Sunday, December 12, 2010

ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်)၏ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေး


၂၀၁၀ ခုနှစ် ဒီဇင်ဘာလ(၁၂)ရက်။

ညီညွတ်သောတိုင်းရင်းသားများ အဖွဲ့အစည်း AUN-Japan ၏ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉း၃၀ မှ ၁၂း၀၀နာရီ အထိ Takadanobaba အရပ်ရှိ AUN ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ညှိနှိုင်းအစည်းအဝေးတွင် အဖွဲ့အစည်းအသီးသီးတို့မှ တာဝန်ခံများတက်ရောက်ပြီး ၂၀၁၁ ခုနှစ်မှာ ကျင်းပပြုလုပ်သွားမည့် ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအတွက် လိုအပ်သည့် ပြင်ဆင် ဆောင်ရွက်မှုများ လုပ်ငန်းတာဝန်ခွဲဝေမှုများ ညှိနှိုင်းဆွေးနွေး ဆုံးဖြတ် ခဲ့ကြကြောင်းနှင့် ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် တိုင်းရင်းသား အဖွဲ့အစည်း၏ ရုံးခန်း ရပ်တည်နိုင်ရေးအတွက် လိုအပ်သည့် ကုန်ကျစရိတ် ထည့်ဝင်ငွေ များကိုလည်း အဖွဲ့ဝင် အဖွဲ့အစည်းများမှ ထည့်ဝင်သွားကြရန် ဆွေးနွေး ခဲ့ကြပါသည်။ ဆက်လက်၍ ညီညွတ်သောတိုင်းရင်းသားများ အဖွဲ့အစည်း AUN-Japan ၏ မူဝါဒနှင့် ဖွဲ့စည်းပုံ စည်းမျဉ်း စည်းကမ်းသစ်ကို လာမည့် အပတ်တွင် ဆွေးနွေးသွားကြရန် ဆုံဖြတ်ခဲ့ကြပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo
ဓါတ်ပုံမှတ်တမ်း ။ Lian Khan Sum

0 comments: