Friday, December 31, 2010

ဒီဇင်ဘာ ၈ ရက်နေ့ မြန်မာနိုင်ငံရောက် TIME မဂ္ဂဇင်း ဓါတ်ပုံဆရာ၏ အတွေ့အကြုံ ရှင်းလင်းသည့် ဗီဒီယို


Time မျက်နှာဖုံးဓါတ်ပုံဆရာ Platon ၏ အတွေ့အကြုံရှင်းလင်းချက် (ဘာသာပြန်)
ကျနော် သတင်းသမားအဖြစ် အနှစ် ၂၀ ကျော်ကြာပါပြီ ကျနော်က သမားရိုးကျ ဓါတ်ပုံသမား တယောက် မဟုတ်ပါဘူး ပုံရိပ်ဖန်တီးသူ တယောက်ပါ ကျနော် ပုံရိပ်တွေကို အဓိပ္ပါယ်ဖေါ်အောင် လုပ်သူပါ။ ကျနော်တခါမှ ဒီလို ရူးခြင်စရာကောင်းတဲ့ ခရီးစဉ်မျိုး မကြုံဖူး သေးပါဘူး။ ဘာနှင့် တူလဲဆိုတော့ အိပ်မတ် လှလှလေးတွေနှင့် အိပ်မတ်ဆိုးတွေ ရောထွေး နေတာနှင့် တချိန်ထဲ မတ်နေတာနှင့် သွားတူတယ်။ ကျနော်တို့ ဟော်တယ်ကို ရောက်တာနှင့် ကျနော်အတွက်ဖုန်း ဆက်လာပါတယ်။ ဧည့်ကြို ကောင်တာက ပြောတာက “Mr. Platom ကို Ms. H ကဖုန်းဆက် လာပါတယ်” ကြားလိုက်တော့ Miss H ဟုတ်ပြီ Hanner ဖြစ်ရမယ် ကျနော် ဖုန်းကိုင်လိုက်ပြီး ကျနော်တို့ နှုက်ဆက်စကား ပြောပြီးနောက်
သူမက ပြောလာပါတယ် “တို့ NLD ရုံးကိုသွားရမယ် အောင်ဆန်းစုကြည် ရုံးခန်းကိုပေါ့ မျက်နှာဖုံး ဓါတ်ပုံ ရိုတ်ဖို့ သွားဆွေးနွေးရမယ်” ကျနော်တို့ အောင်ဆန်းစုကြည် ရုံးခန်းကို သွားတဲ့အခါ လမ်းမှာ ခဏ၀င်ပြီး ဦးထုပ်များ ၀ယ်ရပါသေးတယ် Miss H ပြောတယ်လေ “ မင်းအနေနှင့် မင်းမျက်နှာကို ဘယ်သူမှ မမှတ်မိအောင် ဓါတ်ပုံ မရိုတ်နိုင်အောင် ကာကွယ်ရမယ် သူတို့တခါရံ သွားတာနှင့် နောက်ဆိုမင်းကို နောက်ယောင်ခံ လိုက်လံ ကြည့်ရူ့နေလိမ့်မယ်” ကျနော်တို့ အုပ်စု NLD ရုံးခန်းကို ရောက်တဲ့အခါမှ ပထမဆုံး တွေ့ရတာက ဂိတ်စောင့်တဲ့လူနှင့် စကားပြောရတာ သူက စာအုပ်ကို လှန်လှော ရှာဖွေပြီး “မင်းတို့က ချိန်းထားတဲ့လူ စာရင်းထဲမှာ မပါဘူး” လို့ ထပ်ခါတလဲလဲ ပြောနေပါတယ်။ ကျနော် စားပွဲပေါ်က သူ့လက်နှစ်ဖက်ကို ဆွဲကိုင်ပြီး ကျနော် မျက်လုံးတွေကို ကြည့်ပါ လို့သူ့မျက်နှာကို ကြည့်ပြီး ပြောလိုက်တယ် “ ကျနော်သိပါတယ် ကျနော်တို့က ချိန်းဆိုထားခြင်း မရှိပါဘူး ဒါပေမယ့် ခင်များ အနေနှင့် ကျနော့်ကို ကူညီရလိမ့်မယ် ကျနော်တို့ ကအဝေးကြီးက လာရတာပါ ကျနော်သိပါတယ် သူမ(ဒေါ်အောင်ဆန်းစုကြည်) မအားဘူး အလုပ်ရူပ် နေတယ် ဒါပေမယ့် ခင်ဗျား ကျနော်ကို ကူညီပါ” လို့ပြောလိုက်တယ် သူက “မနက်ဖြန် မင်းကံကောင်းရင် ကောင်းလိမ့်မယ် ထင်တယ်” လို့ပြောပါတယ် ထင်တယ်လို့ ပြောတာပါ ။ ကျနော်လဲ ဦးထုပ် ငိုက်ငိုက်ဆောင်း နေကာမျက်မှန် ပြန်တပ်ပြီး Miss H နှင့် ကားဒရိုင်ဘာဆီ ပြန်လာပြီး ပြန်ထွက်ခွါဖို့ ပြင်တဲ့အချိန်မှာ Miss H က မိုဘိုင်းဖုန်း ပြောနေတယ် “ဘာပြောတယ် မင်းသေချာလား ဘုရားရေ ဘုရားရေ ကောင်းပြီး တို့အခုပဲ ထွက်သွားမယ်” ဖုန်းပြောပြီး တာနှင့် သူမက ဘာမှ မကြည့်နှင့် မင်းခေါင်းကို စိုက်ထား တို့နောက်မှာ နောက်ယောင်ခံ လိုက်လာတယ်။ အဲဒီမှာ တို့ခရီးစတာပဲ ဒရိုင်ဘာ ကောင်လေးကို ကျနော်ကားထဲ ထိုးဝင်ချလိုက်ပြီ ကောင်လေးကို “မောင်း ကိုယ့်လူရေ မောင်း ငရဲ ကျသလိုမောင်း” ပြောလိုက်တယ် ဒရိုင်ဘာ ကောင်လေးက ကားကို မောင်းထွက်လာတယ် သူ့ကားအံဖုံးထဲက ပလစ်စတစ် လောင်းထားတဲ့ အောင်ဆန်းစုကြည် ဓါတ်ပုံလေးကို ထုက်ပြပြီး “အမေ အမေ” ပြောတယ် “မင်းတို့ကို ငါကူညီမယ်”လို့လဲပြောပြီး အနောက်မှာ ရဲလို့ထင်ရတဲ့ လူတွေကလည်း ကားတစီးထဲထိုးဝင်းပြီး မောင်းလိုက်လာတယ် ကျနော်တို့ရဲ့ နှစ်နာရီ သုံးနာရီကြာတဲ့ ကားခရီးစဉ်စတော့တာပါပဲ။ တခါတလေ မိုင်၉၀ လောက်မောင်းတွေ ဈေးတွေထဲ ဖြတ်မောင်း နောက်ပြန်ကွေ့တာတွေ ဘယ်ယိမ်း ညာယိမ်း အဝေးပြေး လမ်းမတွေ ဖြတ်မောင်းပြီးတော့ ကျနော်တို့ မျက်ခြေဖြတ်ခဲ့ လိုက်နိုင်တယ်။ နောက်တနေ့ ကျနော်တို့ NLD ရုံးကိုရောက်လာပြီး သူမရောက်လာပါတယ် သူမက လှပတယ် အဆင့်အတန်း မြင့်ယဉ်ကျေးပါတယ် “ကျမ စိတ်မကောင်းပါဘူး အခုလို စောင့်ဆိုင်း နေရလို့ စအရမ်း စိတ်မကောင်း ဖြစ်မိတယ် ဒီအခန်းက ၉၅ ဒီဂရီပူနေလို့” စသဖြင့်ပြောပြီး။ ကျနော်က အဓိက ကျနော့် လိုလားချက်ကို ပြောပါတယ် “ဟုတ်ကဲ့ ကျနော်ကို ကူညီပါ ဘယ်သူကိုမှ မနေပြဘူးတဲ့ ဗီဇအသက်ပါအောင်နေပြပါ” ပြောလိုက်ပြီးနောက် ကျနော် ဓါတ်ပုံ ရိုတ်ယူ လိုက်တာ တကယ့်ကို လှပတဲ့ ဓါတ်ပုံကို ကျနော်လက်နှင့် ရိုတ်ယူလိုက်နိုင်ပါတယ်။ အမေဆိုတာကိုပေါ့။
ပြီးတာနှင့် ကျနော်ပြန်လာခဲ့တယ် အထုပ်တွေ ထုပ်ပိုး ပြင်ဆင်တယ်။ ကျနော်တို့အနေနှင့် ဘာကိုမှကြိုတင်မသိနိုင်ပါတယ် လေဆိပ်မှာ သူတို့ဖမ်းရင်လဲ ဖမ်းမယ် ကျနော်လဲ ဖမ်းဆီး ခံရမလား ဘယ်သူမှ မပြောနိုင်ပါဘူး။ ကျနော်တို အထုပ်တွေကို သေသေချာချာ ဂရုတစိုက်ပြင်ဆင်ပါတယ် အကယ်လို့ ကျနော်တို့ ဖမ်းခံရရင် Miss H ကပြောတယ် သူမကိုခေါ်ပါ သူမလာပြီး အထုပ်တွေ သိမ်းထား ပေးပါမယ်လို့။ ကျနော်တို့ လေဆိပ်ကို သွားတဲ့အခါမှာ ဖလင်ကို ကျနော် ခြေစွပ်ထဲ ထည့်ထားလိုက်တယ်။ လေဆိပ်မှာ ကျနော် ချွေးတွေ ထွက်နေတယ် စိုးရိမ်တယ် အဖမ်းခံရမလား။ လေယာဉ် တံခါးကြီး ပိတ်လိုက်ပြီး ထွက်လာတော့မှ ကျနော်တို့ အောင်မြင်အောင် လုပ်လိုက်နိုင်ပြီလို့ သိရတယ်။

ဓါတ်ပုံက လွတ်မြောက်မှုရဲ့ ပုံရိပ်၊ လူသားတွေရဲ့ ပုံရိပ်၊ ဒီပုံက ကမ္ဘာကြီးကို ပြောင်းပစ်မယ့်သူမ၊ သူမမှာ လူတွေကို ပြောင်းလွဲပေးမယ့် အရည်အချင်း အရည်သွေး ရှိတယ်။ ဒါက တစုံတခုသော ပြောင်းလွဲမှု သမိုင်းကို ပြောင်းလွဲမယ့် ပုံရိပ် ဓါတ်ပုံပါ။

Platon ပြောကြားချက် ဗီဒီယိုကို အကြမ်းဖျင်း ဘာသာပြန်ပေး ခြင်းဖြစ်ပါသည်။ အမှားယွင်းရှိ ကောင်း ရှိနိုင်ပါသည်။ နားလည်ပေးနိုင်မှာပါ။

ခင်မင်လေးစားလျှက်
ရဲမင်းထွန်း

0 comments: