Friday, December 31, 2010

မြန်မာစစ်တပ် အိန္ဒိယမှာ စစ်သင်တန်း သွားတက်

အိန္ဒိယနဲ့ မြန်မာ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ သိသိသာသာ တိုးလာနေ
အိန္ဒိယ အရှေ့မြောက် ပြည်နယ်တွေဖြစ်တဲ့ မီဇိုးရမ်နဲ့ အာသံ နယ်စပ်မှာရှိတဲ့ ဗီရမ်းသယ်ရွာက နိုင်ငံတကာ စစ်ရေး သင်တန်းကျောင်းမှာ ဒီဇင်ဘာ ၄ ရက်ကနေ ၂၄ ရက်အထိ ရက် ၂၀ ကြာ ဖွင့်လှစ်ခဲ့တဲ့ တောတွင်း တိုက်ခိုက်ရေး စစ်သင်တန်း တခုကို မြန်မာစစ်တပ်က လွတ်လိုက်တဲ့ ဗိုလ်ကြီး တဦးအပါအ၀င် စစ်သား အယောက် ၂၀ ခန့် လာရောက်ပြီး သင်တန်း တက်သွားပါတယ်။

ဒီစစ်သင်တန်းကျောင်းက အိန္ဒိယ ကာကွယ်ရေး ၀န်ကြီးဌာနက ဖွင့်လှစ်ထားတာဖြစ်ပြီး ဒီလိုမျိုး မြန်မာစစ်တပ်ကို သင်တန်းပေးတာဟာ မြန်မာဘက်မှာ ခိုလှုံနေတဲ့ အိန္ဒိယ ခွဲထွက်ရေး သူပုန်တွေကို တိုက်ခိုက်ပေးဖို့လည်း ဖြစ်နိုင်သလို မြန်မာအစိုးရကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အပေါ် ထိုးစစ်ဆင်ဖို့လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

အခု မြန်မာစစ်သားတွေ တက်ရောက်သွားတဲ့ အိန္ဒိယ တိုက်ခိုက်ရေး သင်တန်းကျောင်းဟာ ဧက ၆၀၀ ကျော် ကျယ်တဲ့အတွက် အာရှမှာတော့ အကြီးဆုံး ပျောက်ကျား တိုက်ခိုက်ရေး သင်တန်းကျောင်း ဖြစ်တယ်လို့ ဆိုကြပါတယ်။စစ်တပ်တွေ အာဖကန်ကို စစ်မထွက်ခင် ၁၂ ကြိမ်ထက်မနည်း သင်တန်း လာလုပ်ဘူးပါတယ်။ ဗြိတိ

ဒီသင်တန်းကျောင်းမှာ အမေရိကန်၊ပြင်သစ်၊ အီတလီ၊ အစ္စရေး၊ လက်ဘနွန်၊ မွန်ဂိုလီးယား၊ သီရိလင်္ကာ စတဲ့ တိုင်းပြည်တွေက စစ်တပ်တွေဟာလည်း ဒီသင်တန်းကျောင်းမှာ စစ်သင်တန်း လာတက်ဖူး တယ်လို့လည်း သီရပါတယ်။

သတင်းရင်မြစ် _ ဘီဘီစီ

0 comments: