Monday, December 20, 2010

သျှမ်းပြည် အမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်(ဂျပန်)၏ ၂၀၁၁ အလုပ်အမှုဆောင် ရွေးကောက်ပွဲ အခမ်းအနား



ယနေ့ ၂၀၁၀ ဒီဇင်ဘာလ ၁၉ရက် နေ့မှာ သျှမ်းပြည် အမျိုးသားများ ဒီမိုကရေစီအဖွဲ့(ဂျပန်)၏ ၂၀၁၁ အတွက် အလုပ်အမှုဆောင်ကော်မတီ ရွေးကောက်ပွဲကို ကျင်းပခဲ့ပါသည်။ သျှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့(ဂျပန်) SSND သည် ၂၀၀၇ နိုဝင်ဘာလ ၃ ရက်နေ့တွင် ဂျပန်ရောက် ရှမ်းပြည် တိုင်းရင်းသားများမှ ရှမ်း၊ ပအိုဝ်.၊ လီရှော၊ ကိုးကန့်…. စသည်တို့မှ ပြန်လည် ဖွဲ့စည်း ထားသော အသင်းဖြစ်ပါသည်။
အသင်းဧ၊၊် ရည်ရွယ်ချက်မှာ
ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မှီသင်း နေထိုင်ကြသော တိုင်းရင်းသားများ စည်းလုံး ညီညွတ်ရေးနှင့် ပြည်သူများ သဘောနှင့်အညီ စစ်မှန်သော ဒီမိုကရေစီနိုင်ငံရေးနှင့် တန်းတူသော ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာစေရန်၊
ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း အတူတကွ ပေါင်းသင်း နေထိုင်ကြသော ဌါနေ တိုင်းရင်းသားများ အချင်းချင်း ချစ်ကြည်၊ စည်းလုံး ညီညွတ်ရေးနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ တည်တံ့ခိုင်မြဲရေးနှင့် တွန့်ရှည်စေရန် တတ်စွမ်းသမျှ လုပ်ဆောင်ရန်၊
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီသင်းနေထိုင်ကြသော လူမျိုးအချင်းချင်း လူ့အခွင့်အရေးဆိုင်ရာ တန်းတူညီမျှစွာ အပြည့် အ၀ခံစားနိုင်ရန်၊
ပြည်တွင်း ငြိမ်းချမ်းရေးရရန် ငြိမ်းချမ်းသော နည်းလမ်းများဖြင့် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်ရန်၊ တိုင်းရင်းသားများဧ။် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ စာပေယဉ်ကျေးမှုနှင့် အခြားကဏ္ဍများတွင် တိုးတက်ဖွံ့ဖြိုးအောင် အစွမ်းကုန် ကူညီဆောင်ရွက်ရန်၊
လွတ်လပ်သော နိုင်ငံရေးမှုဝါဒကို အခြေခံရ်ျ ကမ္ဘာမိသားစုနှင့် တန်းတူ ရည်တူ ချစ်ခင်ရင်းနှီးစွာ ပေါင်းသင်း ဆက်ဆံရန် ရည်ရွယ်ထားပါသည်။

သတင်းမှတ်တမ်း/ဓါတ်ပုံ ။ SSND-Japan

0 comments: