Friday, December 17, 2010

ဇိုမီးအဖွဲ့ကို အိန္ဒိယ ပြည်ထဲရေး ၀န်ကြီးနဲ့ မဏိပူရ ၀န်ကြီးချုပ် လာတွေ့

ဘီဘီစီ မဏိပူရ ပြည်နယ်က လုံခြုံရေး အဖွဲ့ဝင်တွေ
ဇိုးမီး အမျိုးသား ပြည်လည် သွေးစည်းညီညွတ်ရေး အဖွဲ့နဲ့ ဇိုမီး အမျိုးသား သွေးစည်း ညီညွတ်ရေး တပ်မတော်ကို မဏိပူရ ပြည်နယ်မှာ အိန္ဒိယ ပြည်ထဲရေး ၀န်ကြီးနဲ့ မဏိပူ ပြည်နယ် ၀န်ကြီးချုပ်တို့က လာရောက် တွေ့ဆုံခဲ့ပါတယ်။

ဇိုးမီး အမျိုးသား ပြည်လည် သွေးစည်းညီညွတ်ရေး အဖွဲ့ဆိုတာ အိန္ဒိယ နိုင်ငံနဲ့ မြန်မာနိုင်ငံ နှစ်ခုစလုံးမှာ ရှိတဲ့ ဇိုမီး တိုင်းရင်းသား တွေကနေ သူတို့ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်အတွက် အနုနည်း အကြမ်းနည်းတွေနဲ့ နှစ်ဖက် အစိုးရကို တောင်းဆို တိုက်ပွဲဝင်နေတာ ဖြစ်တယ်။

ဒီအဖွဲ့ရဲ့ လက်ရှိ ဥက္ကဌဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ တွန်းဇံမြို့နယ် ဇိုးမီး အမျိုးသား ကွန်ကရက်ကနေ ပါဝင် ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်အမတ် ဆရာပေါင် ဖြစ်ပါတယ်။

မြန်မာ့ ဒီမိုကရေစီ အရေးနဲ့ ပတ်သက်လို့ ဇိုးမီး အဖွဲ့ရဲ့ ရပ်တည်ချက်ကို အိန္ဒိယ ပြည်ထဲရေး ၀န်ကြီးက ထောက်ခံကြောင်း ၊ အမြ်းမဖက်တဲ့ နည်းနဲ့ ပြည်တွင်းကို ထိုးဖေါက်ပြီး ပညာပေးမှု လုပ်တာကို လုံးဝ ချီးမွမ်းသွား သလို ဒေသငြိမ်းချမ်းရေးကို ထိန်းသိမ်း ပေးတဲ့အတွက် အသိအမှတ် ပြုကြောင်းနဲ့ ဆက်လက် လက်တွဲ ကူညီပေးပါလို့ ၀န်ကြီးက ပြောသွားကြောင်း ဇိုမီး အဖွဲ့ရဲ့ ပြန်ကြားရေးနဲ့ ဆက်ဆံရေးဌာန ဒါရိုက်တာ ဦးဒယ်နီက ရှင်းပြခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟာ ဇိုမီးအဖွဲ့ ဗဟိုကော်မတီဝင်တွေနဲ့ တခါးပိတ်ပြီး ၄၅ မိနစ်လောက် ဆွေးနွေးသွားပေမဲ့ အသေးစိတ်ကိုတော့ မသိခဲ့ရပါဘူး။

သတင်းရင်းမြစ် _ ဘီဘီစီ

0 comments: