Monday, December 27, 2010

ပြန်လည်သုံးသပ်ကြည့်ရင်

ကျနော်တို့တွေ တို့တတွေ ဘာလုပ်နေလဲလို့ ကိုယ့်ကိုကိုယ် ပြန်မေးရမည့် အချိန်ကို ရောက်နေပါပြီ။ စစ်အစိုးရကို တိုက်လာတာ ၁၉၈၈ ခုနှစ်ကနေ စတွက်ရင် ၂၂ ရှစ်ကြာခဲ့ပြီ မျိုးဆက်တခု တော်လှန်ရေး တပတ်လည်နေပြီ။ ခက်နေတာက ကျနော်တို့ ဒီမိုကရေစီ အင်အားစုရဲ့ ရင့်ကျက်မှုက ၂၂ နှစ်သား အဆင့်တောင် မရောက်သေတဲ့ ပြဿနာနှင့် ရင်ဆိုင် နေရတယ်။ ရန်သူကို တိုက်ပွဲနှင့် ရင်ဆိုင် မချေမှုန်းနိုင်လို့ ပြည်သူအား (People power) နှင့် တိုက်သွားမယ် ပြည်သူကို အားကိုးမယ် ဆိုတဲ့ အတွေးခေါ် အယူဆတွေနှင့် လုပ်လာတာလည်း။ ၈၈ကျောင်းသား ခေါင်းဆောင်တွေ ထောင်သံသရာ တပတ်လည်လို့ မီးစာကုန် ဆီခန်း လုံးပါးပါးရမယ့် အခြေနေကို ရောက်နေပြီ။ အချိန်ထိ (Black Mail) နှင့် အချင်းချင်း တိုက်တဲ့ အဆင့်ကနေ မတက်နိုင်သေးဘူး။ အသွင်မတူရင် ရန်သူ သဘောထား ကွဲလွဲရင် တဖွဲ့ထောင်လို့ ( Power dismiss ) ဖြစ်ပြီး။ စစ်တပ်က တဆင့်ဆင့်စီ တက်လာတာ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် (Natural power leader)ကို အပြင်ထုက်ပြီး အားပြိုင်တဲ့ အဆင့်ရောက်နေပြီ။ ပြည်တွင်းက ၈၈မျိုးဆက်ခေါင်းဆောင်တွေ ချပေးလိုက်တာ တိုက်ပွဲ လမ်းကြောင်းကို ပြည်ပရောက် ၈၈ ခေါင်းဆောင်တွေ သယ်နိုင်တာ တယောက်မှမတွေ့သေးပါဘူး။ ဦးဝင်းတင် ညာသံပေးတဲ့ ထွက်ပေါက် မရှာနှင့် ဖေါက်ထွက်ကြပါ ဆိုတာကို ညာသံပြန်ပေးပြီး လိုက်နိုင်တဲ့ လူမပေါ်သေးဘူး။ အကုန်လုံး တက်ကြွလှုပ်ရှားသူအဆင့် ကနေမတက်နိုင်ကြသေးဘူး။ ကိုယ်လုပ်သမျှ ဓါတ်ပုံလေးပါအောင်ရိုတ် မီဒီယာကနေ အချင်းချင်းကြား ကြွားတဲ့ အင်တာဗျုးလေး လုပ်ပြီး။ ရောက်ရာနေရာ နိုင်ငံဒေသက အဖွဲ့အစည်းလေးတွေနှင့် အလွမ်းသင့်နေပြီး ပေးတာလေးယူ ကြွေးတာလေးစား ကိုယ်နေရာလေး မပျောက်အောင်လုပ်တဲ့ ဘ၀ရောက်နေတာကို ရှက်စရာ အလွန်ကောင်းနေပြီ။ စစ်တပ်ကို စိန်ခေါ်တဲ့ အဆင့်ကို ဘယ်သူမှ မရောက်သေးလို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အမေရိကန်ကို ညာသံ ပေးရတဲ့ အဆင့်ဖြစ်နေပြီ။ ပြည်ပရောက် အမတ် တွေလုပ်နေတဲ့ NCGUB ၀န်ကြီးများလဲ အခုမှ တက်ကြွ လှုပ်ရှားသူ (Activates) အဆင့်တောင် မရောက်သေးဘူး။ ဒီလိုအချိန်မှာ နိုင်ငံတကာ ခေါင်းဆောင်တွေ နှင့် စားပွဲဝိုင်းပေါ် ဆွေးနွေးပွဲ လုပ်နေရမယ့် ၀န်ကြီးချုပ်ဦးစိန်ဝင်းက ဘောလုံးသမားကို ဆုပေးပြီး လူစုတဲ့အလုပ်ကို ထလုပ်နေတယ်။ အဲဒီလို လုပ်ရမယ့် အချိန်က ကျန်ခဲ့ပြီ။ ပေးလိုက်တဲ့ နှပ်ကြောင်းကို ကွဲအောင်ရိုတ် ရမယ်ဆိုတဲ့ ကျောက်ခွဲသမားတွေ သဘောတရားလောက် နားလည်ရင်တောင် အလုပ်ဖြစ်နေပြီ။ ဒေါ်အောင်ဆန်းစုကြည် မလွတ်ခင်က သူမအသံကြားမှ အခြေနေမှန် လုပ်ရမယ့် လမ်းကြောင်းကို သိပြီး အချက်ကျကျ လုပ်နိုင်မယ်ဆိုတဲ့ ကမ္ဘာပတ်နေတဲ့ NLD LA က ဒေါက်တာတွေ အမတ်တွေလဲ ကြက်ပျောက် ဌက်ပျောက်ကို အသံတွေ တိတ်ကုန်တော့တာပဲ။ ဘာနှင့်တူနေလဲဆိုတော့ ကျေးရွာက ထန်းရည်သမား သားဆိုးတွေ အမေအိုက ဈေးရောင်းပြီး ကြွေးတာစား အမေအိုပြန်လာမှ ထမင်းချက် ခူးခပ်ကြွေးမှ သားတို့က အမေ့ကို ချစ်တာ အမေမရှိရင် မိုးမီးလောင်မယ် တို့အမေကို မထိနှင့်ဆိုတဲ့ ပေါတာလူမိုက် ငတုံးတွေနှင့် စရိုတ်ထပ်ထူကျနေတယ်။ နောက်တချက် တပ်မတော်ကို ပြည်သူဘက်က ရပ်တည်ပါ ပြည်သူနှင့်ပူးပေါင်းပါ အော်နေတဲ့ ပြည်ပလှုပ်ရှားသူတွေ ဘက်ကရော တပ်မတော်က အသွင်ကူးပြောင်းလာမယ် ပူးပေါင်းလာမယ်။ ဒါမှမဟုတ် တပ်မတော်ကို စွန့်ခွာလာမယ် မိသားစုဘ၀ကို တာဝန်ယူပြီး ကူညီပေးနိုင်တဲ့ လူရှိရင် အဖွဲ့အစည်းရှိရင် လက်ထောင်ခိုင်းကြည့်ပါ မရှိဘူး။ ၁၉၈၈ ခုနှစ်ကနေ အခုချိန်ထိ စစ်တပ်ကို မယုံဘူး စစ်တပ်က ပဲ့ထွက်လာလဲ မယုံဘူး။ ဒီတော့ ဘယ်သူက တောထဲမှာ ကိုယ့်လည်ပင်း ၀ါးကြောနှင့် အလှီးခံဖို့ အားအားယားယား ထွက်လာမလဲ။ စစ်တပ်က တိုင်းရင်းသားတွေ အပေါ်မဟုတ်တာ လုပ်ထားတာ များတော့ တိုင်းရင်းသား လက်နတ်ကိုင်တွေ သွားဖို့ဆိုတာ ဘယ်လိုမှ မတွေးရဲဘူး။ ကြားနေတာဝန်ယူ နိုင်တဲ့ သမာသမတ်ကျတဲ့ အဖွဲ့စည်းလူပုဂ္ဂိုလ် ရှိလက် လက်တို့လိုက်စမ်းပါ စစ်တပ်က ရေကာတာ ကျိုးသလိုကျ လာမယ့် အနေထားတွေရှိနေတယ်။ တိုင်းရင်းသား လက်နတ်ကိုင်တွေနှင့် အပစ်အခက် ရပ်ထားတဲ့အချိန်မှာ တပ်မတော်သားတွေက သူတို့ဘ၀ ဘယ်လေက် နိမ့်ကျနေတာ တပ်မတော် အကြီးကဲတွေက ဘယ်လို သူတို့အပေါ်သဘောထားတယ် ဆိုတာ ပိုသိလာတယ်။ ခေတ်ပေါ်မီဒီယာ အကျိုးကျေးဇူးတွေ အရလည်း ပြည်ပက သတင်းတွေကို သိလာလို့ သစ္စာထားတဲ့ အဆင့်တွေ လျော့လာပြီ။ အခုလို နိုင်ငံရေးတွေ ရှုပ်ထွေးနေတဲ့ အချိန်နှင့် ၊ တိုင်းရင်းသားများအပေါ် ထိုးစစ်ဆင်မယ် ဆိုတဲ့ တပ်မတော်ရဲ့ အကြံအစည်များကို သိနေတဲ့ တပ်မတော်သားတွေက သူတို့ အသေမခံလိုကျတော့ဘူး။ ဒီအချိန်မှာ အကောင်းဆုံးက တပ်မတော် သားတွေ ပူးပေါင်းလာနိုင်ဖို့ အစီအစဉ်နှင့် အကောင်ထည် တခုဖေါ်နိုင်ရင် အကျိုးအမြတ် အလွန်ရမယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေး(National Reconciliation) ဖေါ်ဆောင်ရာမှာ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ အားကိုးနေလို့ မရပါဘူး။ အားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းရံပြီး အဖက်ဖက်က မိမိတာဝန်ကို ကျေအောင်လုပ်ဖို့က အရေးကြီးပါတယ်။ နိုင်ငံတကာ တပ်တွေ ၀င်လာမယ် တပ်မတော်က ခေါင်းဆောင်တွေ စစ်ဗိုလ်ချုပ်တွေကို ဖယ်ရှားပေးမယ် ဆိုတဲ့ စိတ်ကူး ယဉ်နေတွေကို မေ့လိုက်ပါ။ သူရဲကောင်းဖြစ်ခြင်တဲ့ ခေတ်သစ်ရဲဘော် သုံးကျိပ်ဖြစ်ခြင်တဲ့ အိပ်မတ် တွေကြောင့် ၈၈ ထဲက အခုချိန်ထိဘာမှ ဖြစ်မလာတဲ့ အဖွဲ့တခုခုပြီး တခုထောင်နေတဲ့ ၈၈ ခေါင်းဆောင်တယောက် ဒီနေ့ဘာဖြစ်နေလဲ ပရုပ်ဆီလူမမာအိမ် သွားပေးတာကို ဗီဒီယိုပြီး နေရာတကာလိုက်ဖြန့်နေရတဲ့ ဘ၀ရောက်နေပြီ။ ပညာတက်ဖြစ်သွားတဲ့ လူတွေကျတော့လဲ နောက်က ကျန်ခဲ့တဲ့ တိုင်းပြည်ကို လှည့်မကြည့်ခြင်တော့ဘူး။ Tuxedo party တွေက ဘ၀ကို ၈၈နောက်ပိုင်း ထိုင်းနယ်စပ်ကိုပြေးလာတဲ့ ဘ၀နှင့် မလဲခြင်တော့ဘူး။ အိပ်မတ်ဆိုးတွေလို့ သဘောထားလိုက်ပြီ။ ဒါတွေက ဒီမိုကရေစီကူးပြောင်းရေး အတွက် အားနည်းသွားစေတဲ့ အကြောင်းရင်းတွေပါ ဝေဖန်ရင်လဲ ဆဲခံရမှာပဲ မတက်နိုင်ဘူးပြောမှာပဲ။ မှန်တာပြောလို့ ဆုမရဘူး ၀ိုင်းကန်လို့ သေခြင်းဆိုးနှင့်သေတဲ့ ဘ၀ရောက်သွားမယ့် ဒီမိုကရေစီရေး အင်အားစုတွေ လက်သံကို သိလို့ အမည်လဲ ဖေါ်မရေးတော့ပါဘူး။ နိဂုံးချုပ်ပြောရရင် အကျိုးအမြတ် မျော်နေတဲ့ အလုပ်တွေကို ရဲရဲကြီး ရပ်လိုက်ပါ အခု ခဏတာလေး နောက်ဆုံး အနေနှင့် လူထုခေါင်းဆောင်နှင့် အတူအချက်ကျကျ ပြည်တွင်း ပြည်ပလုပ်လိုက်ရင် အာဏာရှင်ချုပ်ငြိမ်းဖို့ နီးစပ်သွားမယ်။ မဟုတ်ရင်တော့ အချိန်တွေကြာလို့ လူထူခေါင်းဆောင်သာ အထိမ်းအမှတ် ကြေးရုပ် ဘ၀ရောက်သွားမယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ခဏလေး ပြန်စဉ်းစားပြီး ကူညီလိုက်ကြပါ။

သေးသေးလေး(USA)

[8888peoplepower]Group mail ကနေ လက်ခံရရှိပါတယ်။ ထိထိမိမိ ထောက်ပြထားတဲ့အတွက် အားလုံးပြန်ဖတ်နိုင်အောင် ထပ်မှန်ကူးယူ ဖေါ်ပြလိုက်ပါတယ်။

PNS-Japan

0 comments: