Wednesday, December 22, 2010

မြန်မာဒကာ/မ များနှင့် စေတနာရှင်များအား ဖိတ်ကြားအပ်ပါသည်

အမြင့် ၁၆၄ စင်တီမီတာရှိ ၁၉ရာစုနှစ်၊မန္တလေးခေတ်ရှေးဟောင်း မြန်မာ့ဗုဒ္မရုပ်ပွါးတော် မတ်ရပ် ဆင်းတုတော်ကြီးအား ဂျပန်လူမျိုး ဘုရားဒါယကာမှ မြန်မာများထံ ပြန်လည်အပ်နှံ လှူဒါန်းခဲ့သည့်

ရုပ်ပွါးဆင်းတုတော်ကြီးအား ဦးထိပ်ထား၍ ဘုရားအနေကဇာတင်ခြင်း မင်္ဂလာကို အောက်ပါ အစီအစဉ်အတိုင်း ပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်ဝေး/ရပ်နီး အသီးသီးမှ မြန်မာဒကာ/မများ၏ အိမ်တွင် ပူဇော် ကိုးကွယ်လျက်ရှိသော ဗုဒ္မရုပ်ပွါး ဆင်းတုတော်များအား နှစ်သစ်မင်္ဂလာအဖြစ် အတူတကွ ဘုရားအနေကဇာတင် မင်္ဂလာ ပြုလုပ်နိုင်ရန်

သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ ချုပ်၊ ဂျပန်ဌာနခွဲ(IBMO.JP)သို့  ၃၁-၁၂-၂၀၁၀ နေ့ အရောက် ပင့်ဆောင်ပေးကြပါရန် နိုးဆော် တိုက်တွန်းအပ်ပါသည်။

ထို့ အပြင် မြန်မာနိုင်ငံ ၊ရန်ကုန်မြို့ ၊ နာရေး ကူညီမှုအသင်း ၊ မြောက်ဒဂုံရှိ သုခဆေးကုခန်း မျက်စိ ခွဲစိပ်ခန်းအတွက် လိုအပ်သော ပစ္စည်းများ ၀ယ်ယူနိုင်ရန် စက္ခုဒါန- မြန်မာများ အလင်းရနိုင်ရန် မျက်စိအလင်း အလှူကိုလည်း တပါတည်း လှူဒါန်းနိုင်ကြပါရန် မေတ္တာရပ် အသိပေးအပ်ပါသည်။

 အစီအစဉ်
နေ့ ရက်။ ။ ၁-၁-၂၀၁၁ (စနေနေ့ -နှစ်သစ်ကူးနေ့ )
အချိန် ။ ။၆း၀၀ (ဘုရားအနေကဇာတင်)
။၆း၃၀ (သံဃာတော်များအရုဏ်ဆွမ်းကပ်)
နေရာ။ ။ T 170-0002,Toshima-ku,Sugamo-1-24-8(401)Birakyo။(အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ ချုပ်၊ဂျပန်ဌာနခွဲ-IBMO-JP)
ဆက်သွယ်ရန်။၀၃-၆၃၁၀-၇၁၄၃ ၊၀၉၀-၈၅၁၈-၉၁၃၈ ။
Email:ibmo.jp@gmail.com ,
iso.jpb@gmail.com

ဦးဓမ္မဇောတိ(တာဝန်ခံဆရာတော်)
အပြည်ပြည်ဆိုင်ရာသာသနာ့ဥသျှောင်မြန်မာရဟန်းတော်များအဖွဲ့ချုပ်၊
ဂျပန်ဌာနခွဲ၊တိုကျို ၊ဂျပန် ။

0 comments: