Monday, December 13, 2010

APFS အဖွဲ့၏ ၄ ကြိမ်မြောက် ၂၀၁၀၊ ၂၀၁၁ ခုနှစ်အတွက် အလုပ်အမှုဆောင်သစ် ရွေးချယ်တင်မြောက် သည့်အခမ်းအနား


၂၀၁၀ ခုနှစ် ဒီဇင်ဘာလ(၁၂)ရက်။

အာရှနိုင်ငံသားများ ချစ်ကြည်ရေးအဖွဲ့(Asian People Friendship Society-APFS)အဖွဲ့၏ ၄ ကြိမ်မြောက် (၂၀၁၀၊ ၂၀၁၁) ခုနှစ်အတွက် အလုပ်အမှုဆောင်သစ် ရွေးချယ်တင်မြောက် သည့်အခမ်းအနားကို တိုကျို Itabashi-ku, Green Hall 5F တွင် ညနေ ၁၄း၀၀ နာရီ မှ ၁၆း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပြီး ဥက္ကဌ အဖြစ် Mr. Tomoyuki Yamaguchi နှင့်အတူ အလုပ်ကော်မတီ ၁၂ ဦးကို ရွေးချယ်တင်မြောက် ခဲ့ကြပါသည်။

APSF အဖွဲ့သည် ဂျပန်နိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများတို့၏ ရပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများ၊ အလုပ်ထဲမှာ ခွဲခြားဆက်ဆံခြင်း၊ အနိုင်ကျင့်ခံရခြင်း၊ သို့တည်းမဟုတ် အပြစ်တစုံတရာမရှိပဲ ရုတ်တရက် အလုပ်ဖြုတ်ခံရသည့်ကိစ္စရပ်များနှင့် အလုပ်သမား အခွင့်အရေး အကျိုးခံစားခွင့်များ အတွက် သတ္တိရှိစွာဖြင့် ဆောင်ရွက်ပေးခဲ့သည့် အဖွဲ့အစည်းဖြစ်ကြောင်း ဂျပန်လူမျိုးများဖြစ် စတင်ဖွဲ့စည်းလာခဲ့ရာမှာ ယခုအချိန်တွင် နိုင်ငံခြားသား (၈)နိုင်ငံတို့မှ အဖွဲ့ဝင်များအဖြစ် ပူးပေါင်း ပါဝင်လာသည်ကိုလည်း တွေ့ရှိရပါသည်။

ညနေ ၁၆း၀၀ နာရီနောက်ပိုင်းတွင် အဖွဲ့ဝင်များ အဖွဲ့ဝင်သစ်များနှင့် ဧည်သည်တော်များတို့ကို မိတ်ဆုံစားပွဲဖြစ် ဆက်လက်၍ ကျင်းပပြုလုပ်သွားကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

0 comments: