Saturday, February 27, 2010

ကမ္ဘာလှည့် ခရီးသည်များ လာရောက် မှတ်တမ်း တင်ခဲ့သည့် တောင်ရိုး ယဉ်ကျေးမှု စုံညီပွဲတော်။


ပင်လောင်း မြို့နယ်၊ ဆည်ခေါင်း ကျေး ရွာ၌ ပထမဆုံး အကြိမ် တောင်ရိုး တိုင်းရင်း သား များ၏ ယဉ်ကျေးမှု စုံညီ ပွဲတော်ကို ဖေဖော်ဝါရီ ၁၄ရက်နှင့် ၁၅ရက် တွင် ကျင်း ပ ခဲ့ရာ တောင်ရိုး တိုင်းရင်းသား များ ပျော်ရွှင် စွာ ပါဝင် ခဲ့ကြသည် ကို တွေ့မြင်ခွင့် ရခဲ့သည်။

ယခင်က ပြန့်ကျဲနေ
ယခင်က တောင်ရိုး တိုင်းရင်းသား များ သည် ရှမ်းပြည်နယ် ရှိ မြို့နယ် အသီးသီးနှင့် မြန်မာပြည် အနှံ့အပြား တွင် ရောက်ရှိနေ သည့် အတွက် ပြန်လည် တွေ့ဆုံကြစေရန် ရည်ရွယ်၍ ပွဲတော်ကို ပထမဆုံး ကျင်းပခဲ့ ခြင်း ဖြစ်သည်။ အဆိုပါ ပွဲတော်သို့ ကလော၊ ညောင်ရွှေ၊ ပင်းတယ၊ ပင်လောင်းမှ တောင် ရိုး တိုင်းရင်းသား များ စုံညီစွာ တက်ရောက် ခဲ့ ကြသည်။

ဆည်ခေါင်းရွာ ၌ ကျင်းပ
တောင်ရိုး တိုင်းရင်းသား များ ယဉ်ကျေး မှု စုံညီ ပွဲတော်ကို တောင်ရိုး တိုင်းရင်းသား အများ စုနေထိုင် လျက်ရှိသည့် ပင်လောင်း မြို့နယ်၊ ဆည်ခေါင်း ကျေးရွာတွင် ကျင်းပ ခဲ့ ခြင်းဖြစ်သည်။ အဆိုပါ ကျေးရွာ သည် အိမ်ခြေ ၂၅၀ ရှိပြီးလူဦးရေ ၅,၀၀၀ကျော် နေ ထိုင် လျက်ရှိသည်။

မြန်မာပြည်တွင် တိုင်းရင်းသား လူမျိုး ပေါင်းစုံ များစွာ နေထိုင် ကြသည့် အနက် တောင်ရိုး တိုင်းရင်းသား များသည် လူသိ နည်းပါး ခဲ့သည့် တိုင်းရင်းသား မျိုးနွယ်စု တစ်ခုဖြစ်သည်။ ပြီးခဲ့သော သစ်ခွ ပွဲတော်၌ လူအများ ၏ စိတ်ဝင်စားမှု ကိုရရှိခဲ့သည်။ တောင်ရိုး စကားပြောဟန် သည် အင်းသား၊ ဓနု၊ ပအိုဝ်း၊ ပလောင် တို့နှင့် ဆင်တူသော် လည်း ကွဲပြား ခြားနားသည်။ တောင်ရိုး ရိုးရာ ၀တ်စုံသည် အမျိုးသမီး သင်တိုင်း ရှည်ဖြစ် ပြီး အမျိုးသား များသည် အင်္ကျီ အပြာရောင် ရှမ်းဘောင်းဘီ အနက်ကို ၀တ်ဆင် ကြသည်။

ရိုးရာ ၀တ်စုံများဖြင့် လှပနေ
ရှေးယခင်က တောင်ရိုး အမျိုးသမီးများ သည် ဂျပ်ခုတ် သင်တိုင်း အရှည် တစ်ထည်ကို သာ ၀တ်ဆင် လေ့ရှိပြီး အိမ်ထောင် ကျပါက ဒူးခေါင်း အောက်တွင် ကြေးခြေကွင်း ကို ၀တ် ဆင် ရသည်။ အပျို များသည် ငွေခြေကွင်း ကို ခြေသလုံး တွင် ၀တ်ဆင် ရသည်။
တောင်ရိုး ရိုးရာ ယဉ်ကျေးမှု စုံညီပွဲ တော်သို့ ကျောက်တန်း၊ အောင်ပန်း၊ ကျား တွန်၊ မြေခြား၊ ကျေးတောင်၊ တီကျစ်၊ ဆောင်းဖွတ်၊ နန်းတိုင်း၊ ပင်းတယ၊ နောင်မူ၊ နန်းတိုင်၊ လိုင်ယား၊ ကလော၊ မွန်းပင်၊ က လော သီခေါင်၊ ဟဲဟိုင်း သံတောင်၊ တိုက်ခဲ့၊ မြေနီကုန်း တို့မှ အဖွဲ့ပေါင်း ၃၀ ကျော် လာ ရောက်ပြီး အက ပဒေသာ များဖြင့် ဖျော်ဖြေ ခဲ့ ကြသည်။

တောင်ရိုး တိုင်းရင်းသား များ၏ ချစ်စရာ ဓလေ့
တောင်ရိုး ယဉ်ကျေးမှုသည် မြန်မာ ယဉ်ကျေးမှုနှင့် ဆင်တူသည်။ တောင်ရိုးတို့ ၏ ချစ်စရာ ကောင်းသော ဓလေ့စရိုက်မှာ အပြန်အလှန် ရိုင်းပင်း ကူညီခြင်း စည်းလုံး ညီ ညွတ်မှုရှိခြင်း၊ လက်စားချို လက်စားဖြူ စနစ် ကို ကျင့်သုံး သည်။ ယခင် ဓလေ့ ထုံးစံအရ တောင်ရိုး အမျိုးသားများသည် မိမိကြိုက်နှစ် သက်သော အမျိုးသမီး ကို ပဲလှော်ဖြင့် ပေါက် ၍ ချစ်ရေး ဆိုကြပြီး အမျိုးသမီး မှပြန်လည် နှစ်သက် လက်ခံပါက ပဲလှော်ဖြင့် ပြန်လည် ပေါက်ရသည်။

ကမ္ဘာလှည့်ခရီးသွား ဧည့် သည်များက မှတ်တမ်း တင်
အဆိုပါ ပွဲတော်သို့ တောင်ရိုး တိုင်းရင်း သားများနှင့် အတူ ပအိုဝ်း လူမျိုး များ ပျော် ရွှင်စွာ ပူးပေါင်း ဆင်နွှဲ ခဲ့ကြရာ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များက ပွဲတော် အား စိတ်ဝင်တစား လာ ရောက် လေ့လာ မှတ် တမ်းတင် ရိုက်ကူးခဲ့ကြ သည်။ တောင်ရိုးယဉ် ကျေးမှု ပွဲတော်ကို နှစ်စဉ် ဖေဖော်ဝါရီတွင် ကျင်းပ သွားရန် စီစဉ်ထားသည်။ ပွဲတော် တွင်တောင်ရိုး သီချင်းများ၊ ဓနုရိုးရာ တေးသီ ချင်းများ၊ မော်အေး ပြိုင်ပွဲများ၊ လှယဉ်ကျေး မယ် ပြိုင်ပွဲများ၊ တောင်ရိုး ဓားသိုင်း အကများ ထည့်သွင်း ပြသခဲ့ ကြသည်။

ယဉ်ယဉ်လှ

PNS-Japan
သတင်းမှတ်တမ်း။ မူရင်း “ မြန်မာ ပို့ စ်သတင်းဂျာနယ်”




ဘန်ကောက်တွင် ပအို့ဝ် ယဉ်ကျေးမှု ပွဲတော်ကျင်းပ ။

ရိုးရာ ယဉ်ကျေးမှုပွဲတော်မှာ အဆိုအတီးများဖြင့် ဖျော်ဖြေနေကြသော ပအို့ဝ် လူငယ်များ (ဓာတ်ပုံ - ဘစောတင်/ဧရာဝတီ)


SATURDAY, 27 FEBRUARY 2010 17:10 ဘစောတင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ယနေ့တွင် ပအို့ဝ် တိုင်းရင်းသားများ၏ ရိုးရာ အဆိုအက၊ စာပေ အနုပညာများ ပါဝင်ပြသသည့် ယဉ်ကျေးမှုပွဲတော် ကျင်းပသည်။

ပအို့ဝ် အမျိုးသားနေ့ ဖြစ်သော ယနေ့တွင် ပအို့ဝ် ယဉ်ကျေးမှုပွဲတော်ကို ရိုးရာ ယဉ်ကျေးမှု အစဉ်အလာများ မပျောက်ပျက်ရေး၊ ပအို့ဝ်အခွင့်အရေး တန်းတူညီမျှရေး၊ အမျိုးသား စိတ်ဓာတ်မြှင့်တင်ရေး၊ သွေးစည်း ညီ ညွတ်ရေး စသည့် ဦးတည်ချက်များဖြင့် ကျင်းပခြင်း ဖြစ်သည်ဟု ပအို့ဝ် ဖောင်ဒေးရှင်းမှ အထွေထွေ အတွင်းရေးမှူး ကိုခွန်ဝင်းက ဧရာဝတီသို့ ပြောသည်။

“တကယ်တော့ ဒီနေ့ဟာ ပအို့ဝ် အမျိုးသားနေ့ဖြစ်ပါတယ်၊ မနှစ်ကတော့ ကျနော်တို့ ပအို့ဝ် အမျိုးသားနေ့လို့ပဲ ရေးခဲ့တယ်၊ ပအို့ဝ်လို ရေးတဲ့စာမှာလည်း ဒီလိုပဲရေးတယ်၊ ဒါပေမယ့် ဒီနှစ် ထိုင်းနိုင်ငံရဲ့ လုံခြုံရေး အခြေ အနေအရ ကျနော်တို့က ပအို့ဝ် ယဉ်ကျေးမှု ပွဲတော်လို့ နာမည်ပြောင်းလုပ်ရတာပါ၊ ပြည်တွင်းမှာဆိုရင် ဒီလို ကိုယ့်ရိုးရာ ယဉ်ကျေးမှုကို လွတ်လွတ်လပ်လပ် ကျင်းပခွင့်ရဖို့ဆိုတာ မလွယ်ဘူး”ဟု ၎င်းက ဆိုသည်။

ယနေ့ တပေါင်းလပြည့်နေ့သည် ပအို့ဝ်အမျိုးသားနေ့ဖြစ်ပြီး တပေါင်းလပြည့်နေ့ကို သတ်မှတ်ရခြင်းမှာ လွန်ခဲ့ သော နှစ်ပေါင်း၂၅၀၀ကျော် (ဘီစီ-၆ရာစုခန့်က) သုဝဏ္ဏဘူမိ သထုံပြည်တွင် သူရိယစန္ဒာ အမည်ရှိမင်းတပါး ရှိခဲ့သည်။ ထိုမင်းသည် ပအို့ဝ်လူမျိုးများ၏ ဂုဏ်ရောင်ကို မြှင့်တင်ပေးခဲ့သည်။ ပအို့ဝ် လူမျိုးများသည် ထိုမင်း ကို အထူးချစ်ခင် မြတ်နိုးကြသဖြင့်“သူရိယစန္ဒာမင်း”မွေးဖွားသော တပေါင်းလပြည့်နေ့ကို “ပအို့ဝ် အမျိုးသား နေ့” အဖြစ် သတ်မှတ်ခဲ့ကြောင်း ပအို့ဝ် အမျိုးသားနေ့ ဖြစ်မြောက်ရေးကော်မတီက ထုတ်ဝေသည့် စာစောင် တွင် ဖော်ပြထားသည်။

ယခုအကြိမ်အပါအ၀င် ဘန်ကောက်တွင် ပအို့ဝ်အမျိုးသားနေ့ကျင်းပသည်မှာ (၆) ကြိမ်ရှိပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ပအို့ဝ်အမျိုးသားနေ့ ကျင်းပခဲ့သည်မှာ (၅၉) ကြိမ်ခန့်ရှိပြီဟု ကိုခွန်ဝင်းက ပြောပြသည်။

ယနေ့ပွဲတွင် အဆို အက အတီးအမှုတ်များပါဝင်ရာ“ရိုးရာရှင်ပြုပွဲ အက”၊ “တောင်ပေါ် ပအို့ဝ်၊ မြေပြန့် ပအို့ဝ် အက၊ တိုင်းရင်းသား သွေးစည်း ညီညွတ်ရေးကို သရုပ်ဖော်သော အက စသည်တို့ကို ပအို့ဝ် လူငယ်များ က လှလှပပ ကပြဖျော်ဖြေသွားသည်။

ပွဲတော်လာ ပအို့ဝ် အမျိုးသမီးငယ် တဦးဖြစ်သူ မနင်းနေခင် က“ကျမ အခုလို ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှု ကို မြင်တွေ့ ရတာ အရမ်းကို ကြည်နူးရပါတယ်၊ ကျမတို့က နိုင်ငံပြင်ပမှာ အလုပ်လုပ်နေကြသူတွေ ဆိုတော့ အခုလို ထောင်နဲ့ချီတဲ့ ပအို့ဝ်တွေကို တနေရာတည်းမှာ မြင်ရ တွေ့ ရတာ ပျော်လည်း တကယ်ပျော်ပါတယ်၊ တနှစ်မှာတခါသာ ဒီလို ဆုံတွေ့ ရတာမို့ ပအို့ဝ်အမျိုးသားနေ့ဟာ ကျမတို့အတွက် တကယ်တန်ဖိုးထားရတဲ့ နေ့ တနေ့ ပါပဲရှင်”ဟု ပြောသည်။

ယနေ့ ကျင်းပသော ရိုးရာ ယဉ်ကျေးမှုပွဲတော်သို့ ပအို့ဝ်လူမျိုး ၃၀၀၀ ခန့် တက်ရောက်သည်ဟု သိရသည်။ ထိုင်းနိုင်ငံတွင် ပအို့ဝ်လူမျိုး ၈၀၀၀၀ ခန့် ရှိကြောင်း ပအို့ဝ်ဖောင်ဒေးရှင်းက ခန့်မှန်းထားသည်။

PNS-Japan
သတင်းမှတ်တမ်း ။ မူရင်း “ ဧရာဝတီ ”



မေ(၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၉လ အထိမ်းအမှတ်အခမ်းအနား။



မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၉လ၊ (၈၁)လ ပြည့် ၀မ်းနည်းခြင်း အထိမ်း အမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ၂၆.၀၂.၂၀၁၀ နေ့လည် ၃း၀၀နာရီ မှ ၄း၀၀နာရီ အထိ ကျင်းပပြုလုပ်ပြီး ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ လိုလားသူများ “ ၁၀၀ ” ၀န်းကျင်ခန့် တက်ရောက် ပူးပေါင်းပါဝင် ခဲ့ကြပါသည်။

သတင်းမှတ်တမ်း၊ဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)






Friday, February 26, 2010

SPDC dismissed opposition leader Aung San Suu Kyi appeal


YANGON, Myanmar – The highest court in military-ruled Myanmar dismissed opposition leader Aung San Suu Kyi's latest bid for freedom Friday, turning down an appeal to end 14 years of house arrest, her lawyer said.

The Supreme Court's decision had been expected since legal rulings in Myanmar rarely favor opposition activists.

Defense lawyer Nyan Win told reporters that he would launch one final "special appeal" before the court after determining why the earlier appeal had been rejected. "The court order did not mention any reasons," he said.

"Although the decision comes as no surprise, it is deeply disappointing. We continue to believe that (Suu Kyi) should be released immediately along with the other 2,000 and more other prisoners of conscience," said British Ambassador Andrew Heyn, who attended the court session along with diplomats from Australia, France and the United States.

Suu Kyi's lawyers appealed to the court last November after a lower court a month earlier upheld a decision to sentence her to 18 months of house arrest. She was convicted last August of violating the terms of her previous detention by briefly sheltering an American who swam to her lakeside home.
The 64-year-old democracy icon was initially sentenced to three years in prison with hard labor in a trial that drew global condemnation, but that sentence was immediately commuted to 18 months of house arrest by junta chief Senior Gen. Than Shwe.

Suu Kyi has been detained for 14 of the past 20 years.

Suu Kyi's National League for Democracy won elections in 1990 by a landslide, but the military, which has ruled Myanmar since 1962, refused to cede power and has constantly obstructed her party's operations over the past two decades.

The junta has announced it would hold elections some time this year under a constitution which would allow the military to maintain substantial powers. Suu Kyi's party has not yet announced whether it would contest the elections.

The court ruling comes nearly two weeks after the junta released Tin Oo, the 82-year-old deputy leader of Suu Kyi's party, after nearly seven years in detention, and a week after a U.N. human rights envoy left the country, expressing disappointment that he was not allowed to meet the opposition leader.

Myanmar, also known as Burma, has been widely criticized for its continued violation of human rights, including atrocities committed by its military against ethnic minority groups. Human rights groups says the junta holds 2,100 political prisoners.

Soon after his release Tin Oo said he was very hopeful that Suu Kyi would be released soon, noting that in 1995 he was released from an earlier stint in prison not long before Suu Kyi herself was freed.

During a meeting with her lawyers Thursday, Suu Kyi jokingly asked them if she had been behaving well, as junta chief Than Shwe had said she could receive amnesty if she serves her time according to the prescribed regulations.

"Than Shwe already made the verdict for (Suu Kyi) and no judge will have the nerve to change it," said Aung Din, executive director of the U.S.-based U.S. Campaign for Burma, a lobby group.

"The judiciary system in Burma is just a part of the regime's oppressive mechanism," he said. "The only way to make the release of (Suu Kyi) and all political prisoners in Burma is to keep putting maximum pressure on Than Shwe and his cronies until they feel the heat."

source by : YAHOO


တွေ့ဆုံဆွေးနွေးရေးဖြစ်မြောက်ရန် ၀ ခေါင်းဆောင် စတင်လိုက်လျော ။


THURSDAY, 25 FEBRUARY 2010 16:25 သျှမ်းသံတော်ဆင့်






လားရှိုး၌ တွေ့ဆုံရန် ဒုဗိုလ်ချုပ်ကြီးရဲမြင့်၏ တောင်းဆိုမှုကို ငြင်းဆန်လိုက်သော်လည်း တရုတ်၏ ဖြန်ဖြေ ဖြောင်းဖြ မှုကြောင့် တန့်ယန်းမြို့သို့သွားရောက်တွေ့ဆုံဆွေးနွေးရန် ၀ ခေါင်းဆောင် လိုက်လျော သဘောတူ လိုက်ပြီဟု ယနေ့မနက်ပိုင်းက သိရသည်။

စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်

“တန့်ယန်းအထိဆိုရင် ၆ နာရီ ကားစီးရတယ်၊ လားရှိုးလောက်တော့ မဝေးဘူး၊ တရုတ်က ဖိအားပေးလာတော့ မသွားလဲ မပြီးဘူး။ ဒီတခေါက်တွေ့ဆုံပွဲက အဖြူအမည်း ဆုံးဖြတ်ပေးမယ့် နောက်ဆုံး အကြိမ်လို့ ကျနော်တို့ခေါင်းဆောင်တွေ ပြောတယ် ” - ဟု အမည်မဖေါ်လိုသူ ၀ အဆင့်မြင့်အရာရှိ တဦးက ပြောပါသည်။

ယနေ့ ဖေဖေါ်ဝါရီ ၂၅ ရက်နေ့ မနက်ပိုင်း ၀ ပြည်သွေးစည်းရေး ပါတီ ဥက္ကဌ ပေါက်ယူချမ်းဦးဆောင်သည့် အင်အား ၈ ယောက် နအဖ အဆင့်မြင့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံရေးအတွက် သံလွင်မြစ် အနောက်ဘက် ကမ်းရှိ တန့်ယန်းသို့ ခရီးထွက်ရန် ပြင်ဆင်နေကြောင်း၊ ဒု-စစ်ဦးစီးချုပ် ကျောဝ်ကျုံးတန်းမှာမူ ဌာနချုပ်၌ ကျန်ရစ်မည် ဖြစ်ကြောင်း၊ ဥက္ကဌ နှင့်အတူ ဗိုလ်လာခမ်း၊ တရုတ် -ဗမာစကားပြန် ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့် ခေါ် လီဂျူး လျဲ့၊ ၄၆၈ တပ်မမှူး စိုင်းဆာမ် နှင့် အခြားအရာရှိများ လိုက်ပါသွားကြကြောင်း၊ တရုတ်အဖွဲ့တဖွဲ့လည်းကြား ၀င်ညှိနှိုင်းပေးရန် ရန်ကုန်မှတန့်ယန်း သို့ရောက်လာမည်ဖြစ်ကြောင်း၊ အဆိုပါ ၀ အရာရှိက ပြောပါသည်။

“လားရှိုးအထိ သွားမယ်ဆိုရင် ကျန်းမာရေးအရ မသွားနိုင်ဘူးလို့ ဥက္ကဌကြီး ပြတ်ပြတ်သားသား ငြင်းထားတယ်။” - ဟု UWSA စစ်ရုံးချုပ်မှ တာဝန်ရှိသူတဦးက လည်းပြောပါသည်။

ထိုပုဂ္ဂိုလ်က ဆက်၍ တိုက်ရေးခိုက်ရေးတွင် ၀ ပြည်သွေးစည်းရေးတပ်မတော်အနေဖြင့် စိုးရိမ်ခြင်းမရှိကြောင်း၊ အတွေ့ အကြုံအရလည်း ရှုံးနှိမ့်ခြင်းမရှိခဲ့ဖူးကြောင်း၊ နအဖ ဘက် ထုံးစံအတိုင်း မရိုးမသား အောက်တန်းကျ သည့် နိုင်ငံရေး ဉာဏ်နီဉာဏ်နက် သုံးမည်ဆိုလျှင် ယခုတခေါက်က အဆိုးအကောင်း အဆုံးအဖြတ်ဖြစ်နိုင် ကြောင်း - သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။

တရုတ်၏ တိုက်တွန်းမှုကြောင့် ယခု နောက်ဆုံးကမ်းလှမ်းချက်အား ၀ ဥက္ကဌ ပေါက်ယူချမ်းက လက်ခံသော်လည်း ၀ ပြည်သူလုထု နှင့် ကေဒါ တပ်သားများ၏ ဆန္ဒအရ ၂၀၀၉ နိုဝင်ဘာ ၁၀ ရက်စွဲပါ တောင်းဆိုချက် ၉ ချက် ကို သာ လက်ကိုင်ပြုထားဆဲ ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်က ဆက်ပြောပါသည်။




ဝ ဥက္ကဌ ပေါက်ယူချမ်း

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၀ ပြည်နယ်ထူထောင်ရေးအတွက် ၎င်းတို့၏ တောင်းဆိုချက် ၉ ချက် ကို နအဖ ဘက်က လုံးဝ ပါယ်ချထားပြီး ဗမာစစ်အရာရှိ ၃၀ ပါဝင်သည့် တပ်ရင်းတခု အင်အား ၃၂၆ ယောက် ရှိသည့် တပ်ရင်း ၅ ရင်းနှင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန်ကိုသာ နအဖ က တဘက်သတ် ဖိပြေားခဲ့သည်။



PNS-Japan
သတင်းမှတ်တမ်း ။ “ သျှမ်းသံတော်ဆင့် ”










Thursday, February 25, 2010

အတုအယောင် မြန်မာ မဖြစ်ရဟု ၀န်ကြီးချုပ် သိန်းစိန်ပြော ။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် (ဓာတ်ပုံ - ရိုက်တာ)

WEDNESDAY, 24 FEBRUARY 2010 15:36 ကိုထွေး

“မြန်မာသည် မြန်မာ ယောင်ဆောင် ထားသော တိုင်းတပါး အလိုတော်ရိ မဖြစ်စေရ”ဟု ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ကချင်ပြည်နယ် ခရီးစဉ်တွင် တိုက်တွန်း ပြောကြား လိုက်သည်။

ဗန်းမော်မြို့ မြို့တော်ခန်းမ၌ မြို့မိ မြိုဖများ၊ ခရိုင်နှင့် မြို့နယ် အဆင့်ရှိ ဌာန ဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့များကို ယမန်နေ့က ယင်းသို့ ပြောကြား ခဲ့ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

တစုံတဦးကို ရည်ရွယ် ပြောဆိုခြင်း မရှိသော်လည်း ဗြိတိန် နိုင်ငံသား မိုက်ကယ် အဲရစ်နှင့် လက်ထပ်ခဲ့သော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ် သူများက ဆိုသည်။

ယင်းပြောကြားချက်သည် စစ်အစိုးရ၏ သဘောထားကို လှစ်ဟ ဖော်ပြလိုက်ခြင်းဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦး ဖြစ်သူ ဦးဝင်းတင်က သုံးသပ်သည်။

“ပြေလည်ချင်တဲ့ သဘော မရှိခြင်းကို ပြတာပဲ၊ ရွေးကောက်ပွဲမတိုင်ခင် ကာလမှာ နိုင်ငံရေး အင်အားစုတွေနဲ တတ်နိုင် သမျှ ပြေပြေလည်လည် ဖြစ်ဖို့ မရှိဘူး၊ တင်းတင်းမာမာပဲ ဆက်ဆံသွားမယ်၊ ရွေးကောက်ပွဲကို လုပ်သွားမယ်ဆိုတာကို ပြလိုက်တဲ့ သဘောပဲ”ဟု ဦးဝင်းတင်က ပြောသည်။

အစိုးရပိုင် သတင်းစာများက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီကို အနောက်အုပ်စု ၏ သြဇာခံ အဖြစ် မကြာခဏ ရှုတ်ချ ရေးသားမှုများ ရှိခဲ့သည်။

ယနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ၂၀၀၉ ခုနှစ် စက်တင်ဘာလ မှ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ အထိ ပြည်နယ်နှင့်တိုင်း များတွင်ရှိသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီဝင် ၁၆ ဦးနုတ်ထွက်သည့် သတင်းကို ရေးသား ဖော်ပြထားသည်။

NLDတည်ထောင်စဉ် ကတည်းက အစိုးရက ယင်းသို့ လုပ်ဆောင်နေခြင်းဖြစ်ပြီး ယခင်က နုတ်ထွက်သည့် စာရင်းကို အချိန်နှင့် အညီ သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ အခြေအနေ အရပ်ရပ်ကြောင့် နုတ်ထွက်သူများ ကို ပြစ်တင် ရှုတ်ချ ပြစ်ပယ်ခြင်း မပြု လုပ်သကဲ့သို့ ရန်သူကဲ့သို့လည်း သဘောမထားကြောင်း ဦးဝင်းတင် က ဆိုသည်။

ဦးဝင်းတင်က“ပါတီဝင်တွေနုတ်ထွက်တယ်ဆိုတာက နိုင်ငံရေး ကစားမှုသက်သက်ပဲ၊ ကျနော်တို့ ပါတီဟာ သူတို့ ထင်သလို ပါတီဝင်တွေ နုတ်ထွက်တာ နှစ် ၂၀လုံးလုံး ရှိလာခဲ့ပြီဗျာ၊ ဒီနေ့ ပါတီမှာ လူတယောက် မှတောင် ကျန်စရာ အကြောင်းမရှိတော့ဘူး၊ နုတ်ထွက်တာနဲ့ ပတ်သက်ပြီးတော့ ကျနော်ကတော့ အယုံ အကြည်မရှိဘူး”ဟုပြောသည်။

NLD ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေကလည်း“ငွေပေးလို့ပဲဖြစ်ဖြစ်၊ အတင်းအကျပ် လုပ်ခိုင်းလို့ပဲ ဖြစ်ဖြစ် လုပ်တာဖြစ်နိုင် တယ်၊ ဒါဟာ သွေးရိုးသားရိုး ကိစ္စ မဟုတ်ဘူး”ဟု ဆိုသည်။


PNS-Japan
သတင်းမှတ်တမ်း ။ “ ဧရာဝတီ ”





Wednesday, February 24, 2010

တွေ့ဆုံရေးအတွက် တရုတ်ကြားဝင်ပေး - “ ၀ ” ခေါင်းဆောင်ငြင်းဆန် ။

ဝ အမျိုးသားခေါင်းဆောင် ပေါက်ယူချမ်း


WEDNESDAY, 24 FEBRUARY 2010 20:43 သျှမ်းသံတော်ဆင့်


ယခုလ ၂၆ ရက်နေ့ စရဖ အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် တွေ့ဆုံရန် တရုတ်ဆက်သွယ်ရေး အရာရှိများ ကြားဝင်ပေးသော် လည်း ၀ ခေါင်းဆောင် ထပ်မံငြင်းဆန်ထားသည်ဟု သိရသည်။

“လားရှိုးမှာ ဗိုလ်ရဲမြင့်နဲ့တွေ့ဖို့ ဥက္ကဌကြီးရဲ့ လုံခြုံရေးတာဝန်တွေပါ ယူပေးဖို့ တရုတ်ကို နအဖ က အကူအညီ တောင်းထားတယ်။ မဖြစ် ဖြစ်တဲ့နည်းနဲ့ ဥက္ကဌကြီး ပေါက်ယူချမ်းကိုယ်တိုင်သွားအောင် ၀ ကို တရုတ်ကဖိအားပေး ဖို့ပေါ့” - ၀ ခေါင်းဆောင်များနှင့် ရင်းနှီးသူတဦးက ပြောပါသည်။

ယခုလ ၂၂ ရက်နေ့တွင် တရုတ်ဆက်သွယ်ရေးအဖွဲ့ တဖွဲ့က လာမည့် ၂၆ ရက် နအဖ ကိုယ်စား လှယ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် လားရှိုး၌ ၀ ခေါင်းဆောင် ပေါက်ယူချမ်း သွားရောက်တွေ့ဆုံရန် ဖြောင်းဖြတိုက်တွန်းပေးခဲ့သည်။ ကျန်းမာရေးကြောင့် ခရီးမသွားနိုင် ကြောင်း ၀ ဘက်က ထိုနေ့၌ပင် အကြောင်းပြန်ကြားလိုက်သည်ဟု - ၀ အဆင့်မြင့် အရာရှိ တဦးကပြော ပါသည်။

“ကျနော်တို့ရဲ့ ဥက္ကဌ ကြီးက ကျန်းမာရေးသိပ်မကောင်းဘူးလေ၊ နေကောင်းကျန်းမာ သွားလာလှုပ်ရှားနိုင်သူ ကို နေမကောင်းတဲ့သူက သွားတွေ့ရမယ်ဆိုတာ မဟုတ်ဘူးသေးဘူး။ တခြားခေါင်းဆောင်တွေ ကိုယ်စားသွားဖို့ ပြောပေမယ့် သူတို့က ဥက္ကဌကြီးမှ ဥက္ကဌကြီးဆိုတော့ နောက်ကွယ်မှာ ရိုးသားမှုရှိမရှိမပြောနိုင်ဘူး” - ဟု အဆို ပါ ၀ အရာရှိက သျှမ်းသံတော်ဆင့်သို့ပြောပြပါသည်။

သီးခြားအတည်မပြုနိုင်သေးသည့် သတင်းအရ လွန်ခဲ့သည့် တစ်ပတ်က နအဖ ၏ စရဖ အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ကိုယ်တိုင် အပစ်ရပ်ပြဿနာကူညီဖြေရှင်းပေးရန် တရုတ်ပြည်သို့သွားပြီး အကူအညီတောင်းခံ ခဲ့သည် ဟုဆိုသည်။

၂၀၀၉ နိုဝင်ဘာ ၁၄ ရက်နေ့က ၀ပြည်သွေးစည်းရေးပါတီ ဒုဥက္ကဌ ရှောက်မင်လျဲန် နှင့် အခြားအဆင့်မြင့် ၀ ခေါင်းဆောင်များ တန့်ယန်းမြို့၌ ဒုဗိုလ်ချုပ်ကြီးရဲမြင့် နှင့်နောက်ဆုံးတွေ့ဆုံခဲ့သည်။ထိုစဉ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်က ‘စကားပြော တာအဆင့်မရှိဘူး ၊ အောက်တန်းကျလွန်းတယ်၊ အထက်စီးပြောလွန်းတယ် ’ - ဟု အဆိုပါ ၀ အရာရှိက ပြောပြသည်။

ထို့နောက်ပိုင်း ၀ ခေါင်းဆောင် ပေါက်ယူချမ်းကိုယ်တိုင် သွားရောက်တွေ့ဆုံရန် နအဖ ဘက်ကမ်းလှမ်းခဲ့သည် မှာ ၄ ကြိမ်တိတိရှိပြီဖြစ်၏။ ကျန်းမာရေးကြောင့် သွားမတွေ့နိုင်ကြောင်း ငြင်းဆန် ခဲ့ပြီး စစ်အစိုးရတွေ့လိုက ဖေဖေါ်ဝါရီ ၂၀ ရက် ၀ ဌာနချုပ် ပန်ဆန်းမြို့သို့ လာရောက်တွေ့ဆုံနိုင်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်ထံ ၀ ဘက်မှ ပြန်လည် ဖိတ်ကြားလိုက်သော်လည်း လာရောက်တွေ့ဆုံခြင်းမရှိချေ။

PNS-Japan
သတင်းမှတ်တမ်း ။ “သျှမ်းသံတော်ဆင့်”





ငြိမ်းချမ်းရေး (၁၆) နှစ်ပြည့် အထိမ်းအမှတ် မနောပွဲ ကျင်းပ။

ခိုင်လင်း/ ၂၃ ဖေဖော်ဝါရီ ၂ဝ၁ဝ

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နှင့် နအဖအကြား အပစ်ရပ်စာချုပ် ချုပ်ဆိုသည့် (၁၆) နှစ်ပြည့် အထိမ်း အမှတ်အဖြစ် ကျင်းပသည့် မနောပွဲတော်ကို ယနေ့ စတင်ဖွင့်လှစ်သည်။

ကချင်ပြည်နယ်၊ နမ္မတီးမြို့မြောက်ဘက် (၁ဝ) မိုင်ကျော်အကွာရှိ ကေအိုင်အို တပ်ရင်း (၁၁) နယ်မြေ၊ ကဆုန့် ကျေးရွာတွင် မနောပွဲတော်ကို ကျင်းပနေခြင်း ဖြစ်ပြီး ယခုလ (၂၆) ရက်ထိ (၄) ရက်တိုင် ကျင်းပမည်ဖြစ်ကာ ကချင်ပြည်နယ်အတွင်းရှိ ရဟန်းရှင်လူ ပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ဖိတ်ကြားထားသူများ ရောက်ရှိ နေပြီဖြစ်ကြောင်း ပွဲတော်အတွင်း ဧည့်ခံကြိုဆိုရေး တာဝန်ယူထားသည့် ကေအိုင်အို အရာရှိတဦးက ပြောသည်။

၎င်းက “မီးရထားသံလမ်းရိုး တလျှောက်က ဘုန်းကြီးတွေလည်း ကြွလာပါတယ်။ အပါး (၈ဝ) ဖိတ်ထားပါတယ်။ ကချင်တွေချည်း မဟုတ်ပါဘူး။ ရှမ်းတွေ၊ ဗမာတွေ၊ နာဂတွေ လူမျိုးစုံလာပါတယ်။ တရုတ်ပြည်ဘက်က ကချင်တိုင်းရင်းသားတွေ၊ ရန်ကုန်၊ မန္တလေးနဲ့ ရှမ်းပြည်နယ်က ကချင်တွေလည်း ရောက်နေကြပါတယ်။ လူဦးရေတော့ အတိအကျ မသိနိုင်သေးပါဘူး။ တချို့က လာနေတုန်း၊ လမ်းမှာပဲ ရှိနေလို့ပါ။ လောလောဆယ် သုံးထောင် လောက်တော့ ရှိနိုင်ပါတယ်” ဟု ပြောသည်။

ပွဲတော်ရက်အတွင်း မနောပွဲများကိုသာ အဓိက ပြုလုပ်မည်ဖြစ်ပြီး တက်ရောက်လာသည့် ဧည့်သည်များလည်း ပါဝင်ဆင်နွှဲကြမည် ဖြစ်ကြောင်း၊ ညပိုင်းတွင် စတိတ်ရှိုး ပြုလုပ်မည်ဖြစ်ပြီး ခရီးသွားလာရေး၊ ဧည့်ခံ ကျွေးမွေးရေး အစီအစဉ် အားလုံးကို ကေအိုင်အိုက တာဝန်ယူကြောင်း သိရသည်။

ကချင်တိုင်းရင်းသားများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် ကေအိုင်အိုအဖွဲ့က ၁၉၆၁ ခုနှစ်တွင် လက်နက်ကိုင် တော်လှန်ရေးစတင်ခဲ့ပြီး ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီ (၂၄) ရက်တွင် မြစ်ကြီးနားမြို့၌ နအဖနှင့် ကေအိုင်အို ကိုယ်စားလှယ်များအကြား အပစ်ခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုခဲ့သည်။

နအဖက ကေအိုင်အိုအဖွဲ့အား နယ်ခြားစောင့်တပ် အသွင်ပြောင်းခိုင်းနေသော်လည်း ကေအိုင်အိုက တန်းတူရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရရှိသေးသရွေ့ နယ်ခြားစောင့် တပ်ဖွဲ့ရန် လက်မခံကြောင်း ငြင်းပယ်ခဲ့သည်။


PNS-Japan
သတင်းမှတ်တမ်း ။ www.khitpyaing.org/news






Tuesday, February 23, 2010

ဒုဗိုလ်ချုပ်ကြီး ရဲမြင့် ၀ ဋ္ဌာနချုပ်လာရန် ပျက်ကွက် ။

ဒု ဗိုလ်ချုပ်ကြီးရဲမြင့် နှင့် ဥက္ကဋ္ဌ ပေါက်ယူချမ်း

TUESDAY, 23 FEBRUARY 2010 08:37 သျှမ်းသံတော်ဆင့်
မြန်မာစစ်တပ်မှ စစ်ဘက်ရေးရာ လုံခြုံရေးအကြီးအကဲ (စရဖ) ဒု ဗိုလ်ချုပ်ကြီးရဲမြင့်သည် ၀ ပြည် သွေးစည်းညီညွတ်ရေး ပါတီ၏ နယ်ခြားစောင့်တပ် ကိစ္စ ဆွေးနွေးရန် ဖိတ်ကြားချက်ကို ပျက်ကွက်ခဲ့ကြောင်း သိရသည်။

ဖေဖေါ်ဝါရီ ၁၁ ရက်နေ့ တွင် ၀ တပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချမ်းအား ဖေဖေါ်ဝါရီလ ၁၄ ရက် လားရှိုးမြို့သို့ သွားရောက်ရန် နေပြည်တော် မှတဆင့် ဖုန်းဆက်အကြောင်းကြားရာတွင် ၀ တပ်ဖွဲ့က ငြင်းဆန်ခဲ့သည်။

ထို့နောက် ဒု ဗိုလ်ချုပ်ကြီးရဲမြင့်အား ၀ တပ်ဖွဲ့ဋ္ဌာနချုပ်ရှိရာ ပန်ဆန်းမြို့သို့ ဖေဖေါ်ဝါရီ ၂၀ ရက်နေ့တွင် သွားရန် ၀ တပ်ဖွဲ့က ပြန်လည်ဖိတ်ကြားခြင်းဖြစ်ကြောင်း ၀တပ်ဖွဲ့နှင့်နီးစပ်သူက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“၁၁ ရက်နေ့မှာ လှမ်းဖိတ်တယ်၊ ဥက္ကဋ္ဌ ပေါက်ယူချမ်းကို ၁၄ ရက်နေ့ လားရှိုးလာဖို့၊ ၀ က မလာနိုင်ဘူးလို့ ပြော လိုက် တယ်၊ ၂၀ ရက်နေ့ ပန်ဆန်းမှာတွေ့ဖို့ လာခဲ့ပါလို့ ပြန်ဖိတ်လိုက်တယ်။ ၀ ပြောထားတဲ့ အစီအစဉ်အတိုင်း ၂၀ ရက်နေ့ ပန်ဆန်းကို ဗိုလ်ရဲမြင့်ရောက်မလာဘူး” လို့ သူက ပြောသည်။

နယ်ခြားစောင့်တပ်ကိစ္စ တွေ့ဆုံဆွေးနွေးမည့်အရေးတွင် ၎င်းတို့နှစ်ဘက်မကျေမလည်ဖြစ်နေပြီး ငြိုးသရန် ဘက်များ သဖွယ် တစ်ဖက်၏ အစီအစဉ်ကို တစ်ဖက်က အပြန်အလှန် ပယ်ချနေကြသည်။

ယခုနှစ်ဆန်းပိုင်းကစ၍ နယ်ခြားစောင့်အရေးဆွေးနွေးရန် မြန်မာစစ်တပ်၏ကမ်းလှမ်းမှု ၃ ကြိမ်စလုံးကို ၀ တပ်ဖွဲ့ က ငြင်းဆန်လိုက်ပြီး မြန်မာစစ်တပ်ကလည်း ၀ တပ်ဖွဲ့၏ ယခု အစီအစဉ် ကို ပယ်ချလိုက်ပြန်သည်။

“ပန်ဆန်းကို ဗိုလ်ရဲမြင့်မသွားဘူးလို့ အကြောင်းကြားပြီးပြီ၊ သူတို့ ဒီကြားထဲမှာတော့ ထပ်ချိန်းမှာပဲတွေ့ဖြစ်မယ်။ မတွေ့ဖြစ်ဘူးဆိုတာတော့ မရေရာသေးဘူး ” လို့ သူက ဆက်ပြောသည်။

ဝ တပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချမ်းက မြန်မာစစ်တပ်၏ ဖိတ်ကြားသည့် နေရာသို့ မသွားရောက်နိုင်ခြင်းမှာ ကျန်းမာရေး မကောင်း၍ ဖြစ်ကြောင်း သိရသည်။

မြန်မာစစ်တပ်၏နယ်ခြားစောင့်တပ်ပြောင်းလဲရေးအဆိုကို ၀ တပ်ဖွဲ့က အချက် ၉ ချက် ကန့်သတ်ချက် တောင်းဆိုမှု ကိုဆုပ်ကိုင်၍ ငြင်းဆန်ခဲ့သော်လည်း မြန်မာစစ်တပ်က အကြွင်းမဲ့ နယ်ခြားစောင့်တပ်ဖြစ်ရေးကိုသာ ဖိအားပေးနေသည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP တွင် တိုက်ခိုက်ရေးတပ်ဖွဲ့ဝင် အင်အား ၃ သောင်းဝန်းကျင်ရှိပြီး ၁၉၈၉ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ကာ မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေးယူခဲ့သည်။


PNS-Japan
သတင်းမှတ်တမ်း ။ “ သျှမ်းသံတော်ဆင့် ”






ဦးတင်ဦးကို သူရဲကောင်း ဆုချီးမြှင့်။



ဦးတင်ဦးကို သူရဲကောင်း ဆုချီးမြှင့်
မြင့်မောင် တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၂ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၂၈ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးကို ပြည်တွင်းရှိ တိုင်းရင်းသား ပါတီများဖြင့် ဖွဲ့စည်းထားသည့် UNA နှင့် ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်များက ယခုလ ၂ဝ ရက်နေ့တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆုကို ချီးမြှင့်လိုက်သည်။

အကျယ်ချုပ်မှ ၆ နှစ်ကြာ ကျခံရပြီးနောက် ယခုလ ၁၃ ရက်နေ့တွင် ပြန်လွတ်လာသည့် NLD ဒုဥက္ကဋ္ဌကို ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်ရှိ သခင်သိန်းဖေ နေအိမ်၌ ၎င်းတို့က အခမ်းအနားတရပ် ကျင်းပကာ အမျိုးသား ပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု မှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်လိုက်ခြင်း ဖြစ်သည်။

“ပြည်သူလူထု လွတ်ငြိမ်းချမ်းသာခွင့်ရဖို့၊ ပြည်သူလူထုအနေနဲ့ ဒီမိုကရေစီရဖို့နဲ့ ဒီမိုကရေစီတိုက်ပွဲ အောင်မြင်ဖို့ လုပ်နေတဲ့အတွက်ကြောင့် သူ့ကို အမျိုးသားပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု ပေးတာ ဖြစ်တယ်” ဟု UNA ထဲမှ အဖွဲ့အစည်းတခုဖြစ်သည့် ဇိုမီးအမျိုးသားကွန်ဂရက် ZNC ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်က ပြောသည်။

ဆုချီးမြှင့်ခံရသူ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက “အမှန်ကတော့ဗျာ၊ ဒီလောက်တောင် သူရဲကောင်းလည်း မဟုတ်သေးပါဘူးဗျာ။ တကယ်တမ်း ပြောရလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်တို့ ခေါင်းဆောင်ပြီး ပါလာတဲ့အခါမှာ ကျနော်ရဲ့ လုပ်ကိုင်ဖူးတဲ့ အတွေ့အကြုံတွေအရ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီဖို့ပဲ ပါလာတဲ့သူပါ” ဟု ပြောသည်။

ယခုလ ၂ဝ ရက်နေ့သည် ၆၂ နှစ်မြောက် ချင်းအမျိုးသားနေ့နှင့်လည်း တိုက်ဆိုင်နေသဖြင့် ZNC ဥက္ကဋ္ဌက ချင်းရိုးရာ ခြုံစောင်တထည်ကိုပါ ဦးတင်ဦးကို ဂုဏ်ပြုသည့်အနေဖြင့် လွှမ်းခြုံပေးခဲ့သည်။

“ခဲရာခဲဆစ် ကျနော်တို့ ချင်းပြည်နယ်ကို လာပြီးအပြန် ဒီပဲယင်းမှာ အရိုက်ခံရတယ်။ အခုလို ခံရပြီးတော့ ပထမဦးဆုံး အင်းစိန်ထောင်မှာ မပို့ဘဲ ကလေးထောင်မှာ ၈ လလောက် ကျတယ်။ ဦးတင်ဦးကို ကျနော်တို့ ပြည်သူတွေက အသဲစွဲ ဖြစ်နေတယ်။ အဲဒီအတွက် ပေးရခြင်း ဖြစ်တယ်” ဟု ပူကျင့်ရှင်းထန်က ပြောသည်။

ဦးတင်ဦးက “ချင်းတိုင်းရင်းသားများထဲက ပေးတာဆိုတော့ ကျေးဇူးတင်တယ်၊ ဝမ်းသာတယ်။ သူတို့ နိုင်ငံရေး မျှော်မှန်းချက်၊ ရည်ရွယ်ချက်တွေကို တတ်နိုင်သမျှ ကူညီဖြေရှင်းပေးမယ်ဆိုတဲ့ သဘောဆောင်တယ်။ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်နဲ့ ယုံကြည်မှုရမှာသာ ဒီနိုင်ငံတော်ကြီးဟာ ပြည်ထောင်စု နိုင်ငံတော် ထူထောင်နိုင်မှာပါ။ တိုင်းရင်းသားပေါင်းစုံ တဖက်နဲ့ တဖက် ယုံကြည်စိတ်ချစွာ ပါဝင်ပြီး ပေါင်းစပ်တဲ့ နိုင်ငံတော်ကြီးဖြစ်အောင် တစိတ်တဒေသအားဖြင့် ကူညီနိုင်ဖို့ စိတ်ကူးပါတယ်” ဟု ပြောသည်။

၂ဝဝ၃ ခု မေလ ၃ဝ ရက်နေ့တွင် NLD အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် စည်းရုံးရေးခရီး ထွက်နေစဉ် စစ်ကိုင်းတိုင်း ဒီပဲယင်းအရပ်တွင် စစ်အစိုးရ နောက်ခံပြု လူအုပ်စုကြီး၏ အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် ဦးတင်ဦး အဖမ်းခံခဲ့ရသည်။ ထို့နောက် ၂ဝဝ၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ကျခံပြီးနောက် ယခုလ ၁၃ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ဆုပေးပွဲ အခမ်းအနားတွင် ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်များ၊ UNA အဖွဲ့ဝင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အချို့ အပါအဝင် လူဦးရေ ၅ဝ နီးပါး တက်ရောက်ခဲ့သည်။

အခမ်းအနားတက်ခဲ့သည့် NLD CEC အဖွဲ့ဝင် ဦးအုန်းကြိုင်က “ဦးတင်ဦးက သူဟာ သူရသတ္တိ ရှိကောင်း ရှိလိမ့်မယ်၊ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရသတ္တိအပြင် ဓမ္မသတ္တိပါ ရှိပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးရတာ အလွန်ကံကောင်းတယ်တဲ့။ သူအောင်မြင်အောင် ဝိုင်းပြီးတော့ ဆောင်ရွက်ကြပါလို့ အခန်းအနားမှာ ပြောကြားခဲ့တယ်” ဟု ပြန်ပြောပြသည်။

ဆုပေးအပ်ပွဲတွင် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက ၁၉၈၈ ခုနှစ် ဒီမိုကရေစီတိုက်ပွဲကို စတင်ခဲ့ရာတွင် ရှေ့တန်းမှ ပါဝင်ခဲ့သည့် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ၊ ကိုဋ္ဌေးကြွယ်၊ ကိုဂျင်မီ၊ ကိုပြုံးချိုနှင့် ကိုမြအေးတို့၏ လှုပ်ရှားမှုနောက်တွင် ပါဝင်လာခဲ့သူသာဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

UNA တွင် တိုင်းရင်းသားပါတီများဖြစ်သည့် မွန်အမျိုးသား ဒီမိုကရေစီတပ်ဦး (MNDF)၊ ဇိုမီး အမျိုးသားကွန်ဂရက် (ZNC)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) တို့ဖြင့် ဖွဲ့စည်းထားပြီး ၁၉၉ဝ ရွေးကောက်ပွဲတွင် အမတ်လောင်းများအဖြစ် ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ သို့သော် UNA ကို စစ်အစိုးရ တရားမဝင် အသင်းအဖွဲ့အဖြစ် ပြောဆိုထားခဲ့သည်။


PNS-Japan
www.mizzimaburmese.com/news မှ ကူးယူဖေါ်ပြသည်။





Sunday, February 21, 2010

(၆၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနား(တိုကျို)



၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလ(၂၁)ရက်။




ပထမပိုင်း အခမ်းအနားအစီအစဉ် ဗီဒီယိုမှတ်တမ်း ။ Swan28ktg:


ဒုတိယပိုင်း ရိုးရာယဉ်ကျေးမူ ဖျော်ဖြေရေးအစီအစဉ် ဗီဒီယိုမှတ်တမ်း ။ Swan28ktg:


စတီရီယို အဆိုတော် “ ဆုန်သင်းပါရ် ” ဖျော်ဖြေရေးမှုအစီအစဉ် ဗီဒီယိုမှတ်တမ်း ။ Swan28ktg:

ယနေ့ ကျရောက်တဲ့ (၆၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို TOKYO Toshima-ku မြို့ နယ် Ikebukuro Kohkaido ခမ်းမမှာ ဂျပန်နိုင်ငံရောက် ချင်းတိုင်းရင်းသားများ မှ ဦးစီးကျင်းပပြုလုပ်ကာ ညနေ ၆ နာရီ မှ ၉ အထိ နှစ် ပိုင်းခွဲပြီး ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အစီအစဉ် ပထမပိုင်းမှာ အဖွင့် ဆုတောင်းအစီအစဉ်ကို Pu(Rev.)Ronald Lawm Bik မှ ဆုတောင်း ပေးပြီးသည့်နောက် ချင်းတိုင်းရင်းသားအဖွဲ့ အစည်း(ဂျပန်)CNC-Japan ဥက္ကဋ္ဌ Pu Thang Nang Lian Thang မှ အဖွင့်အမှာစကားကို ဂျပန်နိုင်ငံရောက် ချင်းမျိုးနွယ်စုများ ကိုယ်စား ပြောကြားခဲ့ပါသည်။ အထူးဧည့်သည်တော် Mr.Hisao Tanabe (U Shwe Ba, A friend of Chinland) မှ ချင်းအမျိုးသားနေ့  အတွက် နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ချင်းအမျိုးသားနေ့ ပေါ်ပေါက်လာပုံ နောက်ခံ သမိုင်းကြောင်းကို Daw Ngun Than မှ ရှင်းလင်းပြောကြားခဲ့ပါသည်။ ချင်းပြည်နယ်အကြောင်းကို ပါဝါပွိုင့် ဖြင့် မိတ်ဆက် တင်ပြပြီး ချင်းပြည်နယ်မှာ `ကြွက်`များကြောင့် သီးနှံများ ဖျက်ဆီးခံရပြီး အငတ်ဘေးကြုံတွေ့ နေရပုံကို ရှင်းလင်းသွားပါသည်။ ဤ ကျင်းပပြုလုပ်သည့် ချင်းအမျိုးသားနေ့  အခမ်းအနားမှ ကောက်ခံရရှိသည့် အလှုငွေများကိုလည်း ကြွက်အန္တရယ် ကျရောက်သည့် ဒေသ သို့  လှုဒါန်းသွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။

ဒုတိယပိုင်း ရိုးရာယဉ်ကျေးမူ ဖျော်ဖြေရေးအစီအစဉ် မှာ ချင်းရိုးရာ တေးသီချင်းများ ၊ Fashion Show အစီအစဉ်များ ၊ ချင်းတိုင်းရင်းသား ရိုးရာ ၀ါးညှပ်အက တို့ ဖြင့်တင်ဆက်သွားပြီး အထူးဧည့်သည်တော် စတီရီယို အဆိုတော် “ ဆုန်သင်းပါရ် ” နှင့် ကိုအောင်ပဏ်းတို့ မှ ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေ တင်ဆက် သွားခဲ့ကြပါသည်။ ချင်းတောင်တန်းသို့  အလည်တခေါက် လာခဲ့ပါ တေးသီချင်းဖြစ် စုပေါင်းသီဆိုကြပြီး အခမ်းအနားကို ည ၉ နာရီတွင် ပြီးဆုံးခဲ့ပါသည်။

ဒီနေ့ ကျင်းပပြုလုပ်သည့် (၆၂)နှစ်မြောက် ချင်းအမျိုးသားနေ့  အခမ်းအနားကို ဂျပန်နိုင်ငံရောက် ပြည်ထောင်စု ဘွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ နှင့် ဂျပန်ဧည့်သည်တော်များ အပါအ၀င် စုစုပေါင်း (၃၀၀)ကျော်ခန့်  တက်ရောက်ခဲ့တာကိုတွေ့ ရပါသည်။ မိမိတို့ အထင်ကရနေ့ များ မိမိတို့ ရဲ့ ရိုးရားယဉ်ကျေးမှုများ ကို စည်းစည်း လုံးလုံးနဲ့  ကြိုးစားပြီး လုပ်ဆောင်နိုင်ခဲ့တာကို တွေ့ ရသည့်အတွက် အလွန်ဘဲ ဂုဏ်ယူဝမ်းမြောက်မိပါသည်။


သတင်မှတ်တမ်း၊ PNS-Japan
Photo by / Lian Khan Sum (CNC-Japan)


အပြည့်အစုံသို့ ...

Rest of your post

(၆၂)နှစ်မြောက် ချင်းအမျိုးသားနေ့ (နယ်သာလန်) ဓာတ်ပုံသတင်း ။


swenaing.blogspot.com မှကူးယူဖေါ်ပြသည်။


PNS-Japan





Saturday, February 20, 2010

ကင်တာနာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရဘဲ ပြန်လည်ထွက်ခွာ ။

ယမန်နေ့က ရန်ကုန်မြို့တွင် NLD ခေါင်းဆောင်များဖြစ်သော ဦးဝင်းတင်၊ ဦးတင်ဦး တို့နှင့် မစ္စတာ ကင်တာနာ တွေ့ဆုံစဉ်

(ဓာတ်ပုံ - UNIC-Yangon)

FRIDAY, 19 FEBRUARY 2010 19:52 ဇာနည်မာန်

ကုလသမဂ္ဂ မြန်မာ နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာသည် နေအိမ် အကျယ်ချုပ် ကျနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်မရဘဲ မြန်မာ နိုင်ငံမှ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။

မစ္စတာ ကင်တာနာက ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ခွင့် မရသည့် အပြင် အကြောင်း ပြချက် တစုံတရာ မပေးသောကြောင့် စိတ်မကောင်းကြောင်း မြန်မာနိုင်ငံမှ ပြန်လည် မထွက်ခွာမီ ယနေ့ ညနေပိုင်းတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားပြီး ကြေညာချက် တစောင်ကိုလည်း ထုတ်ပြန်သည်ဟု ရန်ကုန် အခြေစိုက် စာနယ်ဇင်း သမားတဦးက ပြောသည်။

ထို့အပြင် ယခုနှစ် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု ဖြစ်ပေါ်ရန် မလွယ်ကူကြောင်း၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေး မည်ဟုလည်း မထင်မြင်ကြောင်း၊ မြန်မာနိုင်ငံ၏ တရားရေး စနစ်သည် လွတ်လပ်၍ တရားမျှတမှု မရှိကြောင်း ကိုလည်း ပြောကြား သွားသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင်းရှိ လူ့အခွင့်အရေးအခြေအနေများကို လေ့လာရန် လာသော သူ၏တတိယ အကြိမ်မြောက် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရရန် တောင်းဆိုခဲ့သော်လည်း ယခင်အကြိမ်များက ကဲ့သို့ပင် စစ်အစိုးရမှ တွေ့ဆုံခွင့် မပြုခဲ့ပေ။

သူသည် နေပြည်တော်တွင် ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း၊ ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ်မောင်ဦး၊ ဆက်ဆံရေး ၀န်ကြီး ဦးအောင်ကြည်၊ တရားသူကြီးချုပ် ဦးအောင်တိုး၊ ရှေ့နေချုပ် ဦးအေးမောင် တို့နှင့် သောကြာနေ့ မနက်ပိုင်းက တွေ့ဆုံခဲ့ပြီး ရန်ကုန်သို့ ပြန်လာကာ နိုင်ငံခြား သံတမန်များနှင့် ဆက်လက်တွေ့ဆုံခဲ့သည်။

ကြာသပတေးနေ့က ကင်တာနာသည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဒုဥက္ကဌ ဦးတင်ဦး၊ သတင်းစာ ဆရာကြီး ဦးဝင်းတင် အပါအ၀င် အခြား NLD အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။

“ဦးတင်ဦးကတော့ ၇၄ ခုနှစ်အခြေခံဥပဒေဟာ ပျက်ပြယ်သွားပြီဖြစ်တဲ့အတွက် ၇၄ ခုနှစ် အခြေခံ ဥပဒေအရ ချုပ်နှောင်ထားတဲ့ ဒေါ်အောင်ဆန်းကို လွှတ်ပေးဖို့သင့်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဒီအမျိုးသား ပြန်လည်သင့်မြတ်ရေးထဲမှာ ပါရမယ်ဆိုရင် လွှတ်ပေးဖို့ကောင်းတယ်ဆိုတာတွေပြောပြပါတယ်”ဟု NLD ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက ဧရာဝတီသို့ ပြောသည်။

ဦးတင်ဦးသည် ၂၀၀၃ ခုနှစ်အတွင်းက ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေအိမ်အကျယ်ချုပ် ချမှတ်ခံခဲ့ရပြီး မကြာသေးမီကမှ ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။

သတင်းစာ ဆရာကြီး ဦးဝင်းတင်ကမူ ၉၀ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အလေးထားရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို ပြန်လည်သုံးသပ်ရန်၊ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးခွန်ထွန်းဦး အပါအ၀င် နိုင်ငံရေးသမားများကို ဆက်ပြီး ချုပ်နှောင်ထားခြင်းသည် နိုင်ငံရေး ပြဿနာသာမက လူ့အခွင့်အရေး ဖောက်ဖျက်ခြင်း ဖြစ်သည်ဟု ကင်တာနာအား တင်ပြခဲ့သည်ဟု ဦးဝင်းတင်က ဧရာဝတီသို့ပြောသည်။

ကင်တာနာသည် ၂၀၀၈ ခုနှစ်မေလ အတွင်းက သူ၏ မြန်မာပြည်သို့ ပထမဆုံး ခရီးစဉ်တွင် သတင်းစာဆရာကြီး ဦးဝင်းတင် အင်းစိန် ထောင်တွင်းရှိစဉ် တွေ့ဆုံခဲ့ဖူးသည်။ ဦးဝင်းတင် ထောင်မှ ပြန်လွတ်ခါစ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင်မူ စစ်အစိုးရ၏ အစီအစဉ်ကို လက်မခံလိုသောကြောင့် ဦးဝင်းတင်မှ တွေ့ဆုံရန် ငြင်းဆန်ခဲ့သည်။

ကင်တာနာသည် NLD အဖွဲ့ဝင်များ၏ စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် သဘောထားများကိုလည်း မေးမြန်းခဲ့ သည်ဟု သိရသည်။

“ရွေးကောက်ပွဲကတော့ အခုထိ အဆုံးအဖြတ်မရှိသေးပါဘူးလို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါကျမှ ဆုံးဖြတ်သွားမှာဖြစ်တယ်၊ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရေးဟာ ပထမအရေးကြီးသလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ရေးဟာ ဒုတိယ အရေးအကြီးဆုံး ကိစ္စတွေ ဖြစ်ပါတယ်လို့ ဒီကိစ္စမှ မဖြစ်လို့ရှိရင်လည်း မြန်မာ့နိုင်ငံရေး ထွက်ပေါက်ကို သွားနိုင်မှာ မဟုတ်ဘူးလို့ အန်ကယ်လ်တို့ ပြောပြ လိုက်ပါတယ်”ဟု ဦးခင်မောင်ဆွေက ပြောသည်။

ကင်တာနာက သူနှင့် NLD အဖွဲ့ဝင်များ တွေ့ဆုံပြောဆိုသည်များကို မှတ်သားထားပြီး သက်ဆိုင်ရာသို့ တင်ပြပြောဆိုမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

ထိုကဲ့သို့ တွေ့ဆုံရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တဆည)၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) အဖွဲ့ဝင်တချို့နှင့် ၁၉၉၈ ခုနှစ် အတွင်းက စစ်အစိုးရထံ လက်နက်ချခဲ့သည့် ဘုရားကုန်း အထူးဒေသ ငြိမ်းချမ်းရေးအဖွဲ့မှ ပဒိုအောင်ဆန်းလည်း ပါဝင်ခဲ့သည်။

သူ၏ ၅ ရက်တာ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် စစ်တွေထောင်နှင့် ဘူးသီးတောင်ထောင်ရှိ နိုင်ငံရေး အကျဉ်းသားများ၊ ရခိုင်ဒေသရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများနှင့် တွေ့ဆုံရန် သွားရောက်ခဲ့ရာ ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှုများဖြင့် စွပ်စွဲအရေးယူထားသည့် ရခိုင်လူငယ် ခိုင်ကျော်မိုးနှင့် အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့မှ ဒေါ်နော်အုံးလှ အပါအ၀င် နိုင်ငံရေး အကျဉ်းသားတချို့နှင့် တွေ့ခွင့်ရခဲ့သည်။

နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုနေသည့် ကင်တာနာ ရောက်ရှိနေစဉ်ကာလအတွင်းတွင်ပင် စစ်အစိုးရက နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ လူမှုရေး ကူညီသူများကို ထောင်ဒဏ်ချမှတ်ခြင်းများ ပြုလုပ်ခဲ့သည်။

အင်းစိန်ထောင်တွင်း တရားရုံးက ဒေါ်နော်အုံးလှ အပါအ၀င် ၄ ဦးတို့ကို တနင်္လာနေ့တွင် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ပြီး၊ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး ကူညီပေးသည့် ငါးထပ်ကြီး ကျောင်းတိုက်မှ ဆရာတော် ဦးဃောသိတ ကို ဗုဒ္ဓဟူးနေ့တွင် ထောင်ဒဏ် ၇ နှစ် စသဖြင့် ဆက်တိုက် ချမှတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများနှင့် တနင်္လာနေ့က တွေ့ဆုံစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထပ်မံချမှတ်ခြင်း သည် ဥပဒေနှင့် မညီညွတ်ကြောင်းနှင့် စစ်အစိုးရ၏ တရားစီရင်ရေးမှာ တရားမျှတမှုများ မရှိကြောင်းကို ဝေဖန်ပြောကြားခဲ့သည်။

ထိုနေ့တွင်ပင် နိုင်ငံရေးလှုပ်ရှားတက်ကြွသူများကို နှစ်ရှည်ထောင်ဒဏ်များချမှတ်ခြင်းဖြင့် နာမည်ကျော်ကြားသော ရန်ကုန်တိုင်း ခရိုင်တရားသူကြီး ဦးသောင်းညွှန့်၊ ဦးညီစိုးတို့နှင့် ရန်ကုန်မြို့တွင် စစ်အစိုးရမှ တွေ့ဆုံစေခဲ့သည်။

ကင်တာနာက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ရွေးကောက်ပွဲ မတိုင်ခင် လွှတ်ပေးပြီး ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတမှု ရှိစေရန်အတွက် စစ်အစိုးရအား တောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ NLD အဖွဲ့ဝင်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလက ဖမ်းဆီးထားသော သံဃာတော်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ရှိသည်။

NLD ပါတီသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရမှ အာဏာလွှဲပြောင်းပေးခြင်းမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပါတီဝင်များအား အကျဉ်းချခြင်း၊ ပါတီဝင်များ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ဖိအားပေးခြင်းများ ပြုခဲ့သည်။

စစ်အစိုးရသည် ၂၀၀၈ ခုနှစ်မေလအတွင်း နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန်တွင် စစ်အစိုးရအလိုကျ ရေးဆွဲထားသော အခြေခံ ဥပဒေကို အတည်ပြု မဲဆန္ဒပေးစေခဲ့ရာ ၉၀ ရာနှုန်းကျော် ထောက်ခံမဲ ရရှိသည် ဟူ၍ ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲကို ၂၀၁၀ တွင် လွတ်လပ်၍ တရားမျှတစွာဖြင့် ပြုလုပ်မည်ဟု စစ်အစိုးရမှ ဆိုထားသော်လည်း ယခုအချိန်ထိ ရွေးကောက်ပွဲဥပဒေကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။


PNS-Japan
www.irrawaddy.org မှ ကူးယူဖေါ်ပြသည်။






Thursday, February 18, 2010

ကင်တာနာ ခရီးစဉ်အတွင်း အကျဉ်းသားများ အခွင့်အရေးတောင်း ။

THURSDAY, 18 FEBRUARY 2010 17:30 ဇာနည်မာန်


ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ ယနေ့ သွားရောက် လေ့လာ နေသည့် အင်းစိန် ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများက အကျဉ်းသားများ၏ အခွင့်အရေးအတွက် တောင်းဆို လိုက်သည်။

ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တာနာ သွားရောက်သည့် အင်းစိန် အကျဉ်းထောင် အနီး၌ လုံခြုံရေး ယူထားသည့် ရဲကားကို တွေ့ရစဉ် (ဓာတ်ပုံ - AP)
အကျဉ်းသားများ ကိုယ်စားဟု ရေးသား ထားသည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ ရက်စွဲပါ အင်းစိန် ထောင်တွင်းမှ ပေါက်ကြား လာသည့် လျှို့ဝှက်စာတွင် အကျဉ်းသား များ၏ ကျန်းမာရေး၊ စာရေးသား ဖတ်ရှုခွင့် ရရှိရေး၊ ထောင်တွင်း လွတ်လပ်စွာ သွားလာနိုင်ရေး စသည့် အချက်၅ချက် ပါရှိသည်။

ယင်းစာတွင် “စာပေ ဖတ်ရှုခွင့် ပေးရန်၊ ကျန်းမာရေး စောင့်ရှောက်မှု ပြည့်ပြည့်၀၀ ရရှိရန်၊ ပိုမို ကောင်းမွန်သော အစား အသောက် ရရှိရန်၊ နိုင်ငံရေး အကျဉ်းသားများ ထောင်ပိတ်ချိန် ပြင်ပမှ လွဲ၍ ထောင်တွင်း လွတ်လပ်စွာ သွားလာခွင့် ရရန်၊ စာရေးသားခွင့် ပြုရန် တို့ကို ထောင်အာဏာ ပိုင်များထံ တောင်းဆိုသည်” ဟု ရေးသားထားသည်။

အဆိုပါ အကျဉ်းသား အခွင့်အရေးတောင်းဆိုသည့် စာ၌ မိသားစုများမှ သွင်းပို့သော စာအုပ်၊ မဂ္ဂဇင်း၊ ဂျာနယ်စသည်များကို ဆုတ်ဖြဲပယ်ဖျက်ခြင်း၊ ဖြတ်တောက်ခြင်း၊ သတင်းစာပုံမှန်မရရှိခြင်းများ အပါအ၀င် အကျဉ်းသားများအနေဖြင့် ထောင်တွင်း စာပေရေးသားလေ့ကျင့်ခွင့်၊ မိသားစုထံ စာရေးသားခွင့်များ မရရှိ သကဲ့သို့ စာရွက်၊ ဘောလ်ပင်စသည်များကို လက်ဝယ်တွေ့ရှိပါက စစ်ခွေးတိုက်သို့ ပို့ဆောင် အရေးယူသည်ဟုလည်းပါရှိသည်။

ထို့အပြင် အကျဉ်းသားများ စားသုံးရသည့် ထမင်းမှာလည်း ကြမ်းတမ်းပြီး ကျောက်ခဲများ စပါးလုံးများ ပါဝင်ခြင်း၊ ဟင်းများတွင်လည်း ပိုးကောင်များပါဝင်ခြင်း၊ မိလ္လာသန့်ရှင်းရေး စနစ်များ သန့်ရှင်းမှုမရှိခြင်း၊ နာမကျန်းဖြစ်ပါက ဆေးကုသခွင့်ရရှိရန် ခက်ခဲကြန့်ကြာသကဲ့သို့ ဆေးဝါးလုံလောက်မှုလည်း မရှိ ဟု စာထဲတွင် ဖော်ပြထားသည်။

နိုင်ငံရေး အကျဉ်းသားများအနေဖြင့် တနေ့တွင်၂နာရီသာ အပြင်ထွက်ခွင့်ရပြီး ကျန်အချိန်များတွင် အပြင် ထွက်ခွင့်မရသည်ကိုလည်း ဖော်ပြထားသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ၎င်းစာသည် အင်းစိန် ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများထံမှ ရရှိခြင်း ဟုတ်မှန်ကြောင်း ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။

သူ၏ အဆိုအရ မြန်မာနိုင်ငံ၏ ထောင်တွင်းရှိ အကျဉ်းသားများအတွက် အာဟာရပြည့်ဝကောင်းမွန်သော အစားအစာနှင့် ကျန်းမာရေး စောင့်ရှောက်မှုကောင်းများ အရေးတကြီး လိုအပ်နေသည်ဟု သိရသည်။

မစ္စတာ ကင်တာနာ ယနေ့နေ့လယ်ခင်း၌ သွားရောက်ခွင့်ရခဲ့သည့် အင်းစိန်ထောင်တွင် နိုင်ငံရေး အကျဉ်းသား ၄၀၀ ကျော်ရှိနေ သည်ဟု AAPP က ဆိုသည်။

မစ္စတာ ကင်တာနာ ၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ဘူးသီးတောင်ထောင်သို့ သွားရောက်ခဲ့ရာ ၂၀၀၇ ခုနှစ်က လောင်စာဆီ ဈေးမြှင့်တင်မှုကို လမ်းလျှောက်ဆန္ဒပြခဲ့သည့် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများနှင့် တွေ့ဆုံခွင့်ရခဲ့သည်။

မြန်မာနိုင်ငံတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အဖွဲ့ဝင်များ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလက ဖမ်းဆီးခံထားရသော သံဃာတော်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ရှိသည်။

စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတမှု ရှိရန်အတွက် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး ရွေးကောက်ပွဲ မတိုင်ခင် လွှတ်ပေးရန်လည်း ကင်တာနာ က တောင်းဆိုထားသည်။

သူ၏ အင်းစိန်ထောင်သို့သွားရောက်ခြင်း အပြီးတွင် မကြာသေးမီက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု ဥက္ကဌ ဦးတင်ဦး၊ သတင်းစာဆရာကြီး ဦးဝင်းတင်အပါအ၀င် NLD အဖွဲ့ဝင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။

ထို့အတူ နေအိမ်အကျယ်ချုပ်ကျခံနေရသော နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခွင့်ပေးရန် စစ်အစိုးရကို တောင်းဆိုထားသည်။


PNS-Japan
irrawaddy.org/ သတင်း






အမေရိကန်ကူလျှင် အပစ်ရပ် တပ်ဖွဲ့ အားလုံးကိုရှင်းနိုင်မည်ဟု သျှမ်းပြည်တိုင်းချုပ်ကပြော။


သျှမ်းပြည် စစ်တိုင်းချုပ် ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်






Monday, 15 February 2010 18:52 သျှမ်းသံတော်ဆင့်

ဖေဖေါ်ဝါရီ ၁၄ ရက် တြိဂံစစ်တိုင်းရုံး တပ်တွင်းအရာရှိအစည်းအဝေး၌ ဒုတိယ ဗိုလ်ချုပ်မင်းအောင်လှိုင် က‘အမေရိကန် ကူလျှင် အပစ်ရပ်များအား ချက်ချင်းရှင်းပစ်နိုင်သည်’ - ဟု ပြောကြောင်း စုံစမ်းသိရှိရပါသည်။

“မနေ့တုန်းက ရဟတ်ယာဉ်နဲ့ ကျိုင်းတုံကို ရောက်လာတယ်။ မနက် ၁၀ နာရီကနေ ၁၁ နာရီကျော် အထိအစည်းအဝေး လုပ်တယ်။ တိုင်းချုပ်ကြီးက‘ ဗမာ့တပ်မတော်ကို အာခံနေတာ ၀ ၊ ကေအိုင်အို နဲ့ မိုင်းလား။ သူတို့က တရုတ်အတွက် ခြံစည်းရိုးဖြစ်နေတော့ အမေရိကန်ကူမှရမယ်’ လို့ပြောသွားတယ်” - ဟု ကျိုင်းတုံ တပ်တွင်း အရာရှိနှင့် ရင်းနှီးသူတဦးက ပြောပါသည်။

အစည်းအဝေးတွင် တိုင်းချုပ်ကြီးက-
၁။ အပစ်ရပ် ၀ ၊ ကေအိုင်အို၊ မိုင်းလား တပ်ဖွဲ့တို့သည် တပ်မတော်ကိုအာခံနေကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်း ၀ယ်မှုကြောင့် သူတို့ကို အမေရိကန်က အလိုရှိနေကြောင်း၊ အမေရိကန်သာကူညီပါက ၎င်းတို့အားလွယ်လွယ် နှင့် ရှင်းလင်းသုတ်သင်နိုင်ကြောင်း၊

(၂) တရုတ်ပြည်က အဆိုပါအပစ်ရပ်များအား နယ်ခြားခြံစည်းရိုးအဖြစ်အသုံးပြုနေသဖြင့် ဗမာ့တပ်မတော်၏စေတနာ ကိုနားလည်ပြီး ဥပဒေဘောင်အတွင်း ၀င်ရောက်လာစေရန် နိုင်ငံတော်အကြီးအကဲများက အနုနည်းနှင့်စည်းရုံးသိမ်း သွင်းနေကြောင်း၊

(၃) လာမည့်ရွေးကောက်ပွဲတွင်လည်း နိုင်ငံတော်ဖွံ့ဖြိုးရေး၌ ကူညီသည့်အဖွဲ့အစည်းများအား ထောက်ခံမဲထည့် ပေးရန် အလွန်ပင်အရေးကြီးကြောင်း၊ တိုင်းပြည်နေ့စဉ်နှင့် ဿအမျှဖွံ့ဖြိုးလာသောကြောင့် နေရာဒေသမရွေး နေ့ချင်း ပေါက်သွားရောက်နိုင်ကြောင်း စသဖြင့်ထည့်သွင်းပြောကြားသွားသည်ဟု အဆိုပါပုဂ္ဂိုလ်က ဆက်ရှင်း ပြပါသည်။

“ဒု ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က အဆင့်ပိုမြင့်လာတယ်ထင်တယ်။ အရင်က သူတယောက်ထဲ ရယာဉ်နဲ့ ခရီး မသွားစဖူး- အခုရွေးကောက်ပွဲအတွက်၊ အပစ်ရပ်တွေကိုရှင်းပစ်ဖို့၊ အခွင့်အာဏာပိုရလာပြီးတော့ သြ၀ါဒပေးဖို့ သက်သက်နေ့ချင်း ပြန်လာသွားတယ်” - ဟု တိုင်းရုံးအရာရှိတဦးက ဆိုကြောင်းအဆိုပါပုဂ္ဂိုလ်က ပြန်လည် ပြောပြ၏။

ဒုတိယ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်သည် သျှမ်းပြည် စစ်တိုင်းချုပ် - အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)၊ အရှေ့မြောက် ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) နှင့် ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ် အပြင် ရပခ တိုင်း လက်အောက်ခံကရင်နီ ပြည်(ကယား) ကိုပါ ပူးတွဲတာဝန်ယူသူ ယခင်တြိဂံတိုင်းမှူးဖြစ်သည်။



PNS-Japan




Wednesday, February 17, 2010

ရွေးကောက်ပွဲမတိုင်မီ ဖိနှိပ်မှုများရပ်ရန် AI အဖွဲ့ တောင်းဆို ။

ထောင်ဒဏ် ၉၃ နှစ် ချမှတ်ခံထားရသည့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် တဦးဖြစ်သူ ဦးခွန်ထွန်းဦး။ AI အဖွဲ့၏ အစီရင်ခံစာတွင် အကျဉ်း ကျနေသော တိုင်းရင်းသားများ အကြောင်းကိုလည်း ဖော်ပြထားသည် (ဓာတ်ပုံ - သျှမ်းသံတော်ဆင့်)

TUESDAY, 16 FEBRUARY 2010 18:01
ဝါးရှီးဖော



ယခုနှစ် အတွင်း ပြုလုပ်မည့် ရွေးကောက်ပွဲ မတိုင်မီ ဒီမိုကရေစီအရေး လှုပ်ရှားသူ တိုင်းရင်းသား လူမျိုးစုတို့အပေါ် ဖိနှိပ်မှုများ ရပ်တန့်ရန် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ (AI)က မြန်မာအစိုးရကို ယနေ့ တောင်းဆိုလိုက်သည်။

မြန်မာပြည် နိုင်ငံရေး လှုပ်ရှားမှုတွင် တိုင်းရင်းသား လူမျိုးစုတို့၏ အခန်း ကဏ္ဍသည် အလွန် အရေးကြီး သည်ဟု AI အဖွဲ့မှ မြန်မာ့ ရေးရာ သုတေသီ မစ္စတာ ဘင်ဂျမင် ဇာဝါကီက ပြောသည်။

“သူတို့ရဲ့ နိုင်ငံရေး လှုပ်ရှားမှု တွေကို အစိုးရက အပြင်းအထန် ဖိနှိပ်တဲ့ နည်းနဲ့ တုံ့ပြန် နေပါတယ်။ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် မှာလည်း တိုင်းရင်းသား လူနည်းစုတွေ အပေါ် ဖိနှိပ်မှုတွေ ပိုများ လာမှာကို စိုးရိမ်ရပါတယ်” ဟု သူက ပြောသည်။

စာမျက်နှာ ၅၈ မျက်နှာ ပါရှိသော အစီရင် ခံစာတွင် ဒီမိုကရေစီအရေး လှုပ်ရှားသူ တိုင်းရင်းသား ဦးရေ ၇၀၀ ကျော်တို့၏ ၂ နှစ်တာ အတွင်း ကြုံတွေ့ခဲ့သည့် အဖြစ်အပျက်များကို ဖော်ပြထားသည်။

တိုင်းရင်းသားများ၏ နိုင်ငံရေး လှုပ်ရှားမှုများကို အာဏာပိုင်တို့က အသေးစိတ် စောင့်ကြည့်ပြီး အနှောင့်အယှက်ပေးခြင်း၊ ခွဲခြား ဆက်ဆံခြင်းများ ပြုလုပ်ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

AI အဖွဲ့၏ ထုတ်ပြန်ကြေညာချက်ကို သဘောတူ ထောက်ခံကြောင်း ကရင် လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ စောအဲလ်ဘတ်က ဧရာဝတီသို့ ပြောသည်။ တိုင်းရင်းသား ဒေသမှ အရပ်သားများလည်း အန္တရာယ်နှင့် ကြုံနေရသည်ဟု သူက ဆိုသည်။

“တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတဲ့အတွက် ဒေသခံ ရွာသူ ရွာသားတွေက တောထဲတောင်ထဲကို ထွက်ပြေးနေကြရတယ်” ဟု စောအဲလ်ဘတ်က ပြောသည်။

ထို့အပြင် ၂၀၁၀ ပြည့်နှစ် အတွင်း ပြုလုပ်မည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမည်ဟု မယူဆကြောင်း စောအဲလ်ဘတ်က ဆက်ပြောသည်။

ရွေးကောက်ပွဲ မတိုင်မီ တိုင်းရင်းသားများအပေါ် ဖိနှိပ်မှုများ ရပ်တန့်ရေး တောင်းဆိုသည့် AI အဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး မြန်မာ အစိုးရက တုံ့ပြန်ခြင်း မရှိသေးပေ။

AI အဖွဲ့သည် နိုင်ငံအသီးသီးရှိ အခြေအနေများကို စောင့်ကြည့်နေသည့် လူ့အခွင့်အရေးအဖွဲ့ကြီး ဖြစ်သည်။ မြန်မာစစ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် AI အဖွဲ့ ကိုယ်စားလှယ်တချို့သည် ၂၀၀၃ခုနှစ်က မြန်မာနိုင်ငံသို့ သွားရောက်ပြီး လူ့အခွင့်အရေး အခြေအနေများကို လေ့လာခဲ့သည်။



PNS-Japan
www.irrawaddy.org/ မှ ကူးယူဖေါ်ပြသည်။







Tuesday, February 16, 2010

ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ပါတီတာဝန် စတင်ထမ်းဆောင်။


NEJ/ ၁၅ ဖေဖော်ဝါရီ ၂ဝ၁ဝ

အန်အယ်လ်ဒီပါတီက ယနေ့ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး တက်ရောက်ကာ အစည်းအဝေး သဘာပတိအဖြစ် စတင်ဆောင်ရွက်သည်ဟု သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်သူ ဦးအုန်းကြိုင်က “စီအီးစီ အစည်းဝေး ကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် ဒုတိယဥက္ကဋ္ဌကြီး ဦးတင်ဦး တက်ရောက်လာပြီး သူ့မူလတာဝန် စီအီးစီ အစည်းအဝေး သဘာပတိအဖြစ် ပြန်လည် ဆောင်ရွက်ပါတယ်” ဟု ပြောသည်။

ဒု-ဥက္ကဋ္ဌ ဦးတင်ဦးသည် ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့တွင်လည်း ဦးဆောင်သူတဦးဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့ မိသားစုများအား ကူညီစောင့်ရှောက်နေသည့် ဗဟိုလူမှု အထောက်အကူအဖွဲ့တွင်လည်း ဥက္ကဋ္ဌတာဝန်ယူပြီး အဆိုပါတာဝန်များကို ယနေ့စတင်ခြင်းဖြစ်သည်ဟု ဦးအုန်းကြိုင်က ပြောသည်။

ယနေ့တွင် စီအီးစီအဖွဲ့ဝင်များနှင့်တွေ့ဆုံကာ ဦးတင်ဦးက သြ၀ါဒစကားပြောကြားပြီး အန်အယ်လ်ဒီပါတီဝင်များအား တွေ့ဆုံနှုတ်ဆက်ကာ သတင်းထောက်များနှင့်လည်း တွေ့ဆုံခဲ့သည်ဟု သိရသည်။

ဦးတင်ဦးက အန်အယ်လ်ဒီပါတီဝင်များအား ၎င်း ထိန်းသိမ်းခံနေရစဉ်ကာလအတွင်း ကြံ့ကြံ့ခိုင် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး အဖွဲ့ချုပ်ကြီး ဆက်လက်ရပ်တည်ရေးအတွက် လုပ်ဆောင်မှုများကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့သည်ဟု ဦးအုန်းကြိုင်က ပြောသည်။

“ရွှေဂုံတိုင်ကြေညာစာတန်းမှာ ကြေညာထားတဲ့အထိ တောက်လျှောက်သယ်ဆောင်လာခဲ့တဲ့ သမိုင်းကို သူလေးစား ဂုဏ်ယူတဲ့အကြောင်း၊ သူလည်း ဆက်လက်ပြီး တာဝန်ထမ်းဆောင်သွားမယ့် အကြောင်းတွေ ပြောပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

အန်အယ်လ်ဒီရုံးချုပ်၌ ဖေဖော်ဝါရီ (၁၆) ရက်နှင့် (၁၇) ရက်တို့တွင် ဗဟိုကော်မတီ (စီစီ) ရွေးချယ်ရေး စဉ်းစားဆုံးဖြတ်ရန် အတွက် အစည်းအဝေး လုပ်ဆောင်သွားမည်ဖြစ်ပြီး ဗဟိုအလုပ် အမှုဆောင်အဖွဲ့နှင့် ပြည်နယ်တိုင်း တခုချင်းအလိုက် သက်ဆိုင်ရာ ကိုယ်စားလှယ်များဖြင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု သိရသည်။




PNS-Japan
khitpyaing.org/news မှကူးယူဖေါ်ပြသည်။






နအဖ၏ ထပ်မံကမ်းလှမ်းချက် ဝခေါင်းဆောင် ပယ်ချပြန်။


ပေါက်ပေါက်/၁၅ ဖေဖော်ဝါရီ ၂ဝ၁ဝ

ယခုလ (၁၁) ရက်နေ့က နေပြည်တော်၊ စစ်ဘက်ရေးရာလုံခြုံရေးဌာန (စရဖ) ရုံးချုပ်မှ ဝတပ်ဖွဲ့ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး ယခုလ (၁၄) ရက်တွင် ဝတပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်း အနေဖြင့် လားရှိုးမြို့သို့ လာရောက်ရန် ကမ်းလှမ်းခဲ့မှုကို ဝတပ်ဖွဲ့က ပယ်ချခဲ့ခြင်း ဖြစ်သည်ဟု ဝတပ်ဖွဲ့ ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “သူတို့ပြောတဲ့နေ့ဟာ တရုတ် နှစ်သစ်ကူးနေ့လည်း ဖြစ်တယ်၊ နောက်တခုက ဥက္ကဋ္ဌက ကျန်းမာရေးလည်း မကောင်းဘူး။ အဲဒါကြောင့် အခုလ (၂ဝ) ရက်နေ့ ပန်ဆန်းကို ဗိုလ်ရဲမြင့် ကိုယ်တိုင်လာဖို့၊ တကယ်လို့ ပန်ဆန်းလာမယ်ဆိုရင် အဆင်သင့် ပြင်ထားမယ်၊ အစစအရာရာ တာဝန်ယူမယ်ဆိုပြီး အကြောင်းပြန်လိုက်တယ်။ အဲဒါနဲ့ ပတ်သက်လို့ သူတို့ဘက်ကတော့ ဘာမှ အကြောင်းမပြန်လာသေးဘူး” ဟု ပြောသည်။

ယခုကဲ့သို့ ဝတပ်ဖွဲ့က ငြင်းဆိုမှုအပေါ် နေပြည်တော်၊ စရဖရုံးချုပ်မှ မကျေမနပ်ဖြစ်သွားခဲ့သည်ဟု အဆိုပါ ဝတပ်ဖွဲ့ ခေါင်းဆောင်များနှင့် နီးစပ်သူက ပြောသည်။

၎င်းက “တရုတ်နှစ်သစ်ကူးက မြန်မာပြည်က ဝတွေနဲ့ ဘာဆိုင်လို့လဲ။ ပေါက်ယူချန်းက လားရှိုးကိုတော့ မလာနိုင်ဘူး။ တရုတ်ပြည်၊ ကူမင်းတော့ သွားနိုင်တယ်ဆိုပြီး စကားနာထိုးသွားတယ်တဲ့။ အမှန်ကတော့ဗျာ တရုတ်နယ်စပ်မှာရှိနေတဲ့ အဖွဲ့အစည်းဆိုတော့ စီးပွားရေး၊ လူမှုရေးအရ ဟိုဘက် ဒီဘက် ကူးလူးဆက်ဆံရတာ ရှိတယ်။ နှစ်သစ်ကူးကာလမှာ အပြန်အလှန် လည်ပတ် စားသောက်ကြတာရှိတယ်။ ဒါကြောင့် လာမယ့် (၂ဝ) ရက်နေ့မှ လာဖို့ ချိန်းလိုက်တာ။ နယ်ခြားစောင့်တပ်ကိစ္စ ဆွေးနွေးချင်တယ်ဆိုရင် သူကိုယ်တိုင် လာတွေ့လို့ ရတာပဲ။ ဗိုလ်ရဲမြင့် ပန်ဆန်းကို လာဖူးသေးတာပဲ။ (၃) ည လာအိပ်သွားသေး တာပဲ” ဟု ပြောသည်။

ဇန်နဝါရီ (၅) ရက်နှင့် ယခုလ (၆) ရက်ကလည်း လားရှိုးမြို့သို့ လာရောက်ရန် ဝတပ်ဖွဲ့ဥက္ကဋ္ဌ ပေါက်ယူချန်းအား ကမ်းလှမ်းခဲ့ပြီး ဝတပ်ဖွဲ့ကမူ ပေါက်ယူချန်း ကျန်းမာရေး မကောင်းသဖြင့် မလာရောက်နိုင်ကြောင်း ငြင်းဆိုခဲ့သည်။

ဥက္ကဋ္ဌ ပေါက်ယူချန်းအား ဆက်တိုက်ဆိုသလို လာရောက်ရန် ကမ်းလှမ်းနေမှုမှာ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စ ဆွေးနွေးရန်မျိုး မဟုတ်တော့ဘဲ အခြားအကြောင်းများလည်း ရှိနိုင်ကြောင်း စစ်ရေးအကဲခတ် တဦးက ခန့်မှန်းသည်။

၎င်းက “ကိုးကန့်အဖွဲ့က ဖုန်ကျားရှင် မိသားစုကို လားရှိုးရဲစခန်းက ဆင့်ခေါ်သလိုမျိုး ဝ ကို သွားလုပ်လို့မရဘူး။ လားရှိုးသွားလိုက်လို့ တကယ်လို့ ပေါက်ယူချန်းကို ဖမ်းထားလိုက်ရင် နအဖ အသာစီးရပြီ။ အမေရိကန်က မူးယစ်ဆေးဝါးကိစ္စနဲ့ ဝရမ်းထုတ်ထားတာလည်း ရှိတော့ အမေရိကန်နဲ့ ဆက်ဆံရေးပြေလည်ချင်လို့ ထိုးအပ်လိုက်ရင် ဘယ်သူတွေက ကန့်ကွက်ကြမလဲ။ ဟိုတချိန် လိုအပ်နေတုန်းကတော့ ဖုန်းကျားရှင်ကို တိုင်းရင်းသား ခေါင်းဆောင်ဆိုပြီး ကင်ပွန်းတပ်ထားရာ ကနေ မလိုအပ်တော့ မူးယစ်ဆေးဝါး တရားခံပြေးဆိုပြီး တံဆိပ်ကပ်ခဲ့သေးတာပဲ။ အခုအချိန်မှာ တိုင်းရင်းသားခေါင်းဆောင် ဆိုတာမျိုး နအဖက မလိုအပ်လို့လည်း သူတို့အောက်မှာ နယ်ခြားစောင့်တပ် လာလုပ်ခိုင်းနေတာ” ဟု ပြောသည်။

ဝတပ်ဖွဲ့ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နအဖက ဖိအားပေးပြောဆိုနေပြီး ဝတပ်ဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးရှောက်မီလျှံ ဦးဆောင်သည့် ဝကိုယ်စားလှယ်များနှင့် နအဖကိုယ်စားလှယ်များအကြား တွေ့ဆုံဆွေးနွေးမှု အကြိမ်ကြိမ်ရှိခဲ့သော်လည်း အဆင်မပြေနိုင်ဘဲ ဖြစ်နေချိန်တွင် ယခုကဲ့သို့ ဝခေါင်းဆောင် ပေါက်ယူချန်းအား ဆက်တိုက်ဆိုသလို ကမ်းလှမ်းနေခြင်းဖြစ်သည်။


PNS-Japan
khitpyaing.org/news မှကူးယူဖေါ်ပြသည်။



အပြည့်အစုံသို့ ...

Rest of your post

Monday, February 15, 2010

(၆၃)နှစ်မြောက် ပြည်ထောင်စုနေ့  အခမ်းအနား ဗီဒီယိုမှတ်တမ်း (တိုကျို)














PNS-Japan
ဗီဒီယိုမှတ်တမ်း/ maungwto









၆၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား

၆၃ နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားကို Osuka Minami Hall တွင် နေ့လည် ၁ နာရီတွင် စတင်ကျင်းပခဲ့ပါသည်။

၁ နာရီ တိတိ
အခမ်းအနားမှူးအဖြစ် မင်းဝင်းတေဇ၊ ကျော်သန်းလှိုင်၊ သိန်းရယ် တို့က ဆောင် ရွက်ကြပြီး ဂျပန်ဘာသာပြန်အဖြစ် ဆရာ ဦးရွှေဘ(ခ) ဆရာ ၀ါတာနာဘေ က ဆောင်ရွက်ခဲ့ကြပါသည်။

အစီအစဉ် ၁ အရ သဘာပတိများနေရာယူခြင်း
အစီအစဉ်၂ အရ တိုင်းရင်းသားေါပင်းစုံမှ ပြည်ထောင်စုအလံသယ်ဆောင်ပြီး အခမ်းအနားဖွင့်လှစ်ကြောင်း ကြေငြာခြင်း
၁ နာရီ ၅ မိနစ်
AUN Japan ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့။

၁ နာရီ ၂၀ မိနစ်
အထူးဧည့်သည်တော် တိုင်းရင်းသားခေါင်းဆောင် ဦးခိုင်အောင်ဝင်းမှ ပြည်ထောင်စုနေ့အကြောင်း ဆွေးနွေး။

From LiveBlog
၃ပွင့်ဆိုင်ဆွေးနွေးပွဲကို အဖြေရှာရင် ကျွန်တော်တို့ အခုဖြစ်နေတဲ့ နှစ်ပေါင်း ၆၀ ပြည်တွင်းစစ်လည်း ငြိမ်းချမ်းလာမယ်..။ နအဖကိုလည်း အဲ့ဒီလို လုပ်လာအောင်လို့ နိုင်ငံတကာက ဖိအားပေးကြပါရန်.. ပြည်တွင်းစစ်ဖြစ်နေတဲ့ လက်သည်ကတော့ ပင်လုံစာချုပ်ကို ချိုးဖောက်ပြီး ဘယ်သူသေသေ ငါမသေရင်ပြီးရောဆိုပြီးလုပ်နေတဲ့ နအဖကြောင့်..

၁ နာရီ ၄၅ မိနစ်
အခုတော့ ကိုယ့်ကြမ္မာကို ဖန်တီးခွင့်မရခဲ့.. ဗာမာတွေလည်း ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်လည်း အတူတူဆုံးရူံးနေခဲ့...ဒီရဲ့တရာခံဟာ နအဖ စစ်အာဏာရှင်ပဲဖြစ်။ ကျွန်တော်ပြောချင်တာကတော့ ၂၀၁၀ ရွေးကောက်ပွဲမစတင်ခင် ၃ ပွင့်ဆိုင်ဆွေးနွေးပွဲကို အရင်ဆုံးပြုလုပ်ပါ .. တိုင်းရင်းသား အကုန်လုံး ဗာမာအပါဝင် ပူးပေါင်းလက်တွဲပြီး.. နအဖ စစ်အာဏာရှင်ကို အမြစ်ပျက်ခြေမုန်းကြဖို့တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်..

၁ နာရိ ၅၀ မိနစ်
တိုင်းရင်းသားခေါင်းဆောင် အထူးဧည့်သည်တော် ဦးခိုင်အောင်ဝင်း၏ ပြောကြားချက်များကို ဆရာ ဦးရွှေဘက အချဉ်းချုံး ဘာသာပြန်ပြခဲ့ပါသည်။

From LiveBlog


၁ နာရီ ၅၅ မိနစ်

မြန်မာ့ဒီမိုကရေစီအရေးကိုကူညီဆောင်ရွက်ပေးနေသော ဂျပန်လွတ်တော်အမတ်များ၏ အမတ်များဥက္ကဋ္ဌ Mr.SUEMATSU YOSHINORI မှ တတ်ရောက်စကားပြောကြားပေး..


From LiveBlog

ပြောကြားချက်များကို ဆရာဦးရွှေဘမှ တိုက်ရိုက်ဘာသာပြန်ပေးခဲ့ပါသည်..

သူပြောချက်များကတော့.. ဒီကနေ့ပြည်ထောင်စုနေ့ အခမ်းအနားအတွက် တတ်ရောက်ခွင့်ရတဲ့အတွက်ကျေးဇူးတင်ကြောင်း.. လွတ်မြောက်လာခဲ့သော NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး၏သား ဦးသန့်ဇင်ဦး အတွက်လည်း ၀မ်းမြောက်ကြောင်းပြောကြားချင်ပါတယ်.... အခု ဒီမိုကရက်တစ်ပါတီ အစိုးရနှင့် ဗမာအဖွဲ့အစည်းအကြားခင်ခင်မင်မင် ဆက်ဆံချင်ပါတယ်.. အခု နယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းမှ သူများကို လည်း ဆက်လက် ကူညီပေးပါ့မယ်..

၂ နာရီ တိတိ
ဒီမိုကရေစီအစိုးရလိုချင်တယ်ဆိုပြီး.. ရချင်တယ်ဆိုတဲ့စိတ်ကို ဖွင့်ဟပြောပြပြီး သဘောတုတဲ့လူတွေနဲ့ လက်တွဲကြဖို့ပြောကြားချင်ပါတယ်.. နောက်ဆုံးအနေနဲ့တော့.. ကျွန်တော်တို့ ဒီမိုကရက်တစ်အဖွဲ့ဟာ မြန်မာပြည်မှာ အစိုးရအသစ်ဖွဲ့နိုင်အောင်ကူညီပေးရင်းနဲ့ အားလုံးလည်း ကြိုးစားကြပါရန် နိဂုံးချုပ်အပ်ပါတယ်။

၂ နာရီ ၅ မိနစ်
NLD LA JB မှ ဥက္ကဋ္ဌ ဦးသန့်ဇင်ဦးမှ ပြောကြားချက်ဖြစ်ပါတယ်..

From LiveBlog
သတ်ဖြတ်မူ့ ရက်စက်မူ့တွေဟာ ပြည်နယ် ပြည်မ တွေမှာပါ တန်းတူ ခံစားနေရပါတယ်.. ဒါမျိုးတွေဟာ ဗာမာတွေမှာလည်း ဖြစ်နေပါတယ်.. တိုင်းရင်းသား ကိုယ်စလှယ်များက ပြည်နယ်ပြည်မကိုမခွဲပဲ အတူတကွ ညီညွတ်ကြမယ်လို့ပြောတဲ့အတွက် ကျွန်တော် ဗမာတိုင်းရင်းသားတစ်ယောက်အနေနဲ့ ၀မ်းသာမိပါတယ်။

၂၀၀၈ နာဂစ်ဖွဲ့စည်းပုံ ကိုလည်း ပြင်ဆင်ပေးစေချင်ပါတယ် လို့ နအဖ အစိုးရကို တောင်းဆိုချင်ပါတယ်။ ထောင်အသီးသီးမှ အကျဉ်းကျခံနေရဆဲဖြစ်နေကြတဲ့ သူတွေအများကြီးရှိနေပါသေးတယ်.. သူတို့ကို လွတ်ပေးမှသာ စစ်မှန်တဲ့ ပြည်ထောင်စု တည်ထောင်ဖို့အတွက် အဓိကဖြစ်ပါတယ်.။ ဒီနေ့မှစပြီး ပူးပေါင်းဆောက်ရွက်ကြမယ်လို့လည်း ပြောကြားရင် နိဂုံးချုပ်အပ်ပါတယ်...



၂ နာရီ ၁၀ မိနစ်

CNC Japan ၏ အကြံပေး Victor Bya Lian မှ စကားပြောကြားချက်ဖြစ်ပါတယ်။

From LiveBlog
နအဖ အစိုးရ ဒို့အရေးသုံးပါးကို ကိုင်စွဲပြီးအုပ်ချုပ်နေတာဖြစ်ပါတယ်.. ပြည်ထောင်စုမပြိုကွဲရေး.. တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလို့ ပြောနေတာ စစ်ဖြစ်နေပါတယ်.. အချုပ်အခြာအာဏာတည်မြဲရေးကတော့ သူ့တို့ရဲ့ အချုပ်အခြာ.. ပြည်ထောင်စုမပြိုကွဲရေးလို့ဆိုပေမယ့်လည်း ပြည်ထောင်စုကြီးပြိုကွဲခံခဲ့ရပြီ.. ပြည်တွင်းစစ်ကြောင့် နိုင်ငံတကာသို့လည်းထွက်ပြေးခဲ့ရပြီ.. ပြည်တွင်းစစ်ကြောင့် စားဝတ်နေရေး တွေ အခက်အခဲဖြစ်နေခဲ့ရတယ်.. နောက်ဆုံး ထိုင်းနိုင်ငံမှာပဲ ၃ သန်းလောက်ဟာ မြန်မာပြည်ကနေ ထွက်ခွါလာပြီး အလုပ်လာလုပ်ခဲ့ရတယ်..သူတို့လည်း ဒုက္ခတွေရောက်နေကြတာ ကျွန်တော် မျက်မြင်ကိုယ့်တွေပါပဲ.. မလေးရှားမှာ ဒုက္ခသည်တွေကိုလည်း တွေ့ခဲ့ရပါတယ်..တိုင်းရင်းသားတွေကတော့ အများကြီးပါ့ပဲ.. IDP က ခန့်မှန်းတာ ၁ မီလီယန်လောက်ရှိမယ်... ဒါကြောင့်ကျွန်တော်တို့ပြည်ထောင်စုကြီးဟာ ပျော်ရွှင်စရာတွေမရှိတော့ဘူးပဲ.. ပုံသဏ္ဍန်မမှန်တော့ဘူး..ကျွန်တော်က ချင်းအမျိုးသားတစ်ယောက်ဆိုတော့ အနည်းငယ် ချင်းအကြောင်းပြောကြားချင်ပါတယ်.. နှစ် ၅၀ အတွင်းမှာ ၀ါးတွေပွင့်ပါတယ်.. ၂၀၀၅ -၂၀၀၆ နောက်ပိုင်း ဖြတ်စီးတဲ့ အကောင်ကြောင့် တိုင်းရင်းသားတွေ စားစရာရှားပါးခဲ့ပါတယ်.. ဒါတွေကို နအဖလည်း မကူညီခဲ့.. အခုဆို ချင်းပြည်နယ်မှာ စစ်တပ်စခန်း ၅၀ ကျော်ရှိခဲ့ပါပြီ.. နအဖ စိတ်ကြိုက်ဆွဲထားတဲ့ အခြေခံဥပဒေဟာလည်း ပြည်ထောင်စုအတွက် တစ်ခုမှ အကျိုးမရှိခဲ့ဘူး.. မထည့်သွင်းခဲ့ပါဘူး.. ပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကိုလည်း နယ်စပ်စောင့်တပ်အဖြစ် နအဖ ဘက်က ၁၀ ရာခိုင်းနှုန်းနဲ့ ပြုလုပ်ရမယ်။ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းရင်းသားတွေအတွက် နစ်နာမူ့တွေများနေပါတယ်...။
အခုဆို တိုင်းရင်းသားတွေ ဒုက္ခရောက်နေတယ်.. နောက်ဆုံးအနေနဲ.. နိုင်ငံတကာ အဖွဲ့အစည်းများက ဒီပြသနာကို လာရောက်ဖြေရှင်းပေးနိုင်မလား.. လုံးဝပဲ မဖြေရှင်းနိုင်ပါဘူး.. ဒီနှစ် ၂၀၁၀ ဟာ မြန်မာပြည်နိုင်ငံရေးဟာ ထူးခြားမယ့်လက္ခနာမြင်တွေ့နေရပါတယ်.. ဒေါ်အောင်ဆန်းစုကြည်ပြောသလိုပဲ .. အကောင်းဆုံးကို မျှော်လင့်သလို.. အဆိုးဆုံးကိုလည်း ပြင်ဆင်ထားဖို့လို့ပြောကြားရင်း.. အားလုံးလည်း အတူကြိုးစားကြဖို့အတွက် ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်...

၂ နာရီ ၄၅ မိနစ်
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) အထွေထွေအတွင်းရေးမှူး ၊ မြန်မာနိုင်ငံ အလုပ်သမားသမ္မဂအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်မှ နိုင်ငံတကာသို့  ရောက် ရှိနေကြသော ပြည်ထောင်စုဘွား တိုင်းရင်းသားများတို့ သည် နိုင်ငံရေးဆောင်ရွက်သည့်နေရာမှာ နည်းလမ်းများမတူညီကြသော်လည်း ဦးတည်ချက်များ တုညီတာကို တွေ့ ရသည့်အတွက် နိုင်ငံရေးအရ မမှားပဲ လုပ်ဆောင်ချက်များ ယနေ့ မှန်ကန်နေသည်ဖြစ်သည်။ ပြည်ပကနေ ဖိအားပေးမှုဟာ နအဖ အပေါ်များစွာ သက်ရောက်မှုရှိကြောင်း နှင့် ယနေ့ NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦး လွတ်မြောက်လာခဲ့ခြင်းသည်လည်း နိုင်ငံတကာ၏ ဖိအားပေးတိုက်တွန်းမူများလည်း ပါဝင်သည်ဟု ပြောကြားသွားပါသည်။ ထိရောက်သည့် ဆက်လက်တိုး၍ လုပ်ဆောင်သွားရန် ကြိုးစားရမည်ဖြစ်သည်။ယခုကဲ့သို့  အခမ်းအနား စီစဉ်ကျင်းပနိုင်သည့်အတွက် ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့ အစည်း(ဂျပန်)အား အထူးကျေးဇူးတင်ကြောင်းကို ပြောကြားသွားပါသည်။

၃ နာရီ တိတိ
ဂျပန်နိုင်ငံ အလုပ်သမားများ သမ္မဂအဖွဲ့ချုပ် ( JTUC-Rengo ) ကိုယ်စား မြန်မာ့အရေးကို ကူညီဆောင်ရွက်ပေးနေသော ( မြန်မာ့တရားရုံးတာဝန်ခံ) Mr.SHIOTA ဖြစ်ပါတယ်။

From LiveBlog
ဦးတင်ဦးလွတ်သွားပြီးဆိုတဲ့အကြောင်း ဂျပန်သတင်းစားမှာလည်း ပါပါတယ်ခင်ဗျာ။ နာဂစ် အခြေခံဥပဒေ ကို မူတည်ပြိးကျင်းပမယ့်ညီလာခံကို အားလုံစဉ်းစားနေကြမယ်ထင်ပါတယ်..။ ကျွန်တော်တို့ ဂျပန်အလုပ်သများသမ္မဂမှလည်း မြန်မာနိုင်ငံရေးအခြေအနေကို သုံးသပ်နေပါတယ်။ အ၇င်အပတ်က နိုင်ငံပေါင်း ၂၀ က အလုပ်သမားခေါင်းဆောင်တွေကို ဖိတ်ပြီးတော့ အစည်းအဝေးကျင်းပခဲ့ပါတယ်.. အဲ့ဒီမှာ မြန်မာနိုင်ငံအရေးကို ဘယ်လိုလုပ်ပေးရမယ်ဆိုတာကို ဆွေးနွေးခဲ့ပါတယ်။ အဲ့ဒီအထဲက နိုင်ငံတကာ အလုပ်သမားခေါင်းဆောင်တွေ သဘောတူတာကတော့ ဂျပန်ဆိုရင်လည်း ဂျပန်အစိုးရကို ဖိအားပေးရမယ်.. ၁ အချက်ကတော့ နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ပေးပြီး နာဂစ်အခြေခံဥပဒေကို ပြင်ဆင်ပေးရန် နအဖကို ဖိအားပေးဖို့.. ၂ အချက်ကတော့ မြန်မာနိုင်ငံမှာ လုပ်နေကြတဲ့ လုပ်ငန်းကြီးတွေကိုလည်း ပြောချင်တာကတော့ မြန်မာအစိုးရကိုသာ အကျိုးရှိစေမှာဖြစ်ပြီး..ပြည်သူလူထုကို အကျိုးမပြုပါဘူး...ဆက်လက်ပြီးတော့လည်း မြန်မာအလုပ်သမားတွေကို ကူညီပေးမယ်ဆိုတဲ့အကြောင်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

၃ နာရိ ၁၀ မိနစ်
PEOPLE FORUM FOR BURMA (PFB) မှ ဦးရွှေဘမှ ပြောကြားချက်ဖြစ်ပါတယ်။

From LiveBlog
သူပြောကြားချက်ကတော့ နယ်စပ်မှ ဒုက္ခသည်ကိစ္စများကိုပြောကြားခဲ့ပါတယ်။ ဂျပန်လ၀က က နိုင်ငံရေးဒုက္ခသည်အဖြစ် လျှောက်မယ်လို့သွားတုန်း ဖမ်းထားကြတာဟာ ဒီဂျပန်လ၀က ဒါရှိပါတယ်.. ဘယ်နိုင်ငံမှ မရှိပါဘူး.. ဒုက္ခသည်အပေါ်ကိုလည်း စာနာနားလည်တယ်ဆိုတဲ့အကြောင်းပြောကြားချင်ပါတယ်..။

၃ နာရီ ၁၅ မိနစ်
အစီအစဉ်အရ သဘာပတိကြီး AUN ဥက္ကဋ္ဌ ဦးစိုင်းစီဝမ်းမှ နိဂုံးချုပ်အမှာစကားပြောကြားခြင်းဖြစ်ပါတယ်.

From LiveBlog
၆၃ နှစ်မြောက်အတွက် နိုင်ငံတကာမှ တတ်ရောက်လာကြသော လူကြီးများကို ကျေးဇူးတင်ကြောင်း.. ဘာသာပြန်ပေးတဲ့ဆရာ ဦးရွှေဘကိုလည်း ကျေးဇူးတင်ကြောင်း.. ၆၃ နှစ်မြောက် ဖြစ်မြောက်ရေး ကော်မတီ ကနေ ကျေးဇူးတင်ကြောင်းပြောကြားချင်ပါတယ်.. ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အရပ် ၈ မျက်နှာမှာ ဖြန့်ကျက်ထားတဲ့ စစ်တပ်တွေဟာ အထက်က သြောဇာအာဏာကြောင့်သာ လုပ်နေရပါတယ်.. နောက်မကြာမီအချိန်အတွင်း အားလုံးစုစည်းနိုင်မယ်ဆိုရင်နောက်နေ့ဟာ နအဖ ပြုတ်ကျမယ့်နေ့သာဖြစ်မှာပါ။ ကျွန်တော်တို့အားလုံးဟာ ဖြူစင်သန့်ရှင်းစွာပူးပေါင်းရင်းနဲ့ အတူတူကြိုးစားသွားကြဖို့ပြောကြားသွားခဲ့ပါသည်။

၃ နာရီ ၂၀ မိနစ်
ပထမပိုင်းအစီအစဉ်ပြီင်္းဆုံးကြောင်းကြေငြာအပ်ပါတယ်... သဘာပတိကြီးများလည်း နေရာမှ ပြန်လည်ထွက်ခွါမှာဖြစ်ပါတယ်။

Sunday, February 14, 2010

(၆၃)နှစ်မြောက် ပြည်ထောင်စုနေ့  အခမ်းအနား(တိုကျို)



(၆၃) နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားကို သတင်းမှတ်တမ်းဓါတ်ပုံ
၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလ(၁၄)


ဂျပန်နိုင်ငံ တိုကျိုမြို့  Minami OsukaHall တွင် ညီညွတ်သော တိုင်းင်းသားများ အဖွဲ့ အစည်း(AUN-Japan) မှ ဦးဆောင်ကျင်းပသော(၆၃) နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနား ပထမပိုင်း အစီအစဉ်တွင်
နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ဒုတိယပိုင်းတွင် ယဉ်ကျေးမူ ပဒေသာ ကပွဲ အစီအစဉ်ဖြင့် ကျင်းပခဲ့ပြီး ဂျပန်ရောက် ပြည်ထောင်စုဘွား တိုင်းရင်းသားများနှင့် ဂျပန်နိုင်ငံသား စုစုပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ကြပါသည်။


PNS-Japan
Photo by / Lian Khan Sum(CNC)



အပြည့်အစုံသို့ ...

Rest of your post

Saturday, February 13, 2010

“ဗိုလ်ချုပ်ပြောတဲ့ ညီညွတ်ရေး”




ဖေဖော်ဝါရီ ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အမှတ်တရ“youtube-သတင်းမှတ်တမ်း”



“ဗိုလ်ချုပ်ပြောတဲ့ ညီညွတ်ရေး”
“ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။ ညီညွတ်ရေးဆိုတာက ဘာအတွက် ညီညွတ်ရမှာလဲ။ ရာထူးယူဖို့ ညီညွတ်ရမှာလား။ ဒါမှမဟုတ်ရင် ဒီတိုင်းပြည်ရဲ့ တိုင်းသူပြည်သားတွေကို နှိပ်စက်ဖို့ ညီညွတ်ရမှာလား။ ဘာအတွက် ညီညွတ်ရမှာလဲ။ အဲဒီတော့ကာ ကျနော်လိုချင်တဲ့ ညီညွတ်ရေးက တတိုင်းတပြည်လုံး လူတမျိုးလုံးရဲ့ လွတ်လပ်ရေး။ လူတမျိုးလုံးရဲ့အကျိုး။ အဲဒီလိုတူညီတဲ့ ရည်ရွယ်ချက်။ တူညီတဲ့အကျိုး။ တူညီတဲ့အလုပ်။ ဒါတွေကို ရအောင် အဲဒီလို တူညီတဲ့အကျိုး။ တိုင်းသူပြည်သားတွေရအောင် တူညီတဲ့အလုပ်လုပ်တဲ့ ညီညွတ်ရေးမျိုးဖြစ်ရမယ်။ ပါးစပ်က ပြောရုံနဲ့မပြီးဘူး။ ပါးစပ်က ညီညွတ်ချင်ပါတယ် ပြောလို့မဖြစ်ဘူး။ အလုပ်မှာလည်း တူရမယ်။ အကျိုးမှာလည်း တူရမယ်။ ရည်ရွယ်ချက်မှာလည်း တူရမယ်။ အဲဒါမျိုးကိုမှ ညီညွတ်ရေးလို့ ခေါ်ထိုက်တယ်”
၁၉၄၆ ခုနှစ် ဖဆပလ ပြည်လုံးကျွတ်ညီလာခံ၌ ညီညွတ်ရေးအဆို တင်သွင်းရာတွင် ပြောကြားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းကောက်နုတ်ချက်





PNS-Japan
khitpyaing.org/news/



ပင်လုံစိတ်ဓာတ်ကို အလေးထားကြောင်း အန်အယ်လ်ဒီ ပြောကြား။


စိုးမိုး/၁၂ ဖေဖော်ဝါရီ ၂ဝ၁ဝ

မြန်မာနိုင်ငံတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သည့် ပင်လုံစိတ်ဓာတ် ရှင်သန်ဖွံ့ဖြိုးမှု မရှိသေးသည့် အတွက် တောင်တန်းနှင့် ပြည်မချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ် နှင့်အညီ ဖြစ်ပေါ်စေရေးအတွက် ပြန်လည်ဆန်းစစ်ရန် အချိန် ရောက်ပြီဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ယနေ့ ပြောကြားလိုက်သည်။

အန်အယ်လ်ဒီရုံးချုပ် တွင် ယနေ့ကျင်းပသော (၆၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား သဘာပတိ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

“ယနေ့အချိန်တွင် ပင်လုံစာချုပ်၏ ရည်ရွယ်ချက်များ ဆိတ်သုဉ်းနေသကဲ့သို့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပျက်ပြားနေပြီး ဒီမိုကရေစီ အခွင့်အရေးများလည်း ဆုံးရှုံးနေပါသည်” ဟု အန်အယ်လ်ဒီက ပြည်ထောင်စုနေ့ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

လွန်ခဲ့သည့် (၆၃) နှစ်က မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် တောင်တန်းနှင့် ပြည်မချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ် အနှစ်သာရမှာ တိုင်းရင်းသားတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အလေးအနက်ထားကြောင်း၊ ယင်းကို အန်အယ်လ်ဒီ အနေဖြင့် ခိုင်မာစွာ တန်ဖိုးထားကြောင်း ထပ်လောင်းပြောဆိုထားသည်။

ဒီမိုကရေစီရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးမူကို ကိုင်စွဲသည့် အန်အယ်လ်ဒီ အနေဖြင့် တိုင်းရင်းသား လူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူအကျိုးခံစားခွင့်များကို ခိုင်မာစွာ တန်ဖိုးထား လေးစား ပါကြောင်းလည်း ကြေညာချက်တွင် ပါရှိသည်။

ထိုအပြင် ယနေ့ကျရောက်သည့် ပြည်ထောင်စုနေ့တွင် အန်အယ်လ်ဒီက ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦး အပါအ၀င် အကျဉ်းကျ နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံးပြန်လွှတ်ပေးရန်၊ (၆) နှစ်ကျော်ကြာ အကြောင်းပြချက်မရှိ ချိတ်ပိတ်ခံရသော တရားဝင် နိုင်ငံရေးပါတီ အန်အယ်လ်ဒီ ရုံးခွဲများကို ပြန်ဖွင့်ခွင့်၊ စည်းရုံးလှုပ်ရှားခွင့် ပေးရန်နှင့် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပြီး ဖျက်သိမ်းခံရသည့် တိုင်းရင်းသား နိုင်ငံရေးပါတီများ ပြန်လည်ဖွင့်လှစ်ခွင့်ပေးရန် စစ်အစိုးရကို တောင်းဆိုလိုက်သည်။

ယနေ့ (၆၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ အန်အယ်လ်ဒီ အလုပ်အမှုဆောင်များ ၊ ပါတီဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်များ၊ ၀ါရင့် နိုင်ငံရေးသမားကြီးများနှင့် သံတမန်များ တက်ရောက် ခဲ့ကြသည်။



PNS-Japan
khitpyaing.org/news/





ကေအိုင်အိုနယ်မြေအနီး နအဖစစ်ကြောင်းများ ဝင်ရောက်။


ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းရှိ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ တပ်မဟာ (၃) နယ်မြေအနီးတွင် မိုးမိတ်စစ်ဗျူဟာ လက်အောက်ခံတပ်များက စစ်ကြောင်း သွားလာလှုပ်ရှားနေသဖြင့် ကေအိုင်အိုတပ်ဖွဲ့ဝင်များလည်း စစ်ရေးသတိဖြင့် ပြင်ဆင်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံမှ သစ်ခိုးထုတ်မှုကို နှိမ်နင်းသည့် အကြောင်းပြချက်ဖြင့် မိုးမိတ်စစ်ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဝင်းမင်းထွန်း ဦးစီးသည့် စစ်ကြောင်းများက ယခုလ (၇) ရက်နေ့မှစတင်၍ မော်တော်ကား၊ မော်တော်ဆိုင်ကယ်များဖြင့်လည်းကောင်း၊ ခြေလျင်ဖြင့် လည်းကောင်း သစ်ထုတ်သည့် လမ်းကြောင်းများတွင် သွားလာလှုပ်ရှားနေခဲ့ရာ ကေအိုင်အို တပ်စခန်းအနီးသို့ ရောက်ရှိလာသဖြင့် စစ်ရေးသတိဖြင့် စောင့်ကြည့်နေကြကြောင်း ကေအိုင်အို တပ်မဟာ (၃) အခြေစိုက်ထားသည့် မိုင်ဂျာယန် ကျေးရွာ ဒေသခံတဦးက ပြောသည်။

၎င်းက “တရုတ်နှစ်သစ်ကူးတော့မယ်ဆိုတော့ တရုတ်တွေက ပြန်နေပြီ။ တရုတ်တွေပြန်မှ အဲလို လုပ်လာတယ်ဆိုတော့ အမြင်မရှင်းကြဘူး။ ကေအိုင်အိုကလည်း ခုလို စစ်ကြောင်းတွေ ကပ်လာတော့ သူတို့နယ်ထဲ မကျော်လာဖို့ စောင့်ကြည့်နေရတယ်။ သူတို့နယ်ထဲ ဝင်မလာဖို့ စစ်ကြောင်းကို ပြောဆိုရတာတွေ လုပ်ခဲ့ရသေးတယ်” ဟု ပြောသည်။

နအဖစစ်ကြောင်းများသည် တရုတ်သစ်လုပ်ငန်းရှင်များ ဖောက်လုပ်ထားသည့် သစ်ထုတ်လမ်းကြောင်းများ တလျှောက်တွင် မော်တော်ကား၊ မော်တော်ဆိုင်ကယ်များဖြင့် သွားလာနိုင်ရန် ဒေသအတွင်းရှိ လိုင်စင်မဲ့ယာဉ်များကို ချောဆွဲအသုံးပြုခဲ့သည်ဟု အဆိုပါဒေသခံက ပြောသည်။

၎င်းက “ဝစ်သောက်ကားတွေ၊ ဆိုင်ကယ်တွေကို ချောဆွဲနေတာ။ ဆီလည်း ထုတ်ပေးတာမဟုတ်ဘူး။ သူတို့က အဲဒါတွေနဲ့ သွားလာနေတာ။ သူတို့တပ်မှာ သုံးနေတဲ့ စစ်ကားတွေ မသုံးဘူး။ အရပ်သားကားတွေနဲ့ပဲ။ တောထဲမှာ ဆိုပေမယ့် လမ်းတွေက တရုတ်က ကောင်းကောင်း ဖောက်ထားတာ။ ကား (၂) စီး ရှောင်ကွင်းလို့ရအောင် ဖောက်ထားတာ” ဟု ပြောသည်။

ကေအိုင်အိုအဖွဲ့သည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နအဖ၏ ဖိအားပေးခြင်းကို ခံနေရပြီး ပင်လုံစာချုပ်ပါ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေကြောင်း၊ အဆိုပါ အခွင့်အရေးများ မရသရွေ့ နယ်ခြားစောင့်တပ် လက်ခံမည်မဟုတ်ကြောင်း ယခုလ (၅) ရက်နေ့တွင် ကျရောက်သည့် (၄၉) နှစ်မြောက် ကေအိုင်အို တော်လှန်ရေးနေ့တွင် ဥက္ကဋ္ဌ ဦးဇောင်းဟရား၏ သဝဏ်လွှာ ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

ယခုကဲ့သို့ ကေအိုင်အိုအဖွဲ့က နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့်ပတ်သက်သည့် သဘောထားကို ထုတ်ပြန်ပြီး ရက်ပိုင်းအတွင်း နအဖ စစ်ကြောင်းများက ကေအိုင်အို ထိန်းချုပ် နယ်မြေအနီး ချဉ်းကပ် လှုပ်ရှား လာနေခြင်းဖြစ်သည်။

PNS-Japan
khitpyaing.org/news



အပြည့်အစုံသို့ ...


Rest of your post

Thursday, February 11, 2010

ပြည်ထောင်စုနေ့ နဲ့  ပင်လုံစိတ်ဓာတ်။

အောင်ဇံ (ပြည်ထောင်စုနေ့ အထူးဆောင်းပါး)

၁၀/ ဖေဖော်ဝါရီ ၂၀၁၀

ဖေဖော်ဝါရီလကို ရောက်လာပြန်ပါပြီ။ ဖေဖော်ဝါရီ (၁၂) ရက်ဆိုရင် မြန်မာနိုင်ငံမှာ ပြည်ထောင်စုနေ့ရယ်လို့ နအဖစစ်အစိုးရက ကြီးမှူးကျင်းပဦးမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးများနဲ့ သူတို့ရဲ့သတင်းစာများကလည်း ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ် ဆိုတဲ့ ဝေါဟာရတွေကို မိုးလုံးညံအောင် ပြောကြ၊ ရေးကြဦးမှာ ဖြစ်ပါတယ်။ ဒီလိုပြောကြ၊ ရေးကြတဲ့နေရာမှာ အသိရှိရှိနဲ့ လက်တွေ့ကျင့်သုံးဖို့အတွက်တော့ ဟုတ်မယ်မထင်ပါဘူး။ အစဉ်အလာတရပ်အနေနဲ့ လုပ်ရိုးလုပ်စဉ်အရ လုပ်နေကျ ပြောနေကျအတိုင်း ဒီနေ့၊ ဒီရက်ကို ရောက်လာပြီဆိုရင် ဒီလိုဝေါဟာရတွေနဲ့ ပြောကြ၊ ရေးကြရမယ်ဆိုတဲ့ အပေါ်ယံအသိနဲ့ ပြောနေကြ၊ ရေးနေကြပုံရပါတယ်။ သို့တည်းမဟုတ် ဆန့်ကျင်တော်လှန်နေကြတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို ပျားရည်နဲ့ ၀မ်းချလိုတဲ့ သဘောနဲ့ ပြောနေ၊ ရေးနေကြခြင်းလည်း ဖြစ်နိုင်ပါတယ်။

အမှန်တကယ်တော့ ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်ဆိုပြီး နအဖဗိုလ်ချုပ်ကြီးတွေ သုံးနှုန်းပြောဆိုနေကြတာတွေဟာ ပြည်ထောင်စုမြန်မာနိုင်ငံရယ်လို့ ပေါ်ထွန်းလာခဲ့တဲ့ ပင်လုံစာချုပ်အခြေခံမူကို လိုက်နာကျင့်သုံး အကောင်အထည်ဖော်ဖို့ မဟုတ်ဘဲ ဝေါဟာရအနေနဲ့ မည်ကာမတ္တ သုံးနှုန်းပြောဆိုနေကြတယ်ဆိုတာ သေချာပါတယ်။ အကယ်၍ ပင်လုံစိတ်ဓာတ် သို့မဟုတ် ပင်လုံမူဖြင့်သာ မြန်မာနိုင်ငံကို စစ်မှန်တဲ့ ပြည်ထောင်စုအဖြစ် ထူထောင်နိုင်မယ်ဆိုရင် အခုလတ်တလော ကြုံတွေ့နေရတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို လက်နက်ဖြုတ်သိမ်းဖို့၊ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ကြိုးပမ်းရာမှာ အဆင်မပြေ တင်းမာမှုတွေ ဖြစ်နေရတဲ့ ပြဿနာတွေ အပါအ၀င် လက်နက်ကိုင်ပဋိပက္ခတွေ အားလုံးချုပ်ငြိမ်းပြီး ပြည်တွင်းစစ်ကိုလည်း ရပ်စဲနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းသာယာတဲ့ တိုင်းရင်းသားပေါင်းစုံ ချစ်ကြည်ရင်းနှီးတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံကိုလည်း တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ နအဖဗိုလ်ချုပ်များ ကျင့်သုံးနေတဲ့ တိုင်းရင်းသားများနဲ့ ပတ်သက်တဲ့ ဗျူဟာကတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို လက်နက်ဖြုတ်သိမ်း၊ ဒါမှမဟုတ် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း၊ ဒါတွေကို မလိုက်နာဘူးဆိုရင် တိုက်ခိုက်ချေမှုန်းပစ်ရမယ်ဆိုတဲ့ ဗျူဟာပါပဲ။ ဒီလို တိုင်းရင်းသားတွေအပေါ်မှာ ကျင့်သုံးလုပ်ဆောင်ချက်တွေဟာ ပင်လုံမူ၊ ပင်လုံစိတ်ဓာတ်နဲ့တော့ ဆီနဲ့ရေလို ကွာခြားနေပါတယ်။ တကယ်တော့ ပင်လုံမူ၊ ပင်လုံသဘောတူညီချက်တွေကို အခြေခံပြီး တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ ဆွေးနွေးညှိနှိုင်းဆောင်ရွက်နိုင်မယ်ဆိုရင် လက်ရှိပြဿနာအပါအ၀င် တိုင်းရင်းသားပေါင်းစုံနဲ့ဖြစ်နေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းသွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီကနေ့ နအဖဗိုလ်ချုပ်တွေကတော့ ပင်လုံစိတ်ဓာတ်ဆိုတဲ့ အသုံးအနှုန်းဝေါဟာရတွေကို ဝေါဟာရအနေနဲ့သာ သုံးပြီး ခံယူလိုက်နာကျင့်သုံးမယ့် အနေအထားတွေကို လုံးဝမတွေ့ရပါဘူး။ နအဖဗိုလ်ချုပ်တွေက မြန်မာနိုင်ငံကို ပြည်ထောင်စု မြန်မာနိုင်ငံအဖြစ် ခေါ်ဆိုသုံးနှုန်းနေကြတဲ့တိုင်အောင် လက်ရှိအခြေအနေမှာ ပြည်ထောင်စုရဲ့အသွင်သဏ္ဌာန်ရော အနှစ်သာရပါ မရှိပါဘူး။ စစ်တပ်က စိုးမိုးခြယ်လှယ်အုပ်ချုပ်နေတဲ့ စစ်အုပ်ချုပ်ရေးစနစ်နဲ့ အုပ်ချုပ်နေတဲ့ နိုင်ငံတနိုင်ငံမျှသာ ဖြစ်ပါတယ်။ ဒါဆိုရင် ၂၀၁၀ ရွေးကောက်ပွဲအပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာမယ့် မြန်မာနိုင်ငံအခြေအနေကရော ပင်လုံမူ၊ ပင်လုံစိတ်ဓာတ်နဲ့ ဖော်ဆောင်မယ့် ပြည်ထောင်စုမြန်မာနိုင်ငံနဲ့ ဘာများကွာခြားနိုင်ပါသလဲ။

၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်လာမယ့် မြန်မာနိုင်ငံဟာလည်း ပြည်နယ်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်တကွ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေကို ဖော်ဆောင်ပေးထားသယောင် ရှိပေမယ့် ပြည်နယ်တွေ၊ တိုင်းတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ တပ်မတော်က အဆင့်ဆင့် စိုးမိုးခြယ်လှယ်အုပ်ချုပ်သွားမှာ ဖြစ်တဲ့အတွက်ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအရ ဖော်ဆောင်မယ့် မြန်မာနိုင်ငံဟာလည်း တပ်မတော်က စိုးမိုးခြယ်လှယ်အုပ်ချုပ်မယ့် နိုင်ငံတနိုင်ငံမျှသာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမြန်မာနိုင်ငံနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ ဖော်ဆောင်မယ့် မြန်မာနိုင်ငံဟာ ကုလားကြီးနှင့် အရာကြီး (မာမူကြီး) မျှသာ ကွဲပြားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ (၁၂) ရက် ပြည်ထောင်စုနေ့ရောက်တိုင်း ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်ရယ်လို့ ယေဘုယျ ပြောကြ၊ ရေးကြပေမယ့် အဲဒီပြည်ထောင်စုနေ့ရဲ့ တကယ့်အနှစ်သာရဖြစ်တဲ့ ပင်လုံစာချုပ်၊ ပင်လုံသဘောတူညီချက်၊ ပင်လုံစိတ်ဓာတ်နဲ့ ပတ်သက်လို့ လေးလေးနက်နက် ခွဲခွဲခြားခြားသိသူ အလွန်နည်းလိမ့်မယ်လို့ ထင်ပါတယ်။ ဒီလိုသိမြင်ဖို့ဆိုရင် တိုင်းရင်းသားလူမျိုးများရဲ့ သမိုင်းနဲ့တကွ ပြည်ထောင်စုမြန်မာနိုင်ငံရယ်လို့ ဖြစ်တည်လာတဲ့ သမိုင်းကြောင်းကို အကျဉ်းမျှ သိဖို့လိုပါတယ်။

မြန်မာနိုင်ငံဟာ ကရင်၊ ကယား၊ ကချင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားလူမျိုးများအပြင် အခြားလူမျိုးစုများလည်း အများအပြား နေထိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ဒီတိုင်းရင်းသားလူမျိုးတွေဟာ ရှေးပဝေသဏီခေတ်ကတည်းက တချို့က ကိုယ့်ထီးကိုယ်နန်းတွေနဲ့ ထီးပြိုင်နန်းပြိုင် (ဗမာ၊ ရခိုင်၊ မွန်) နေထိုင်ခဲ့ကြပြီး တချို့မှာ စော်ဘွား၊ စော်ဖျား၊ စော်ကဲတွေနဲ့ (ရှမ်း၊ ကယား၊ ကရင်) ကိုယ်ပိုင်အုပ်ချုပ်ပြီး နေထိုင်ခဲ့ကြပါတယ်။ တချို့မှာမူ ဒူးဝါး၊ တောင်ပိုင်၊ တောင်အုပ်တွေနဲ့ (ကချင်၊ ချင်း) ကိုယ်ပိုင်အုပ်ချုပ်ပြီး နေထိုင်ခဲ့ကြပါတယ်။

မွန်-ဗမာ အနှစ် (၄၀) စစ်ပွဲအပြီးမှာ ဗမာဘုရင်တွေက မွန်ဘုရင်အုပ်ချုပ်တဲ့ ဒေသကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ၁၇၈၄ ခုနှစ်မှာတော့ ဗမာဘုရင် ဘိုးတော်ဘုရားဟာ ရခိုင်ပြည်ကို သိမ်းယူနိုင်ခဲ့ပါတယ်။ ကျန်တိုင်းရင်းသား ဒေသတွေကတော့ တခါတရံမှာ ဗမာဘုရင်ကို လက်ဆောင်ပဏ္ဏာ ဆက်သလို့ဖြစ်စေ တခါတရံမှာ ကိုယ်နည်းကိုယ့်ဟန်နဲ့ သီးခြားလွတ်လွတ်လပ်လပ် အုပ်ချုပ်လို့ဖြစ်စေ နေထိုင်လာခဲ့ကြပါတယ်။ ၁၈၂၄ ခုနှစ်မှာတော့ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲနဲ့အတူ ရခိုင်နဲ့တနင်္သာရီဒေသကို ဗြိတိသျှအစိုးရက သိမ်းပိုက်ခဲ့ပါတယ်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲမှာ ပဲခူးတိုင်းနဲ့ အောက်ဗမာပြည်ကို သိမ်းယူပြီးတော့ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ အပြီးမှာတော့ ဗမာတပြည်လုံးကို အင်္ဂလိပ်အစိုးရက သိမ်းယူခဲ့ပါတယ်။

ဒီလို သိမ်းပိုက်အုပ်ချုပ်စဉ်ကာလမှာ ဒေသအသီးသီးကို အမျိုးမျိုး ခွဲခြားအုပ်ချုပ်ခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ ရခိုင်ပြည်၊ ဗမာပြည်နဲ့ မွန်ဘုရင်များ အုပ်ချုပ်တဲ့ ဒေသကို ပေါင်းပြီးတော့ ဗမာမြေပြန့်ဒေသအဖြစ် အုပ်ချုပ်ခဲ့သလို ရှမ်းပြည်နဲ့ တောင်တန်းဒေသတွေကို သီးခြားခွဲခြားပြီးတော့ အုပ်ချုပ်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် လွတ်လပ်ရေးအကြိုကာလမှာ မြန်မာနိုင်ငံကို လွတ်လပ်ရေးမပေးမဖြစ် ပေးရတော့မယ့် အခြေအနေကို ရောက်လာတဲ့အခါ ဗြိတိသျှအစိုးရရဲ့ သဘောထားကတော့ ဗမာပြည်ကိုသာ လွတ်လပ်ရေးပေးပြီး ရှမ်းပြည်နဲ့ တောင်တန်းဒေသကို ချန်ထားလိုပါတယ်။ အကယ်၍ ဗမာပြည်နဲ့ တောင်တန်းဒေသကို တပေါင်းတစည်းတည်း လွတ်လပ်ရေးရချင်ရင် တောင်တန်းသားများရဲ့ သဘောထားအရ ပေါင်းစည်းနိုင်မှသာလျှင် ဖြစ်နိုင်မယ်ဆိုပြီး အကျပ်ကိုင်ခဲ့တယ်။

ဒီအခြေအနေမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ တောင်တန်းဒေသနဲ့ ဗမာပြည်ကို ပေါင်းစည်းရေးအတွက် လှုပ်ရှားကြိုးပမ်းခဲ့ကြပါတယ်။ ဒီလိုပေါင်းစည်းရေးအတွက် ကြိုးပမ်းရာမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သဘောထားကတော့ “ဗမာပြည်ကို လွတ်လပ်ရေးပေးပြီးတော့ ရှမ်းပြည်နဲ့ တောင်တန်းဒေသကို ချန်ထားခဲ့မယ်ဆိုရင် ဒီလွတ်လပ်ရေးဟာ ပြီးပြည့်စုံတဲ့ လွတ်လပ်ရေးမဟုတ်ဘူး” လို့ ခံယူသလို ဗမာလူမျိုးတွေဟာ ဗြိတိသျှကိုလိုနီဘ၀နဲ့ မနေချင်သလို တောင်တန်းသားများကိုလည်း ဗြိတိသျှကိုလိုနီလက်အောက်မှာ မနေစေလိုပါဘူး။ ဗမာတွေ လွတ်လပ်ရေးရသလို တောင်တန်းသားများကိုလည်း လွတ်လပ်ရေး ရစေချင်ပါတယ်။

ဒါ့အပြင် ရှမ်းက တမျိုး၊ ကချင်က တဖုံ၊ ဗမာက တခြား အကွဲကွဲအပြားပြား ကြိုးပမ်းဆောင်ရွက်နေကြမယ့်အစား စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်းအားထုတ်ကြမယ်ဆိုရင် တိုင်းပြည်ဟာ ပိုမိုတိုးတက်ဖွံ့ဖြိုးလာမှာဖြစ်ပြီး ရလာတဲ့ အကျိုးကျေးဇူးတွေကိုလည်း အားလုံးသာတူညီမျှ ခံစားကြရမှာဖြစ်တယ်လို့ ယုံကြည်ခဲ့ပါတယ်။ ထို့အတူ တိုင်းရင်းသား ခေါင်းဆောင်များကလည်း အကယ်၍ ဗမာပြည်ကိုသာ လွတ်လပ်ရေးပေးခဲ့ပြီး ရှမ်းပြည်နဲ့ တောင်တန်းဒေသတွေကို ချန်ထားခဲ့မယ်ဆိုရင် တောင်တန်းသားများအနေနဲ့ ဗြိတိသျှကိုလိုနီလက်အောက်က လွတ်မြောက်နိုင်ဖို့ အလှမ်းဝေးသွား လိမ့်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ဒါကြောင့် ဗမာပြည်နဲ့ပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ပင်လုံစာချုပ်ရဲ့ အချီးနိဒါန်းမှာလည်း “ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျင်မြန်စွာရရှိလိမ့်မည်ဟု ကန့်ကွက်သူမရှိဘဲ သဘောတူညီခဲ့ကြလေသည်” ဆိုပြီး တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါကြောင့် စောစောကပြောခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခံယူချက်စိတ်ဓာတ်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်များရဲ့ သဘောထားတွေဟာ ပင်လုံစိတ်ဓာတ်ပဲဖြစ်ပါတယ်။ တနည်းအားဖြင့် ပင်လုံစိတ်ဓာတ်ဆိုတာဟာ လွတ်လပ်ရေး၊ တန်းတူရေး၊ ဒီမိုကရေစီရေးပဲဖြစ်ပါတယ်။

ဒီလိုခံယူချက် စိတ်ဓာတ်တွေနဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ ဗမာပြည်နဲ့ တောင်တန်းဒေသများပေါင်းစည်းရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။ ဒီလိုဆွေးနွေးညှိနှိုင်းရာမှာ ရှမ်းခေါင်းဆောင်များအနေနဲ့ …

၁။ တန်းတူညီတူ ပြည်ထောင်စုမူနှင့် ပေါင်းစည်းရေး၊

၂။ ပြည်နယ်တွင်းကိစ္စတွေမှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အပြည့်အ၀ရှိရေး၊

၃။ ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိရေး၊

… စတဲ့ အချက်တွေကို ဆွေးနွေးတင်ပြခဲ့သလို ကချင်ခေါင်းဆောင်များအနေနဲ့ကလည်း …

၁။ ကချင်ပြည်နယ်ဖွဲ့စည်းရေး၊

၂။ ကချင်ပြည်နယ်ဖွဲ့စည်းရာတွင် မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့ ပါဝင်ဖွဲ့စည်းရေးတို့ကို တင်ပြခဲ့ပါတယ်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း ဒီလိုတင်ပြလာတဲ့ အချက်တွေကို မူအရ လက်ခံသဘောတူခဲ့ပါတယ်။ ဒီလိုသဘောတူညီခဲ့တဲ့ အချက်တွေဟာ တနည်းအားဖြင့် ပင်လုံသဘောတူညီချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲဖို့ လမ်းညွှန်မူ (၇) ချက်ကို တင်ပြရာမှာ …

နံပါတ် (၁) မှာ ‘နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပေဒသည် မြန်မာပြည်ထောင်စု နိုင်ငံတော်ဟူ၍လည်းကောင်း’၊ နံပါတ် (၂) မှာ ‘တသီးပုဂ္ဂလပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာ ရရှိစေရမည်’ ဟူ၍ ပါရှိသလို နံပါတ် (၅) မှာလည်း ‘ဤဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သော ကာကွယ်ချက်များ ပြဋ္ဌာန်းထားရှိစေရမည်’ ဟူ၍ ညွှန်ကြားဖော်ပြ ထားတာကို တွေ့ရမှာဖြစ်ပါတယ်။

ဒီလိုပင်လုံစိတ်ဓာတ်တွေ၊ ပင်လုံသဘောတူညီချက်တွေ ရယူပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ ပင်လုံသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတာပါ။ ပင်လုံစာချုပ်ကို ပြန်ကြည့်မယ်ဆိုရင်လည်း ပင်လုံစာချုပ်မှာ အပိုဒ် (၉) ပိုဒ် ပါတာကို တွေ့ရမှာဖြစ်ပါတယ်။ အပိုဒ် (၁) ကနေ (၄) အထိမှာ တောင်တန်းဒေသများအရေးနဲ့ ပတ်သက်လို့ ကိုယ်စားလှယ် သို့မဟုတ် အတိုင်ပင်ခံပုဂ္ဂိုလ်တဦးနဲ့ ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ဦး ခန့်ထားရေး ဒီပုဂ္ဂိုလ်များရဲ့ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဖော်ပြထားတာဖြစ်ပါတယ်။ အပိုဒ် (၅) ကတော့ ‘တောင်တန်းဒေသ သို့မဟုတ် နယ်စပ်ဒေသများအတွက် ကိုယ်ပိုင်အုပ်ချုပ်ရေးမှာ ရာနှုန်းပြည့်ရှိစေရမည်’ ဆိုပြီး ဖော်ပြထားပါတယ်။ အပိုဒ် (၆) ကတော့ ‘ကချင်ပြည်နယ်ဖွဲ့စည်းရေးနှင့် မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေး’ ကို ဖော်ပြထားပါတယ်။ အပိုဒ် (၇) မှာကတော့ ‘တောင်တန်းသားများသည် ဒီမိုကရေစီနိုင်ငံများတွင် ရရှိသော အခြေခံအခွင့်အရေးများကို ခံစားပိုင်ခွင့်ရှိရမည်’ ဆိုပြီး ဖော်ပြထားပါတယ်။ အပိုဒ် (၈) နှင့် (၉) မှာတော့ ‘ရှမ်းပြည်နှင့် ကချင်ဒေသ၊ ချင်းဒေသများအတွက် ဘဏ္ဍာရေးနှင့် အုပ်ချုပ်ရေးမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး’ အတွက် ထပ်လောင်း ဖော်ပြထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေဟာ ပင်လုံစိတ်ဓာတ်၊ ပင်လုံသဘောတူညီချက်နဲ့ ပင်လုံစာချုပ်ပါ အချက်အလက်တွေပဲဖြစ်ပါတယ်။

ဒီနေ့အချိန်အခါမှာ နအဖစစ်ခေါင်းဆောင်များအနေနဲ့ ဒီစိတ်ဓာတ်တွေ၊ ဒီမူတွေကို ဖျောက်ဖျက်ပြီး မြန်မာနိုင်ငံကို တပြည်ထောင် စနစ် သို့မဟုတ် စစ်အုပ်ချုပ်ရေးစနစ်နဲ့ ဆက်လက်အုပ်ချုပ်သွားဖို့ ကြိုးပမ်းဆောင်ရွက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မိမိစိတ်ကြိုက် စီမံဖန်တီးထားတာဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေမှာ အမည်ခံအားဖြင့် ပြည်ထောင်စုအဖြစ် ဖော်ပြထားတဲ့အပြင် ပြည်နယ်များ၊ အထူးအုပ်ချုပ်ခွင့်ရ တိုင်း၊ အထူးအုပ်ချုပ်ခွင့်ရ ဒေသရယ်လို့ ဖော်ပြထားသည့်တိုင်အောင် ဗဟိုနှင့် ပြည်နယ်၊ တိုင်း ဒေသတွေ အားလုံး စစ်တပ်ကသာ ကြိုးကိုင်စီမံအုပ်ချုပ်ဖို့ ကြိုတင်စီမံဖန်တီးထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဖြစ်ပါတယ်။

ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ ပြည်ထောင်စုအနှစ်သာရ တနည်းအားဖြင့် ပင်လုံစိတ်ဓာတ်၊ ပင်လုံမူတွေကို လုံးဝပစ်ပယ်ထားပြီး တိုင်းရင်းသားရပိုင်ခွင့်တွေကိုလည်း လျစ်လျူရှုထားတာဖြစ်တယ်။ တကယ်တော့ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ စစ်တပ်က ရာသက်ပန်စိုးမိုးခြယ်လှယ်အုပ်ချုပ်နိုင်မယ့် စစ်အုပ်ချုပ်ရေးဥပဒေသာ ဖြစ်တယ်။ ဒါကြောင့်မို့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တိုင်းရင်းသားနိုင်ငံရေးပါတီများရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများပါ လုံးဝလက်မခံနိုင်တဲ့အပြင် လက်ရှိအခြေအနေမှာ နအဖရဲ့ အစီအမံဖြစ်တဲ့ လက်နက်ဖြုတ်သိမ်းရေး သို့မဟုတ် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံကြတဲ့အတွက်ကြောင့် တင်းမာမှုတွေဖြစ်နေသလို စစ်ရေးပြင်ဆင်မှုတွေပါ ရှိနေပါတယ်။ ပြည်တွင်းစစ်ဟာလည်း ပိုမိုကျယ်ပြန့်လာမယ့် အနေအထားကိုတွေ့မြင်နေရပါတယ်။

တကယ်တော့ ပြည်တွင်းစစ် သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခဟာ လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာပြီးတော့ လွတ်လပ်ရေးရဲ့ ဖွားဖက်တော်လို့တောင် ခေါ်မယ်ဆိုရင်ခေါ်လို့ ရပါတယ်။ ဒီလက်နက်ကိုင်ပဋိပက္ခနဲ့ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေဖို့ တခုတည်းသော နည်းလမ်းကတော့ ပင်လုံစိတ်ဓာတ်နဲ့ ပင်လုံမူတွေကို အခြေခံပြီး စစ်မှန်တဲ့ ပြည်ထောင်စုတရပ်ကို ဖွဲ့စည်းဖို့ပါပဲ။ ဒီလိုသာ ဖွဲ့စည်းနိုင်မယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးကိုရရှိပြီး တိုင်းရင်းသားပေါင်းစုံ ချစ်ကြည်ရင်းနှီးတဲ့ သွေးစည်းညီညွတ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။ ဒီလိုညီညွတ်တဲ့အားနဲ့ အဘက်ဘက်က ယိုယွင်းကျဆင်းနေတဲ့ မြန်မာနိုင်ငံကို ပြန်လည်ထူထောင်မယ်ဆိုရင် မကြာမနှေးဆိုသလို ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။

တကယ်တော့ ပင်လုံစိတ်ဓာတ်၊ ပင်လုံသဘောတူညီချက်ဆိုတဲ့ ပြည်ထောင်စုမူဟာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ချမှတ်ခဲ့တဲ့မူလည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးကြိုးပမ်းမှုအစမှာ ‘ဗမာပြည်သည် တို့ပြည်၊ ဗမာစာကို ချစ်ပါ၊ ဗမာစကားကို မြတ်နိုးပါ’ ဆိုတဲ့ အမျိုးသားရေးဝါဒကို ချမှတ်ပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒါပေမယ့် လွတ်လပ်ရေးအကြိုကာလကို ရောက်တဲ့အခါမှာတော့ လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊ ပူးပေါင်းနေထိုင်ရေးဆိုတဲ့ ပြည်ထောင်စုမူကိုချမှတ်ပြီးတော့ အမျိုးသားသွေးစည်းညီညွတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ခဲ့ပါတယ်။ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေးဆိုတဲ့ အမျိုးသားရေးဝါဒဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိ နအဖခေါင်းဆောင်များဟာ ဒီမူတွေ ဒီသဘောတူညီချက်တွေကို လုံးဝဖျောက်ဖျက်ပြီးတော့ တသွေး တသံ တမိန့်နဲ့ ဗမာပြည်သူတွေနဲ့ တိုင်းရင်းသားပြည်သူတွေကို စိုးမိုးချယ်လှယ်အုပ်ချုပ်ဖို့ စီမံပြင်ဆင်နေတာ တွေ့ရပါတယ်။ ဒါကြောင့် တိုင်းရင်းသားပြည်သူတရပ်လုံးအနေနဲ့ စစ်အာဏာရှင် စစ်အုပ်ချုပ်ရေးက လွတ်မြောက်ရေး၊ တိုင်းရင်းသားပေါင်းစုံ ချစ်ကြည်ငြိမ်းချမ်းတဲ့ ပြည်ထောင်စုသစ်ကို ဖော်ဆောင်ရေးအတွက် နည်းမျိုးစုံနဲ့ ဘက်ပေါင်းစုံက တိုက်ပွဲဝင်ကြဖို့လိုအပ်ကြောင်း တိုက်တွန်းနှိုးဆော်ရေးသားလိုက်ရပါတယ်။ ။




PNs-Japan
khitpyaing ဂျာနယ်မှ ကူးယူဖေါ်ပြသည်။






ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးတောင်းဆိုဆန္ဒပြပွဲ(တိုကျို)




အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လွတ်ပေး ရေးအတွက် တောင်းဆိုဆန္ဒပြပွဲကို တိုကျို Shinagawa အရပ်ရှိ နအဖ စစ်အခွန်ရုံးရှေ့  ယနေ့  ဖေဖေါ်ဝါရီလ (၁၀)ရက်တွင် ပြုလုပ်ခဲ့သည့် မှတ်တမ်းဓါတ်ပုံ။


PNS-Japan
Photo by/ Lian Khan Sum(CNC-Jp)