်ခဲ့သော နှစ်မှစ၍ စပါး၊ မြေပဲ၊ပဲပုတ်၊ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူစသည့် အဓိက ကောက်ပဲသီးနှံ စိုက်ပျိုးဖြစ်ထွန်းခြင်း မရှိချေ။




photo:Taunggyi Family



နအဖသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်မှုကို လျစ်လျှူရှုပြီး သျှမ်းပြည်ရှိ သံယံဇာတ အမြောက်အများ ထုတ်ယူ သုံးစွဲ နေသောကြောင့် ဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ စိုင်းခေးဆိုင် က ဤကဲ့သို့ဆက်ပြောပြပါသည်။

“သျှမ်းပြည် တောင်ပိုင်းမှာ ဒီလို ပြဿနာတွေ ကြုံတွေ့နေရတာက ရေအားလျှပ်စစ် စီမံကိန်းနဲ့ သစ်တောတွေ ခုတ်လှဲတာ ကြောင့်ဖြစ်တယ်။ အခုဆိုရင် သစ်တောတွေ ပြုန်းတီးလုနီးနေပြီ”

အခြားသော နိုင်ငံများနှင့်ယှဉ်လျှင် မြန်မာနိုင်ငံတွင် စက်ရုံကြီးများ အနည်းငယ် သာရှိသော်လည်း နအဖက သစ်များကိုခုတ် ၍ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချပြီး ကိုယ်ကျိုး စီးပွါးအတွက် သုံးစွဲလွန်းသော ကြောင့်ဖြစ်သည်ဟု သူက ဆက်ပြော၏။

“သစ်တောတွေခုတ်တာ ၂-နှစ် ၃-နှစ် မကတော့ဘူး။ ဆယ်စုနှစ်လောက်ရှိပြီ။ နအဖက ဒီလိုသာဆက်ပြီး ခုတ်နေမည် ဆိုရင် မြန်မာတနိုင်ငံလုံး သစ်တောတွေ ပြုန်းတီး ရာသီဥတု ဖောက်ပြန်ပြီး မိုးခေါင် ရေရှားတဲ့ ပြဿနာ ပိုကြုံရဖွယ်ရှိတယ်”

သျှမ်းပြည်တွင် စီးပွါးရေးအတွက် သစ်တောများ ခုတ်ထွင်မှုသည် အဓိကပြဿနာ ဖြစ်ကြောင်း သျှမ်းသဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအဖွဲ့ စိုင်းခေးဆိုင်က ဆက်၍ပြောပါသည်။

PNS-Japan
သတင်းမှတ်တမ်း ။ မူရင်း( သျှမ်းသံတော်ဆင့်)

Thursday, May 13, 2010

အစိုးရက အကြမ်းဖက်ခွင့် ရနေသော မြန်မာနိုင်ငံ ။

ဧရာဝတီ Wednesday, May 12, 2010 .

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တရားဝင် နိုင်ငံရေးပါတီ အဖြစ်မှ ရပ်ဆိုင်း လိုက်ရခြင်းသည် ပါတီက ၂၂ နှစ်ကြာ ရုန်းကန် လျှောက်လှမ်း ခဲ့ရသော ဒီမိုကရေစီ ဖော်ဆောင်ရေး အကြမ်းမဖက် လှုပ်ရှားမှု အဆုံးသတ် ဖြစ်သည် ဟုလည်း ဆိုနိုင်သည်။

တဘက်က ကြည့်ပြန်လျှင်လည်း အစိုးရကိုယ်တိုင် အကြမ်းဖက်မှုများကို ဆောင်ရွက်နေခြင်းသည် ဒီမိုကရေစီရေး အတွက် အကြမ်းမဖက် အနုနည်းဖြင့် ဆောင်ရွက်နေမှုအပေါ် အောင်ပွဲခံလိုက်ခြင်းဟု ဆိုရပေတော့မည်။

အကြမ်းဖက်ခြင်း လမ်းစဉ်က အကြမ်းမဖက်ခြင်း လမ်းစဉ်အပေါ် အနိုင်ရလိုက်ခြင်းသည် မြန်မာပြည်သူတို့ အတွက် ဆုံးရှုံးခြင်းတခု ဖြစ်သလို အကြမ်းဖက်ခြင်းကို လုံးဝ သည်းခံလိမ့်မည် မဟုတ်ဟု ဆိုနေသော ယနေ့ ကမ္ဘာပေါ်ရှိ လူ့အဖွဲ့အစည်း အတွက်လည်း စိန်ခေါ်ချက် တရပ်ပင် ဖြစ်တော့သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ အတွင်း ယဉ်ကျေးသော လူ့အဖွဲ့အစည်းက ရာဇဝတ်မှုဟု သတ်မှတ်ထား ချက်များ အားလုံးကို မြန်မာ စစ်အစိုးရက ချိုးဖောက်ခဲ့သည်။ တရားလက်လွတ် သတ်ဖြတ်ခြင်း၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ စစ်တပ်စခန်းများ ရဲစခန်းများတွင် ညှဉ်းပန်း နှိပ်စက်ခြင်း၊ လူများကို မိုင်းရှင်း ကိရိယာ အဖြစ် အသုံးပြုခြင်း၊ နိုင်ငံသားတို့၏ လူနေမှု ဘဝများကို ဖျက်ဆီးခြင်း၊ တိုင်းရင်းသား နယ်မြေ ဒေသများအတွင်း ကျေးရွာများ နေရာ ပြောင်းရွှေ့ပစ်ခြင်း၊ တိုင်းရင်းသူများအား အဓမ္မကျင့်ကြံမှုကို လက်နက်သဖွယ် အသုံးချခြင်း စသဖြင့် အမျိုး စုံလှသော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက အထက်ပါ ဖြစ်ရပ်များကို တိတိကျကျ အထောက် အထားများဖြင့် မှတ်တမ်း တင်နိုင်ခဲ့သည်။ သို့သော်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ကိုယ်ပိုင် တရားစီရင်ရေးစနစ်ကို ကျင့်သုံးလျက်ရှိသည့် စစ်အစိုးရက ၎င်းတို့သည် တည်ဆဲ ဥပဒေများအရ ဆောင်ရွက်နေပါသည်ဟု ဆိုလေသည်။

အကြမ်းမဖက် ဆောင်ရွက်နေသည့် နိုင်ငံရေး လှုပ်ရှားသူများ အပါအဝင် ပြည်သူများအပေါ် စစ်အစိုးရ ကိုယ်တိုင် ကျူးလွန်နေသော အကြမ်းဖက်မှုများကို နိုင်ငံတကာ လူ့ အဖွဲ့အစည်းက တားဆီး ဟန့်တားရန် ပျက်ကွက်ခဲ့သည်ကိုလည်း တွေ့ရသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ အတွင်း တုန်လှုပ်ဖွယ် အစုလိုက်အပြုံလိုက် လူသတ်မှုကြီး ၃ ခု ဖြစ်ပွားခဲ့သည်။ ပထမဆုံးသော အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီးသည် ၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည်။ ဒီမိုကရေစီရေး အတွက် တောင်းဆို ဆန္ဒပြခဲ့သူများအား အစိုးရက ရက်ရက် စက်စက် ချေမှုန်းခဲ့သည်။ ဆန္ဒပြသူများ အနက် လူပေါင်း ၃ဝဝဝ ခန့် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

ရန်ကုန်ရှိ နိုင်ငံခြား သံရုံးများ ကိုယ်တိုင် ထိုသတ်ဖြတ်မှုများကို မြင်တွေ့ခဲ့ကြသည်။ ထိုအထဲမှ ပစ်ခတ် သတ်ဖြတ်မှု တခုသည် အမေရိကန်သံရုံး ရှေ့တည့်တည့်တွင် ဖြစ်ပွားခဲ့သည်။

ဒုတိယအကြိမ် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီးက အထက်မြန်မာပြည်တွင် ၂ဝဝ၃ ခုနှစ်က ဖြစ်ပွားခဲ့သည်။ နယ်သို့ စည်းရုံးရေးခရီးစဉ် ထွက်နေသော ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းကို ချုံခို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ဒီပဲယင်း လူသတ်မှုကြီးဟု လူသိများသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အသက်ဘေးမှ သီသီလေး လွတ်ခဲ့သည်။ ထို တိုက်ခိုက်မှုအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး အသင်းမှ အသင်းဝင်များ၊ စွမ်းအားရှင်အုပ်စုမှ အဖွဲ့ဝင်များကို အသုံးပြုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းတွင် အတူ လိုက်ပါလာသော သူ့အား ထောက်ခံသူများ အနက် အနည်းဆုံး ၁ဝဝ ခန့် သတ်ဖြတ်ခံခဲ့ရသည်။

တတိယအကြိမ် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီးမှာ သံဃာများ ဦးဆောင်ခဲ့သည့် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားကြီးကို နှိမ်နင်းရာမှ ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူ လေးငါးဆယ်ထက် မနည်း သတ်ဖြတ်ခံခဲ့ရ၍ ရာပေါင်း များစွာ ဖမ်းဆီး ထောင်ချခံခဲ့ရသည်။

မြန်မာပြည်၌ ဖြစ်ပွားခဲ့သော ရွှေဝါရောင် လှုပ်ရှားမှုကြီးသည် ငြိမ်းချမ်းသော၊ လုံးဝ အကြမ်း မဖက်သော လှုပ်ရှားမှုကြီး ဖြစ်သည်။ ထိုင်းနိုင်ငံ အပါအဝင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများ၌ ဖြစ်ပွားလေ့ ရှိသော လူထု ဆန္ဒပြပွဲများကဲ့သို့ အကြမ်းဖက်မှုများဖြင့် ရောထွေးနေသော လှုပ်ရှားမှုမျိုး မဟုတ်ပေ။

မြန်မာ စစ်အစိုးရ၏ အဆိုပါ ရာဇဝတ်ပြစ်မှုများ အတွက် နိုင်ငံအတွင်းမှ ဖြစ်စေ နိုင်ငံတကာက ဖြစ်စေ ထိုကျူးလွန်ဖောက်ဖျက်ခဲ့သူများကို တရား ဥပဒေအတိုင်း အရေးယူ အပြစ်ပေးနိုင်ခြင်း မရှိခဲ့။

နိုင်ငံတကာ မိသားစုက မြန်မာ စစ်အစိုးရ၏ အကြမ်းဖက်မှုများကို တုံ့ပြန်မှုသည် လွန်စွာမှ နိုင်ငံရေး ဆန်လှသည်။ စစ်အစိုးရ အကြီးတန်း ခေါင်းဆောင်များကို အနောက်နိုင်ငံများက ဗီဇာ ပိတ်ခြင်း၊ လက်နက် ရောင်းချမှု ပိတ်ပင်ခြင်း၊ စီးပွားရေး ပိတ်ဆို့ခြင်း စသည့် တုံ့ပြန်မှုများလောက်သာ ဆောင်ရွက်နိုင်ခဲ့သည်။ ထိုပိတ်ဆို့ခြင်းများသည် လက်တွေ့တွင် အလုပ်ဖြစ်ခြင်း မရှိသည်ကိုလည်း တွေ့ရသည်။

တရားလက်လွတ် သတ်ဖြတ်ခြင်း၊ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်ခြင်းများကို ကျူးလွန်ခဲ့မှုများ အတွက် မည်သည့် နိုင်ငံတကာ ခုံရုံးတွင်မှ ကျူးလွန်သူများကို အရေးယူရန် စီစဉ် ဆောင်ရွက်နိုင်ခဲ့ခြင်းလည်း မရှိခဲ့ပေ။

အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန်သည် ၎င်းတို့ ပျက်ကွက်ခဲ့မှုများကို ဖုံးကွယ်ရေး အတွက် ပိတ်ဆို့မှု နည်းနာကို ဆက်လက် ကျင့်သုံးကာ မြန်မာ စစ်အစိုးရနှင့် ဆက်သွယ် ဆောင်ရွက်မည့် နည်းလမ်းများကို ရှာဖွေနေသည်။ အနောက်နိုင်ငံများ၏ နည်းဗျူဟာသစ်ကို မြန်မာ စစ်ဗိုလ်ချုပ်များက ရှိသည် ဟူ၍ပင် မသတ်မှတ်ပါ။ ဂရုမစိုက်ပါ။

ဤအတောအတွင်း အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ်ကမ်းဘဲလ် ဦးဆောင်သော အဖွဲ့သည် နေပြည်တော်တွင် စစ်အစိုးရနှင့် တွေ့ဆုံကာ နည်းဗျူဟာ အသစ်နှင့် ပတ်သက်၍ ဆွေးနွေးနေသည်။

လက်ရှိ အနေအထားတွင် နိုင်ငံရေးအရ တိုးတက်မှုဟု ဗိုလ်ချုပ်များ ပြောဆိုနိုင်သည့်အရာမှာ မတရားသော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကြောင့် NLD နိတ္ထိတံပြီ ဟူသော အကြောင်း တခုသာ ရှိလေသည်။

ထို့အပြင် ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်နေသော မြန်မာပြည် အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ဒီမိုကရေစီ ပြန်လည် ထွန်းကားရေးဆိုသည့် လုပ်ငန်းစဉ်သည် အမြင် မတော်လောက်အောင်ပင် ချိနဲ့နေဆဲ ဖြစ်သည်။

မြန်မာပြည်တွင် အကြမ်းမဖက် လှုပ်ရှားမှု ဘာကြောင့် မအောင်မြင်ရသနည်း ဆိုသည်ကို ပြန်လည် သုံးသပ်သင့်သည်။ အမေရိကန် အပါအဝင် နိုင်ငံတကာ မိသားစုသည် မြန်မာပြည်နှင့် ပတ်သက်သော ၎င်းတို့၏ ပေါ်လစီများကို ပြန်လည် သုံးသပ်သင့်သည်။ တချိန်တည်းတွင်လည်း ရာဇဝတ်မှုများ ချိုးဖောက်ခဲ့ ချိုးဖောက်ဆဲ ဖြစ်သော စစ်အစိုးရကို နိုင်ငံတကာ စံသတ်မှတ်ထားသည့် တရား ဥပဒေဘောင် အတွင်းမှ မည်သို့ မည်ပုံ အရေးယူမည် ဆိုသည်ကို လေးလေး နက်နက် စဉ်းစားသင့်ပေသည်။

State Violence is Allowed to Win in Burma ကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြသည်။

သတင်းမူရင်း။ ဧရာဝတီ(အယ်ဒီတာ့ အာဘော်)

Wednesday, May 12, 2010

ဝ နယ်ထဲတိုက်ပွဲဖြစ်လျှင် ယူနန်နယ်မှ စစ်သည် ၃ သိန်းကူညီမည်ဟုသတင်းပျံ့။

Tuesday, 11 May 2010 21:02 သျှမ်းသံတော်ဆင့် .

ကိုးကန့် အရေးအခင်းမှ ရသည့်သင်္ခဏ်းစာကြောင့် ၀ နယ်အတွင်းသို့ နအဖ ကျူးကျော် ရန်စလာပါက ယူနန်နယ် တရုတ်စစ်သည်များ ဘီကင်းအမိန့် မစောင့်ဆိုင်းဘဲ အင်အား ၃ သိန်း ချက်ချင်းပို့မည် ဆိုသည့်သတင်း ၀ လူထုကြား ပျံ့နှံ့လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

“နယ်စပ် တရုတ် အာဏာပိုင်တွေနဲ့ ၀င်ဆန့်တဲ့အသိုင်းအ၀ိုင်း ကတဆင့် ၀ လူထုကြား သတင်းပျံ့ နေတာကဗမာ တပ်တွေ ၀ နယ်ထဲ ကျူးကျော်တိုက်ခိုက်ခဲ့ရင် ကိုးကန့်လို အဖြစ်မခံတော့ဘဲ ချက်ခြင်း စစ်ကူပေးမယ်တဲ့” ပန်ဆန်းမြီု့ခံတဦးက ပြောပါသည်။

ဧပြီ ၂၈ ရက် အသွင်ပြောင်းရေး အစီအစဉ် တနှစ်ပြည့်သည့်နေ့ နောက်ပိုင်း နယ်ခြားစောင့်တပ်၊ ဌာနေ ပြည်သူ့စစ် တပ်ဖွဲ့ အဖြစ်သို့ အသွင်ပြောင်းခြင်း မရှိလျှင် ဥပဒေပြင်ပ အသင်းအဖြစ် အပစ်ရပ်တပ်ဖွဲ့များ ကြေငြာ ခံရမည်ဟု စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်က သတိ ပေးထားခဲ့၏။ လက်တွေ့ တရားဝင်ထုတ်ပြန်ကြေငြာ ခြင်းမရှိသော်လည်း အမှန်တကယ် အကောင်အထည်ဖေါ်ပါက ၀ ပြည်သွေးစည်းရေး တပ်မတော်အနေဖြင့် ခုခံတိုက်ခိုက်ရန် အဆင်သင့် ပြင်ဆင်ထားကြောင်း- ၀ အရာ ရှိအသိုင်းအ၀ိုင်းမှ ကြားသိရပါသည်။

“ကျနော်တို့  ကြားရတာက ယူနန်ပြည်နယ်က တရုတ်ပြည် လုံခြုံရေးတပ်ဖွဲ့တွေပေါ့၊ တကယ်လို့ ၀ ကို နအဖကကျူးကျော် တိုက်ခိုက်လာရင် ဘီကင်းအမိန့် မစောင့်တော့ဘဲ လက်နက်နဲ့အတူ စစ်အင်အား သုံးသိန်း ချက်ချင်းပို့လာပေး မယ်ဆိုပဲ။ ကိုးကန့်တုန်းက နအဖ ကျူးကျော်တဲ့ လုပ်ရပ်ကို သူတို့လုံးဝမကျေနပ်ဘူး၊ အဲဒီလိုမျိုးလဲအဖြစ်မခံတော့ဘူး ဆိုပဲ”- ပန်ဆန်းရောက် ဗမာအမျိုးသား တဦးကပြောပါသည်။

သို့သော် တရုတ်တပ်မှ စစ်အင်အားသုံးသိန်း ချက်ချင်း စစ်ကူပေးမည်ဆိုသည့် ကိစ္စမှာ မဖြစ်နိုင်ကြောင်း၊ ချန်းယွန် ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ ၀ လူထုအနေဖြင့် စားနပ်ရိက္ခာနှင့် လူအင်အားအချို့ ကူညီမည်ဆိုလျှင် ဖြစ်နိုင် သေးကြောင်း - အဆိုပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်သို့ ဆက်ပြောပြပါသည်။

သီးခြား အတည်မြုပနိုင်သေးသည့် သတင်းအရ ချန်းယွန် ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ ကွန်မြူနစ်စစ်မှုထမ်း ဟောင်း အယောက် ၆၀၀ ခန့် ၀ တပ်ဖွဲ့သို့ ပြန်လည် အမှုထမ်းနေကြောင်း၊ လိုအပ်သည့် ဌာနများ၌ အကြံပေးနေကြကြောင်း လည်း ကြားသိရပါသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်း စာရင်းပေးပို့ရန် ၀ တပ်ဖွဲ့ထံ ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့က လားရှိုး တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်က စာရေးအကြောင်းကြားခဲ့သည်ဟုဆို၏။ ၀ တပ်ဖွဲ့ကလည်း ပထမအကြိမ် တောင်း ဆိုချက် ၉ ချက်၊ ထို့ထက်လျော့ပေါ့ပြီး ဒုတိယအကြိမ် ထပ်မံတောင်းသည့် ၈ ချက်မှ တပါးအခြားနည်းလမ်း မရှိတော့ကြောင်း၊ UWSA လားရှိုးရုံးတာဝန်ခံမှတဆင့် ချက်ချင်း ပြန်စာပေးပို့လိုက်သည်ဟု ဆို၏။

ထို့အတူ ၂၈ ရက်နေ့အထိ အသွင်ပြောင်း မည့်စာရင်းပေးပို့ ခြင်းမရှိက ဥပဒေပြင်ပ/တရားမ၀င်အသင်း အဖွဲ့ အဖြစ် ကြေငြာ သွားမည်ဟူသည့် အဆင့်မြင့်ကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီးရဲမြင့် ပြောဆိုသည့် အချက်ကြောင့် နအဖအပေါ် ယုံကြည်မှု မရှိတော့ကြောင်း၊ နောက်ပိုင်း နအဖ ထိန်းချုပ်နယ်မြေအတွင်း ကိုယ်စားလှယ် လွတ်ဆွေးနွေးမည့် အစီအစဉ် လည်းရှိမည် မဟုတ်ကြောင်း ၀ အရာရှိတဦးက ဤကဲ့သို့ ပြောပြပါသည်။

“ပြင်သင့် ပြင်ထိုက်တဲ့ ပြင်ဆင်မှုတွေကတော့ ကျနော်တို့ ဆက်လုပ်နေမှာဘဲ၊ နအဖ နယ်မြေထဲ ကိုယ်စားလှယ် လွတ်ပြီး ဆွေးနွေးတာတို့ ဘာတို့တော့ ရှိတော့မှာမဟုတ်ဘူး၊ ဆွေးနွေးချင်ရင်တော့ ကျနော်တို့ နယ်မြေထဲသူတို့ ကိုယ်စားလှယ် လာရမယ်၊ ကျနော်တို့တော့ သူတို့ကိုမယုံလို့ သွားမှာမဟုတ်တော့ဘူး”- ဟု ဆို၏။

ဧပြီ ၂၃ ရက် နအဖ စစ်တိုင်းမှူးထံပြန်စာပေးပို့ပြီး နောက်ပိုင်း ယနေ့တိုင် နအဖ နှင့် ၀ တပ်ဖွဲ့ ထပ်မံ တွေ့ဆုံ ဆွေးနွေးခြင်းလည်း တကြိမ်တခါမျှ မရှိသေးပေ။

PNS-Japan
သတင်းမှတ်တမ်း ။မူရင်း (သျှမ်းသံတော်ဆင့်)

Tuesday, May 11, 2010

Kurt Campbell ရဲ့ မြန်မာပြည် ဒုတိယ ခရီးစဉ် ။


VOA News(ဗီဒီယိုမှတ်တမ်း)

မိုးသည်းထန်ခြင်းနှင့် လေပြင်းစွာတိုက်ခတ် ။

၇-မေလ-၂၀၁၀ခုနှစ် သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ နယ် ရှိ နောင်စန်.ရပ် ကွက်၊ဟိုကတ်ရပ်ကွက် နှင့် ဆာလုရွာ ၊ မန်ခမ်းရွာ ၊ ဖာလင်ရွာနှင့် လွယ်အင်ကျေးရွာ စသည့်နေရာများတွင် အနောက်ရပ်မှ မိုးပြင်း၊ လေပြင်းများ ( ၃ ) နာရီခန့်  ၀င်ရေက်တိုက်ခတ်သွားခဲ့သည်။

၎င်းတိုက်ခတ်မူကြောင့် ပြည်သူများအချို့ ကောက်ပဲသီးနံ နှင့် အိုးအိမ်များ ထိခိုက်ဆုံးရှုံး သွားသည်။ နမ့်ခမ်းမြို့ အတွင်းရှိ ဓါတ်တိုင်များ ပြိုလဲခြင်း ၊ စိုက်ထူထားသော စည်ပင် ဆိုင်းဘုတ်များ ပြိုလဲခြင်း နှင့် လျှပ်စစ် ပြတ်တောက် မူများလည်း ကြုံတွေ့ သည်ဟု သိရသည်။

လေပြင်းမုန်တိုင်း တိုက်ခတ်မူဒဏ်ကို မြို့ ခံတစ်ဦးက “တော်တော်ကိုဆိုးပါတယ်ကွာ စတိုက်ချိန်မှာ ဘယ်လောက် မှမပြင်းဘူး တစ်နာရီ နီးပါးလောက်ကြာမှ တိုက်ခတ်မူက အရှိုန်တစ်ဖြည်းဖြည်းနဲ့  ပြင်းလာတယ် အဲနောက် ပိုင်းအချို့ အိမ်တွေ ဓါတ်တိုင်တွေ အပေါ်ကကျိုးကျလာတဲ့ သစ်ကိုင် ကြီးရိုက်ခတ်မူ ကြောင့် စပြီးပြိုကျ ပျက်စီး တော့တာပဲ”

ထိုတိုက်ခတ်မူကြောင့် ထိခိုက် နစ်နာကြုံတွေ့ နေရသော အိမ်ထောင်စုစုပေါင်း ( ၅၀ ) ခန့် ဖြစ်ပြီး လေပြင်း တိုက်ခတ်နေချိန်ကာလတွင် မိုးသည်းထန်ပြီး မိုးသီးများပါကျလာပြီး ရေကြီးမှုများ ဖြစ်သောကြောင့် စိုက်ထား သည့် အချို့ သီးနှံများနှင့် အချိုးခူးလို့ မပြီးသေးသည့် လက်ဖက်များလည်း ပျက်စီးခြင်းရှိသည် ဟုလည်း သူက ဆက်ပြောသည်။

ယခုလိုလေပြင်းထန်စွာ တိုက်ခတ်ခြင်းနှင့် အလားတူ ပြိးခဲ့သည့်လ တတိယ အပါတ်တွင် မန်တုန်မြို့ နယ် နှင့် မူဆယ်မြို့ နယ် မှာလည်း ကြုံတွေ့ ခဲ့ရပြီး အဆောက်အဦးနှင့် ပြည်သူအချို့ များမှထိခိုက်ဒဏ် ရာရပြီး ဆေးရုံး တက်ရ သူများရှိခဲ့ပါသည်။

၎င်းဒေသခံ ပြည်သူများသည် စီးပွားရေး အဆင်မပြေမူ နှင့်အတူ ယခုလို လေပြင်း တိုက်ခတ်ဒဏ် ကြုံတွေ့ နေရသောကြောင့် ဒေသခံများ အခက်အခဲ ကြုံတွေ့ နေရပါသည်၊၊

သတင်နှင့်းပြန်ကြာရေးဌာန
တအာင်းကျောင်းသားများနှင့်လူငယ်အစည်းအရုံး

ဆက်သွယ်ရန်
၀၈၀ ၁၁၈ ၄၄၇၉၊ ၀၈၂ ၈၈၇၈ ၄၄၃
အပြည့်အစုံသို့ ...Rest of your post

Monday, May 10, 2010

ဒေါ်အောင်ဆန်းစုကြည်နှင့် ကာ့တ်ကမ်းဘဲလ် တွေ့ ။

အမေရိကန် အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး
မစ္စတာ ကာ့တ်ကမ်း ဘဲလ် (ဓာတ်ပုံ - မြတ်မိုးမောင်/ဧရာဝတီ)

ကိုထွေး Monday, May 10, 2010 .

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် အမေရိကန် အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ်ကမ်း ဘဲလ်နှင့် ယနေ့ နေလယ် ၁း၃၀ နာရီတွင် တနာရီကျော်ကြာ တွေ့ဆုံခဲ့သည်။

၎င်းတို့ တွေ့ဆုံသည့် စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် သတင်းယူရန် အာဏာပိုင်များက သတင်းထောက်များကို ဖိတ်ကြားထား သော်လည်း နောက်ပိုင်းတွင် ယင်းဖိတ်ကြားချက်ကို ပြန်လည် ရုတ်သိမ်း ခဲ့ကြောင်း သိရသည်။

မစ္စတာ ကာ့တ်ကမ်း ဘဲလ်သည်၂၀၀၉ ခုနှစ် နိုဝင်ဘာလက မြန်မာနိုင်ငံသို့ လာရောက်စဉ် ကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့သည်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအရ NLD ပါတီ ဆက်လက် တည်ရှိရေး အတွက် ပါတီမှတ်ပုံတင်ရန် စစ်အစိုးရက သတ်မှတ်ထားသည့် ရက်ပိုင်းကို ကျော်လွန်သွားချိန်တွင် ယခု တွေ့ဆုံမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ခရီးစဉ် မတိုင်မီကပင် မစ္စတာ ကမ်းဘဲလ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရမှသာ မြန်မာနိုင်ငံသို့ သွားရောက် မည်ဟု ပြောဆိုခဲ့သည်။ ယနေ့ တွေ့ဆုံမှုနှင့် ပတ်သက်၍ အသေးစိတ် မသိရသေးပေ။

ယနေ့ နံနက်ပိုင်းတွင် မစ္စတာ ကမ်းဘဲလ်သည် အမေရိကန် သံရုံးတာဝန်ခံ၏အိမ်တွင် NLD ဗဟို ကော်မတီ အဖွဲ့ဝင် ၁၀ ဦးနှင့်လည်း တွေ့ဆုံခဲ့သည်။

မစ္စတာ ကမ်းဘဲလ်နှင့် တွေ့ခဲ့သည့် ဦးဝင်းတင်က “အမေရိကန် အစိုးရအနေနဲ့ စစ်အစိုးရ အပေါ် ဖိအားတွေ ထပ်ပေးဖို့၊ အားလုံး ပါဝင်နိုင်ပြီးတော့ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တော့တဲ့ အတွက် ရွေးကောက်ပွဲရလဒ်ကို အသိ အမှတ် မပြုဖို့ ကျနော်တို့က မစ္စတာ ကမ်းဘဲလ်ကို တောင်းဆိုပါတယ်” ဟု ဧရာဝတီကို ပြောပြသည်။

တွေ့ဆုံမှုတွင် ပါဝင်သူ တဦး ဖြစ်သည့် ဦးခင်မောင်ဆွေက “မစ္စတာကမ်းဘဲလ်နဲ့ စကားပြောပြီးတော့ မြန်မာပြည် ဒီမိုကရေစီ ပြောင်းလဲရေး အတွက် အမေရိကန်က အားတက်သရော ရှိနေတယ် ဆိုတာ သတိထားမိတယ်၊ စစ်အစိုးရအပေါ် အမေရိကန်ရဲ့ လွှမ်းမိုးမှုက အကန့်အသတ် ရှိတယ် ဆိုတာရယ်၊ နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ရင် ရွေးကောက်ပွဲဟာ ယုံကြည်မှု ကင်းမဲ့မယ်လို့ မစ္စတာ ကမ်းဘဲလ်က ပြောတယ်” ဟု ဆိုသည်။

မစ္စတာ ကမ်းဘဲလ်သည် ရခိုင်တိုင်းရင်းသား ခေါင်းဆောင် ဦးအေးသာအောင်၊ ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့) ကိုယ်စားလှယ်များ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ ခေါင်းဆောင်များတို့နှင့်လည်း တွေ့ဆုံခဲ့သည်။

မကြာသေးမီက ဖွဲ့စည်းခဲ့ကြသည့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။

မစ္စတာ ကမ်းဘဲလ်က ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မေးမြန်းခဲ့သည်ဟု ဒီမိုကရက်တစ်ပါတီမှ ခေါင်းဆောင်တဦး ဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။

“ဘာကြောင့် ရွေးကောက်ပွဲဝင်လဲ၊ ရွေးကောက်ပွဲကို ဘယ်လို အခြေအနေ ဖြစ်မယ်ထင်လဲ၊ ရွေးကောက်ပွဲ ပြီးရင် ဘာဖြစ်မယ် ထင်လဲ အဲသလို မေးတာပါ”ဟု ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။

ပြည်ထောင်စု ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းကလည်း ဗိုလ်ချုပ်ကြီး သိန်းစိန်က အရပ်ဝတ်လဲ၍ ပါတီထောင်ခြင်း၊ ကြံ့ဖွံ့ အသင်း၏ အပြောင်းအလဲ တို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း ပြောသည်။

မစ္စတာ ကမ်းဘဲလ်သည် တနင်္ဂနွေနေ့က မြန်မာပြည်သို့ ဒုတိယအကြိမ် ရောက်ရှိလာပြီးနောက် ပြန်ကြားရေး ၀န်ကြီး ဦးကျာ်ဆန်း၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းတို့နှင့်လည်း တွေ့ဆုံခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

မကြာသေးမီ အမေရိကန်က မြန်မာ စစ်အစိုးရကို တိုက်ရိုက် ထိတွေ့ ဆက်ဆံသွားမည် ဟူသော မူဝါဒသစ်ကို ၂၀၀၉ ခုနှစ် စက်တင်ဘာလက ထုတ်ပြန်ကြေညာခဲ့သည်။

ဇန်န၀ါရီလတွင် မစ္စတာ ကမ်းဘဲလ်က မြန်မာ စစ်အစိုးရနှင့် ထိတွေ့ ဆက်ဆံမှုနှင့် ပတ်သက်၍ တစုံတရာ ရှင်းရှင်း လင်းလင်း မရှိဘဲ ရောနှော ရှုပ်ထွေး နေသည်ဟု ပြောကြားခဲ့သည်။

မစ္စတာ ကာ့တ် ကမ်းဘဲလ်သည် ၂၀၀၉ ခုနှစ်တွင် အမေရိကန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ကို ဦးဆောင်၍ မြန်မာနိုင်ငံ သို့ သွားခဲ့သူ ဖြစ်ပြီး ၁၄ နှစ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် သွားရောက်သော အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ် ဖြစ်သည်။

PNS-Japan
သတင်းမှတ်တမ်း။ မူရင်း .irrawaddy.org/bur, News

IRON CROSS ရော့ခ်ဂီတပွဲတော် (ဗီဒီယို) တိုကျို ။





ပလောင်ဒေသရှိ နအဖတပ်ရင်များမှ ပြည်သူ့စစ်ကောက်ခံပြီး စစ်သင်တန်းပို့ချ ။


ကျောက်မဲမြို့ အခြေဆိုက် ခလရ (၅၀၁၊ ၅၀၂) မှ မိုင်းငေါ့မြို့နယ် ကျေးရွာအုပ်စု နှစ်ခုဖြစ်သော မြို့သစ် ကျေးရွာအုပ်စုနှင့် အုမ်းမဆွန် ကျေးရွာ အုပ်စုတို့တွင် ၂၀၁၀ ဧပြီလ အတွင်း (၅) ရက် ကြာ စစ်သင်တန်း နှစ်ကြိမ် ပေးသွားသည် ဟုသိရသည်။

“ ကျနော်တို့ ရွာမှာက ပြည်သူစစ် ခေါင်းဆောင် ဦးကျော်အုန်း ဦးဆောင်ပြီးတော့ပေါ့ အုပ်စုဝင် ရွာတွေဖြစ်တဲ့ ရွာငါးရွာက ပြည်သူ့စစ် (၆၀) ကို ၅၀၁၊ ၅၀၂ က စစ်သားတွေနဲ့ ဒီမှာ သင်တန်း ပေးတာပေါ့ အဲ့ဒီ စစ်သားတွေရဲ့ ရာထူးနဲ့ နာမည်ကိုတော့ ကျနော်လည်း မပြောတတ်ဘူး ၄ ရက် ကနေ ၈ရက် နေ့ထိ(၅) ရက်သင်တန်း ပေးသွားတယ်။ လိုအပ်တဲ့ ရိက္ခာနဲ့ စစ်ဝတ်စုံတွေကိုတော့ ရွာကလူတွေဆီဘဲ ပိုက်ဆံကောက်ပြီး လုပ်သွားတယ် ” ဟု အုမ်းမဆွန် ကျေးရွာမှရွာ သားတစ်ဦး မှပြောပြသည်။

ယင်း ခလရ (၅၀၁၊ ၅၀၂) မှ စစ်သားများကပင် အုမ်းမဆွန် အုပ်စု ပြည်သူ့စစ်များအား စစ် သင်တန်းပေးအပြီး ဧပြီလ ၁၀ ရက်မှ ၁၅ ရက်ထိ မြိုသစ်ကျေးရွာအုပ်စု တွင်လည်း မြို့သစ် ကျေးရွာ အပါအ၀င် ရွာလေးရွာမှ ပြည်သူစစ်အင်အား (၅၀)အား စစ်သင်တန်း ပေးခဲ့သည်ဟု သိရသည်။ သင်တန်း အပြီးတွင်လည်း တစုံတရာ လက်နက် ပေးထားခြင်း မရှိကြောင်းလည်း သိရသည်။

ဒေသခံ ရပ်မိရပ်ဖ တစ်ဦးက “ ဒါသူတို့က ရပ်ရွာလုံခြုံရေး လို့ပြောနေပေမဲ့ သူတို့ရဲ့ တကယ် ရည်ရွယ် ချက်က ရှမ်းတွေ၊ ကချင်တွေနဲ့ စစ်ဖြစ်ရင် အခုစစ်သင်တန်းတက်တဲ့လူ ပြည်သူစစ်တွေကို ရှေ့ တန်းမှာ အသုံးပြုဖို့ လုပ်နေတာတယ် ပြီးရင် ၂၀၁၀ ရွေကောက်ပွဲကို ဆန့်ကျင့်မည့် သူများကို ဖော် ထုတ်ရန်ဖြစ်သည့်” ဟု ဆက်လက်ပြောပြသည်။

ကျောက်မဲခရိုင် မိုင်းငေါ့ မြို့ ၊ နမ့်ဆန်မြို့ ၊ မန်တုန်းမြို နယ်များအတွင်းရှိ ကျေးရွာများတွင် ယခင်က ကျေးရွာလုံးခြုံ ဟုအကြောင်းပြပြီး ပြည်သူစစ်များ စုဆောင်နေသော်လည်းယခု အချိန်လောက် မိဘပြည်သူတွေ ထိတ်လန့် စိုးရိမ်နေရခြင်း မရှိပေ။ ယခုခါတွင် နယ်ခြားစောင့် တပ်အသွင်ကူး ပြောင်း ရေး နှင့်ပါတ်သက်ပြီး စစ်ရေးအရအသုံးချနိုင်ရန် အခုလိုပြည်သူစစ် စုဆောင်မူ အရှိုန်မြှင့်တင် နေ တာဖြစ်သည်ဟု မိဘပြည်သူများက သံသယရှိနေခြင်းဖြစ်သည်။

ယင်းစစ်သင်တန်းအတွက် ကုန်ကျစရိတ် အားလုံးအား ကျေးရွာ ဥက္ကဌ မှ ၄င်းတို့၏ အုပ်စုဝင်ကျေးရွာ များထံမှ ပြန်လည် ကောက်ခံရသည်ဟုလည်း သိရှိရပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
ဆက်သွယ်ရန်။ ၀၈၀ ၁၁၈ ၄၄၇၉၊ ၀၈၂ ၈၈၇ ၄၄၃

IRON CROSS ရော့ခ်ဂီတပွဲတော် (တိုကျို)။








၂၀၁၀ ခုနှစ် မေလ(၉)ရက်။

တိုကျိုမြို့  ARAKAWA-Ku NIPORI Sunpearl Arakawa Hall ၌ Caltec co.,ltd မှစီစဉ်တင်ဆက်သည့် နွေဦးအကြို ရော့ခ်ဂီတပွဲတော်ကို IRON CROSS အဖွဲ့ သားများမှ လေးဖြူ ၊ အငဲ ၊ မျိုးကြီး ၊ ၀ိုင်ဝိုင်း ၊ R ဇာနည် ၊ ခင်ဘုဏ်း တို့ မှ ယနေ့ မေလ(၉)ရက်နေ့ ညနေ ပိုင်းမှာ တင်ဆက်ဖျော်ဖြေသွားသည့် မှတ်တမ်းဓါတ်ပုံများ။


မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum(CNC-Japan)Rest of your post

Sunday, May 9, 2010

Burma VJ မှတ်တမ်းရုပ်ရှင်ကားကို တိုကျိုမြို့ တွင် ပြသရန် စီစဉ် ။


၂၀၁၀ ခုနှစ် မေလ(၉)ရက်။

ယနေ့ မေလ (၉) ရက်နေ့တွင် တိုကျိုမြို့ Chiyoda-ku, Kanda Surudadai ဂျပန်အလုပ်သမားသမဂ္ဂများ ရုံးချုပ်(JTUC-RENGO)၌ မြန်မာ့ရေးရာရုံး ဦးဆောင်ညွှန်ကြားရေးကော်မတီ (Burma Office)မှ ဦးဆောင်၍ Burma VJ မှတ်တမ်းရုပ်ရှင်ကားကို ဂျပန်ရောက် ဒီမိုကရေစီအင်အားစု တာဝန်ရှိသူများနှင့် ဂျပန်အလုပ်သမားသမဂ္ဂများမှ တာဝန်ရှိသူများတို့အား ပြသခဲ့ပါသည်။

Burma VJ မှတ်တမ်းကားအား ပြသရသည့် ရည်ရွယ်ချက်ကို Burma Office ဒါရိုက်တာ Dr မင်းညိုမှ ရှင်းပြရာမှာ မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်၏ ရက်စက်ကြမ်းကြုတ်မှုများ၊ ရွှေဝါရောင်တော်လှန်ရေးမှာ ရဟန်းတော် သံဃာတော်များ ရိုက်နှိပ်ခြင်း၊ သတ်ဖြတ်ခံရခြင်း၊ ဘုန်းတော်ကြီးကျောင်းများ ဖျက်စီးခံရမှုများကို ကိုယ်တိုင်မြင်တွေ့စေလိုသည့် ဆန္ဒဖြစ်ပါသည်။ ဆိုးရွားလှသော စစ်အာဏာရှင်စနစ်အောက် မြန်မာပြည်သူများ၏ ဘ၀ကို ကိုယ်ချင်းစာနားလည်လာပြီး မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုများကို ကူညီပံ့ပိုးလာရန်နှင့် ဂျပန်ပြည်သူများမှ ဂျပန်အစိုးရကို မြန်မာ့အရေးအတွက် ပိုမိုတိုက်တွန်းလာပေးပါရန် ရည်ရွယ်၍ ဤအခမ်းအနား အစီအစဉ်ကို စီစဉ် ပြသရခြင်း ဖြစ်သည်ဟု ရှင်းလင်းပြောကြားခဲ့ပါသည်။

လာမည့် 2010 ခုနှစ်၊ မေလ (15)ရက်နေ့မှစ၍ Tokyo, Shibuya မြို့နယ်ရှိ ရုပ်ရှင်ရုံကြီးများတွင် ဂျပန်ပြည်သူများ ပိုမိုသိရှိနားလည်ရန် ပြသသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ ယနေ့ ပြသသည့် အခမ်းအနားမှာ စုစုပေါင်း (၄၀)ကျော်ခန့် တက်ရောက် အားပေး ခဲ့ကြပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo(PNS-Japan)
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum(CNC-Japan)

Saturday, May 8, 2010

စစ်အစိုးရရုံးများပြင်ဆင်ရန် ပြည်သူများထံ အတင်းအဓမ္မငွေကောက်ခံ ။

မေလ ၇ ရက်၊ ၂၀၁၀ ခုနှစ်

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုန်မြို့နယ်တွင် ၁၇ ရက် ဧပြီလ ၂၀၁၀ ညနေ (၃) နာရီမှ (၅) နာရီထိ ခလရ (၁၃၀) တပ်ကုန်းအား ဗဟိုပြုပြီးပြင်းထန်သောလေဆင်နှာမောင်း ၀င်ရောက် တိုက်ခတ်ခဲ့သည်။ ထို တိုက်ခတ်မှုကြောင့် အစိုးရရုံး၊ စစ်စခန်း၊ လ္ဘက်စက်ရုံနှင့် လူနေအိမ်များ ပျက်စီးဆုံးရှူံးခဲ့သည်။

ထိုတိုက်ခတ်မှုကြောင့် ဆုံးရှုံမှုများကို ရွာသားတဦးက “မန်တုန်မြို့တွင်း လ္ဘက်စက်ရုံတစ်ရုံ၊ အိမ်ခြေပေါင်း (၃၀)၊ စည်ပင်ရုံး၊ စိုက်ပျိုးရေးရုံး၊ အထက်တန်းကျောင်း နှင့်စစ်တပ်တွင်းမှာရှိတဲ့ အဆောက်အဦးတွေ ပျက်ကုန်တယ်။ ကာလငွေတန်ဖိုး ကျပ်သိန်း (၃၀၀) ကျော် လောက် ဆုံးရှုံးမယ်” ဟုပြောခဲ့သည်။

စည်ပင်ရုံးနှင့်စိုက်ပျိုးရေးကို ပြန်လည်ပြုပြင်ရန်အတွက် မယက ဥက္ကဌ မှ မေလ (၁) ရက်နေ့ တွင် သက်ဆိုင်ရာ မြိုနယ်ရပ်ကွက် လူကြီးများနှင့် အစည်းအဝေးပြုလုပ်ပြီး ရွာသားများထံမှ ငွေကောက်ခံ ခိုင်းကြောင်းသိရှိရသည်။ ထိုကောက်ခံငွေများကို မေလ(၇) ရက်နေ့ နောက်ဆုံးထားပြီး ငွေအပ်ရမည်” ဟုလည်းအမိန့်ထုတ် ထားသည်။

ငွေကောက်ခံရာတွင် ဆင်းရဲသားမိသားစုများကို ကျပ် ၂ သောင်း၊ လူလတ်တန်းစားများကို ၅ သောင်း နှင့် ချမ်းသာတဲ့မိသားစု(၁)သိန်း၊သစ်ကုန်သည်တရုတ်သူဌေးများထံ(၅)သောင်း၊ ကုန်စုံဆိုင် အသေးစားတွေဖွင့် ထားတဲ့ပလောင်မိသားစုများထံမှ ကျပ်ငွေ(၁)သိန်းကောက်ခံသောကြောင့် ဒေသခံများက မကျေမနပ်ဖြစ် နေသည်။

ဒေသခံတဦးပြောပြရာတွင် “ပလောင်လ္ဘက်စက်ရုံပိုင်ရှင်တစ်ယောက်ဆိုရင် အမိုးတွေ လေနဲ့ ပါပြီးပျောက်ကုန်လို့ သွပ် အချပ် (၂၅၀) ကျော်လောက်ပြန်ဝယ်ပြီး လက်ဖက်စက်ရုံကိုပြန်မိုးရ လို့ ငွေကုန်ဒုက္ခဖြစ်နေတဲ့ အချိန်မှာ မယက ဥက္ကဌ က ‘မင်းစက်ရုံပြိုတာ မင်းကိစ္စ အခု ပြိုသွားတဲ့ ရုံးတွေပြုပြင်ဖို့ အတွက် မင်း ငွေ (၅) သောင်းပေးရမယ်’ လို့ ခြိမ်းခြောက်ပြောဆိုခဲ့သည်။ထိုစက်ရုံပိုင်ရှင်က အဆင်မပြေကြောင်း မယကဥက္ကဌ ကိုတောင်းပန်သော်လည်း လက်မခံခဲ့ဘူး”

ထိုရက်အတွင်းတိုက်ခတ်ခဲ့သောလေဆင်နှာမောင်းသည် စစ်တပ်စခန်းအား (၃) ကြိမ် ၀င်ရောက် တိုက်ခတ် ခဲ့ပြီး မြို့တွင်းတစ်ခါသာလျှင် တိုက်ခတ်ခံရသည်ဟုသိရသည်။ ထိုလေးပြင်းတိုက်ခိုက်မှုကြောင်း ဖြစ်ပေါ်သော ဆုံးရုံးမှုများကိုမည်သည့်အဖွဲမှဝင်ရောက်ကူညီမှု မရှိသေးကြောင်းသိရသည်။

သတင်းပြန်ကြားရေးဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

ဆက်သွယ်ရန်
၀၈၀ ၁၁၈ ၄၄၇၉၊ ၀၈၂ ၈၈ ၇၈၄၄၃
အပြည့်အစုံသို့ ...Rest of your post

Friday, May 7, 2010

နအဖ ၏ မတရားသည့် ရွေးကောက်ပွဲ ဥပဒေ အားဆန့် ကျင်ကန့် ကွက်သည့် အခမ်းအနားနှင့် NLD ၏ရပ်တည်ချက်အား ထောက်ခံသည့် အခမ်းအနား (တိုကျို)။


၂၀၁၀ ခုနှစ် မေလ(၇)ရက်နေ့ ။

နအဖ ၏ မတရားသည့် ရွေးကောက်ပွဲ ဥပဒေနှင့် ကျင်းပမည့် ၂၀၁၀ရွေးကောက်ပွဲအား ဆန့် ကျင်ကန့် ကွက်သည့် အခမ်းအနားနှင့် NLD ၏ ရပ်တည်ချက်အား ထောက်ခံသည့် အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့  ရှီနာဂါဝါအရပ်ရှိ မြန်မာစစ် အခွန်ရုံး(သံရုံး)ရှေ့ တွင် ညနေ ၃း၀၀ နာရီ ၄း၀၀ နာရီ အထိ မြန်မာနိုင်ငံသား ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ(JAC)မှ ဦးဆောင်ကျုင်းပ ပြုလုပ်၍ ဂျပန်နိုင်ငံရောက် ဒီမိုကရေစီ အင်အားစုများ မြန်မာနိုင်ငံသားများ ပူးပေါင်းပါဝင်ခဲ့ကြပါသည်။

အခမ်းအနားအစီအစဉ်တွင် အဖွဲ့ အစည်းတာဝန်ရှိသူများမှ နအဖ ၏ မတရားသည့် ရွေးကောက်ပွဲ ဥပဒေနှင့် ကျင်းပမည့် ၂၀၁၀ရွေးကောက်ပွဲအား ဆန့် ကျင်ကန့် ကွက်သည့် ဆန္ဒသဘောထားများ ပြောကြားသွားခဲ့ကြသလို အများ ပြည်သူအကျိုးအတွက် ပြတ်သားစွာ ရပ်တည်ပေးသည့် NLD ပါတီကို ဂျပန်ရောက် အင်အားစုများမှ ထောက်ခံကြိုဆိုကြောင်းနှင့် ပြည်သူလူထု ဦးဆောင်ပါတီ NLD ကို ၀ိုင်းရံ ကြဖို့ ကိုလည်း တိုက်တွန်း ပြောကြားသွားခဲ့ကြပါသည်။ မတ်လ(ရ)ရက်နောက်ပိုင်း နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဟု ဆိုထားသော်လည်း ပြည်သူလူထု လိုအပ်ချက်နှင့် ပြည်သူအကျိုးပြုလုပ်ငန်းများကို NLD မှ လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များကို ထောက်ခံအားပေး ၀ိုင်းရံသွားကြဖို့  တိုက်တွန်း ပြောကြားသွားခဲ့ကြပါသည်။

ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် ဂျပန်နိုင်ငံရောက် ဒီမိုကရေစီအင်အားစု စုစုပေါင်း(၁၀၀)ကျော်ခန့်  တက်ရောက်ပူးပေါင်း ပါဝင်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး ချက်ချင်းလွတ်၊ NLD ပါတီကို ၀ိုင်းရံကြ စသည့် ကြွေးကြော်သံများဖြစ် ညနေ ၄း၀၀ နာရီမှာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

သတင်းမှတ်တမ်း ။ မိုင်ကျော်ဦး (PNS-Japan)
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum(CNC-Japan)

Thursday, May 6, 2010

အသွင်ပြောင်းရေး ကိစ္စထပ်မံဆွေးနွေးရေး တြိဂံတိုင်းမှူးဖိတ်ခေါ်မှု မိုင်းလားတပ်ဖွဲ့ငြင်းဆန် ။

တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး
Thursday, 06 May 2010 20:08 သျှမ်းသံတော်ဆင့် .

အသွင်ပြောင်းရေးကိစ္စ ဆက်လက် ဆွေးနွေးရန် မိုင်းလားတပ်ဖွဲ့အား ကျိုင်းတုံအခြေစိုက် တြိဂံဒေသ စစ်တိုင်းရုံးဆင့်ခေါ် ခဲ့သော်လည်း ဘာမှ ထူးခြားမှာ မဟုတ် ဟုဆိုကာ ထပ်မံသွားရောက် မဆွေးနွေးရန် ဆုံးဖြတ် လိုက်ကြကြောင်းစုံစမ်း သိရှိရပါသည်။

“တြိဂံတိုင်းမှူးက လကုန်လောက်ကတည်းက ခေါ်ထားတယ်။ သွားသွား မသွားသွား ဘာမှထူးခြားမှာ မဟုတ် ဘူး၊ ကျနော်တို့ဘက်က အထူး လိုက်လျောထားတဲ့ တောင်းဆိုချက် ၆ ချက်ကိုတောင်မှ သူတို့လျစ်လျူရှုထား တာဘဲ၊သွားတိုင်း သူတို့ လိုအပ်ချက်ကိုဘဲ တဘက်သတ် ဖိပြောတော့ မသွားဖို့ ဆုံးဖြတ်ကြတယ်”- ဟု တပ်မှူး တဦးက ပြောကြောင်း အမည်မဖေါ်လိုသည့် ကျိုင်းတုံ ကားဆရာက ပြောပါသည်။

မေလ ၃ ရက်နေ့ ထပ်မံဆွေးနွေးကြရန် မိုင်းလားတပ်ဖွဲ့အား တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးးက လဆန်း ကတည်း က ဖိတ်ကြားထားသည်ဟုဆို၏။

ဆွေးနွေးသည့် အကြိမ်တိုင်း နအဖက တဘက်သတ်ပြောဆိုသောကြောင့် သွားရောက် ငုတ်တုတ်ထိုင် နားထောင် ပြီး ပြန်လာရမည့် အရေးကို မလိုလားကြောင်း မိုင်းလားတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြော၏။ မိုင်းလားတပ်ဖွဲ့အနေ ဖြင့်လည်း ၂၀၀၉ နိုဝင်ဘာ လဆန်းပိုင်းက တောင်းဆိုချက် ၆ မှတပါး အခြားအလျှော့ပေးရန် မဖြစ်နိုင်သော ကြောင့် နအဖဖိတ်ခေါ်မှု ကို မသွားဖို့ ဆုံးဖြတ်လိုက် ခြင်း ဖြစ်ကြောင်းလည်း ပြောပါသည်။

ထို့အတူ ဧပြီ ၂၆ ရက်နောက်ဆုံးထား၍ နေရပ်သို့ အသီးသီးပြန်ကြရန် အမျိုးသားဒီမိုကရက်တစ် တပ်မတော် မိုင်းလား တပ်ဖွဲ့ ဗဟိုဌာနချုပ်က တခြားဒေသသို့ကိုယ်စားလှယ်အဖြစ် သွားရောက်ရုံးထိုင် အလုပ်လုပ်သည့် မိုင်းလားတပ်ဖွဲ့ဝင် များအား ဆင့်ခေါ်ခဲ့သည်ဟု ဆို၏။

“ တခြားဒေသကို သွားပြီး အလုပ်လုပ်တဲ့သူတွေကို ပြန်ခေါ်တယ်၊ အထူးသဖြင့် ကျိုင်းတုံ၊ မိုင်းယန်းရုံးထိုင်တဲ့ ကိုယ်စား လှယ်၊ မိုင်းယု၊ မိုင်းယောင်းဘက် ကတပ်ဖွဲ့ဝင်တွေကိုလဲ အကုန်ပြန်လာခိုင်းတယ်။ အခုထက်ထိ ပြန်မ သွားကြ သေးဘူး”- ဟု မိုင်းလားရောက် ကျိုင်းတုံသား တဦးက ပြောပါသည်။

အထူးသဖြင့် အထူးဒေသ ၄ ကိုယ်စားလှယ်အဖြစ် ကျိုင်းတုံ၊ မိုင်းယန်း၊ မိုင်းယု နှင့် မိုင်းယောင်း (နအဖ ထိန်းချုပ် နယ်မြေ) သို့ တာဝန်သွားရောက် ထမ်းဆောင်သည့် တပ်ဖွဲ့ဝင်များ ဆင့်ခေါ်ခြင်းဖြစ်သည်ဟု လည်းဆို၏။

“ကိုယ်စားလှယ်တွေကို ပြန်ဆင့်ခေါ်တဲ့ အချိန်က ၂၂ ရက်နေ့နောက်ဆုံး စာရင်းပေးရမယ်၊ ၂၈ အသွင်ပြောင်း ဖေါ်ဆောင်ရေး တနှစ်ပြည့်တဲ့နေ့မှာ လုံးဝ အသွင် ပြောင်းဖို့ လက်ခံပြီးသား ဖြစ်ရမယ်ပြော တဲ့အချိန်လေ။ ကျိုင်းတုံရုံးထိုင် စိုင်းစိုးဝင်းတောင်မှ မိသားစုဝင်အားလုံး ခေါ်ပြီး ၂၁ ရက် နေ့ကတည်းက မိုင်းလား ဌာနချုပ်ပြန် သွားပြီ” - ဟုကျိုင်းတုံရှိ ရင်းနှီးသည့် အသိုင်းအ၀ိုင်းတဦးက ပြောပါသည်။

လက်ရှိ မိုင်းလား တပ်ဖွဲ့ နှင့် နအဖအကြား ဆက်ဆံရေးလည်း ချောမွေ့ခြင်းမရှိသေးကြောင်း၊ ဧပြီလနှောင်းပိုင်း ကျိုင်းတုံ စရဖမှူး ဒုဗိုလ်မှူးကြီးသန်းထွဋ်သိန်း မိုင်းလားသွားရောက်စဉ်ကလည်း တဘက်သတ်ပြောဆိုပြီး မျက်နှာ မသာမယာနှင့် ပြန်သွားကြောင်း၊ မိုင်းလားဘက်ကလည်း ယခင်ကကဲ့သို့ တထူးတလည် ဧည့်ခံကျွေးမွေးခြင်းမရှိ ကြောင်း -အဆိုပါကား ဆရာကပြောပါသည်။

မြောက်ပိုင်းအပစ်ရပ် သျှမ်းပြည်တပ်မတော် ဥက္ကဌ ဗိုလ်ချုပ်လွယ်မောဝ်း ဦးဆောင်သည့်အဖွဲ့တချို့ အသွင် ပြောင်းရေး လက်ခံလိုက်သည့် အပေါ်လည်း မိုင်းလားတပ်ဖွဲ့က စိတ်ပျက်မိသည်ဟု မိုင်းလားတပ်ဖွဲ့ ဗဟိုကော် မတီ အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်းလဲ သိရသည်။

လက်ရှိအခြေအနေအရ မိုင်းလားကဲ့သို့ ကချင် KIA ၊ ၀ UWSA နှင့် မြောက်ပိုင်း အပစ်ရပ် သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ တပ်ဖွဲ့၊ မွန်ပြည်သစ်ပါတီ နှင့် တခြားအဖွဲ့ငယ်များလည်း မိမိယုံကြည်ချက်အရ အသွင် ပြောင်းရေးအစီအစဉ်လက်ခံခြင်း မပြုသေးပေ။ သီးခြား အတည်မပြုနိုင်သေးသည့် သတင်းအရ အပစ်ရပ်တပ်ဖွဲ့ များအသွင်ပြောင်းရန် နအဖက ဒက်လိုင်း နောက်တလ ထပ်တိုးပေးသည်ဟု ဆိုသည်။

သတင်းမှတ်တမ်း။ မူရင်း (သျှမ်းသံတော်ဆင့် )

Wednesday, May 5, 2010

ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ခွဲထွက်၍ နယ်စပ်သို့ထွက်ခွာ ။

ဒယ်နီယယ် ပီဒါဆင် အင်္ဂါနေ့၊ မေလ ၀၄ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၅၃ မိနစ် .


မဲဆောက် (မဇ္ဈိမ) ။ ။ ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ တပ်မတော်(DKBA) တပ်ဖွဲ့ဝင် ရာပေါင်းများစွာသည် မြန်မာစစ်တပ်နှင့် မဟာမိတ် ဖွဲ့ထားခြင်းကိုဖျက်ကာ ထိုင်းမြန်မာနယ်စပ်သို့ ဦးတည် ထွက်ခွာနေကြပြီး တပ်မတော်က နောက်မှ ထက်ချပ်မကွာ လိုက်နေသည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) သတင်း ရပ်ကွက်များက ပြောသည်။

ဒီကေဘီအေ စစ်သားများ အရှေ့ဘက်သို့ ထွက်ခွါလာနေရာ နှစ်ဘက်တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။

‘ ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ပြန်လာနေသည်၊ သို့သော် တပ်မှူးများမပါ´ ဟု KNLA သတင်းရပ်ကွက် များက ယမန်နေ့ညက ပြောသည်။

မကြာသေးမီက ပြုလုပ်ခဲ့သော နအဖ ၏တောင်းဆိုချက်များအပေါ် ဒီကေဘီအေ စစ်သားအများအပြား မကျေမနပ်ဖြစ်ကြပြီး အချို့ဘက်ပြောင်း လာသည်ဟု မိမိတို့ကြားကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ဒေးဗစ်တာကပေါ က ပြောသည်။

KNU အကြား ဗုဒ္ဓဘာသာနှင့် ခရစ်ယာန် တပ်ဖွဲ့ဝင်များအကြား သဘောထား ကွဲပြားမှုများဖြစ်ကာ ၁၉၉၄ ခုနှစ်က ဒီကေဘီအေ တပ်ဖွဲ့ပေါ်ထွက်လာခဲ့သည်။ ဤကွဲပြားမှုသည် အလွန်အထိနာစေသော ခွဲထွက်မှုဖြစ်ကြောင်း မကြာခင် သက်သေ သာဓကများ ပေါ်ထွက်လာခဲ့သည်။ ၁၉၉၄ ခုနှစ်အစောပိုင်းတွင် ကေအန်ယူ၏
အမာခံ စခန်းဖြစ်သော သောင်ရင်းနှင့် သံလွင်မြစ်ဆုံရှိ မာနယ်ပလောစခန်း ဆုံးရှုံးသွားခဲ့သည်။

ခွဲထွက် ဒီကေဘီအေ တပ်ဖွဲ့ဝင်များက ဒီကေဘီအေအလံ လွှင့်ထူကာ မြန်မာစစ်တပ်များကို စခန်းတွင်း လမ်းပြခေါ်ဆောင် သိမ်းပိုက်သွားခဲ့ကြခြင်း ဖြစ်သည်။

ထိုအချိန်က အာဏာရ စစ်အစိုးရက ဒီကေဘီအေ ခေါင်းဆောင်များကို သူတို့အနေဖြင့် ကရင်ပြည်နယ်ကို သူတို့စိတ်ကြိုက် အုပ်ချုပ်နိုင်ပါကြောင်း ကတိပေး ပြောကြားခဲ့သည်။

သို့သော် ယခုနှစ်အတွင်း ဒီကေဘီအေသည် ကရင်ပြည်နယ်အတွင်း ကျေးလက်ဒေသအတွင်း အကြောက်တရားဖြင့် ကြီးစိုးထားကာ မြို့ပြဒေသများတွင် ခြိမ်းခြောက် ငွေညှစ်ခဲ့သည်။ ခေါင်းဆောင်များမှာမူ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးအပေါ် အခွန်များကောက်ခံကာ ကြီးပွါး ချမ်းသာလာခဲ့ကြသည်။

ယခင်အပတ်က ထုတ်ဝေခဲ့သော မဲဆောက်အပတ်စဉ်ဂျာနယ် Pan Din Maere (အမိမြေ) တွင် ဒီကေဘီအေ တပ်မဟာ ၉၉၉ ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ မိသားစုနှင့်အတူ အလွန်ကြီး ကျယ်ခမ်းနားသော အိမ်သစ်ရှေ့တွင် ရိုက်ထားသော ဓါတ်ပုံနှင့် အတူ သတင်းတပုဒ် ပါလာခဲ့သည်။ မြဝတီမြို့ရှိ အဆိုပါ အိမ်သစ်တက်ပွဲအား မဲဆောက်စာနယ်ဇင်းကိုပင် ဖိတ်ကြားခဲ့သည်။ ဤသုံးရက်ကြာ အခမ်းအနားတွင် သုံးဖြုန်းပြလိုက်ခြင်းကြောင့်ပင် ဤပြဿနာများပေါ်လာခဲ့ရခြင်းဖြစ် သည်။

ဒီကေဘီအေပေါ်ထွန်းလာခြင်းကြောင့် အကျိုးဖြစ်ထွန်းရသူများမှာ စောချစ်သူတို့ကဲ့သို့ လက်တဆုပ်စာ အနည်းစုသာရှိသည်။ သူ့တပ်မဟာ ၉၉၉ မှာ ကြောက်စရာကောင်းသည်ဟု နာမည်ကြီးပြီး ငွေယားလေးများရှိသော အဖွဲ့လဲဖြစ်သည်။ နအဖက သူ့တပ်ကိုပြည်သူ့စစ်အဖြစ် အသွင်မပြောင်းခိုင်းခင်အထိ စောချစ်သူမှာ အခြေအနေ ကောင်းနေသည်။

ဤသို့ အောက်ခြေတပ်သားများ ခွဲထွက် ပုန်ကန်သွားခြင်းကြောင့် ဒီကေဘီအေတွင် မည်မျှထိခိုက်မည်ကို မသိရသေးပေ။ ရာဂဏန်းအချို့မှာ အလွန်များပြားသည်ဟု ဆိုနိုင်သော်လည်း ဒီကေဘီအေ တပ်ဖွဲ့ဝင်အားလုံးနှင့်ဆိုလျှင် များသည်ဟု မဆိုနိုင်ပေ။ အောက်ခြေတပ်ဖွဲ့ဝင်များ၏ သစ္စာခံမှု ကိုမရရှိလျှင် စစ်ဘုရင်ဆိုသည်မှာ ဘာမှမဟုတ်တော့ပေ။ ချစ်သူအဘို့ ကျန်သူ့တပ်သားများ သူ့ အပေါ်ဘယ်လောက် သစ္စာခံကြသေးသည်ကို တွက်ဆ နေရပြီ ဖြစ်သည်။

ကေအန်အယ်လ်အေ တပ်ဖွဲ့ရှိရာသို့ ဒီကေဘီအေမှ ခွဲထွက်အဖွဲ့ဝင်များ ကူးပြောင်းသွားသည်ကို နအဖ တပ်များက လိုက်လံ ရှာဖွေနေသည်။ ဒီကေဘီအေ တပ်ဖွဲ့များအားလုံး နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် ငြိမ်းချမ်းစွာ ကူးပြောင်းရေးမှာမူ မသေချာလှတော့ပေ။

ဒီကေဘီအေ အနေဖြင့် ကေအန်ယူစတင်တည်ထောင်သူ စောဘဦးကြီး၏ မူ ၄ ချက်ဆက်လက် စွဲကိုင်ထားရေးကို ယခုထိ ဆက်လက် ပြောဆိုနေဆဲဖြစ်သည်။ ယင်းတို့မှာ ကရင့်တော်လှန်ရေးအတွက် လက်နက်ချစကား အလျဉ်းမပြောရ ကရင်ပြည်နယ်အဖြစ် အသိအမှတ်ပြုခြင်း ပြီးပြည့်စုံရမည် ကရင့်လက်နက် ကရင့်လက်ထဲတွင် ရှိရမည် ကရင့်ကြမ္မာ ကရင်ဖန်တီးခွင့်ရှိရမည် ထို့ကြောင့် အပြင်ပန်းအားဖြင့် ကြည့်လျှင်မူ ဒီကေဘီအေ သည် နအဖ အုပ်စိုးနေမှုကို ပြင်းထန်စွာ ဆန့်ကျင်သည်။

ကေအန်ယူအတွက် ယခုဖြစ်ပျက်ကြုံတွေ့နေရသမျှအားလုံးသည် ၁၉၉၄ ခုနှစ်ကအကွဲအပြဲ သည် အဓိကအကြောင်းတခုဖြစ်သည်။ ဒီကေဘီအေ သည် ကေအန်ယူယခင်က ထိုင်းနှင့်လုပ်ခဲ့သလို နအဖ နှင့် နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်လျက်ရှိသည်။ ကေအန်ယူ သည် ယခင်က သံဖြူ၊ သွပ်နှင့် ရွှေတွင်းများကို နယ်စပ်တွင် ကြီးကြပ်လုပ်ကိုင်ခဲ့ကြသည်။

တရားမဝင်ရော၊ တရားဝင်ရော ကုန်သွယ်မှုမှန်သမျှ မည်သည့်ပစ္စည်းအပေါ်တွင်မဆို ဒီကေဘီ အေ ကအကောက်ရနေသည်။ ခေါင်းဆောင်များ အလွန်အမင်း ကြွယ်ဝလာခဲ့ကြသည်။

သို့သော် ကေအန်ယူ၏ မိုင်းခင်းများအကြား ခြုံခိုတိုက်ခိုက်မှုများအကြား သွားလာလှုပ်ရှားနေရသော အောက်ခြေ စစ်သားများအတွက်မူ သူတို့ခေါင်းဆောင်ကြီးများနှင့် ဘဝအခြားကြီး ခြားနေကြရသည်။
သူတို့ခေါင်းဆောင်များမှာ ဒေသခံ စာနယ်ဇင်းများတွင် သတင်းဖြစ်နေသော နာမည် ကြီးပုဂ္ဂိုလ်ကြီးများ ဖြစ်နေကြသည်။

ဒီကေဘီအေ ကို နယ်ခြားစောင့်တပ် အဖြစ်အသွင်ပြောင်းလဲရန် နောက်ဆုံး သတ်မှတ်ထားသော ရက်မှာ ယခုစေ့သွားပြီဖြစ်သည်။ နောက်ဆုံးရက် တခုကုန်ဆုံးသွားတိုင်း နအဖ ဘက်ကလည်း ဖိအားကို တရစ်တင်း လိုက်ပြန်သည်။ စစ်အစိုးရ၏ အစီအစဉ်မှာ နအဖ အရာရှိများ ကွပ်ကဲအုပ်ချုပ် သည့် ပြည်သူ့စစ် တပ်ဖွဲ့ကို ထူထောင်ရန်ဖြစ်သည်။ ဤအစီအစဉ်အရ ဒီကေဘီအေ တပ်ဖွဲ့ကို လက်နက်ဖြုတ်မည်။ ယူနီဖောင်းများ လဲဝတ်ရမည်။ ပြီးမှ ပြန်လည် လက်နက်တပ်ဆင်ပေးမည် ဖြစ်သည်။ စစ်သားများမှာ ထိုင်းဘတ်ငွေ ၁၂ဝဝ နှင့်ညီမျှသောငွေကို လစာအဖြစ် ရရှိကြမည်ဖြစ် သည်။

ဤသို့ပြုလုပ်လျှင် ဒီကေဘီအေမှာ သူ့လာရာလမ်းကိုပင် ကျော်လွန်ကာ စောဘဦးကြီး မူအတိုင်း ဆက်လက် ချီတက်သွားမည့် သဘောရှိနေသည်။

PNS-Japan
သတင်းမှတ်တမ်း ။ မူရင်း (မဇ္ဈိမ)

Tuesday, May 4, 2010

သတင်းလွတ်လပ်ခွင့် အဖိနှိပ်ဆုံး စာရင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထိပ်ပြေး ။


04 May 2010

မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့မှာ RSF ခေါ် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ကြီးက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) နဲ့ အီရန်သမ္မတ မာမွတ်ဒ် အမာဒီနီဂျက်ဒ် (Mahmoud Ahmadinejad) အပါအ၀င် ကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင် ၄၀ ကို အဆိုးဝါးဆုံး သတင်းလွတ်လပ်ခွင့် ဖိနှိပ်ချိုးနှိမ်သူများ (Predators of the Press Freedom) စာရင်းမှာ ထည့်သွင်း ဖော်ပြလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့မှာ နှစ်ပတ်လည် အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်ပြီး ကမ္ဘာပေါ်က သတင်းမီဒီယာတွေရဲ့ လွတ်လပ်ခွင့်ကို အဖိနှိပ်ဆုံး၊ အချိုးနှိမ်ဆုံး သူတွေရဲ့ စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီစာရင်းထဲမှာ နိုင်ငံရေး ခေါင်းဆောင်တွေသာမက ဘာသာရေး ခေါင်းဆောင်တွေ၊ လက်နက်ကိုင် တိုက်ခိုက်နေသူတွေနဲ့ ရာဇ၀တ်မှု ကျူးလွန်နေတဲ့ အဖွဲ့အစည်းတွေပါ ပါဝင်ပြီး စုစုပေါင်း ၄၀ ကို စာရင်းတင်ထားတယ်လို့ RSF ရဲ့ ၀ါရှင်တန် ဒါရိုက်တာ ကလပ်ချင်း လီကော့(ဇ်) (Clothilde Le Coz) က ပြောပါတယ်။ ဒီအထဲမှာ အရင်နှစ်တုန်းကလိုပဲ မြန်မာစစ်ခေါင်းဆောင်ကိုလည်း ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

“ထိပ်ဆုံးကတော့ ထုံးစံအတိုင်းပဲ မြန်မာနိုင်ငံက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ တရုတ်နိုင်ငံက ဟူဂျင်တောင်း၊ အီရန်က မာမွတ်ဒ် အမာဒီနီဂျက်ဒ်နဲ့ အလီခါမေနီ (Ali Khamene)၊ နောက် ရုရှားအပြင် ဖိလစ်ပိုင်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ပါ ပါပါတယ်။”

အာရှတိုက်မှာ မြန်မာနဲ့ တရုတ်နိုင်ငံတွေအပြင် မြောက်ကိုရီးယား၊ လာအို၊ နီပေါနဲ့ သီရိလင်္ကာ နိုင်ငံတွေကိုလည်း စာရင်း ထည့်သွင်းထားတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သတင်းလွတ်လပ်ခွင့် ဆုံးရှုံးနေတာတွေကို RSF က စိုးရိမ်ကြောင်းနဲ့ ဒါဟာ နိုင်ငံခြား သတင်းထောက်တွေ မြန်မာနိုင်ငံဆိုင်ရာ သတင်းကို လွတ်လွတ်လပ်လပ် မရရုံမက အထူးသဖြင့် မြန်မာနိုင်ငံတွင်းက သတင်းသမားတွေဟာ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း သတင်းအလုပ်ကို အသက်နဲ့ရင်းပြီး လုပ်နေရတာမျိုးတွေ တွေ့ရတယ်လို့လည်း ပြောပါတယ်။

တကယ်လို့ အခန့်မသင့်ရင် သတင်းတပုဒ်ကြောင့် ထောင်ဒဏ်နှစ်ရှည် အကျခံရတာမျိုးတွေပါ တွေ့နေရတာမို့ ဒါမျိုးဟာ ရွေးကောက်ပွဲလုပ်မယ့် အချိန်မျိုးမှာ ပိုပြီး မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အချိန်မျိုးမို့ ကျမတို့ တကယ်ပဲ စိုးရိမ်ပါတယ်။ ဒါဟာ သမိုင်းဝင် ကာလပါ။ ဒီရွေးကောက်ပွဲကို နှစ်ပေါင်း ၂၀ ကြာခဲ့ပြီးမှ ကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံသားတိုင်းလည်း ပါဝင်ခွင့် မရတာမျိုး ဖြစ်နေပါတယ်။ ဒါ့အပြင် သတင်းအချက်အလက် တွေကိုလည်း မြန်မာနိုင်ငံသားတွေ ပြည့်ပြည့်စုံစုံ မရကြပါဘူး။ တကယ်ဆိုရင် မြန်မာနိုင်ငံသားတွေအတွက် ကိုယ်တင်ပြမယ့် ခေါင်းဆောင်နဲ့ ပတ်သက်ပြီး အချက်အလက်တွေ အကုန်သိဖို့နဲ့ လွတ်လွတ်လပ်လပ် ရွေးချယ်ပိုင်ခွင့်ရှိဖို့ လိုပါတယ်။”

အခုတော့ ဒီလို အချက်အလက်တွေကို ပေးမယ့် သတင်းသမားတွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်မပေးဘဲ ဖမ်းဆီးမှုတွေ၊ ဆင်ဆာဖြတ်မှုတွေ ရှိနေတာမို့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

“မြန်မာနိုင်ငံမှာ အခုလောလောဆယ် ထောင်ထဲမှာ သတင်းထောက် ၁၂ ယောက် ရှိနေပါတယ်။ ကွန်ပျူတာ အင်တာနက်သုံးတဲ့ ဘလော့ဂ်ဂါ ဆိုရင်လည်း သူတို့ရေးတဲ့ ဘလော့ဂ်ကြောင့် အကျဉ်းကျခံနေရတာ ၂ ယောက်ထက်မနည်း ရှိနေပါတယ်။ အခုလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရေးသားချက် မှန်သမျှ မြန်မာစစ်အစိုးရကို တင်ပြဖို့ အမိန့်ပေးထားပြီး ဆင်ဆာအဖွဲ့က ခွင့်ပြုမှသာ ဖော်ပြခွင့် ရပါတယ်။ သတင်းလွတ်လပ်ခွင့်တွေ အခု ပိုပြီး ကင်းမဲ့လာတာမို့ သတင်းလွတ်လပ်ခွင့် မရဘဲ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှုတွေ ရှိမှာမဟုတ်ဘူးလို့ ကျမတို့ ယုံကြည်ပါတယ်။”

နှစ်ပေါင်း ၂၀ ကြာပြီးမှ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံတကာက မျှော်လင့်ထားပေမဲ့ ဒီမျှော်လင့်ထားသလို ဖြစ်မလာတဲ့အတွက် ကုလသမဂ္ဂက ရှုတ်ချသလို RSF အဖွဲ့ကြီးကလည်း ရှုတ်ချလိုက်ပြီး နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကနေ တစုံတရာ ဖြစ်လာဖို့ မျှော်လင့်ထားတယ်လို့လည်း ပြောပါတယ်။

RSF ရဲ့ စာရင်းထဲမှာ ရ၀မ်ဒါနိုင်ငံက သမ္မတ၊ ချက်ခ်ျညာ သမ္မတနဲ့ ယီမင်သမ္မတတွေနဲ့ အတူ တာလီဘန်ခေါင်းဆောင် မူလာအိုမာလည်း ပါပါတယ်။ ဒီနှစ်ထုတ်ပြန်ခဲ့တဲ့ စာရင်းထဲမှာ မနှစ်က စာရင်းပါ အဖွဲ့အစည်းတွေထဲက အီရတ် အစ္စလမ် အစွန်းရောက်အဖွဲ့ တချို့ကို ပယ်ဖျက်နိုင်ခဲ့တယ်လို့ RSF ရဲ့ သုတေသန ဒါရိုက်တာ ဂစ်လစ်စ် လန်းဒက်က ပြောပါတယ်။

“မနှစ်က ထုတ်ပြန်ခဲ့တဲ့ စာရင်းနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ ဒီနှစ်စာရင်းမှာ တိုးတက်မှုတွေ ရှိလာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ တချို့နိုင်ငံတွေကတော့ အရင်ကလိုပဲ သတင်းသမားတွေကို ဖိနှိပ် ချိုးနှိမ်မှုတွေ ရှိနေတာကို တွေ့ရပါတယ်။”

မက္ကဆီကိုနိုင်ငံဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း သတင်းသမား ၆၂ ဦး အသတ်ခံခဲ့ရတာမို့ အဆိုးဝါးဆုံးနိုင်ငံ စာရင်းမှာ ထည့်သွင်းထားသလို ဖိလစ်ပိုင်နိုင်ငံမှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း သတင်းသမား ၃၀ အသတ်ခံခဲ့ရတာမို့ သတင်းသမားတွေအတွက် အန္တရာယ်အရှိဆုံး နိုင်ငံအဖြစ် စာရင်း ထည့်သွင်းထားတယ်လို့လည်း ပြောပါတယ်။

သတင်းမှတ်တမ်း။ မူရင်း VOA News