UWSA “၀”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် အနှစ် ၂၀ ပြည့် စစ်ရေးပြအခမ်းအနား
စစ်အစိုးရ၇ဲ့ နယ်ခြားစောင့် တပ်ဖွဲ့ရေးကို လက်မခံတဲ့ ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ရဲ့ နိုင်ငံရေး ပါတီ ဖြစ်တဲ့ UWSP ၀ပြည် သွေးစည်းညီညွတ်ရေး ပါတီက ၅ ကြိမ်မြောက် ခရိုင်ပါတီကွန်ကရက်ကို ရှမ်းပြည် မိုင်းမောခရိုင်မှာ ပြုလုပ်နေပါတယ်။
ဒီကွန်ဂရက်ကို ဒီဇင်ဘာလ ၂၀ရက်နေ့က စခဲ့ပြီး ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး ကိုယ်စားလှယ် ၂၅၀၀ တက်ရောက်နေကြပါတယ်။ ဆွေးနွေးပွဲ ပထမနေ့မှာပဲ ပါတီ ဥက္ကဌ လျှောက်ညီလှိုင်က နောက်တက်မယ့် အစိုးရသစ်နဲ့ ထပ်ဆွေးနွေးဖို့ ဆန္ဒရှိတဲ့အကြောင်း သူတို့အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအပေါ် အခြေခံတဲ့ ဆွေးနွေးပွဲသာ လုပ်ချင်တဲ့ ဆန္ဒရှိတယ်ကို ထုတ်ဖေါ် ပြောကြားသွားတယ်လို့ ရှမ်းသံတော်ဆင့် သတင်းစဉ် အယ်ဒီတာ ဦးခွန်ဆိုင်းက ဘီဘီစီကိုပြောပါတယ်။
ဒီလိုဆွေးနွေးဖို့ ၀ပြည်သွေးစည်းညီညွတ်ရေး ပါတီအနေနဲ့ ရွေးကောက်ပွဲ မတိုင်ခင်ကလည်း နအဖ စစ်အစိုးရကို တင်ပြထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နအဖ က UWSA ကို ပြည်သူ့စစ် ဒါမှမဟုတ် နယ်ခြားစောင့် တပ်အသွင်ကိုသာ ပြောင်းရမယ်လို့ ပြောနေတဲ့အတွက် UWSP နဲပ နအဖ တို့ကြား တင်းမာမှုတွေ ရှိလာခဲ့ရပါတယ်။ ဒီညီလာခံ အပြီးမှာတော့ UWSP အနေနဲ့ သူတို့နဲ့ မြန်မာစ စ်စိုးရတို့ရဲ့ ဆက်ဆံရေး သဘောထားကို ကြေညာချက်တရပ် ထုတ်ပြန် ပြောဆိုလိမ့်မယ်လို့ ယူဆရပါတယ်။
သတင်းရင်းမြစ် _ ဘီဘီစီ
0 comments:
Post a Comment