Monday, September 20, 2010

ဦးဟန်ညောင်ဝေနှင့် Victor Byak Lian တို့၏ ဂျပန်ခရီးစဉ်နှင့် ပတ်သက်၍ AUN-Japan၏ မူဝါဒရေးရာ ညှိနှိုင်းစည်း မှတ်တမ်းဓါတ်ပုံ




ဦးဟန်ညောင်ဝေနှင့် Victor Byak Lian တို့၏ သည် ၃၁-၉-၁၀ နေ့မှ ၂-၉-၁၀ နေ့အထိ ဂျပန်နိုင်ငံ ခရီးစဉ်တွင် ရွေးကောက်ပွဲကို ထောက်ခံအားပေးရေး လာရောက်ဆွေးနွေးသွားကြောင်း ကြားသိရပါသည့်အတွက် AUN-Japan ၏ အရေးပေါ် မူဝါဒရေးရာ ပေါ်လစီ အစည်းကို စက်တင်ဘာလ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

 ယခုဦးဟန်ညောင်ဝေတို့ ၏ ခရီးစဉ်တွင်AUN-Japan အဖွဲ့ဝင်တချို့၏ အတူတကွ သွားခဲ့ကြသည့်အပေါ် AUN (Japan) ၏ မူဝါဒနှင့် မဟာမိတ်အဖွဲ့အစည်းများ၏ ယုံကြည်မှုကို ထိခိုက်စေခဲ့ပါသည်။

ဆက်လက်ပြီး ဦးဟန်ညောင်ဝေတို့နှင့်အတူ သွားခဲ့ကြသည့် အကြောင်းအရာအပေါ် အကြေအလည် ပွင့်ပွင့်လင်းလင်း ဆွေးနွေး ခဲ့ကြပြီးသည့်နောက် ယခု ဦးဟန်ညောင်ဝေတို့၏ ဂျပန် ခရီးစဉ်တွင် AUN (Japan) အနေနှင့်ပါဝင် ပတ်သတ်မှုမရှိကြောင်းနှင့် ယင်း၏လုပ်ရပ်မှာ မိမိတို့၏မူဝါဒနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်သောလုပ်ရပ်ဖြစ် ကြောင်းကို အဖွဲ့ဝင်အဖွဲ့အစည်း အသီသီးများ၏ သဘောထားကို အတည်ပြုရယူပြီး AUN-Japan၏ သဘောထားကြေငြာချက်ကို ထုတ်ပြန်လိုက်သည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)

0 comments: